Popular Posts!

Wednesday, September 11, 2013

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ချုပ်ဆိုခြင်း မရှိပါက အလုပ်ရှင်များအား အရေးယူမည်

 
အလုပ် အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုး တက်ရေးနည်းဥပဒေပြဋ္ဌာန်းပြီး သည့်အချိန်အထိ အလုပ်ခန့်ထား မှုဆိုင်ရာ သဘောတူညီချက်စာ ချုပ်ချုပ်ဆိုခြင်းမရှိပါက ဥပဒေ ပါ ပြစ်ဒဏ်များအတိုင်း အလုပ် ရှင်များအား အလုပ်ရုံ၊ အလုပ်သ မားဥပဒေရေးရာဌာနမှ အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်သည် အလုပ်သမား၏ ရသင့်ရထိုက်သည့် အခွင့်အရေးများတောင်းဆိုရာ တွင် အလွန်အရေးပါခြင်းကြောင့် ချုပ်ဆိုရန်မရှိမဖြစ် လိုအပ်ကြောင်း၊ အဆိုပါဥပဒေ၏ နည်းဥပဒေအ မြန်ဆုံးထွက်ရှိနိုင်ရန် အလုပ်သ မားညွှန်ကြားမှုဦးစီးဌာနအနေ ဖြင့် ရေးဆွဲမှုများပြုလုပ်နေပြီဖြစ် ကြောင်း အလုပ်ရုံ၊ အလုပ်သမား ဥပဒေရေးရာဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝင်းရှိန်ကပြောသည်။

ဦးဝင်းရှိန်က ''အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုမှုက အလွန်အရေး ကြီးပါတယ်။ ဒါကြောင့် ခုအလုပ် အကိုင် ကျွမ်းကျင် မှုဖွံ့ဖြိုးတိုးတက် ရေးဥပဒေကို အသုံးပြုဖို့နည်း ဥပဒေထွက်ရှိပြီးတာနဲ့ ဥပဒေမှာ ပါရှိတဲ့ ပြစ်ဒဏ်တွေအတိုင်း စာ ချုပ်မချုပ်တဲ့ အလုပ်ရှင်ကို အရေး ယူသွားမှာပါ။ တရားစွဲသင့်ရင်စွဲ မယ်။ ဥပဒေပါအတိုင်း လေးစား ဆောင် ရွက်ရမယ်ဆိုတဲ့အချက်နဲ့ ပေါ့''ဟု ပြောသည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ကိုအ လုပ်ရှင်များမှ ချုပ်ဆိုပြီးပါကလည်း အလုပ်သမားညွှန်ကြားမှု ဦးစီး ဌာနသို့ ယင်းစာချုပ် မိတ္တူကိုပြန် လည်ပေးပို့ရမည်ဖြစ်ကြောင်း ပြောသည်။စက်ရုံ၊ အလုပ် ရုံ များသို့အ လုပ်ဝင်ပါက ယင်းစက်ရုံများမှ ထုတ်ထားသည့် ဖောင်များတွင် သာဖြည့်၍ အလုပ်ဝင်ရောက်လုပ် ကိုင်ရပြီး ယင်းဖောင်များတွင်ပါ ရှိသည့် စည်းကမ်းပါအချက်များ ကိုပင် အလုပ်ရှင်များမှလိုက်နာ ဆောင် ရွက်ခြင်းမရှိသည့်အတွက် အလုပ်သမားများအားအလုပ် ထုတ်ပယ်ခြင်းများ ဖြစ်ပေါ်လျက် ရှိကြောင်း အလုပ်သမားများထံမှ သိရသည်။

ရွှေပြည်သာမြို့နယ်ရှိ World Fashion အထည်ချုပ်စက် ရုံမှ အလုပ်သမားသမဂ္ဂခေါင်း ဆောင် ဦးမျိုးမင်းမင်းက ''ကျွန် တော်တို့စက်ရုံမှာ အလုပ်ရှင် အ လုပ်သမား သဘောတူညီမှုစာချုပ် ချုပ်ဆိုထား တာတော့ရှိပါတယ်။ ဒါပေမဲ့တရားဝင်ပြဋ္ဌာန်းပေးထား တဲ့ စာချုပ်တော့မဟုတ်ပါဘူး။ အ လုပ်ရှင် အလုပ်သမားနားလည်မှု နဲ့ ချုပ်ထားတဲ့စာချုပ်သဘော လောက်ပါပဲ''ဟု ပြောသည်။

ဩဂုတ် ၃၀ ရက်တွင် အ လုပ်သမားများအတွက် 'အလုပ် အကိုင် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက် ရေးဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပြီး ယင်း ဥပဒေ၏ အခန်း(၃)တွင်လည်း အလုပ်ရှင်သည် အလုပ်သမား အား အလုပ်လုပ်ရန်ခန့်အပ်ပြီးပါ က ရက်ပေါင်း ၃၀ အတွင်း အလုပ် ခန့်ထားမှုဆိုင်ရာသဘောတူညီ ချက် စာချုပ်ချုပ်ဆိုရမည်ဟုပါရှိ ပြီး ယင်းစာချုပ်တွင်လည်း လုပ်ငန်း ခွင်စည်းကမ်းများနှင့် အလုပ်သမား များ၏အကျိုးခံစားခွင့်များသည် လည်း တည်ဆဲဥပဒေတစ်ရပ်ရပ် ပါ ခံစားခွင့်များအောက်လျော့ နည်း ခြင်းမရှိစေရဟူ၍ပါရှိသည်။

နိုင်ငံတော်သမ္မတကြီးမှ လည်း ဥပဒေအားပြဋ္ဌာန်းပြီးပါက နည်းဥပဒေကို လွှတ်တော်စည်း မျဉ်းစည်းကမ်းများနှင့် အညီရက် ပေါင်း ၉ဝအ တွင်းပြဋ္ဌာန်းသင့် ကြောင်း ပြည်ထောင်စုလွှတ်တော် သတ္တမပုံ မှန်အစည်းအဝေး ၂ရ ရက်မြောက်နေ့တွင် သဘောထား မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။

ဇာခြည်လှိုင် ၊ ရန်ကုန် ၊ စက်တင်ဘာ (၉)
Yangon Media Group



 

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!