Popular Posts!

Sunday, September 15, 2013

အများအပြား-၀င်ရောက်လာသော်လည်း-မြန်မာနိုင်ငံ၏-ပြည်တွင်းဝယ်လိုအား-မြင့်တက်လာခြင်း-မရှိသေး၍-လုပ်ငန်းအချို့-အရှုံးပေါ်နေ

 
 

နိုင်ငံခြားလုပ်ငန်း-

မြန်မာနိုင်ငံသို့ နိုင်ငံခြားလုပ်ငန်း အများအပြား ၀င်ရောက်လာသော်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းဝယ်လိုအား မြင့်တက်လာခြင်း မရှိသေး၍ ၀င်ရောက်လာသည့် လုပ်ငန်းအချို့ အရှုံးပေါ်နေကြောင်း စီးပွားရေး
လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။
"နိုင်ငံတကာမှာ မြန်မာက စန်းပွင့်နေတယ်။ ကိုယ့်နိုင်ငံက ကော်ပိုရေးရှင်းကြီးတွေလည်း မြန်မာပြည်မှာ
လုပ်ငန်းလုပ်ဖို့ဝင်နေကြတာတွေ့တော့ လူသုံးကုန်၊ စားသောက်ကုန်လို လုပ်ငန်းအသေးစားတွေလည်း နောက်ကလိုက်ဝင် လာကြတယ်။ ဒီမှာက လုပ်ငန်းစဖို့က အရာရာဈေးကြီးနေပြီး သူတို့အတွက် ပေါတာက လုပ်အားခပဲ ရှိတယ်။ အဲဒီလို လုပ်အားခနည်းတော့ ၀ယ်လိုအားလည်း နည်းတယ်။ မ၀ယ်နိုင်ကြတော့ သူတို့လည်း ရှုံးတာပေါ့" ဟု နိုင်ငံခြား လုပ်ငန်းငယ်များ မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်နိုင်ရန် ကြားခံချိတ်ဆက်ပေးသူ တစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြား စားသောက်ကုန်၊ လူသုံးကုန်နှင့် စားသောက်ဆိုင်ကဲ့သို့ အရောင်းဆိုင်များ ၀င်ရောက်လျက်ရှိပြီး ၎င်းတို့၏ အဓိက အခက်အခဲမှာ အိမ်နှင့်ဆိုင်ခန်း ငှားရမ်းခ များပြားခြင်းနှင့် ၀ယ်လိုအား နည်းပါးခြင်းတို့ဖြစ်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံ၏ လုပ်ခလစာ အခြေအနေမှာ လစာအနေဖြင့် အနည်းဆုံး တစ်လကျပ် ၅၀၀၀၀ နှင့် နေစားခအနေဖြင့် တစ်နေ့လျှင် အနည်းဆုံး ကျပ် ၃၅၀၀ ခန့်သာရှိကြောင်း သိရသည်။
ထို့အတူ ကမ္ဘာ့အဆင့် ကော်ပိုရှင်းကြီးများမှ မြန်မာလုပ်သားများကို ပေးချေသော လုပ်ခလစာကလည်း အခြားဒေသတွင်း နိုင်ငံများထက် လေးဆမှ ငါးဆ၀န်းကျင်အထိ လျော့နည်းနေပြီး အလယ်အလတ်တန်း မြန်မာဝန်ထမ်းသည် လုပ်ခလစာ တစ်လလျှင် အမေရိကန်ဒေါ်လာ ၃၀၀ မှ ၈၀၀ ခန့်သာ ရရှိနေကြောင်း သိရသည်။
အခြားတစ်ဖက်တွင်လည်း ယခုနှစ်ပိုင်းအတွင်း ပြည်တွင်းကုမ္ပဏီများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများနှင့် တရုတ်၊ ထိုင်းကဲ့သို့ နယ်စပ်မှ ၀င်ရောက်လာသည့် အလယ်အလတ်တန်းစား ကုန်ပစ္စည်းများ ၀ယ်လိုအား
 မြင့်တက်လာကြောင်း သိရသည်။
မြန်မာပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းများ အများစုသည် ယခုနှစ်တွင် ယမန်နှစ်ကထက် လုပ်ခလစာ ၁၀
 ရာခိုင်နှုန်းမျှ တိုးမြှင့်ပေးလာပြီး အခြေခံလူတန်းစား အမျိုးသမီး အများစု အားထားလုပ်ကိုင်နေသည့် အထည်ချုပ် လုပ်ငန်းများကလည်း လုပ်ခလစာ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း ၀န်းကျင်အထိ တိုးမြှင့်ပေးအပ်လာ
ကြောင်း သိရသည်။
ထိုသို့ လုပ်ခလစာများ တိုးမြှင့်ပေးမှုများ ရှိသော်လည်း အထည်ချုပ်လုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်နေသော အမျိုးသမီးများ၏ ပျမ်းမျှလုပ်ခလစာမှာ ကျပ် ၈၀၀၀၀ မှ ကျပ်တစ်သိန်း ၀န်းကျင်သာရှိပြီး ပုဂ္ဂလိက
ကုမ္ပဏီများမှ အောက်ခြေအဆင့် ၀န်ထမ်းတစ်ဦး၏ လစာမှာ ကျပ်တစ်သိန်းနှစ်သောင်းမှ ကျပ်တစ်သိန်းငါးသောင်းကြား၊ အလယ်အလတ်တန်းအဆင့် ၀န်ထမ်းတစ်ဦး၏ လစာမှာ ကျပ်နှစ်သိန်းခွဲမှ ကျပ်သုံးသိန်းခွဲ ၀န်းကျင်သာရှိကြောင်း သိရသည်။
Ref:http://www.news-eleven.com/business/23035-

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!