Popular Posts!

Friday, September 26, 2014

နွားနို့ခဲ



***... နွားနို့ခဲ လုပ်ရန် လိုအပ်တာလေးတွေ...

1. နွားနို့ – 9 cups (2250 ml) 
2. ရေ - ထမင်းစားဇွန်း ၂ ဇွန်း
3. သံပုရာ (သို့) သံပုရိုရည် - ထမင်းစားဇွန်း ၅ ဇွန်း

ရေ နှင့် သံပုရာ (သို့) သံပုရိုရည်ကို ရောပြီးဖျော်ထားပါ။

နွားနို့ ကို medium heat ဖြင့် ဆူလာအောင်ကျိုပေးပါ။

ဆူလာလျှင် ရေ နှင့် ရောဖျော်ထားသော သံပုရာအရည်ကို ဖြည်းဖြည်းချင်း ထည့်မွှေပါ။

အဖတ်ဖြူဖြူ နှင့် အစိမ်းနုရောင်အရည်များ အဖြစ်ကွဲထွက်လာပါလိမ့်မယ်။

အဖတ် နှင့် အရည်ကွဲလျှင် ၂ မိနစ်လောက်ထပ်ထားပါ။

အဝတ်စပါးပါးခံထားသော ဇကာခုံးကိုရေအေးပိုက်အောက်တွင်ထားပြီး နို.ရည်များကို ထိုဇကာခုံးထဲ လောင်းထည့်ပါ။ ရေအေးပိုက်ကိုဖွင့်ထားပါ။

နို.ဖတ်များအေးသွားလျှင် အဝတ်စကို စုစည်းပြီး အရည်များကို လက်ဖြင့် ညစ်ထုတ်ပါ။

ပြီးလျှင် လေးသောအရာတစ်ခုခုဖြင့် ဖိကာ မိနစ် ၃၀ ခန့် ထားပါ

အရည်များကုန်ပြီး မာလာလျှင် နို့ခဲကို ခပ်လုံးလုံးဖြစ်အောင် လုပ်ကာ low heat ဖြင့် အပူပေးထားသော ဆီသုတ်ထားသည့် non-stick pan ထဲထည့်၍ ၅ မိနစ်ခန့် အပူပေးပါ။

နောက်တစ်ဖက်လှန်ပြီး နောက်ထပ် ၅ မိနစ်ခန်. အပူပေးပါ။

နံဘေးသားများကိုလဲ အနည်းငယ် အပူပေးပါ။

အအေးခံပြီးလျှင် နွားနို့ခဲကလေးကိုရပါပြီ။
 (6 photos)
Ref;chawsu's foodfriends

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!