Popular Posts!

Friday, September 13, 2013

Miss Universe Myanmar 2013

မယ်စကြ၀ဠာ အတွက် အကြိုရွေးချယ်


နှစ်ပေါင်း ၅၀ ကျော်အတွင်း မယ်စကြ၀ဠာ နိုင်ငံတကာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် ပထမအဆင့် အလှမယ် ရွေးချယ်ပွဲကို သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ဒီအထဲက ရွေးချယ်ခံရမယ့် Miss Universe Myanmar 2013 ဟာ အခုနှစ် အောက်တိုဘာလ နှောင်းပိုင်း ရုရှားနိုင်ငံမှာ ကျင်းပမယ့် Miss Universe ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။


၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပ ပြုလုပ်မည့် မယ်စကြာဝဠာ Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နိုင် ရန်အတွက် မယ်စကြာဝဠာမြန်မာ Miss Universe Myanmar ပြိုင်ပွဲနှင့် ပတ်သက်သည့် အချက်အလက်များအား သတင်းပေးပို့ အပ်ပါသည်။ လေးစားအပ်ပါသော မီဒီယာ မိတ်ဆွေများ အနေဖြင့် မြန်မာနိုင်ငံအတွက် ကိုယ်စားပြုနိုင်မည့်Miss Myanmar ပြိုင်ပွဲဝင် ရရှိနိုင်ရေးအတွက် ကူညီဆောင်ရွက် ပေးနိုင်ပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလတွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပသည့် Miss Universe ၂၀၁၃ ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည့် Miss Myanmar အား Hello Madam Media Group မှ အောက်တိုဘာ လဆန်းတွင် ပြိုင်ပွဲကျင်းပ၍ ရွေးချယ်စေလွှတ် ယှဉ်ပြိုင်သွားမည် ဖြစ်ပါသည်။ Hello Madam Media ၏ Managing Director ဒေါ်စိုးယုဝေ အနေဖြင့် Miss Universe ၂၀၁၃ ပြိုင်ပွဲသို့ စေလွှတ်ယှဉ်ပြိုင်နိုင်ရန် Miss Universe Organization ၏ မြန်မာနိုင်ငံ National Director အဖြစ် စီစဉ်ကျင်းပခွင့် ရရှိထားခြင်း ဖြစ်ပါသည်။ ပထမတွင် အချိန် မလုံလောက်မှုကြောင့် ၂၀၁၄ ခုနှစ်ရောက်မှသာ စေလွှတ်ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း Miss Universe Organization နှင့် တွေ့ဆုံချိန်တွင် ၄င်းတို့၏ လိုလိုလားလား ဖိတ်ခေါ် တောင်းဆိုချက်အရ ၂၀၁၃ ခုနှစ်တွင် မဖြစ်မနေ ယှဉ်ပြိုင်ရန် ရုတ်တရက်စီစဉ်ရခြင်း ဖြစ်ပါသည်။ Miss Universe မယ်စကြာဝဠာပြိုင်ပွဲသို့ မြန်မာနိုင်ငံအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည့် အကြောင်းအား VOA နှင့် RFA TV တို့မှ ဒေါ်စိုးယုဝေနှင့် တွေ့ဆုံမေးမြန်းခန်းများ ပြုလုပ်ထုတ်လွှင့်ထားသည့်အပြင် လက်ရှိ Miss Universe ၂၀၁၂ ဆုရရှိထားသူ မယ်စကြာဝဠာ Miss Olivia Culpo နှင့် ဒေါ်စိုးယုဝေတို့၏ တွေ့ဆုံမေးမြန်းခန်းကိုလည်း ဠဥဗ ရုပ်သံမှ ထုတ်လွှင့်ပြီး ဖြစ်ပါသည်။(burmese.voanews.com/media/video/1731546.html ) Miss Universe ပြိုင်ပွဲသို့ စေလွှတ်မည့် Miss Myanmar ပြိုင်ပွဲဝင် လျှောက်လွှာများကို Hello Madam Media Group ရုံးခန်းနှင့် www.missmyanmaruniverse.org တို့တွင် Download ပြုလုပ်၍ လျှောက်ထား နိုင်မည်ဖြစ်ပါသည်။ သြဂုတ်လကုန်ပိုင်းတွင် လျှောက်လွှာများကို အပြီးသတ် စိစစ်သွားမည် ဖြစ်ပြီး စက်တင် ဘာလဆန်းပိုင်းတွင် လူတွေ့ စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ပါသည်။ ပြိုင်ပွဲကျင်းပမည့် အချိန်၊ ထုတ်လွှင့် ပြသမည့် ရုပ်သံလိုင်းတို့အား Hello Madam Media Group မှ အချိန်နှင့် တပြေးညီ ထုတ်ပြန်ကြေငြာသွားမည် ဖြစ်ပါသည်။လျှောက်လွှာများကို သြဂုတ်လကုန်တွင် တိုက် (အေ-၃-၁)၊ အခန်း (၇၀၃)၊ (၇)လွှာ၊ မြန်မာ့ဂုဏ်ရည်အိမ်ရာ၊ အထက်ပန်းဆိုးတန်းလမ်း၊ မင်္ဂလာတောင်ညွှန့် မြို့နယ်၊ ရန်ကုန်မြို့သို့ နောက်ဆုံးထား၍ ပေးပို့သွားရမည် ဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များအား သိရှိ လိုပါက ဖုန်း- ၀၉ ၈၆၃၃၅၀၀၊ ၀၉ ၈၆၀၁၈၅၄၊ ၀၁ ၃၉၂၀၉၉ တို့တွင် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။ ပြိုင်ပွဲဝင်သည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အသက် (၁၈)နှစ်ပြည့်ပြီးသူ ဖြစ်ရမည့်အပြင် အသက် (၂၇)နှစ်ထက် မကြီးသူ ဖြစ်ရပါမည်။ ပြိုင်ပွဲဝင်သည် အရပ် ၅ ပေ ၆ လက်မနှင့်အထက် ရှိရပါမည်။ ပြိုင်ပွဲတွင် ဆန်ကာတင် (၃၀)ဦး ရွေးချယ်မည်ဖြစ်ပါသည်။ Hello Madam Media Group မှ ချီးမြှင့်မည့် ဆုကြေးငွေများမှာ Miss Universe Myanmar Title ဆုအတွက် သိန်း (၁၀၀)၊ First Runner Up အတွက် သိန်း (၅၀)၊ Second Runner Up အတွက် သိန်း (၂၅)၊ ဆန်ကာတင် (၁၅)ဦးအတွက် (၃) သိန်းစီနှင့် အခြား ပြိုင်ပွဲဝင်များကို (၁) သိန်းစီစသည်ဖြင့် ချီးမြှင့်သွားမည်ဖြစ် ပါသည်။ မြန်မာနိုင်ငံမှ ၁၉၅၉ ခုနှစ်တွင် မယ်မြန်မာ၊ ၁၉၆၀ ခုနှစ် မယ်မြန်မာ နှင့် ၁၉၆၁ ခုနှစ်တွင် မယ်မြန်မာ တို့မှ Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီးနောက်ပိုင်း နှစ်ပေါင်း ၅၀ ကျော်အကြာတွင် ယခုကဲ့သို့ ပြန်လည် ၀င်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါသည်။
Michelle
Moe Set Wine
One Thiri Phyo
May Myint Mo
Khin Thet Htar
Saw Mon Latt
Yadanar Su Kyi
Zin Wint Htet
Hnin Yamone Oo
Zune Than Sin
Nang Ngin Mwe Phong
Shwe Chi Alwar
Zue Zue Soe Maung
Thiri Win
Hayman Thawtaw Nyeim
Thin Cherry Oo
Sabai Phyu Phwe
Khin Khin Htay
May Chit Pone
Yoon Mhi Mhi Kyaw
Hnin Thida Ko
Me Me Htun
Thu Thet Su Nyunt
Myo Myat Thin


ဒီမှာမိမိစိတ်ကြိုက်တွေကိုရွှေးကြည့် ပြီးအားပေးလိုက်ကျပါအုံးနော်.....ဘယ်သူတွေဖြစ်နိုင်သလဲ.....

http://www.missmyanmaruniverse.org/2013contestants

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!