Popular Posts!

Tuesday, January 19, 2016

Myanmar Font Web Converter on MAC


Some of my friends can’t see Myanmar font on OS X 10.11 El Captain. If they use pseudo-Unicode font called Zawgyi, they’ll face similar problem whenever they upgrade their OSs.
It’s time to move on and use built-in Myanmar fonts which follow Unicode standards.
If you still want to read Zawgyi texts, you may install one of the following browser extensions/add-ons for your favourite browsers.
It’s called MUA Web Unicode converter and developed by San Lin Naing from Myanmar Unicode Area. You Rock!
If you disabled built-in Myanmar fonts, hope you didn’t, please enable from FontBook.
And please remember there are browser extensions so you can install on Windows or Linux too.

I developed a small website which has collection of Myanmar fonts and Keyboards for iOS devices.
Visit there if you want to install fonts on you iPhone/iPad or Mac!
I’ll be adding more fonts from time to time.
The following quotes are written in Myanmar ethnic languages, Bamar, Shan, PaOh, Sgaw Karen and Mon. I hope the website will help somehow to our fellow users in our fight to standard computable languages.

In this digital era, protect languages by using international standards.



Safari Extension by San Lin Naing from Myanmar Unicode Area.

Ref:http://winlwinmoe.com

Thursday, January 14, 2016


Google play ကkeyboard တွေက ရိုက်လို့ဘဲတတ်ပြီး   ဇော်ဂျီဖောင်ကို မမြင်ရတတ်ဘူးလေ..
 Firefox က add on ကလည်း   ဇော်ဂျီသွင်းပြီးလည်း မမြင်ရတတ်ပါဘူး...

Sony Xpreia Phone တွေမှာ ဇောဂ ျီဖောင့်တွေမမြင်ရရင် Root ဖောက်မှမြင်ရပါတယ်.
KingRoot  ကိုGoogle play ဒေါင်းပါ။ မရပါက  http://kingo-root.en.uptodown.com/android or http://www.apkmirror.com/apk/kingroot-studio/kingroot/kingroot-4-6-2-android-apk-download/  မှာဒေါင်းပါ...
နောက်  Sulfur's Keyboard နှင် ifont ကို Google Play  မှာဒေါင်းပါ ။ ဒါကိုမှ ဇော်ဂ ျီမမြင်ရသေးဘူးဆိုရင် ifont  မှ myanmar မှာဇော်ဂျီကို သွင်းယူပါ

http://kingo-root.en.uptodown.com/android 

 http://www.apkmirror.com/apk/kingroot-studio/kingroot/kingroot-4-6-2-android-apk-download/






သတိတော့ထားပေါ့...

Sony Xperia Z1

Sony ဖုန်းများသည် ယူနီကုဒ်ဖောင့်ပါဝင်ပြီးသားဖုန်းများဖြစ်သည်။ Setting တွင် မြန်မာလို မပါဝင်သေးပေ။ root ဖောက် ဇော်ဂျီသွင်းထားပါက Online Update (OTA) မရနိုင်တော့ပါ။

ဇော်ဂျီသွင်းထားပါက

Sony ဖုန်းများတွင် ဇော်ဂျီသွင်းထားပြီးဖြစ်ပါက ဆိုင်များက root ဖောက်ပြီး ဇော်ဂျီသွင်းထားခြင်းဖြစ်သည်။ Font changer တစ်မျိုးမျိုးကိုသုံး၍ ယူနီကုဒ်ပြန်သွင်း၍ရသည်။

Unroot ပြန်လုပ်ထားသော ဖုန်းများ

တစ်ချို့ဆိုင်များက root ဖောက် ဇော်ဂျီသွင်းပြီး unroot ပြန်လုပ်ထားလေ့ရှိသည်။ ထိုအခါ root ပြန်ဖောက်ရန် လိုအပ်သည်။ ဝယ်ထားသည်မှာ မကြာသေးပါက ဝယ်ယူသည့်ဆိုင်တွင် မူလအတိုင် ပြန်လုပ်ခိုင်းကြည့်ရန် အကြံပေးလိုပါသည်။

Root ဖောက်နည်းများ

...
Ref:http://guides.mmunicode.org/index.php/Sony_Xperia_Z1

Sunday, December 13, 2015

RHC's 24 Weeks Bootcamp Program အကြောင်

We make tools Your make do!


RHC's 24 Weeks Bootcamp Program အကြောင်း
=====================================
Q : RHC's 24 Weeks Bootcamp ဟာ Beginner တွေ အတွက်
တက်လို့ရပါသလား ?

A : RHC's 24 Weeks Bootcamp ဟာ Computer Networking ကို
အခြေခံမှစပြီး Professional Network Engineer တစ်ယောက် ဖြစ်သည်အထိ
လေ့ကျင့်သင်ကြားပေးသော သင်တန်းဖြစ်ပါတယ်.

Q : RHC's 24 Weeks Bootcamp မှာ တက်ပြီးပါက မည်သို့သော Certifications တွေကို ဖြေဆိုနိုင်ပါမည်လဲ ?

A : RHC's 24 Weeks Bootcamp Program သည် Certifications ကို
ဦးတည် သင်ကြားသော သင်တန်းမဟုတ်ပါ. Professional တစ်ယောက်
အဖြစ် အသက်မွေးဝမ်းကျောင်း ပြုနိုင်ရန် သင်ကြာပေးသော
သင်တန်းဖြစ်ပါတယ်. သို့ပေမဲ့ RHC 24 Weeks Bootcamp သင်တန်းပြီးဆုံးပါက အောက်ပါ Certifications များကို လွယ်ကူစွာ ပြင်ဆင်ဖြေဆိုနိုင်မှာ
 ဖြစ်ပါတယ်.
1 - CCNA ( Routing & Switching )
2 - CCNP ( Routing & Switching )
3 - CCIE ( Routing & Switching : Written )
4 - CCNA ( Service Provider )
5 - CCNP ( Service Provider )
6 - CCNA ( Security )
7 - CCNA ( Data Center )
8 - CCDA ( Design )

Q : RHC's 24 Weeks Bootcamp သင်တန်းကြေး က ဘယ်လောက်ပါလဲ ?

A : ၁၅ သိန်း ကျပ်ဖြစ်ပါတယ်. ( ခွဲသွင်းလို့ မရပါ )

Q : သင်တန်းကာလ နဲ့ သင်တန်းအချိန် ?

A : သင်တန်းကာလ ၂၄ ပတ် ဖြစ်ပြီး သင်တန်းအချိန်မှာ Sat & Sun
မနက် ၁၀ နာရီ မှ ညနေ ၆ နာရီ ထိ ဖြစ်ပါတယ်.

Q : RHC's 24 Weeks Bootcamp သင်တန်းပြီးဆုံးပါက မည်သို့သော Companies များတွင် Professional Network Engineer အဖြစ်
အလုပ်လုပ်နေကြပါသလဲ ?

A : RHC ကျောင်းသား ကျောင်းသူများသည် သင်တန်းပြီးဆုံးသွားသောအခါ
Telenor, Ooredoo, MPT, YTP, Huaweii, ZTE, KDDI, Frontiir, Ministry of Science and Technology, CB Bank,  KBZ Bank, Ayeyarwady Bank, United Amara Bank အစရှိသော Companies တွေမှာ Professional Network Engineer အဖြစ် အလုပ်လုပ်ကိုင်လျက် ရှိပါတယ်.

#RHC #24Weeks #Bootcamp #Program #Yangon

Friday, November 27, 2015

အပင်မှရရှိသော ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးကလေးများ


.





နွယ်မြက်သစ်ပင် ဆေးဖက်ဝင်ဟု ဆိုသော်လည်း လောကနိယာမသဘောအရ အကောင်းနဲ့အဆိုးကတော့ အမြဲဒွန်တွဲလျက်ရှိနေကြစမြဲပါ။ တချို့သစ်ပင်တွေမှာ လူသားတို့၏ ကျန်းမာရေးအတွက် အားသာချက်တွေ တော်တော်များများရှိကြပါတယ်။ သို့သော် လူတစ်ဦးနဲ့တစ်ဦး ကြံ့ခိုင်မှုစွမ်းရည်ချင်း မတူညီကြတာကြောင့် ၎င်းအပင်တွေရဲ့ ဆေးဝါးများဟာ ကိုယ်ထဲကိုရောက်ရှိလာတဲ့အခါ ခန္ဓာကိုယ်တွင်း သွေးသားစနစ်နဲ့  အပြောင်းအလဲကိုဖြစ်စေတတ်တာကြောင့် သတိပြုသုံးစွဲတတ်ဖို့ လိုပါတယ်။ သို့ပါ၍ သတ်မှတ်ဖော်ညွှန်းထားသော ပမာဏထက်ပို၍ မမှီဝဲ မသုံးစွဲသင့်ကြောင်း အောက်ပါအတိုင်း အသိပေး မျှဝေလိုက်ရပါတယ်။
.
(၁) ရှားစောင်းလက်ပပ်
*******************************
(က) ရှားစောင်းလက်ပပ်ပင်၏ ဂျယ်လီ(အနှစ်)ထဲတွင်ပါဝင်သော အောက်ဆီဂျင်ဓာတ်တစ်မျိုးက အရေပြားပေါ်ရှိ ဆဲလ်များကို အလိုလိုပြုပြင်ပေးနိုင်စွမ်းရှိတာကြောင့် မီးလောင်နာ၊ အရေကြည်ဖုနာ၊ ထိခိုက်ရှနာ၊ နေလောင်
ဒဏ်ရာတို့ကို ကောင်းစွာကုသပေးနိုင်ပါတယ်။ သို့သော် ခွဲစိတ်အနာ ချုပ်ရိုးများကိုတော့ အနာကောင်းစွာမကျက်သေးခင်မှာ မလိမ်းသင့်ပါဘူး။ အနာကျက်နှေးသွားစေပါတယ်။
.
(ခ) အပင်၏ Enzymes များထဲတွင် ဝမ်းသက်စေသော အစွမ်းသတ္တိပါရှိခြင်းကြောင့် အူမကြီးနံရံရှိ အချွဲအကျိများကို တိုးပွားစေကာ အူကိုသန့်စင်စေပြီး ဝမ်းမချုပ်စေပါဘူး။ သို့သော် အပင်ကို အခြောက်ထား၍ ဝမ်းပျော့ဆေးအဖြစ် အမြဲစားသုံးလျှင်တော့ အကျင့်ပါသွားတတ်ပါ
တယ်။
.
(၂) စမုန်မျိုးနှင့် စမုန်နက်
***************************
စမုံမျိုးက နှလုံးကိုငြိမ်းအေးစေပြီး အော့အန်ခြင်းကို ပျောက်ကင်းစေတဲ့အပြင် အစာကိုကြေညက်စေပါတယ်။ စမုန်နက်က အအေးမိခြင်း၊ ဝမ်းသွားခြင်း၊ ရေငတ်ခြင်း၊ ဝမ်းကိုက်ခြင်းတို့ကို ပျောက်ကင်းစေပါတယ်။ သို့သော် ဆရာဝန်၏ ကြီးကြပ်လမ်းညွှန်ချက်မပါဘဲ၎င်းတို့ကို ရက်သတ္တ ၆ ပတ်ထက်ပို၍ မစားသင့်ပါဘူး။
.
(၃) ကြက်သွန်ဖြူ
********************
ကြက်သွန်ဖြူဟာ ဟင်းလျာအစားအစာများအတွက် အဓိကကျသော ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်ဖြစ်ပါတယ်။ သို့သော်
.
(က) ကြက်သွန်ဖြူဟာ သွေးကျဲစေတာကြောင့် သွေးမခဲဆေးစားနေရသူများဟာ ခွဲစိပ်ကုသမှုမပြုမီ ကြက်သွန်ဖြူကို မစားသင့်ပါဘူး။
.
(ခ)Hypoglyceamic(ခေါ်) သွေးထဲမှာ ဂလူးကို့စ်နည်း၍ ဆေးစားနေရသူများ
ဟာ ကြက်သွန်ဖြူကို လုံးဝမစားသင့်ပါဘူး။
.
(၄) ငရုတ်ကောင်း
********************
ငရုတ်ကောင်းက ပန်းနာ၊ သလိပ်၊ လေထိုးလေအောင့် တို့ကို ချေဖျက်ပေးနိုင်သလို သည်းခြေရောဂါ၊ ဝမ်းကိုက် ခြင်း၊ ချွေးမထွက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ သွေးဆုတ် သွေးပုပ် အတွင်းပူသောအနာတို့ကိုလည်း သက်သာဖြေလျော့ပေး
နိုင်ပါတယ်။ သို့သော်
.
(က) ငရုတ်ကောင်းကို နေ့စဉ် ၃ဝဝ မီလီဂရမ်ထက်ပို၍ မစားသင့်ပေ။ .
.
(ခ) အရက်သေစာနှင့် တွဲ၍ မမှီဝဲပါနှင့်။
.
(ဂ) အသည်းရောဂါသမားများဟာ ငရုတ်ကောင်းစားခြင်းမှ ရှောင်သင့်ပါတယ်။
.
(ဃ) ငရုတ်ကောင်းဟာ ကြွက်သားတွေကို ပျော့ပျောင်းနိုင်စွမ်းရှိတာ ကြောင့် ယာဉ်မောင်းသူများနှင့် စက်ကိရိယာကိုင်တွယ်ရ သူများဟာလည်း ငရုတ်ကောင်း မစားသင့်ပါဘူး။
.
(၅) နွယ်ချို
*************
နွယ်ချိုက အသံကိုကြည်လင်စေပြီး ချောင်းဆိုးနဲ့ သလိပ်နာရောဂါကို ပျောက်စေပါတယ်။ လေနာရောဂါကို နိုင်ပါတယ်။ လူကို ဆူဖြိုးစေပြီး အားဖြစ်စေပါတယ်။ သို့ သော်
.
(က) နွယ်ချိုကို ရက်သတ္တ ၄-၆ ပတ်ထက်ပို၍ စွဲမ စားသင့်ပါဘူး။ ပို၍စားမိပါက ခန္ဓာကိုယ်ထဲမှာ ရေအောင်း နိုင်ပါတယ်။
.
(ခ) ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်းနဲ့ ကျောက်ကပ်ရောဂါရှိသူများ အထူးရှောင်ရှားသင့်ပါတယ်။
.
(ဂ) နွယ်ချိုဟာ ခန္ဓာကိုယ်တွင်း ပိုတက်စီယမ်ဓာတ်ကို လျော့ နည်းစေတာကြောင့် ပိုတက်စီယမ်အားနည်းသူများ မစား
သင့်ပါဘူး။
.
(၆) တရုတ်နံနံ
****************
တရုတ်နံနံပင်ထဲမှာ ဘေးဥပဒ်ဖြစ်စေသော ကိုလက်စထရော လုံးဝမပါရှိဘဲ ကောင်းကျိုးပြုသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗီတာမင်သတ္တုဓာတ်များနဲ့ ချေဖျက်လွယ်သောအမျှင်ဓာတ်တို့ ကြွယ်ဝစွာပါရှိတဲ့အပြင် ကင်ဆာကိုတိုက်ဖျက်နိုင်သော acetylenics, phenolic acids နှင့်coumarins ဓာတ်ပေါင်းစုများ ပါဝင်နေတာကြောင့် ကင်ဆာအဖုအကျိတ်များ ကြီးထွားပျံ့နှံ့ခြင်းမှ
ကာကွယ်ပေးပြီး အံ့သြဖွယ်ကောင်းစွာ အနာများကိုလည်း ကျက်စေပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာ၊ အစာ အိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် အမျိုးသားများ ဆီးကျိတ်ကင်ဆာတို့ကို ဟန့်တားပေးနိုင်ပါတယ်။ သို့သော်
တရုတ်နံနံပင်က ဆေးအဖြစ်မှီဝဲရင် ဆီးများများသွား စေတာကြောင့် ကျောက်ကပ်ရောဂါသည်များနဲ့ သည်း ခြေအိတ်ဝေဒနာသည်များအတွက် အထူးရှောင်ရှားသင့်ပါ တယ်။
.
(၇) ပင်စိမ်းပင်
******************
ပင်စိမ်းရွက်ထဲတွင်ပါရှိသော သဘာဝဓာတ်ပေါင်းစု
တစ်မျိုးက ဦးနှောက်စွမ်းဆောင်ချက်ကို တိုးတက်ကောင်း
မွန်စေသည့်ပြင် စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်းနဲ့ အယ်လ်ဇိုင်းမားရောဂါတို့ကို ထိထိရောက်ရောက် ကုသ ပေးနိုင်ပါတယ်။ ဒါ့ပြင် ပင်စိမ်းရွက်တာ ကလေးငယ်များ ရဲ့ Óဏ်ရည်စွမ်းအားကို တိုးတက်မြင့်မားစေနိုင်လို့ အရွယ်
သုံးပါးမရွေး စားသုံးသင့်ပါတယ်။ သို့သော် သွေးထဲမှာ ဂလူးကို့စ်နည်းနေသူများ၊ အတက်ရောဂါရှိသူများနဲ့ ဝက်ရူးပြန်ရောဂါရှိသူများကတော့ ပင်စိမ်းကို မစားသင့်ပါ ဘူး။
.
(၈) ချင်း(ဂျင်း)
****************
ချင်းဟာ အစာကြေညက်လွယ်ခြင်း၊ ဆီးနဲ့ဝမ်းကို ရွှင်စေခြင်း၊ ခံတွင်းမြိန်ခြင်း၊ သုက်ကိုပွားစေခြင်း၊ အဆိပ်အတောက်ကို ပြေပျောက်စေခြင်း၊ ချောင်းဆိုးပန်းနာကို ပျောက်စေခြင်း၊ ရောင်ရမ်းနာများကို ပျောက်ကင်းခြင်း၊ အသံကြည်လင်ခြင်း၊ လေနာရောဂါကိုနိုင်ခြင်းစတဲ့ ကျန်းမာရေးအာနိသင်တွေ ပေးစွမ်းနိုင်ပါတယ်။ သို့သော် ချင်းဟာ သည်းခြေရည်ကို ပိုထွက်စေတာကြောင့် သည်းခြေရောဂါရှိသူများက ချင်းအခြောက်ကိုဖြစ်စေ၊ ချင်းမှုန့်ကို ဖြစ်စေ ဆေးအဖြစ်မှီဝဲလိုရင် ကျွမ်းကျင်သူ ဆရာဝန် တို့၏ လမ်းညွှန်မှုဖြင့်သာ သုံးစွဲသင့်ပါတယ်။
.
(၉) နနွင်း
**************
လေ့လာဆန်းစစ်မှုမှတ်တမ်းများအရ ကမ္ဘာပေါ်မှာ နနွင်းမှုန့် အစားဆုံးသူများဟာ အိန္ဒိယလူမျိုးများဖြစ်ကြရာ ၎င်းလူမျိုးတွေမှာ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေလွန်စွာနည်းပါး
ကြောင်း၊ နနွင်းမှုန့်ကို ပန်းဂေါ်ဖီ(အဖြူ)နှင့် တွဲဖက်၍ ချက်စားခြင်းက ဆီးကျိတ်ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း၊ အိန္ဒိယမှာ နနွင်းမှုန့်ကို မိရိုးဖလာအရ စားသုံးလာခဲ့ကြတာကြောင့်လည်း ကလေးငယ်တွေမှာ သွေးကင်ဆာဖြစ်ပွားနှုန်းနည်းပါးကြောင်း၊ အဆိပ်အတောက်ပြေစေကာ အသည်းကို ကောင်းကျိုးပြုကြောင်း၊ ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာများအတွက် လွန်စွာဆေးဖက်ဝင်ကြောင်း၊ အမျိုးသမီးများရဲ့ သားအိမ်ကို သန့်စေကြောင်း၊ နနွင်းမှုန့်ကို နေ့စဉ် ဟင်းလျာတွေမှာ စားသုံးလေ့ရှိတာကြောင့်လည်း အိန္ဒိယလူမျိုးတွေမှာ ဦးနှောက်ဇရာရောဂါ(ခေါ်)အယ်လ်ဇိုင်းရောဂါ ဖြစ်သူဦးရေ လွန်စွာနည်းပါး ကြောင်း လေ့လာတွေ့ရှိရပါတယ်။ သို့သော် အစာအိမ် အက်ဆစ်အထွက်များသူများ၊ အူယဉ်းနာရောဂါ၊ သည်းခြေ ကျောက်နှင့် သည်းခြေအိတ်ပိတ်ဆို့သူများကတော့ နနွင်း စားသုံးမှုကို ရှောင်ရှားသင့်ပါတယ်။
.
တင်ထက်ထက်ဇော်
Ref:myawaddy health


- Posted using BlogPress from my iPad

ရှောင်ဖယ်၍ မရနိုင်သော တရုတ်


ရှောင်ဖယ်၍ မရနိုင်သော တရုတ် (၁)

ယခုအခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဲအပြတ်အသတ်ဖြင့် အောင်ပွဲခံလိုက်ပြီ ဖြစ်သဖြင့် ၁၉၆၂ မှစ၍ တွက်မည်ဆိုလျင် ပထမဆုံးအကြိမ်အဖြစ် အရပ်သားများလက်ဝယ်သို့ အပြည့်အ၀ အာဏာ ပြန်လည် ရောက်ရှိတော့မှာ ဖြစ်တယ်လို့ ပြောလို့ရပါတယ်။

ဒီအနေအထားကို စိုးရိမ်မကင်းစွာ နဲ့ စောင့်ကြည့်နေတာကတော့ မြောက်ဘက်ခြမ်းက တရုတ် ပြည်သူ့သမ္မတ နိုင်ငံပဲ ဖြစ်ပါတယ်။ နယ်စပ်တွင် အလျားမိုင်ပေါင်း ၁၃၆၂ မိုင် ထိစပ်နေပြီး မြင့်မားကြမ်းတမ်းသော တောင်ကုန်းများကို ကျော်ဖြတ်နိုင်က အိန္ဒိယ သမုဒ္ဒရာ သို့ အလွယ်တကူ ၀င်ရောက်နိုင်ပြီး တရုတ်ရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံတွေ ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများသို့ မြန်မာကိုဖြတ်ပြီး ကုန်းလမ်းခရီးနဲ့ ကုန်စည် ဖြန့်ဖြူးမှုတွေ ပြုလုပ်နိုင်တဲ့ အခြေအနေရှိပါတယ်။

ယခုလက်ရှိ အခြေအနေအရ တရုတ်နဲ့ NLD အကြား ဆက်ဆံရေးဟာ အေးတိအေးစက် ဖြစ်နေပြီး တရုတ်က သိသိသာသာပဲ NLD ရဲ့ အောင်ပွဲကို ချီးကျူး ဂုဏ်ပြုဘို့ ရှောင်ရှားနေပါတယ်။ အစဉ်အလာတိုင်း ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က သံတမာန်ရေးအရ ရော စီးပွားရေးအရ ရော အနောက်ဘက်ကို ယိမ်းဘို့ ရှိနေပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာရဲ့ ဘူမိနိုင်ငံရေး အခြေအနေအရ လှုပ်ရှားဆောင်ရွက်သွားရဘို့ရှိပါတယ်။

တရုတ်ပြည်က ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်မှာ ကြီးမားတဲ့ အခန်းကနေ ဆက်လက် ပါဝင်သွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ အာဏာရ အသိုက်အ၀န်းက ၂၀၀၃ ခုနှစ်ကတည်းက သေချာ အကွက်ချပြီး စီမံထားခဲ့မှုရဲ့ ရလာဒ် အဖြစ် ထွက်ပေါ်လာခဲ့ရတာ ဖြစ်ပါတယ်။ မြန်မာဟာ ၁၉၉၀ နောက်ပိုင်း စီးပွားရေးအရ တံခါးဖွင့်ပေးခဲ့သော်လည်း မအောင်မြင်ခဲ့တာကတကြောင်း ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို ပယ်ဖျက်ခဲ့တာကြောင့် အနောက်အုပ်စုရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ခံခဲ့ရတာကြောင့် စစ်တပ်အနေနဲ့ စီးပွားရေးအရ ရော နိုင်ငံရေးအရပါ တရုတ်ကို မှီခိုလာခဲ့ရတာ ဖြစ်ပြီး တိုင်းပြည်ကို တဖြေးဖြေး နဲ့ ချုပ်ကိုင်ထားဘို့ ဖြေလျော့ဘို့ လုပ်လာခဲ့ရတာ ဖြစ်ပါတယ်။ အဲ့လိုမှ မလုပ်ရင်လည်း နိုင်ငံတကာ အသိုက်အ၀န်းမှာ ၀င်ဆံ့ဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး၊

၁၉၈၈ နဲ့ ၂၀၁၃ အကြားမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (အမေရိကန် ဒေါ်လာ ၃၃.၆၇ ဘီလီယံ) စုစုပေါင်းရဲ့ ၄၂%၊ လက်နက် ၀ယ်ယူတင်သွင်းမှု စုစုပေါင်းရဲ့ ၆၀% က တရုတ် ပြည်မှ ဖြစ်ပါတယ်။ အဲ့သည့်အနေအထားက ၂၀၀၀ ခုနှစ်အလွန်မှ စတင် ပြောင်းလဲလာခဲ့ရပါတယ်၊ မြန်မာ စစ်ခေါင်းဆောင်တွေဟာ တရုတ်ကို အလွန်အကျွံ မှီခိုလာနေရတဲ့ အဖြစ်ကို စိုးရိမ်မကင်း ဖြစ်စ ပြုလာပြီး အဖြေရှာဘို့ စတင်ကြိုးစားလာရရင်းက အနောက်အုပ်စု သဘောကျတဲ့ NLD ကို နိုင်ငံရေးအရ လမ်းဖွင့်ပေးမှသာ အခြားနိုင်ငံများနဲ့ ရောရောဝင်ဝင် ဆက်ဆံလို့ ရတော့မှာကို သဘောပေါက် လာကြပါတယ်။

အဲ့တာကြောင့် နိုဝင်ဘာ ၈ ရက် အောင်ပွဲဟာ စစ်ခေါင်းဆောင်တွေ ကာလကြာမြင့်စွာ အကွက်ချ ထားခဲ့မှုရဲ့ ရလာဒ်ဆိုတာ ကျိုးကြောင်း ဆီလျောမှု ရှိတယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့လည်း သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ထားပြီး ဖြစ်နေတာကြောင့် အစိုးရအသစ်အနေနဲ့လည်း အသွင်ကူးပြောင်းမှု အဆင်ပြေ ချောမွေ့စေခြင်တယ် ဆိုရင် စစ်တပ်နဲ့ သဘောတူညီချက် ရအောင် ဖေါ်ဆောင်ဘို့ လိုအပ်နေပါတယ်။

အခုလို အသွင်ကူးပြောင်းမယ့် အရေးကို တရုတ်က ကာလကြာမြင့်စွာကပင် ကြိုတင် ပြင်ဆင်ထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီအတွက် ဂျွန်လတုန်းက တရုတ်သမ္မတ စီရှင်ပင် နဲ့ ၀န်ကြီးချုပ် လီကီးကျန်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ပီကင်းကို ဖိတ်ခေါ်ပြီး ဆွေးနွေးခဲ့တဲ့အပြင် အခြားနိုင်ငံရေးပါတီတွေကိုလည်း ချန်မထားဘူး ဆိုတဲ့သဘောနဲ့ ပြည်ခိုင်ဖြိုးပါတီကို ဧပြီလမှာတခါ၊ ဂျုလိုင်မှာ ရခိုင် အမျိုးသား ပါတီကိုပါ တခါ ဖိတ်ခေါ်ခဲ့ပါတယ်။

ရွေးကောက်ပွဲ ပြီးလျင် ပြီးချင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မြန်ဆန်ဆန်ပဲ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအပေါ် ချီးကျူး ဂုဏ်ပြုခဲ့ပေမယ့် NLD ကို သိသိသာသာ ချန်လှပ်ထားခဲ့တာ တွေ့ရပါတယ်။ ရွေးကောက်ပွဲ ရလာဒ်ကြောင့် နေပြည်တော်မှာ အခြေအနေတွေ ရှုပ်ထွေးလာနေတာကြောင့်လည်း ဖြစ်ပါတယ်။ ယခုအခါ NLD က ပါလီမာန်ကို ထိမ်းချုပ်ထားနိုင်နေပြီး စစ်တပ်က နိုင်ငံရဲ့ အဓိကကျတဲ့ အာဏာတည်ရာ ၀န်ကြီးဌာနများ အပါအ၀င်၊ စီးပွားရေး ပိုင်ဆိုင်ခွင့်တွေကို ထိမ်းချုပ်နိုင်နေဆဲ ဖြစ်တာကြောင့် အာဏာရဲ့ အမာပိုင်းရှိရာ အကြော တွေကို ရယူထားနိုင်ဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာ တိုင်းရင်းသား ပါတီတွေက တိုင်းဒေသကြီးတွေမှာ အနိုင်ရရှိခဲ့ပေမယ့် နိုင်ငံတော်အဆင့်မှာ အနိုင်မရခဲ့တာကြောင့် အနေအထားတခုနဲ့ အပြိုင်အဆိုင် ရပ်တည်ဘို့ ကြိုးပမ်းရာမှာ အခက်အခဲတွေ ဖြစ်လာရပါတယ်။ ဒီအတွက် တရုတ် အနေနဲ့ တိုင်းပြည်ရဲ့ မူဝါဒရေးရာ ဆုံးဖြတ်ချက်တွေရရှိဘို့ အရေး နောက်ကွယ်က အာဏာ ဆုပ်ကိုင်ထားတဲ့ အင်အားစု အများအပြားနဲ့ ရင်ဆိုင်လာရဘို့ ရှိနေပါတယ်။

ဆက်လက် ဖေါ်ပြပါမယ်

ရည်ညွှန်း။ ။ 2015 STRATFOR GLOBAL INTELLIGENCE ANALYSIS

HSW


ရှောင်ဖယ်၍ မရနိုင်သော တရုတ် (၂)

မြန်မာပြည်အဖို့ ရှေ့ကို ဆက်လှမ်းနိုင်ဘို့အရေး ဟာ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်များနဲ့ ဘယ်လို စခန်းသွားဘို့ ရွေးချယ်ထားသလဲဆိုတာ အဓိကထား သုံးသပ်ရမယ့် အချက် ဖြစ်လာပါတယ်။ ရာစုနှစ်ဝက်တခုနီးပါး စစ်တပ်မှ နယ်မြေသိမ်းတိုက်ပွဲတွေ ဆင်နွှဲပြီး အင်အားချိနဲ့ အောင် ပြုလုပ်နိုင်ခဲ့ပေမယ့် ယခုအခါ တိုင်းရင်းသား အဖွဲ့များက ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ပြေလည် လိုက်လျောမှုတွေရအောင် တောင်းဆိုလာနေကြပါတယ်။ တရုတ်မှ နယ်ခြားတလျောက်ရှိ ‘ ၀’ နဲ့ ကချင် လွတ်မြောက်ရေး တပ်တွေကို ထောက်ခံအားပေးထားယုံမက သြဇာသက်ရောက်မှု ရှိအောင်ပါ ပြုလုပ်ထားပြီး မြန်မာမှ တရုတ်နဲ့ ကင်းကွာလို့ မရအောင် ထိမ်းထားနိုင်ခဲ့ပါတယ်။ ဒီအတွက်လည်း အောက်တိုဘာ ၁၅ ရက်နေ့က ချုပ်ဆိုခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ အပြစ်အခတ်ရပ်စဲရေးကို ၎င်းနယ်ခြားရှိ အဖွဲ့များ လက်မှတ်မထိုးအောင် တရုတ်က ဆော်သြော်ထားတာ ဖြစ်တယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်လာရတာ ဖြစ်ပါတယ်။

ယခုလို တရုတ်က မြန်မာပြည်တွင်း လက်နက်ကိုင် ပုန်ကန်မှုတွေကို အားပေးအားမြှောက် ဆက်လုပ်နေမယ်ဆိုရင်တော့ NLD အနေနဲ့ တရုတ်နဲ့ နိုင်ငံရေးအရ အပေးအယူ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှလည်း တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အနေအထားကို တစတစ ဆုတ်ယုတ်လျော့ပါးအောင် ပြုဘို့ ကြံနေတဲ့ စစ်တပ်နဲ့လည်း အခြေအတင် ပြောစရာ ဖြစ်လာပါလိမ့်မယ်။

တရုတ်ထံမှ လှည့်ထွက်လို့ရအောင် အများအပြား လုပ်လာခဲ့တဲ့ အထဲမှာ ၂၀၁၀ က စပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို နေရာအနှံ့က စတင် ရှာဖွေလာနိုင်ခဲ့တာ တခုပါဝင်ပါတယ်။ ဒါပေမယ့် မြန်မာအနေနဲ့ ဘယ်လောက်ဝေးဝေး ခြေဦးလှည့်နိုင်မလဲဆိုတာ ပထ၀ီ အနေအထားအရ ကန့်သတ်မှုတွေရှိနေပါတယ်။ ယူနန် ပြည်နယ်ကို ကြည့်မယ်ဆိုရင် တရုတ်အဆင့်အတန်းနဲ့ဆို ဆင်းရဲတဲ့ ပြည်နယ်တခု ဖြစ်နေသော်လည်း အနောက်ဘက် နဲ့ အနောက်မြောက် နယ်ခြားရှိ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ် ပြည်နယ်များနဲ့ နှိုင်းစာရင် စီးပွားရေး လုပ်ဘို့ အတော်လေးကို အားရစရာ ကောင်းပါတယ်။

တရုတ်က သူရဲ့ ကုန်တွင်းပိတ် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းရာမှာ လာအို၊ ဗီယက်နမ် နဲ့ မြန်မာကို ဖြတ်ပြီး ပင်လယ်ထွက်ပေါက်ရအောင် ဖန်တီးလိုပါတယ်။ ဒီအတွက် မြန်မာက အရှေ့ဘက်ရှိ အိမ်နီးချင်းနိုင်ငံများနဲ့ ဟန်ချက်ညီအောင် ကြိုးစားမှာ ဖြစ်ပေမယ့် တရုတ်က တော့ အဓိက ကုန်သွယ်ဖက် နိုင်ငံအဖြစ် ဆက်ရှိနေမှာ ဖြစ်ပါတယ်။

၂၀၁၀ နောက်ပိုင်းမှာ တရုတ် စီးပွားရေးဟာ အရင်လို မဟုတ်ပဲ အတော်လေး ကျဆင်းလာခဲ့ပေမယ့် မြန်မာ့ စီးပွားရေးအတွက်တော့ အရေးပါတဲ့ အခန်းက နောင်အနာဂါတ်မှာ ဆက်လက် ရှိနေအုန်းမှာ ဖြစ်ပါတယ်။ စားရာမှာလည်း သဲနဲ့ရှပ်ရှပ် ပြစ်ရမှာလည်း အဆီတ၀င်းဝင်း ဆိုသလိုပါပဲ၊ ၂၀၁၄ အတွင်း တရုတ်နဲ့ ကုန်သွယ်မှုမှာ သွင်းကုန် စုစုပေါင်း တန်ဘိုးရဲ့ ၄၂.၇% ရှိပြီး ပို့ကုန်တွေရဲ့ ၆၅.၂% ရှိပါတယ်။ မြန်မာရဲ့ ဒုတိယ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်တဲ့ ထိုင်းနဲ့ ဆိုရင် ဆင်နဲ့ ဆိတ်လောက် ကွာခြားပါတယ်။ သွင်းကုန်ရဲ့ ၁၉.၃% နဲ့ ပို့ကုန် ၁၆.၄% ပဲ ရှိပါတယ်။ တရုတ်နဲ့ ကုန်သွယ်ရေး အခြေပြ တရားဝင် စာရင်းဇယားတွေမှာ မူးယစ်ဆေးဝါးတွေ သစ်ခိုးထုတ်မှုတွေနဲ့ သဘာဝ သယံဇာတတွေ အကြီးအကျယ် ထွက်နေတာတွေ မပါသေးပါဘူး၊

ဒါတွေကို ကြည့်မယ်ဆိုရင် အနောက်နိုင်ငံတွေက ဖျက်မြင်းသာသာ ပဲ လုပ်နိုင်တဲ့ အနေအထားပဲ ရှိနေပါတယ်။ သူတို့ လွန်ရောကျွံရော လုပ်ပေးနိုင်တာက ကုန်သွယ်ရေး သဘောတူညီချက်တွေရယ် ဆက်ဆံရေး ခိုင်မာလာအောင် သံတမန်ရေးနဲ့ နည်းပညာ အကူအညီတွေ ပံ့ပိုးပေးနိုင်တဲ့ အဆင့်ထက်မပိုပါဘူး၊ ဒီနေရာမှာတောင် အကန့်အသတ်ရှိပါသေးတယ်။ တောင်တရုတ် ပင်လယ်မှာ တရုတ် နဲ့ အင်အား ချိန်ခွင်ရှာ ထိမ်းညှိနိုင်မယ့်အရေးကို မြန်မာထက် ပိုပြီး အလေးထား စိုးရိမ်မကင်း ဖြစ်နေတယ်ဆိုတဲ့ အချက်ပါပဲ၊

အခုနှစ်မှာ ဘာတွေ ပြောင်းလဲသွားပြီလဲဆိုတော့ မြန်မာဟာ စီးပွားရေး အကူအညီအတွက် နယ်ပါယ် အမျိုးမျိုးကနေ ရရှိလာခဲ့ပါတယ်။ မြန်မာကို ဖြတ်ပြီး အိန္ဒိယ နဲ့ ထိုင်းနိုင်ငံကို ဆက်သွယ်ပေးတဲ့ အာရှ လမ်းမကြီးက ၂၀၁၅ မှာ ပြီးဆုံးခဲ့ပါတယ်။ ဒီအတွက် ထိုင်း နဲ့ မြန်မာတို့ စီးပွားရေးအရ အရင်ကထက်ပိုပြီး အင်နဲ့ အားနဲ့ ပေါင်းစပ်လာဘို့ ရှိနေပါတယ်။ ဒါ့အပြင် မဲဆောက် နဲ့ မြ၀တီအကြား အထူးစီးပွားရေးဇုံတွေ ထူထောင်ဖို့ မြေစမ်းခရမ်းပျိုးထားပြီး ဖြစ်လို့ စီစဉ်ထားတဲ့ ထားဝယ် ပင်လယ်ရေနက် ဆိပ်ကမ်း တည်ဆောက်ရေးအတွက် ဆက်သွယ် အားဖြည့်မှုတွေ တိုးမြှင့်လာမှာ ဖြစ်ပါတယ်။

ဒါတွေကို ကြည့်ပြီး ထိုင်းနိုင်ငံမှ ၎င်းရဲ့ လက်ရှိ ထုတ်ကုန် တွေ ၀န်ဆောင်မှု လုပ်ငန်းတွေကို အဆင့်တက်ဘို့ ကြိုးစားလာရင် လက်ရှိ လုပ်နေတဲ့ ကုန်ထုတ် လုပ်ငန်းတွေ မြန်မာလက်ထဲ ရောက်လာရဘို့ရှိနေတဲ့အတွက် အရင်ကလို သဘာဝ သယံဇာတတွေ ထုတ်ယူရောင်းစားရတဲ့ စီးပွားရေးမှ မြန်မာအနေနဲ့ လမ်းခွဲထွက်လာနိုင်ပါတယ်။

အခုလောလောဆယ်တော့ အနောက်ဘက်မှ မြန်မာဈေးကွက်အတွင်း ၀င်ရောက်မယ်ဆိုပြီး အလွန်အကျွံ မြူဆွယ်မှုတွေ ရှိနေပေမယ့် တကယ်တမ်းကျ အကန့်အသတ် နဲ့ သာ ဖြစ်ပါတယ်။ လက်ရှိမှာ အမေရိကန် နဲ့ ဥရောပ နိုင်ငံများနဲ့ ကုန်သွယ်ရေးဟာ အားရစရာ ကောင်းတဲ့ အနေအထားမှာ မရှိသေးပါဘူး၊ အမေရိကန်သို့ ပို့ကုန်တန်ဘိုးက စုစုပေါင်းပို့ကုန် ပမာဏရဲ့ ၀.၄% သာရှိပြီး သွင်းကုန်ကလည်း သူမသာ ကိုယ်မသာ အဆင့်မှာပဲ ရှိနေဆဲပါ။ ဥရောပ နိုင်ငံများကတော့ မြန်မာပြည်အပေါ် စီးပွားရေး ဒဏ်ခတ်မှုတွေကို လုံးဝဥသုန် ဖယ်ရှားပေးခဲ့ပြီး ဖြစ်ပါတယ်။ အမေရိကန်ကတော့ မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများကို တားမြစ်ခဲ့မှုကို ၂၀၁၂ က ဖယ်ရှားပေးခဲ့ပါတယ်။ ဒါပေမယ့် အဓိကကျတဲ့ လုပ်ငန်းတွေနဲ့ စီးပွားရေးသမား အချို့ကို ဒဏ်ခတ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်တပ် အပါအ၀င် ၎င်းရဲ့ အခွင့်ထူးခံလူတန်းစားတွေနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ခြင်တာကြောင့် သူမရဲ့ အရှိန်အ၀ါကို သုံးပြီး ဒီ ပိတ်ဆို့ထားမှုတွေကို အဆုံးသတ်အောင်နဲ့ အခွင့်အရေးပိုရမယ့် ကုန်သွယ်ရေး သဘောတူညီချက်တွေ ရအောင် ကြိုးစားလာဖွယ် ရှိပါတယ်၊

အခု လောလောဆယ်ကတော့ ဆန်ရှင်းကြောင့် ကုန်သွယ်ရေးမှာ အတော်ထိခိုက်နေဆဲ ဖြစ်ပါတယ်။ ဆန်ရှင်း ကိစ္စ ခံနေတာကြောင့် အမေရိကန် နဲ့ မြန်မာအကြား ကုန်စည်တင်ပို့မှုက ဂျွန်လမှာ သန်း ၅၀ ဘိုး ရှိပေမယ့် စက်တင်ဘာမှာ ၅.၅ သန်းပဲ ရှိပါတော့တယ်။ အနောက်အုပ်စုတွေရဲ့ ပါဝင်ပါတ်သက်မှုကြောင့် အဓိက အကျိုးဖြစ်ထွန်းခဲ့ရတဲ့ ကဏ္ကကတော့ စွမ်းအင်ကဏ္ကပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လက Chevron ပိုင် ယူနိုကယ် မြန်မာ့ကမ်းလွန် ကုမဏ္ကီနဲ့ လုပ်ကွက်တကွက်အတွက် ဒေါ်လာ ၂၇၇ သန်းတန် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ BG Group ရဲ့ Woodside Petroleum နဲ့ လုပ်ကွက် ၄ ကွက်စာ ဒေါ်လာ တစ်ဘီလီယံတန် စာချုပ်ကိုလည်း ချုပ်ဆိုခဲ့ပါတယ်။ ဒါတွေအားလုံးဟာ အခွန်ငွေတွေ လုံလုံလောက်လောက် ကောက်ခံနိုင်စွမ်း မရှိအောင် အားပျော့နေတဲ့ အဖွဲ့အစည်းတွေကြောင့် ငွေလိုနေတဲ့ မြန်မာအစိုးရအတွက် အထောက်အကူ ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် တရုတ်အဖို့ ၂၀၁၀ ခုနှစ်ထက် စာရင် မြန်မာပြည်မှာရော အရှေ့တောင်အာရှ တခုလုံးအတွက်ပါ ရွေးချယ်နိုင်ခွင့်တွေ ပိုရှိနေတယ်လို့ ကြွားဝါနိုင်ပါတယ်။ တရုတ်ရဲ့ ပိုမိုကျယ်ပြန့်စွာ ချမှတ်ထားတဲ့ မဟာဗျူဟာ ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ကုန်းတွင်းပိုင်းရှိ ဆင်းရဲတဲ့ ပြည်နယ်တွေကို ရေနံနဲ့ သဘာဝ ဓါတ်ငွေ့တွေကို ဘင်္ဂလား ပင်လယ်အော်မှ တဆင့် မြန်မာပြည်ကို ဖြတ်ပြီး တိုက်ရိုက် ပို့ဆောင်နိုင်မယ့် ပိုက်လိုင်းတွေကို အောင်မြင်အောင် တည်ဆောက်နိုင်ခဲ့ပါတယ်။

သို့ပေမယ့် ပိုက်လိုင်းတွေနဲ့ အတူ တပါတည်း အကောင်အထည်ဖေါ်ဘို့ ရှိနေတဲ့ အဝေးပြေး လမ်းမကြီးကိုတော့ အကောင်အထည် ဖေါ်နိုင်ခြင်း မရှိသေးပါဘူး၊ ထို့အတူ ရေအားလျပ်စစ် စီမံကိန်း ဖြစ်တဲ့ မြစ်ဆုံဆည်တည်ဆောက်ရေးဟာလည်း တန်းလန်းကြီး ဖြစ်နေဆဲပါ၊ တရုတ်ပြည်က လာအို နဲ့ ဗီယက်နမ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံကို ဆက်သွယ်ရေး လမ်းပွင့်အောင် လုပ်နိုင်နေဆဲ ဖြစ်ပါတယ်။ မြန်မာဟာ တရုတ်ရဲ့ စွမ်းအင် စီမံကိန်းတွေအတွက် ရွေးချယ်ပိုင်ခွင့် တခု အဖြစ် ရှိနေသော်လည်း အခြားဟာတွေ ရွေးစရာလမ်း တရုတ်မှာ ရှိနေဆဲပါ။

တရုတ်ဟာ မြန်မာပြည်မှာ ရေရှည်ဆွဲပြီး လိုအပ်သလို ကစားသွားနိုင်ဘို့ တတ်နိုင်ပါတယ်။ လက်ရှိ စီမံကိန်းတွေသာ ရလို့ကတော့ အနာဂါတ်မှာ ဘာမှ ထပ်မရရင်တောင် နေနိုင်တဲ့ သဘောရှိပါတယ်။ မြန်မာအစိုးရ အသစ်အနေနဲ့ ဘယ်လို ပုံစံမျိုးနဲ့ပဲ တရုတ်အပေါ် ဆက်ဆံဘို့ လုပ်လာခဲ့သည် ဖြစ်စေ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ၎င်းရဲ့ သြဇာ သက်ရောက်နေမှုကို အသုံးချပြီး အနောက်အုပ်စုထက် နှာတဖျားသာအောင် ပြုလုပ်နိုင်စွမ်း ရှိနေပါတယ်။

အနောက်အုပ်စုကတော့ အာရှ-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ သြဇာကို ဆန့်ကျင်ပြီး အင်အား ထိန်းညှိအောင် ကြိုးပမ်းတဲ့နေရာမှာ မြန်မာကို အကန့်အသတ်တခု အနေနဲ့သာ အသုံးချလို့ ရနိုင်ပါတယ်။

ရည်ညွှန်း။ ။ 2015 STRATFOR GLOBAL INTELLIGENCE ANALYSIS

(Stratfor သည် အမေရိကန် အခြေစိုက် ကုမဏ္ကီတခု ဖြစ်ပြီး ကမ္ဘာတ၀ှမ်းရှိ လူ တဦးချင်းစီနဲ့ စီးပွားရေး အဖွဲ့အစည်းများကို ၎င်းတို့ရဲ့ မဟာဗျုဟာမြောက် ဘူမိနိုင်ငံရေး အနေအထား သုံးသပ်ချက်တွေကို ရောင်းချတဲ့ နာမည်ကျော် အဖွဲ့အစည်း တခု ဖြစ်ပါတယ်။)

HSW


- Posted using BlogPress from my iPad

Wednesday, October 21, 2015

လူတစ်ယောက်၏ ပင်ကိုယ် စရိုက်တွက်နည်း



လူတစ်ဦးဆီမှာ ပင်ကိုယ် `ဇ´ လေးတွေ ပါလာတတ်ပါတယ် ။
(0) လောဘကြီးသူ
(1) ဒေါသကြီးသူ
(2) မောဟစိတ်လွန်ကဲသူ
(3) မေတ္တာစိတ်ရှိသူ
(4)ဂရုဏာစိတ်များသူ
(5) မုဒိတာ တရားလက်ကိုင်ထားသူ
(6)ဥပေက္ခာသမား

ဆိုပြီး (7)မျိုး ခွဲခြာထားပါတယ် .......။

တွက်နည်းကတော့ လွယ်ပါတယ် ကိုယ်ရဲ့ မွေးသက္ကရာဇ်ရယ် ၊မွေးနံကို ဂဏန်းပြောင်းပြီး ပေါင်းပါ။
ရတဲ့ အဖြေ (7) နဲ့ စားရပါမယ် ထွက်လာတဲ့ အဖြေကတော့ ကိုယ့်ရဲ ပင်ကိုယ်စရိုက်ပေါ့ ။

ဥပမာ -
သင့် မွေးသက္ကရာဇ်က 1353 ခု သောကြာသားဆိုရင် 6ပေါ့။
1353+6=1359
1359÷7=1 ကြွင်းပေါ့

မြန်မာမွေးနှစ်မသိတဲ့လူတွေအတွက်တော့
http://www.mmcalendar.com/index.php
အဲဒီထဲမှာ အင်္ဂလိပ်ခုနှစ်က မြန်မာခုနှစ်ပြောင်းပြီး ကြည့်နိုင်ပါတယ်။

ကဲ .....အောက်မှာ ကိုယ့်ရဲ့ စရိုက်လေးကို ကြည့်ကြတာပေါ့ ....

အကြွင်း (0) လောဘ။
သူကတော့ လိုချင်စိတ်များတယ် ။ရတာနဲ့ မတင်းတိမ်ဘူး ။ရောင့်၇ဲတဲ့ စိတ်မရှိဘူး ။ရောက်တဲ့ နေရာမှာ မပျော်ဘူး ဒီထက်သာယာတဲ့ဘ၀ကို လိုလားတဲ့ သူ။ တစ်ခုမပြီးခင် နောက်တစ်ခုလုပ်ချင်တယ် ဘယ်အရာမဆို လက်ဝါးကြီး အုပ်ချင်တယ် ။
ဘယ်တော့မှလည်း နောက်လိုက်မလုပ်ချင်ဘူး ။ ကိုယ်ရယူပိုင်ဆိုင်ဖို့ဆိုရင် ဘယ်အရာကိုမှ မထောက်ထားဘူး မှားသည်မှန်သည် မခွဲခြားဘူး ဘယ်နည်းနဲ့ မဆို ရအာင်ယူမှ ကျေနပ်တဲ့ သူ။ လိုချင်စိတ်များတော့ ဘာမဆိုလုပ်ရမှာ ၀န်မလေးသူပေါ့။ ချမ်းသာလိုတယ် ကြွယ်ဝလိုတယ် ချမ်းသာချင်ကိုလဲ ရမဲ့ သူ။ ဒါပေမဲ့ မှားလား မှန်လား တရားဝင်လား တရားမ၀င်လား
တွေးမှာ မဟုတ်တဲ့အတွက် ဒုက္ခတော့ တွေ့နိုင်တာပေါ့ ။ ဘယ်လိုပဲ ဖြစ်ပါစေ သူကဘ၀ကို ရည်မှန်းချက်ကြီးကြီးနဲ့ ဖြတ်သန်းမည့်သူပါ။ သူတစ်ပါးမှာရှိတာထက် လိုချင်စိတ်မြင့်မားနေတော့ လူတော်တွေ ဖြစ်တတ်ပါတယ် ။ လိုချင်တဲ့ စိတ်ကလေးကို စနစ်တကျ အသုံးပြုသွာမယ်ဆိုရင် ဒိတ်ဒိတ် လူသားဘ၀ကို ပိုင်ဆိုင်ရမှာ အမှန်ပါ။

အကြွင်း (1) ဒေါသ။
စိတ်ကြီးတယ် မဟုတ်မခံစိတ်များတယ် မတော်မတရား လုပ်တာတွေ့ရင် ကိုယ့်ကိစ္စမဟုတ်လဲ ၀င်ပါဖို့ ၀င်ပြောဖို့ ၀န်မလေးတဲ့သူ ဘေးကနေ အလိုလို ဒေါသထွက်နေတတ်တယ် ။ စိတ်တိုဒေါသထွက်ရင်လဲ ဘာမဆို လုပ်ပစ်ပြောပစ်လိုက်မှ
ကျေနပ်တဲ့သူပေါ့ ။ စိတ်ကသာကြီးပါတယ် သူ့နှလုံးသားကတော့ ဖြူစင်လွန်းပါတယ် ။ ဘယ်တော့မှလဲ ကိုယ့်ဘက်ကစပြီး ရန်မလုပ်ဘူး သန့်သန့်လေးပြောတတ်ဆိုတတ်တယ် ။ လာစော်ကားပြီး လာငြိပြီ ဆိုရင်တော့ စိန်ခေါ်ရင် တိမ်ပေါ် အထိ လိုက်မဲ့သူပဲ ။ ပင်ကိုစိတ်ရင်းကောင်းတယ် ။ သူတစ်ပါးကို ပေးရမှာ ကျွေးရမှာ ထိပ်ဆုံးကပေါ့ ။ဒါပေမဲ့ စိတ်မြန် ဒေါသ ထွက်လွယ်တာကြောင့် အန္တရာယ် အမြဲ ရင်ဆိုင်ရတတ်တယ်။ စိတ်မြန်ပုံကတော့ ဖိနပ်စီးရတာ ခက်နေရင်တောင် ဖိနပ်ကိုကန်ထုတ် ရန်လုပ်ပြီး ဖိနပ်မပါပဲ လျှောက်သွာတတ်တဲ့ သူမျိုး။ ကိုယ်ကို လာစော်ကားလာရင်လဲ ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ဖြစ်ခဲ့တာကို စဉ်းစားပြီး စိတ်ထဲမှာ တစ်နုံ့နုံ့နဲ့ တွေးပြီး ကြိတ်မနိုင်ခဲမရ ဒေါပွနေတတ်တယ် ။ အဲဒီစိတ်ကလေးကို ထိန်းနိုင်တဲ့ နေ့ရောက်ရင် ချမ်းသာကြီးပွားတဲ့ လမ်းပေါ်ကို စရောက်တဲ့နေ့ပါပဲ ။ ဘယ်သို့ဆိုစေ ``လူဖြောင့်စိတ်တို´´ဆိုတဲ့ စကားအတိုင်း အလွန်ရိုးဖြောင့်တဲ့ သူတစ်ယောက်ပါ ။

အကြွင်း (2)မောဟ။
သိပ်တွေဝေတတ်တယ် ဘယ်အရာမဆို ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင် မချနိုင်ဘူး ။အရာရာကို မေ့လျှော့နေတတ်တယ် ။ တစ်ခါတစ်လေး ငေါင်တောင်တောင်နဲ့ ငေးမောနေတတ်တာတောင်တွေ့ရတတ်ပါတယ် ။ သီးသန့်နေလို့စိတ်ပြင်းတယ် ။ပြသနာတစ်ခု တစ်ယောက်ထဲ မဖြေရှင်းနိုင်ဘူး မြွေမသေ ဒုတ်မကျိုး လုပ်တတ်တယ် ။ အလွန်တော်တဲ့ ဖြန်ဖြေရေး သမာလေး။ ကြားဝင်ဖြေရှင်း ရမယ်ဆိုရင် နှစ်ဖက်နှခွ မြင်တဲ့သူ။ အပြောအေးအေးလေးနဲ့ ကျလောက်အောင် ပြောတတ်တဲ့သူ။ သူ့၇ဲ့ ရိုးပုံအေးပုံကြောင့် လူတိုင်းက ခင်ကြတယ် ။ သူကတော့ ရောက်တဲ့နေရမှာ ပျော်အောင်နေမယ် ။ ပြသနာတွေ့ရင်တောင် ဒါတွေကို မေ့လျှော့ပြီး ကိုယ်လုပ်ချင်တာ လုပ်နေမဲ့ သူပဲ ။ဒါ့ကြောင်ဘာကိုမှ လေးလေးနက်နက် မရှိဘူးလို့ အထင်ခံရတတ်တယ် ။ စကားသာ ကျလောက်အောင်ပြောတာ တစ်ခါတစ်လေ ရှေ့နောက်မညီ ပြောပြီးတာတွေ မေ့တတ်ပြန်တယ် ။စိတ်ဓာတ်တတ်လွယ် ကျလွယ်တယ် ။ အရာရာ မပြတ်မသား နှောင့်နှေးလွန်းတော့ ဘ၀အခွင့်အရေး တွေ မကြာခဏ လက်တစ်လုံးကြား ဆုံးရှုံးရတတ်တယ် ။ သူ့ဘ၀ကို နိုင်နိုင်နှင်းနှင်း ပဲ့ထိန်းပေတဲ့ သူရှိမှ သူဘ၀က ဟန်ကျမယ် ။ နောက်ကတစ်ချိန်လုံး လိုက်ပြောနေမှ တန်ရုံကျမှာ ။အပြောခံရလို့ စိတ်ဆိုးမှာတော့ မပူနဲ သူကဘယ်တော့မှ မှတ်မထားလို့ပါ ။

အကြွင်(3) မေတ္တာ။
သူကတော့ မေတ္တာ ရှင်ကြီးပေါ့ ။အားနာတတ်တယ် ၊ယုံစားလွယ်တယ် ၊သူတစ်ပါးအပေါ် ခွင့်လွတ်နားလည်စိတ်ရှိတယ် ။ သည်းခံစိတ်ရှိတဲံ့နေရမှာ နှစ်ယောက်မရှိဘူး အောချရလောက်တဲ့  အထိပေါ့။ အရာရာကို ရင်ဆိုင်ရဲတယ်။လူသားအားလုံးအေ ပ်ါလေးလေး စားစား ဆက်ဆံတတ်တယ် ။ကိုယ့်ကိုယ်ကို အမြဲ နှိမ့်ချနေတတ်တယ် ။သူအနေနဲ့ ရိုးပေမဲ့ သွားအထင်မသေးပါနဲ့ သူ့မှာချစ်တဲ ခင်တဲသူတွေ အလွန်ပေါတဲသူပါ ။လမ်းလေဂျပိုး လူမိုက်ကအစ လုပ်ငန်းရှင်ကြီး အထိ သူ့ကိုခင်ကြတယ် ။ အရေးအကြောင်းဆို ကူညီဖို့အသင့်ပဲ ။မြင့်မြတ်တဲံ့ စိတ်သဘောထား အပေါ် လူတိုင်းက နေရာပေး ဆက်ဆံကြတယ် ။ရန်သူအပေါ်မှာတောင်မေတ္တာထား တော့ ဘေးလူတွေနာမလည် အားမလိုအား မရ ဖြစ်တတ်ကြတယ်။ဒါပေမဲ့ ရန်သူကိုမေတ္တာနဲ့  အဆုံးမှာ စည်းရုံးနိုင်တဲ့ သူပါ ။စိတ်သဘောထား ကြီးတယ် မဟုတ်တာ မလုပ်တဲ့သူ။ ဘယ်သူ့ကိုမဆို တန်ဖို့းထားဆက်ဆံတတ်တယ်။အပြောသမားမဟုတ်ဘူး လက်တွေ့ဆန်တယ် ။အေးအေးချမ်းချမ်းနေချင်တဲ့သူ။ အချစ်မေတ္တာ အပေါ် အလေးအနက်ထားတယ် ။ အခက်အခဲ ကိုရင်ဆိုင်ရရင်တောင် မေတ္တာ ရှေ့ထားပြီး အောင်မြင်မှုကို ရယူတဲ့သူ ပါ ။ အားလုံးသိပါတယ် အောင်ခြင်(8)ပါးကို မြတ်စွာဘုရားက မေတ္တာနဲ့ အောင်မြင်ခဲ့တာကိုလေ။

အကြွင်း(4)ဂရုဏာ
ရင်တဲမှာစာနာတတ်တယ် ၊ ခံစားတတ်တယ်၊ ကြင်နာတဲ့စိတ်အပြည့်ရှိနေတယ် ။ သိပ်ကို ကိုယ်ချင်းစာတတ်တယ်။ ချစ်သူခင်သူဖြစ်စေ သတ္တ၀ါတွေကိုဖြစ်စေ ``သနားပါတယ်နော်´´ ဆိုပြီး စာနာစိတ်နဲ့ အမြဲ ကူညီလို့စိတ်ရှိတယ် ။သနားအောင်ပြောရင် ဘယ်လောက်စိတ်ဆိုးနေပါစေ ခွင့်လွှတ်တယ် ။ ဂရုဏာသမားမို့ ရန်သူကိုတောင် သနားတတ်တဲသူ ။စိတ်ဆိုးလဲ ခဏပဲ ။ရန်သူကို သူ့ခမျာ ငါ့ကိုတစ်ချိန်လုံး ရန်လိုနေတာ သနားပါတယ်တဲ့လေ။ဒါပေမဲ သူကသူတစ်ပါးအပေါ် ဂရုနာထားသလိုသူ့အပေါ်မှာ ဂရုစိုက်မှ ကျေနပ်တတ်တဲသူ။ သူကိုဂရုမစိုက်ဘူး အလေးမထာဘူး အချစ်ပေါ့တယ်လို့ ထင်ရင် စိတ်ကောက်ပြီး ၀ုန်းတိုင်းကျဲ အရွဲ့တိုက်တတ်သူ။ ၀မ်းနည်းလွယ်တယ် တစ်ဇွတ်ထိုးလုပ်တတ်တယ် ။ ငါကောင်းသလောက်ငါ့အပေါ်မကောင်းဘူးလို့ စိတ်ဝင် ၀မ်းနည်းသွာပြီဆိုရင် အမြန်လေးသာ ချော့လိုက်ပါ ။လူပုံစံ စတိုင်၊ ဟန်ပန်က အစ ပြုမူပြောဆိုပုံက မာကျစ်ကျစ် ၊ဘုခွပြော၊ မသနားတတ်တဲ့ ကြင်နာစိတ်မရှိတဲ့ သူလိုအပြင်ပန်းမှာ ပေါ်နေတယ် ။ တကယ်အတွင်းစိတ် ရင်ထဲမှာတော့ ဂရုဏာ အပြည့်ရှိတဲသူပါ ဂရုဏာကြီးတဲ့ ဟန်ဆောင်နေတဲ့ သူနဲတော့ တခြာစီပေါ့ ။သူ့သဘော သူ့သဘာဝ သူ့မနောကိုသိတဲ့ သူတွေကတော့ လေးလေးစားစား နဲ့ သူ့အရိပ်ကို ခိုဝင်ကြတယ် ။ ဦးဆောင်သူ ၊ဆရာတွေ ၊ သမားတော်တွေ တော်တော်များများကတော့ ကရုဏာရှင်တွေပေါ့ ။

အကြွင်း(5)မုဒိတာ။
မုဒိတာကို လက်ကိုင်ထားနိုင်သူမျိုးကတော့ ရှားပါးလှပါတယ် ။သူကတော့ ရှားရှားပါးပါးထဲက သူတစ်ယောက်မို့ လူတစ်သောင်းမှာ တစ်ယောက်တွေ့ခဲလှတဲ့ မုဒိတာ ပွားနိုင်တဲ့ သူတစ်ယောက်ပေါ့ ။သူတစ်ပါးအောင်မြင်တာ ၊ချမ်းသာကြွယ်ဝတာ ၊ ထွန်းထွန်းပေါက်ပေါက်ဖြစ်တာ၊နာမည်ကြီးတာ ၊ငွေရတာ ၊အလုပ်တိုးတတ်တာ တွေ့ရင် ကိုယ်ကပဲ ဒါတွေကို ခံစားနေရသလိုလိုနဲ့ ပိတိဖြာပြီး ဘေးကနေကြည်နူးနေတတ်တဲ့ သူမျိုး ဒီကမ္ဘာမှား ရှားပါတဲသူပေါ့။ မနာလို ၀န်တိုစိတ်မရှိဘူးအတင်းအဖျင်းမပြောတတ်ဘူး ၊မြင့်မြတ်တဲ့ စိတ်ရှိတယ် ။အရာရာ ရင်ထဲ ခံစားပြီးမှ လုပ်တတ်ပြောတတ်တဲ့သူ ။မှန်ကန် မြင့်မြတ်တဲ့စိတ်ကြောင့်အောင်မြင်မှုထိတ်တန်းရောက်တယ်။ ကိုယ်က သူတစ်ပါးကို ဝေဖန်တိုက်ခိုက်တာ ၊သူတစ်ပါးကို ငယ်ကျိုးငယ်နာ ဖော်ပြီး ဒုက္ခပေးတာမျိုးလုံးဝမုန်းတီးတယ် ။ ကိုယ်ကလဲ မလုပ်ဘူး၊လုပ်ရပ်တွေကိုလဲ လက်မခံဘူး ။ရှောင်ရှားတယ် ။.သူတစ်ပါး အားနည်ချက်အားသာချက်ကို ဖော်ထုတ်ပြီး ချီကျူးပြီးကောင်းတဲ့ အပြုသဘောတွေကို အကြံပေးမှုလေးတွေကြောင့် သူ့ကိုချစ်ခင်သူတွေပေါတယ် ။မနာလိုဝန်တိုစိတ်မရှိပဲ သူတစ်ပါးအပေါ် မျှဝေခံစား တတ်လို့ ကြီပွားအောင်မြင်မှာ မလွဲပါဘူး ။အရာရာ အပေါ်မှာ ရင်ထဲက လှိုက်လှိုက်လှဲလှဲ နဲ့ ဖြစ်ထွန်းစေသလို ကိုယ်တိုင်လဲ ဖြောင့်ဖြောင့် မှနှ်မှန်နဲ့အမြဲကြိုးစားနေတဲ့ မြင့်မြတ်တဲ့  နှလုံးသား ပိုင်ရှင်တစ်ဦးပါ ။

အကြွင်း(6)ဥပေက္ခာ။
အလွန်ထူးခြားတဲ့ နှလုံးသားပိုင်ရှင်ပေါ့။ ဘာသိဘာသာ အေးအေးဆေဆေးပဲ နေတတ်တယ် ။ သူုတစ်ပါးကိစ္စတွေကိုလဲ ကိုယ်နဲ့မဆိုင်အောင် အမြဲကြိုးစာနေတတ်တယ်။ ၀င်ပြီး စွတ်ဖက်တဲ့ သဘာဝ ကင်းတယ် ။ရန်သူကိုတောင် ဒေါသထွက်ပြီး ရင်မဆိုင်ပဲ မသိသလို့ ကိုယ့်ကို ရန်လုပ်တာ မဟုတ်သလို့ ခပ်မဆိတ်နေတတ်တယ်။ ဥပေက္ခာပြု ကျောခိုင်းနေတတ်တယ် တည်ကြည်တည်ငြိမ်ပြီး လူးသားအာလုံးကို ကိုယ်စိတ်ကမှန်တယ်ထင်တာလုပ်နေကြတာပဲတဲ့ ။ ဘာဝင်စွတ်ဖက်စရာလို့လဲဆိုတဲ့ သဘော ထားတတ်တယ် ။ ကိုယ့်ကိစ္စနဲ့ ဆိုင်တဲ့ ၀န်းကျင်အလုပ်ကို စူးစူးစိုက်စိုက် လုပ်တတ်လို့ အောင်မြင်ကြီးပွားကြပါတယ် ။ ထူးခြားချက်က အနေအေးပြီး အရာရာ ကိုမသိဘူးမထင်နဲ့ ။ အရာရာကို သိတယ် လေ့လာတယ် ။ ပတ်ဝန်းကျင်ကို အမြဲ လေ့လာနေတယ် ။ဖြစ်ပေါ်လာတဲ့ အကြောင်း ဆက်တွေအပေါ် နားလည်လွန်းလို့ အရာရာကို အပြစ်မမြင်ပဲ နေတတ်တဲ့သူ ။ အခက်အခဲတွေ ၊ ဒုက္ခတွေကို သူ့ဆီမှာ အကူညီတောင်း ကြည့်။ ကိုယ့်ပြသနာ တစ်ခုကို သူ့ပြသနာတစ်ခုလို လှိုက်လှိုက်လှဲလှဲ သဘောထာပြီး ကူညီမှာသေချာတယ် ။ကိုယ်နဲ့ မပတ်သက်သမျှ ၀င်မပါဘူး။ ကိုယ်နဲ မိတ်ဆက်မပေးသမျှ မည်မျှမျက်မှန်းတန်းနေပါစေ ပြုံးပြနှုတ်ဆက်မှာမဟုတ်ဘူး ။ ယဉ်ကျေးတယ် သိမ်မွေ့တယ် ၊ အရေကြုံလာရင် တကယ်အားထားရတယ် ။ အကယ်ကို အမြင်ကြည်လင်တဲ့ သူတွေပေါ့ ။တစ်နေ့မှာသူဟာ ဘာသာ သာသနာအတွက် တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်နိုင်သူ တွေလို့ ရှေးပညာရှိတွေက ဆိုပါတယ် ။

စံဇာဏီဘို


- Posted using BlogPress from my iPad

Friday, October 16, 2015

မဲပေးချင်လွန်းလို့ ၃:၃၀နာရီကျော်ျချွးတစွဲစွဲစောင့်ပြီး မဲပေးနေကျတဲ့ စံပြ စကာင်္ပူကရွှေတွေ?

😱ဘုရားရေ…ကြည့်စမ်းပါအုန်း မဲပေးဖို့ ဘယ်အချိန်ကတည်းက တန်းစီနေကျလဲမသိဘူး ဘတ်စ်မှတ်တိုင်ကိုကျော်နေပြီ ၊ များလိုက်တဲ့ရွှေတွေ… 😘
ပြည်သူတွေ ဘယ်လောက်ခံစားနေရလဲ ဆိုတာသိတာလွန်းတယ်နော်…
ပြောင်းလဲလာမလားလို့…

😍တကယ်စံပြချီးကျူးဖို့ကောင်းတာကစကာင်္ကရွှေတချို့က တနေကုန် ရေ ၊အစားအသောက်တွေ ဝေတဲ့သူတွေရှိတယ်ဗျ…
နောက်ပြီး အံ့သြစရာကောင်းတာက အမှိုက်ထည့်ဖို့ အိပ်ကလေးတွေလဲ သံပန်းတွေမှာချိတ်ထားပေးပြီး ကောင်လေးတယောက်တောင်က အမှိုက်လိုက်သိမ်းပေးနေတာကိုတွေ့ရတယ်😘

အနည်းဆုံး ၄နာရီလောက်ကြာတယ်ဗျ! မနက် ၁၀နာရီကနေ အခု ၁:၃၀နာရီမှာပြီးပါတယ်…ချွေးတေကတော့ အင်္ကျီတခုလုံးရွဲနေတာဘဲ…

ဂိတ်ဝမှာ မိမိ ပတ်ပို့ ပြပြီး မိတ္တူလဲရပါတယ်၊ မေးတာက မဲစာရင်းပါလားလို့မေးပါတယ် ပြီးတော့ ဘယ်တိုင်း ဘယ်မြို့နယ်မေးပြီး ဘယ်ကောင်ကိုသွားပြောပါတယ်…မဲစာရင်းပါသူဘဲ အထဲကိုပေးဝင်ပါတယ်…(မဲစာရင်းမပါတဲ့သူတွေဝင်လို့မရပါဘူး)…

အိတ်တွေကိုတော့ စကာင်္ပူရဲကစစ်ဆေးပါတယ် (ဖုန်းယူလို့ရပါတယ်၊ဒါပေမဲ့ ဓာတ်ပုံကို အထဲမှာ ရိုက်ခွင့်ပိတ်ထားပါ၊ အစားအသောက် တွေ ပေးမစာ၊ဆေးလိပ်ပေးမသောက်ပါဘူး)

အထဲရောက်တော့ ကံကောင်းချင်တော့မိမိကောင်တာက လူခေါ်တာ မိမိတယောက်ထဲရှိတော့ အားနာစရကောင်းတယ် လူအများကြီးကြားထဲက မိမိကောင်တာဆီသွားပြီး မိမိရဲ့မြို့နယ်အလိုက်ကို မိမိကြည့်ထားတဲ့ သံရုံးမဲစာရင်းနံပါတ်တွေကို ပြောလိုက်တော့ အမြန်ရှာတွေတယ်လေ၊ ဒါကြောင့် ကောင်တာကလူတွေလဲမဲလက်မှတ် ၃ခု ထုတ်ပေးပါတယ်… မဲရုံးမှုးလက်မှတ်ကို ကိုယ်ရှေ့မှာဘဲ တခါထည်းထိုးပေးပါတယ်…

(ဒီမှာ တချက်သတိပေးပါရစေ မိမိကြည်ထားတဲ့ သံရုံးကမိမိမဲနံပတ်ကို အလွယ်တကူ ရှာရလွယ်အောင်ပြောပါ၊ မိမိကောင်တာမှာ တွေ့တာ ကောင်လေးတယောက် မိမိအမည်ကိုရှာနေတာ မဲစာအုပ်ကုန်ပြီ ရှာလို့ မတွေသေးဘူး၊ နောက်က လူတွေ ဒုက္ခရောက်တာပေါ့ဗျ၊ နို့မဟုတ်ရင် မဲ ၂ခု ၁ခု ရတာ ရှာရတာကြာလို့ ရစ်တာဘဲဖြစ်မယ်ဗျ… နောက်မှာ လူတွေ အများကြီးတန်းစီနေကျတာ မိမိကြောင့် သူ့တပါးကို ဒုက္ခ မပေးပါနှင့် … တာဝန်ရှိသူတွေလဲ အမြန်ဆုံးလုပ်ပေးနေတာကိုတွေ့ရပါတယ် ဒါပေမဲ့ ပထမဆုံးအကြိမ်ဆိုတော့ ပြဿနာတွေကတော့ ရှိတာပေါ့ အားလုံး ဘယ်အဆင်ချေနိုင်ပါမလဲ?) သီးခံပါ…

အမျိုးသားလွှတ်တော်၊ပြည်သူလွှတ်တော်နှင့်တိုင်းနှင့်ပြည်နယ်လွှတ်တော် ဆိုပြီး မဲ၃ခုကို သူနှင့်သက်ဆိုင်တဲ့ကောင်တာမဲ ၃မဲကို မဲရုံ အမှတ် ? တွေနှင့် ထုတ်ပေးပြီး မိမိပေးခြင်တဲ့ ပါတီကို အမှန် အမှတ်ခြစ်ရတာပါ… တံဆိပ်တုန်းမထုရပါဘူး ဘောပင်နှင့် အမှန်ခြစ်ရတာပါ၊
(သတိထားရမှာက မဲရုံမှုးလက်မှတ်တွေကိုစစ်ဆေးပြီမှာ ယူပါလို့ သတိပေးပါရစေ…တချို့နယ်က လူတွေကို မဲလက်မှတ်၂ခုတို့၊ ပိုဆိုးတာက အဖွားကြီးတယောက်ကို ၁ခုဘဲပေးတယ်လို့ သတင်းကြားတယ်နော်၊ အမှန်၃ခု ပေးရမှာပါ… ရုပ်ကြည့်ပြီးလုပ်စားတာလားတော့မသိဘူးနော်!)

ပြီးရင် သက်ဆိုင်ရာ လွှတ်တော်စာအိပ်တွေမှာ ထည့်ပြီးကော်နှင့်အသေချာပိတ်ပြီး သက်ဆိုင်ရာမဲပုံးတွေမှာ မဲထည့်ရတာပါတယ်…
ဒီနေ့မဲလာပေးသူတွေ ၁၈၇၇ ယောက်ရှိတယ်လို့ channel new Asia သတင်းဌာန ပြောတယ်!.
ဒီအတိုင်းဆိုရင် ၄ရက်နှင့်ဘယ်လိုမှ လူအကုန် ပေးလို့အချိန်လောက်ထင်တယ်!

https://www.facebook.com/asnthanhan/posts/10204833317221681

























တန်းစီနေတဲ့ ဗီဒီယိုဖိုင်…https://www.facebook.com/salonecollection/videos/1639411309681078/

























-

Wednesday, October 14, 2015

ရာသီလာသော နေ့ရက်တိုင်း လန်းဆန်းနေစေရန် (အမျိုးသမီးတိုင်း ဖတ်သင့်သော စေတနာ့ဆောင်းပါ)





မိန်းကလေးတွေရဲ့ ဘဝမှာ အပျိုဖော်ဝင်ချိန်မှစပြီး သွေးမဆုံးမချင်း (ကိုယ်ဝန်ဆောင်တာ၊ ပဋိသန္ဓေတားဆေး သောက်တာ၊ ရာသီထိမ်တာ စတဲ့ အကြောင်းရင်းတွေ မရှိဘူးဆိုရင်) လစဉ် ဓမ္မတာ ရာသီလာလေ့ ရှိပါတယ်။ တစ်ကြိမ်ရာသီလာတိုင်း ပျမ်းမျှအားဖြင့် အချိန်သုံးရက်မှ ငါးရက်ခန့် ကြာမြင့်တတ်ပါတယ်။ ရာသီလာတဲ့အချိန်မှာ အမျိုးသမီးအများစုဟာ ဗိုက်အောင့်တာ၊ လေပွတာ၊ ရင်သားနာကျင်တာ၊ အစာချဉ်ခြင်းတပ်တာ၊ စိတ်မသက်မသာ ခံစားရတာ၊ ခေါင်းကိုက်တာနဲ့ ညောင်းညာကိုက်ခဲမှု စတဲ့ဝေဒနာတွေကို ခံစားရလေ့ရှိပါတယ်။ တချို့ အမျိုးသမီးတွေမှာတော့ ရာသီမလာခင် ရက်အနည်းငယ် အလိုကတည်းက ဒီဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံစားရတတ်တဲ့အတွက် ဒါကို ရာသီအကြိုဝေဒနာ (Premenstrual Syndrome) လို့ခေါ်ပါတယ်။ ရာသီလာတဲ့ အချိန်အတောအတွင်းမှာ ခေါင်းလျှော်ရေချိုးရင် အအေးမိတတ်တယ်ဆိုတဲ့ အယူအဆကြောင့် ရေမချိုး၊ ခေါင်းမလျှော်ဘဲ မနေသင့်ပါဘူး။ တကယ်တော့ ရာသီလာချိန် နေ့ရက်တွေမှာ ပုံမှန်အတိုင်း ကျန်းမာသန့်ရှင်းနေအောင် ထိန်းသိမ်းနေထိုင်ဖို့ အရေးကြီးပါတယ်။

ရာသီလာစဉ် မိန်းမကိုယ်မှ အနံ့ဆိုးထွက်ခြင်း ကင်းစေရန်

မိန်းကလေးအများစုဟာ သူတို့ရဲ့ မိန်းမကိုယ်မှ အနံ့ဆိုးထွက်နေမှာ ဒါမှမဟုတ် သူတို့ရာသီလာမှန်းတခြားသူတွေ ရိပ်မိသွားမှာကို စိုးရိမ်တတ်ကြပါတယ်။ တကယ်တော့ ပုံမှန်အခြေအနေမှာ မိန်းမကိုယ်ကနေ ဘာအနံ့မှ မထွက်တတ်ပေမယ့် ရာသီသွေးဆင်းချိန်မှာတော့ အနံ့အသက် အနည်းငယ် ထွက်နိုင်ပါတယ်။ ဒီအခြေအနေအတွက် စိတ်မပူပါနဲ့။ ရာသီလာစဉ် အတောအတွင်းမှာ လစဉ်သုံး ဂွမ်းထုပ်ကို မကြာခဏ လဲလှယ်ပေးတာ၊ နေ့စဉ် အချိန်မှန် ရေချိုး ခေါင်းလျှော်တာ၊ ရေချိုးပြီးတိုင်း သန့်ရှင်းခြောက်သွေ့ကာ မီးပူတိုက်ထားတဲ့ အဝတ်အစားနဲ့ အတွင်းခံ အဝတ်အစားတွေကို ဝတ်ဆင်တာ စတဲ့ အလေ့အထတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ အဲဒီလို ပြုလုပ်ပြီးတာတောင် အချိန်ကြာတဲ့အထိ ငါးညှီနံ့လို အနံ့ဆိုးထွက်နေရင်၊ ပုံမှန်ထက် ပိုမိုဆိုးရွားတဲ့ အနံ့မျိုးရနေရင်၊ ဒီလိုအနံ့ထွက်တာနဲ့အတူ မိန်းမကိုယ် ယားယံတာ၊ အနာဖြစ်တာတို့ တွဲရှိရင် မိန်းမကိုယ်မှိုစွဲတဲ့ အခြေအနေ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကာ ကုသမှု ခံယူသင့်ပါတယ်။

မိန်းမကိုယ်ကို အလွန်အမင်း သန့်ရှင်းရေးလုပ်ခြင်းကြောင့် မထိခိုက်စေရန်

တချို့ မိန်းကလေးတွေဟာ ရာသီလာချိန်မှာ မိန်းမကိုယ် အတွင်းပိုင်းထဲအထိ ရေပန်းနဲ့ဆေးကြောတာ၊ အနံ့ဆိုးပျောက်အောင် အနံ့မွှေးလွန်းတဲ့ ဆပ်ပြာနဲ့ တိုက်ချွတ် ဆေးကြောတာနဲ့ အမွေးနံ့သာ ဖျန်းဆေးသုံးတာ စတဲ့ နည်းလမ်းတွေကို အလွန်အကျွံ ဆောင်ရွက်တတ်ကြပါတယ်။ မိန်းမကိုယ်အတွင်းပိုင်းထဲအထိ ဆေးကြောတာက မိန်းမကိုယ်တစ်ဝိုက် pH ဓာတ်ကို မညီမမျှ ဖြစ်စေတာကြောင့် ဓာတ်မတည့်မှု ဖြစ်တာ၊ ယားယံတာနဲ့ ကူးစက်ပိုး ဝင်တာတွေအထိတောင် ဖြစ်နိုင်ခြေရှိပါတယ်။ အမွှေးနံ့သာဖျန်းဆေးတွေ၊ အနံ့အသက် ပျောက်ဆေးတွေကို သုံးစွဲတာကလည်း ဓာတ်မတည့်မှု၊ ပိုးဝင်တာနဲ့ ယားယံကာ စပ်ဖျဉ်းဖျဉ်း ဖြစ်တာတွေအထိ ဖြစ်တတ်နိုင်ပါတယ်။ မိန်းမကိုယ်မှာ သဘာဝ သန့်စင်ဆေးကြောတဲ့စနစ် ရှိပြီးသားပါ။ ဓာတုပစ္စည်းပါဝင်တဲ့ ဘယ်သန့်စင်ရေး အသုံးအဆောင်ကိုမှ မသုံးသင့်ပါဘူး။ ရာသီလာတဲ့ နေ့ရက်တွေမှာ တခြားနေ့တွေမှာလိုပဲ အမွှေးရနံ့မပါတဲ့ ဆပ်ပြာပျော့နဲ့ ကြက်သီးနွေးရေကိုသုံးပြီး မိန်းမကိုယ်အပေါ်ယံကို ဆေးကြောသန့်စင် ပေးနိုင်ပါတယ်။ ဝမ်းသွားပြီး သန့်စင်ဆေးကြောတဲ့အခါ အရှေ့ဘက်မှ အနောက်ဘက်ကို သန့်စင်ပေးပါ။ ရေချိုးတဲ့အခါ ကြက်သီးနွေးရေသုံးပြီး ချိုးပေးရင် ရာသီလာချိန်အတွင်း ခံစားရတတ်တဲ့ ကိုက်ခဲနာကျင်မှုကို သက်သာစေပါတယ်။

ရာသီလာစဉ် မိန်းမကိုယ် ယားယံခြင်း ကင်းစေရန်

ရာသီလာချိန် အတောအတွင်းနဲ့ ရာသီလာပြီးချိန်တွေမှာ မိန်းမကိုယ်တစ်ဝိုက် အရေပြား ယားယံတာ၊ အဖုငယ်တွေ ပေါက်တာတွေက ဓာတ်မတည့်တဲ့ အခြေအနေပါ။ ဒီလို ဓာတ်မတည့်မှုတွေ ဖြစ်ပေါ်ရတာက လစဉ်သုံး ဂွမ်းထုပ်ပဝါကို လဲလှယ်သင့်တဲ့အချိန်မှာ မလဲလှယ်မိတာကြောင့်ပါ။ တကယ်လို့ အောက်ခံဘောင်းဘီမှာ ရာသီသွေး စွန်းထင်းသွားရင် ဂွမ်းထုပ်ပဝါနဲ့အတူ အောက်ခံ ဘောင်းဘီကိုပါ အသစ်လဲလှယ် ဝတ်ဆင်ပါ။ အောက်ခံဘောင်းဘီကို လေဝင်လေထွက်ကောင်းပြီး သက်သောင့်သက်သာ ရှိစေတဲ့ ချည်သားဘောင်းဘီ အမျိုးအစား ရွေးဝတ်ဖို့ လိုအပ်ပါတယ်။

ရာသီလာစဉ် ကိုက်ခဲခြင်း ကင်းစေရန်

တချို့ မိန်းကလေးတွေမှာ လစဉ် ဓမ္မတာရာသီလာတိုင်း ကိုက်ခဲနာကျင်မှုကို ပြင်းပြင်းထန်ထန် ခံစားရတဲ့အတွက် ရာသီလာမယ့် နေရက်တွေကို ကြိုတွေးပြီး စိတ်ညစ်နေတတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို အကြံပြုချင်ပါတယ်။

(၁) စိတ်ဖိစီးမှု မဖြစ်အောင် နေထိုင်ပါ

စိတ်ပူပင်သောကများတာ၊ စိတ်ရှုပ်တာ၊ စိတ်ညစ်တာတွေကြောင့် ရာသီလာစဉ် ကိုက်ခဲနာကျင်မှု ဖြစ်တတ်သလို ရာသီမမှန်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

(၂) အာဟာရပြည့်ဝသော အစာစားပါ

အဆီအအိမ့်စာတွေရှောင်ပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို များများစားပေးရပါမယ်။ အစာအာဟာရကို ပြည့်ဝမျှတအောင်စားပြီး ဝမ်းမချုပ်အောင် ဂရုစိုက်သင့်ပါတယ်။ အချိန်မှန်စားပြီး အချိန်မှန်မှန် အိပ်စက် အနားယူသင့်ပါတယ်။

(၃) လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းအနေနဲ့ လမ်းလျှောက်တာ၊ ရေကူးတာ၊ ခပ်သွက်သွက်ပြေးတာ၊ စက်ဘီးစီးတာ စတဲ့ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေကို တစ်နေ့ မိနစ် ၃၀ ခန့် ချွေးထွက်တဲ့အထိ လုပ်ဆောင်ပေးသင့်ပါတယ်။ ဒီလို လုပ်တာကြောင့် ခန္ဓာကိုယ်ရှိ အဆီပိုတွေကင်းစေပြီး ကြွက်သားတွေကို သန်စွမ်းလာစေပါတယ်။

(၄) ရာသီလာစဉ် နာကျင်ကိုက်ခဲနေလျှင် စိတ်ဖြေလျှော့ပါ

ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကြောင့် ဒေါသမထွက်ပါနဲ့။ ဒေါသကြောင့် နာကျင်မှုကို ပိုဆိုးစေလို့ပါ။ အိပ်ရာထဲမှာ လဲလျောင်းအနားယူပြီး ဝင်လေ၊ ထွက်လေ မှတ်တာမျိုး၊ တရားစာ ရွတ်တာမျိုး လုပ်ဆောင်ရင်း ဝမ်းဗိုက်မှာ ရေနွေးအိတ် ကပ်ထားပေးပါ။ ကြက်သီးနွေးရေထဲမှာစိမ်ပြီး ရေချိုးပေးတာကြောင့်လည်း ဝေဒနာသက်သာပြီး စိတ်ရောကိုယ်ပါ လန်းဆန်းစေပါတယ်။

(၅) ကိုက်ခဲနာကျင်နေလျှင် အကိုက်အခဲပျောက်ဆေးသောက်ပါ

ရာသီလာစဉ် ကိုက်ခဲနာကျင်မှု ဝေဒနာကြောင့် အိပ်မပျော်ပါက အကိုက်အခဲပျောက်ဆေး တစ်မျိုး (ဥပမာ- Mefenamic Acid 500mg) ကို အစာစားပြီး သောက်ပေးနိုင်ပါတယ်။

ဇွန်ခိုင်ဦး

သက်ဆိုင်သော အကြောင်းအရာများ ပိုမိုဖတ်ရှုရန် ===> health-news woman-health


- Posted using BlogPress from my iPhone

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!