Popular Posts!

Monday, September 8, 2014

ဝက်သားကြော် လုပ်နည်း

ဝက်သားကြော် လုပ်နည်း
-------------------------------

ထူးထူးဆန်းဆန်းမဟုတ်ပေမယ့် စားလို့အရမ်းကောင်းမယ်ဆိုတာ ပုံလေးကြည့်တာနဲ့ ထောက်ခံနိုင် လိမ့်မယ်လို့ ထင်ပါတယ်ရှင် …..
ကြော်တဲ့အချိန်မှာ အရမ်းဆီပေါက်တတ်တာမို့ အထူးဂရုစိုက်စေချင်ပါတယ်။

**... ဝက်သားကြော် အတွက် လိုအပ်တာလေးတွေ…

1. ဝက်သုံးထပ်သား – ၁ ကီလို (၅ လက်မခန့်အလျား နှင့် ၁ လက်မခွဲခန့် အနံ အတုံးများလှီးထားပါ။)
2. သစ်ဂျပိုးခေါက် (cinamon stick) – အရှည် ၂ လက်မခွဲခန့် ၂ ချောင်း
3. နာနတ်ပွင့် (star anise) – ၅ ပွင့်
4. ပဲငံပြာရည် အပျစ် (sweet soy sauce) – ထမင်းစားဇွန်း ၁ ဇွန်း
5. အရသာမှုန့် (chicken powder) – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

အသားမြုပ်အောင်တည်ထားသည့် ပွက်ပွက်ဆူနေသော ရေနွေးထဲ သစ်ဂျပိုး၊ နာနတ်ပွင့် နှင့် ဝက်သားထည့်ပြီး အိုးအဖုံး အနည်းငယ်ဟကာ အခေါက်ပျော့အောင် မိနစ် ၄၀ ခန့် medium heat ဖြင့်ပြုတ်ပေးပါ။ (ထွက်လာသည့် အမြှုပ်များအားခပ်ထုတ်ပြီး မဝေကျနိုင်တော့မှ အိုးအဖုံးကို လုံအောင်ဖုံးပါ။)

အခေါက်ပျော့လျှင် အသားကိုရေစစ်ပြီးဆယ်ထုတ်ကာ အခေါက်ဖက်ကို ခက်ရင်းဖြင့် အချက်ပေါင်းများစွာထိုးပေးပြီး ပဲငံပြာရည်အပျစ်၊ အရသာမှုန့်တို့ ဖြင့်နယ်၍ အအေးခံထားပါ။

ပြီးလျှင် medium heat ဖြင့်အပူပေးထားသည့် ဟင်းချက်သည့် အိုးစောက်စောက်ထဲမှ (အရမ်းပေါက်တတ်သဖြင့် ဒယ်အိုးကိုမသုံးတာပါ။) သိပ်မပူသေးသော ဆီထဲ တစ်ဖက်လျှင် ၅ မိနစ်ခန့်ဖြင့် ၁၀ မိနစ်ခန့် ကြော်ပါ။

အရမ်းပေါက်တတ်သဖြင့် လေးသည့်အိုးအဖုံးကို အနည်းငယ်ဟပြီးဖုံး ကာကြော်ပေးပါ။ မီးပိတ်ပြီးမှ နောက်တစ်ဖက်ကိုလှန်ပေးပါ။ လှန်ပြီးမှ မီးကိုပြန်ဖွင့်ပေးပါ။

မီးထပ်ပိတ်ပြီးမှ အသားကို ဆီစစ်ပြီး ဆယ်ထုတ်ပေးပါ။

ပြီးလျှင် ပုံပါအတိုင်းလှီးကာ မိမိကြိုက်နှစ်သက်သလို သုံးဆောင်နိုင်သလို ငရုတ်ချဉ်တို့ဖြင့်လည်း တွဲဖက်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Credit to Chaw Su's Food Friends

----------
မိန်းကလေးများအတွက် အလှအပနှင့် ကျန်းမာရေးသတင်းများ၊ သိဖွယ်၊ မှတ်ဖွယ်၊ လိုက်နာဖွယ်များကို အမြဲတင်ပေးနေတဲ့ ဒီ Page လေးကို Like လုပ်ပေးထားပြီး နေ့စဉ် ဖတ်ရှုနိုင်ကြပါတယ်။
www.facebook.com/nine.mdy
------------
Photo: ဝက်သားကြော် လုပ်နည်း

2 SharesLike

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!