Popular Posts!

Saturday, September 28, 2013

ပုဂ္ဂိုလ်ကဓာတ်အားပေးစက်ရုံက မီတာတစ်ယူနစ်လျှင် ၁၄၀ ကျပ်နှုန်းခန့် (၃ဆလောက်တက် U$ 0.145) ဖြင့်သာ ရောင်းချနိုင်မည်ဟုပြော...


လုပ်ချလိုက်ပြန်ပြီ! ဒီအစိုးရကတော့ ၀င်ငွေတိုးတက်အောင်မလုပ်ပေးနိုင်သေးဘဲ မရှိမဖြစ်တဲ့ မီတာခ ၃ ဆလောက်ပိုများမယ်တဲ့ဗျာ….၀င်ငွေနှင့် ထွက်ငွေ မမျှအောင် လုပ်နေကျပြန်ပြီ...
လုပ်ငန်းရှင်တွေ အတွက်ပြဿနာမရှိပေမဲ့ အများပြည်သူတွေတော့ဗိုက်မောက်အိပ်နေယုံဘဲပေါလေ... သေပြီပေါ့ဗျာ…..

ပုဂ္ဂလိကဓာတ်အားပေးစက်ရုံ ဓာတ်အားရောင်းချရေး အခက်တွေ့

ရန်ကုန်တွင် ပုဂ္ဂလိကကုမ္ပဏီများက အကောင်အထည်ဖော်နေသည့် စပ်တပ်ဆင်အား ၃၀၀ မဂ္ဂါဝပ်ရှိသည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ခုမှာ ဓာတ်အားထုတ်လုပ်ရန် အဆင်သင့်ဖြစ်ေ န ပြီဖြစ်သော်လည်း ၀န်ကြီးဌာနမှတစ်ဆင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရောင်းချရေး(PPA - Power Purchasing Agreement) အဆင့်တွင် အခက်အခဲဖြစ်နေကြောင်း သိရသည်။
"ဓာတ်အားထုတ်လုပ်ဖို့က အဆင်သင့်ဖြစ်နေပြီ။ ဈေးနှုန်းကလည်း သတ်မှတ်လို့ရတယ်။ ပြဿနာက သတ်မှတ်တဲ့ ဈေးနှုန်းကို ၀ယ်တဲ့သူက ၀ယ်မယ်၊ မ၀ယ်တဲ့သူက မ၀ယ်ဘူး။ သတ်မှတ်ဈးနှုန်းကိုပေးမ၀ယ်နိုင်တာပါပဲ။ ကျွန်တော်တို့နိုင်ငံမှာ လောင်စာ မလုံလောက် တဲ့ ပြဿနာ ရှိတယ်။ ဒါကြောင့် လျှပ်စစ်ဈေးနှုန်းက လောင်စာပေါ် မူတည်နေတယ်" ဟုအဆိုပါလျှပ်စစ်ဓာတ်အားပေး
စက်ရုံစီမံကိန်းတွင် ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သည့် Myanmar Central Power ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဇေယျသူရမွန်က ပြောကြားသည်။
နွေရာသီတွင် ဓာတ်အားထုတ်လုပ်နိုင်စွမ်း ကျဆင်းတတ်သည့် ရေအား လျှပ်ဓာတ်အားပေးစက်ရုံများကြောင့် ပြီးခဲ့သည့်နှစ် များအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဓာတ်အား ပြတ်တောက်မှုများ အကြီးအကျယ်ဖြစ်ပေါ်ခဲ့ရာ အစိုးရအနေဖြင့် လတ်တလော ဓာတ်အားလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန် ရန်ကုန်မြို့ အနီးတစ်ဝိုက်တွင် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး တာဘိုင်များနှင့် ဒီဇယ်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို ပထမဆုံးအကြိမ်  ပုဂ္ဂလိက ဓာတ်အားထုတ်လုပ်ရေးစနစ် (IPP - Independent Power Producer) ဖြင့်အကောင်အထည်ဖော်စေခဲ့သည်။
ယခုအခါ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဂျပန်နိုင်ငံတို့မှ ကုမ္ပဏီသုံးခုနှင့် ပြည်တွင်း ကုမ္ပဏီတစ်ခုတို့ပူးပေါင်းဆောင်ရွက်နေသည့် ရန်ကုန်အနီးရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံမှာပထမ အဆင့်အနေဖြင့် လျှပ်စစ်မဂ္ဂါဝပ် ၂၄၀ ထုတ်လုပ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
သို့ရာတွင် လျှပ်စစ်ဝန်ကြီးဌာနမှတစ်ဆင့် အများ ပြည်သူသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရောင်းချရေးတွင် ဈေးနှုန်းအတည်ပြုနိုင်ခြင်း မရှိသေးဘဲ အခက်အခဲဖြစ်နေခြင်း ဖြစ်သည်။
"ဒီကိစ္စအပေါ် ကျွန်တော်တို့ မဆုံးဖြတ်ရသေးပါဘူး။ ဆွေးနွေးနေဆဲပါပဲ။ ဘယ်အချိန်မှာ အပြီးသတ်ဆွေးနွေးနိုင်မယ် ဆိုတာလည်း မပြောနိုင်သေးပါဘူး။ ရွှေလီနဲ့ တာပိန်ရေအား လျှပ်စစ်စီမံကိန်းတွေကနေ ပီပီအေ စနစ်နဲ့ဝယ်ယူခဲ့တာကတော့ လွယ်ပါတယ်။ ဒါပေမဲ့ ခုကိစ္စကတော့ နိုင်ငံတကာအဆင့် လုပ်ရမယ့်အတွက် ပိုပြီးခက်ခဲတဲ့ သဘောရှိပါတယ်" ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊
လျှပ်စစ်စွမ်း အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဝင်းက ပြောကြားသည်။
ရန်ကုန်မြို့အနီးရှိ အဆိုပါ သဘာဝဓာတ် ငွေ့သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတာဘိုင်စက်များလည်ပတ်နိုင်ပါကလည်း နွေရာသီတွင် ဓာတ်အားလိုအပ်ချက် ရှိနေဦးမည်ဖြစ်သည်ဟုလည်း၎င်းကပြောကြားသည်။
ပုဂ္ဂလိက ဓာတ်အားထုတ်လုပ်ရေး စနစ်မှ အများပြည်သူသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရောင်းချရာတွင် အရှေ့တောင် အာရှနိုင်ငံ များဖြစ်သော ဖိလစ်ပိုင်နိုင်ငံ၌ တစ်ယူနစ်လျှင် သုည ဒသမ ၂ ဒေါ်လာ(၁၉၄ ကျပ်)၊ စင်ကာပူနိုင်ငံ၌ သုည ဒသမ ၂၆ ဒေါ်လာ (၂၅၂ ကျပ်)၊ ထိုင်းနိုင်ငံ၌ သုည ဒသမ ၁ဒေါ်လာ (၉၇ ကျပ်) နှုန်း အသီးသီးရှိကြပြီး မြန်မာနိုင်ငံ၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လက်ရှိဖြန့်ဖြူးပေးနေသော ဈေးမှာ တစ်ယူနစ်လျှင် သုည ဒသမ ၀၆ ဒေါ်လာနှုန်းဖြစ်သည်။
ပုဂ္ဂလိကဓာတ်အား ထုတ်လုပ်ရေး စနစ်ဖြင့် လည်ပတ်မည့် အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံအနေဖြင့် သဘာဝဓာတ်ငွေ့ဈေး ပေါ်  မူတည်၍ တစ်ယူနစ်လျှင် ၁၄၀ ကျပ်နှုန်းခန့် (အမေရိကန်ဒေါ်လာ သုည ဒသမ ၁၄၅ နှုန်း) ဖြင့်သာ ရောင်းချနိုင် မည်ဖြစ် သည် ဟု ဦးဇေယျသူရမွန် ကပြောသည်။
"လောင်စာဆီမပါဘူးဆိုရင်တော့ တစ်ယူနစ်ကို သုည ဒသမ ၀၃၅ ဒေါ်လာနှုန်း၊ ကျပ်ငွေနဲ့ဆို၃၄ ကျပ်လောက်နဲ့ ရောင်းပေးနိုင် တယ်။ ဓာတ်ငွေ့ တာဘိုင်နဲ့ လည်တဲ့နေရာမှာ အရင်းကြီးပဲတစ်ယူနစ်ကို ကျပ် ၈၀ လောက်ကျပါတယ်" ဟု ၎င်းက ပြောကြားသည်။
လက်ရှိမြန်မာနိုင်ငံတွင် စုစုပေါင်းစက်တပ်ဆင်အား ၃,၆၁၄ မဂ္ဂါဝပ်ရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံပေါင်း ၃၁ ရုံလက်ရှိလည် ပတ်နပြီး၊ လာမည့်နှစ်နှစ်အတွင်း ဓာတ်အားသုံးစွဲမှု ပမာဏ၄,၀၀၀ မဂ္ဂါဝပ် ရှိလာမည်ဖြစ်သည့်အတွက် စက်တင်ဆင်အား ၅,၂၀၀ မဂ္ဂါဝပ် အထိ အနည်းဆုံးတိုးချဲ့နိုင်ရမည်ဖြစ်သည်။
သို့သော်လည်း ဝေဖန်မှုများရှိနေသည့်အတွက် လက်ရှိအကောင်အထည်ဖော်နေဆဲ ရေအားလျှပ်စစ်စီမံကိန်းလေးခုကို အစိုးရက ရပ်နားထားရပြီး ကျောက်မီးသွေးစက်ရုံ စီမံကိန်းများသည်လည်း ဝေဖန်ထိုးနှက်မှုများဖြင့် ရင်ဆိုင်နေရသည်ဟု ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့သည့် လျှပ်စစ်စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲ၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက
ပြောကြားခဲ့သည်။

Ref:mmtime

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!