RFA အင်တာနက် စာမျက်နှာတွေကို မြန်မာပြည်တွင်းက ကြည့်လို့  မရအောင် ပိတ်ဆို့ ထားတာ ရှိကောင်း ရှိပါလိမ့်မယ်။ ဥပမာဆိုရင်၊
http://www.rfa.org/burmese ကို မကြည့်နိုင်အောင် လုပ်ထားနိုံင်ပါတယ်။ ဒါပေမဲ့၊ အဲဒီ အင်တာနက်စာမျက်နှာတွေကို တိုက်ရိုက်မသွားပဲ proxy server လို့  ခေါ်တဲ့ ကြားခံကွန်ပြူတာ ဆာဗာစနစ်ကို အသုံးပြုပီး ကြည့်နိုင်တဲ့ နည်းလမ်းရှိပါတယ်။ အဲဒီလို
ကြားခံ ကွန်ပြူတာဆာဗာကတဆင့် သွားမယ်ဆိုရင် ပိတ်ဆို့ ထားတဲ့စာမျက်နာတွေ ကို ကြည့်နိင်တဲ့အပြင် ဘယ်သူဘယ်ဝါမှန်းလည်း မသိနိင်ပါဘူး။ ကွန်ပြူတာ အသုံးပြုသူဟာကြားခံကွန်ပြူတာထဲကို ဝင်ပြီးတဲ့နောက် ကိုယ်ယောင်ဖျောက်ပြီးတော့တခြားပိတ်ဆို့ ထားတဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေကို သွားတဲ့ သဘောပါပဲ။
အခုလို ကြားခံဆောင်ရွက်ပေးမဲ့ ကြားခံကွန်ပြူတာ ဆာဗာတွေကို အင်တာနက်ဝက်ဘ်ပေါ်မှာ ရှာဖွေ နိုံင်တဲ့နည်းလမ်းတွေ ရှိပါတယ်။
Google, Yahoo, MSN/Live စတဲ့ ရှာဖွေရေးစနစ်တခုခုကို သုံး ပြီး ရှာရမှာ ဖြစ်ပါတယ်။ ရှာရမဲ့ စာလုံးတွေကတော့nph-proxy ဒါမှမဟုတ် nph-proxy.pl ဒါမှမဟုတ် nph-proxy.cgi တို့ ကို ရိုက်ထည့်္ဘပြီး ရှာကြည့်ပါ။
တခြားနည်းတခုအနေနဲ့  CGIProxy ဒါမှမဟုတ် CGI Proxy ဆိုတဲ့ စာလုံးတွေနဲ့ လည်း ရှာနိုံင်ပါတယ်။
အဲဒီလို ရှာလိုက်တဲ့အခါ ကြားခံကွန်ပြူတာ ဆာဗာအဖြစ် လက်ခံဆောင်ရွက်ပေးမဲ့ အင်တာနက်ဝက်ဘ်ဆိုက်တွေကို တွေရပါလိမ့်မယ်။ ဒါမှမဟုတ် ကြားခံကွန်ပြူ တာဆီကို သွင်းနိုံင်တဲ့ link လမ်းကြောင်းကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ ဝက်ဘ်ဆိုက်တခုခုကို ဝင်ပြီးတဲ့အခါမှာ ကိုယ်သွားလိုတဲ့ အင်တာနက် ဝက်ဘ်ဆိုက်ရဲ့လိပ်စာကို ထည့်သွင်းရမဲ့ ကွက်လပ် တခြား proxy လိပ်စာများ
ProxyServer ကြားခံ ကွန်ပြူတာ ဆာဗာတွေရဲ့ လိပ်စာက အမြဲတမ်း ပြောင်းလဲနေပါတယ်။
ဒါပေမဲ့အခုနည်းအတိုင်း ရှာကြည့်္ဘပီးပြင်ပကမ္ဘာကြီးထဲက အင်တာနက်လောကကို လွတ်လွတ်လပ်လပ်
လည်ပတ် နိုံင်ပါတယ်။
No comments:
Post a Comment