Popular Posts!

Tuesday, September 16, 2014

အများပိုင်ကုမ္ပဏီများ ရှယ်ယာထုတ်ရောင်းမှုများလာ၍ ခိုင်မာမှု အခြေအနေ သတိထားသင့်ဟုဆို

မိုးညို
စတော့အိတ်ချိန်းဈေး ကွက်မပေါ်မီ အများပိုင်ကုမ္ပဏီများ ရှယ်ယာကြိုတင်ရောင်းချမှုများပြားလာသဖြင့် ရှယ်ယာဝယ်ယူရာတွင် သတိပြုသင့်ကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။
‘‘အခုချိန်မှာ ရှယ်ယာတွေ အရမ်းထုတ်ရောင်းနေတော့ ချင့် ချိန်ပြီး ၀ယ်သင့်တယ်’’ဟု ကုန် သည်စက်မှုအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာန၏ စာ ရင်းများအရ အများပိုင်ကုမ္ပဏီ (၅၀)ကျော် တည်ထောင်ပြီးချိန် တွင် ရှယ်ယာထုတ်ရောင်းမှု ပမာဏများပြားလာသောကြောင့် ရှယ် ယာဝယ်ထားသူများ သေချာလေ့ လာစိစစ်သင့်ကြောင်း စီးပွားရေး ပညာရှင် ဦးလှမောင်က ပြော သည်။ ရှယ်ယာဝယ်ယူမည်ဆိုပါ က ကုမ္ပဏီ၏ ခိုင်မာမှု၊ လုပ်ကိုင် နေသည့် လုပ်ငန်းအမျိုးအစား၊ ရင်းနှီးမြှုပ်နှံထားသည့် ငွေပမာဏတို့ကို သေချာလေ့လာထားသင့်ပြီး ပွင့်လင်းမြင်သာမှုအရှိဆုံး ကုမ္ပဏီကို ရွေးချယ်ရင်းနှီးမြှုပ်နှံ သင့်ကြောင်း ဦးလှမောင်က အကြံပြုသည်။
နိုင်ငံတကာတွင် စတော့ အိတ်ချိန်းဈေးကွက်မပေါ်ပေါက် မီ အများပိုင်ကုမ္ပဏီများက အစု ရှယ်ယာများကို ထုတ်ရောင်းလေ့ မရှိသော်လည်း ယခု ကုမ္ပဏီအ များစုက ထုတ်ရောင်းနေကြသ ဖြင့် ရှယ်ယာရောင်းချမှုပုံစံမှား ယွင်းနေကြောင်း ဦးလှမောင်က ဆိုသည်။ အများပိုင်ကုမ္ပဏီများသည် ပွင့်လင်းမြင်သာသည့် ငွေစာရင်း ရှင်းတမ်း၊ တစ်ဦးချင်းစီ၏ ရှယ် ယာပိုင်ဆိုင်မှုများကို အသေးစိတ် ရှင်းလင်းခြင်းမပြုနိုင်သေးသရွေ့ အစုရှယ်ယာများကို မရောင်းချ သင့်ကြောင်း ပို့ကုန်လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
အများပိုင် ကုမ္ပဏီများထူ ထောင်ပြီး မကြာမီတွင် အာဆီယံ နိုင်ငံများ၌ တစ်နိုင်ငံတည်းသာ ကျန်ရှိနေသည့် မြန်မာနိုင်ငံသည် ဂျပန်ဒိုင်ဝါငွေကြေးအဖွဲ့အစည်း ၏ အကူအညီဖြင့် စတော့ဈေး ကွက်ကို ဆောင်ရွက်သွားမည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက လွှတ်တော်တွင် ပြောကြားထားပြီးဖြစ်သည်။
‘‘အများပိုင် ကုမ္ပဏီတွေ ထောင်ထားကြပေမယ့် အချိန်မ ရွေးထွက်လို့ရအောင် လေယာဉ် လက်မှတ်ဝယ်ထားပြီး အရေးအ ကြောင်းဆို ထိုင်းကိုထွက်ပြေး မယ်။ စင်ကာပူထွက်ပြေးလို့ရ အောင် လုပ်ထားတဲ့ သူချည်းပဲ။ အခု အဲဒါမျိုးတွေ ပေါနေတယ်။ စဉ်းစားဆင်ခြင်ပြီးမှ လုပ်ကြပါ’’ ဟု ဒုဝန်ကြီးက ဖေဖော်ဝါရီ ၁၅ ရက်က မြစ်ကြီးနားမြို့မှ စီးပွား ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ စဉ် သတိပေးပြောကြားထားပြီး ဖြစ်သည်။  ဆန်စပါး၊ သတ္တု၊ ရွှေ၊ ဆောက်လုပ်ရေးဟူ၍ အများပိုင် ကုမ္ပဏီ အမြောက်အမြားပေါ် ပေါက်လာသော်လည်း အများစု မှာ အများပိုင်ကုမ္ပဏီဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အပြည့်အ၀ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးကြောင်း ပြီးခဲ့သည့် သြဂုတ်က ရန်ကုန်မြို့ ရှန်ဂရီလာ  ဟိုတယ်၌ ကျင်းပသည့် စတော့အိတ်ချိန်းဆိုင်ရာ ဆွေးနွေးပွဲတွင် ဂျပန်ဒိုင်ဝါငွေရေးကြေးရေးအဖွဲ့ အစည်းက ထောက်ပြထားသည်။
၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ဧရာမြေ၊ မဟာဓနံ၊ ဓနသီရိ၊ လင်းသစ္စာအစရှိသည့် ကုမ္ပဏီများမှ ငွေလာရောက်အပ်နှံထားရုံဖြင့် တစ်လလျှင် (၅)ကျပ်တိုးမှ (၇) ကျပ်တိုးအထိ ပေးသောကြောင့် အများစုက ငွေသွင်း ရင်းနှီးမြှုပ်နှံခဲ့ပြီး ကုမ္ပဏီများ အရှုံးပေါ်ခဲ့ကာ ငွေအပ်နှံထားသူအများစုလည်း မိမိငွေများဆုံးရှုံးခဲ့ရသည့် သာဓကများရှိသောကြောင့် အလျင်မလိုသင့်ကြောင်း ပညာရှင်အချို့က သတိပေးပြောဆိုထားသည်။
Ref;7daynewjournal

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!