squid သုပ် (ရခိုင်အတု စတိုင်)
ရခိုင်နည်းကို အခြေခံသုပ်ထားတာဖြစ်ပေမယ့် ပါဝင်ပစ္စည်း နှင့် လုပ်နည်းအချို့ အနည်းငယ်ကွာဟမှုရှိတာကြောင့် မဟုတ်ဘူး၊ မှားနေတယ်ဆိုတာ မဖြစ်ရအောင် ရခိုင်အတု စတိုင်လို့ ကြိုတင်ပြီး အမည်ပေးထားတာ ဖြစ်ပါတယ်။
***... squid သုပ်ရန် အတွက် လိုအပ်တာလေးတွေ…
1. ၃ လက်မ အရှည်ခန့်အရွယ် squid – ၁၀ ကောင်
2. ငရုတ်သီးစိမ်း – ၁၀ တောင့်
3. ကြက်သွန်ဖြူ အတက်ကြီး – ၃ တက်
4. စိမ်းစားငပိ – ထမင်းစားဇွန်း ၁ ဇွန်းခန့်
5. ပါးပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ – 2/3 cup (180 ml) ခန့်
6. ပါးပါးသေးသေး အတုံးလေးများလှီးထားသော သခွါးသီး – 2/3 cup (180 ml) ခန့်
7. ခပ်ကြမ်းကြမ်းလှီးထားသော နံနံပင် – 1/4 cup (60 ml) ခန့်
8. squid ကို အိုးပူတိုက်ရာမှ ထွက်လာသည့် အရည် – ထမင်းစားဇွန်း (၄) ဇွန်းခန့်
9. ငါးငံပြာရည် – ထမင်းစားဇွန်း ၃ ဇွန်း
10. သံပုရာရည် – ထမင်းစားဇွန်း ၂ ဇွန်း
11. ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံခန့်
ခေါင်းဖြုတ် သန့်စင်ဆေးကြောကာ ရေစစ်ထားသော squid များကို ဒယ်အိုးထဲထည့်ကာ ရေ နှင့် ဆီ လုံးဝမထည့်ပဲ high heat ဖြင့် ၃ မိနစ်ခန့် အိုးပူတိုက်ပေးပါ။ ပြီးလျှင် အိုးအပူရှိန်ကြောင့် ပိုကျက်ကာ ပိုကျုံမသွားစေရန် ချက်ချင်း ဒယ်အိုးမှ ဆယ်ထုတ်ပြီး အအေးခံထားပါ။
အိုးထဲတွင် ကျန်နေသော squid မှထွက်လာသည့် အရည်များ အရမ်းများနေလျှင် ထမင်းစားဇွန်း (၄) ဇွန်းလောက်ခန့် ကျန်သည်အထိ ဆက်တည်ပေးထားပါ။
စိမ်းစားငပိကို ပန်းကန်ပြားထဲထည့်ကာ paper towel ဖြင့် ဖုံး၍ mirowave ထဲ စက္ကန့် ၃၀ ခန့် ထည့်ပါ။ (သို့) မီးကင်ပေးပါ။
ငရုတ်သီးစိမ်း နှင့် အနည်းငယ်ပါးအောင်လှီးထားသော ကြက်သွန်ဖြူ ကို မီးအေးအေးဖြင့် အတန်အသင့် မီးကျွမ်းအောင် လှော်ပေးပြီး စိမ်းစားငပိဖြင့် တွဲထောင်းထားပါ။
ပြီးလျှင် ပါဝင်ပစ္စည်းများအားလုံး ဇလုံထဲထည့်ကာ ခပ်ဖွဖွရောနယ် သုပ်ပြီးသည့် squid သုပ်လေးကို ကောက်ညင်းပေါင်းဖြင့် တွဲဖက်ကာ စားနိုင်သလို၊ မိမိကြိုက်နှစ်သက်သလို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
Credit @ Ko Nge
Popular Posts!
-
ဤစာမျက်နှာတွင် ရေးသားထားသော ဆေးဝါးများအကြောင်းသည်သူနာပြု၊ ဆေးမှူး၊ ဆေးခန်းလက်ထောက်၊ လူထု-ကျန်းမာရေး-လုပ်သားများ အတွက်နှင့် ဆရာဝန်မှဆေးညွှန်းလ...
-
Q :မြန်မာလူမျိုးတွေ စေတနာကောင်းတယ်...ဒါပေမယ့် ဘာလို့ အများစုဆင်းရဲနေကြလဲ? ကောင်းလိုက်တဲ့ မေးခွန်း.. ဒါကို လူတစ်ယောက်က ဒီလိုဖြေသွားပါတ...
-
အံ့သြစွာ မြန်မာ့ နှင့် အာရှ နိုင်ငံ အလုပ်ချိန်တွေကို နှိုင်းယှဉ်ကြည့်လိုက်ရင် ထူးထူးခြား အလုပ်ချိန် တနှစ်မှာ ၂လလောက်ကို ကွာခြားလျော့နည...
-
ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းသမိုင်း ၁၈၆၁ (ချင်အင်ပါယာခေတ်) တွင် ယခုရန်ကုန်မြို့ ကမ်းနားလမ်း ၁၈လမ်းနှင့်စဥ့်အိုးတန်းလမ်းအကြားတွင် ဖူကျန့်လူမ...
-
Information about passport of Myanmar where can you go with a passport of Myanmar without a visa The Henley & Partners Visa R...
-
အဘယ်ကြောင့် မြစ်ဆုံ ( အပိုင်း ၁ မှ ၂၀ ထိ ) အစ္စရေးကတော့ ဧရာဝတီ မြစ်ကြီးကို ကြည့်ပြီး တအံ့တသြပြောလိုက်တာက “မင်းတို့ တော်တော်ချမ်းသာတာ...
-
သဘာဝဓာတ်ငွေ့ရည်များ တင်ဆောင်လာသည့် သင်္ဘောကြီးတစ်စီး မလေးရှားနှင့် စင်ကာပူကြား ရေလက်ကြားကို ဖြတ်ကျော်လာစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ Mon...
-
ဒီစစ်ကိုင်းပြတ်ရွေ့ပေါ်ရှိ အခြားဒေသများတွင်လည်း မြေငလျင်အန္တရာယ်ကိုသတိပြုရန်လိုကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှအတွင်းရေးမှုးဦးစိုးသူရ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment