Popular Posts!

Sunday, September 22, 2013

ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူနိုင်ငံရောက် စကားပြောကြားချက်များနှင့်မိန့်ခွန်းများ


ဒေါ်အောင်ဆန်းစုကြည်နှင် စင်္ကာပူနိုင်ငံရောက် မြန်မာမိသားစုအား အမှာစကားပြောကြားမှု ရုပ်သံအား http://goo.gl/rTYeFR တွင် ကြည့်ရှုနိုင်ပြီဖြစ်သည်။
Credit : ဓမ္မအွန်လိုင်း (ဓမ္မ ဒေါင်းလုပ်)


ဒေါ်အောင်ဆန်းစုကြည်နှင် စင်္ကာပူနိုင်ငံရောက် မြန်မာမိသားစုအားအမှာစကားပြောကြား



Ref:Aye Chan Mon


 

အစိုးရဟာ နိုင်ငံသူနိုင်ငံသားအတွက်ဘဲဖြစ်ရပါမည်

 မြန်မာနိုင်ငံကိုကိုယ်လိုခြင်တဲ့ပုံစံဖြစ်မှပြန်မလာကြပါနဲ့။ ကိုယ်လိုခြင်တဲ့ပုံစံဖြစ်အောင် ပြန်လာလုပ်ကြပါလို့ဖြေသွားတယ်။ ကိုယ်လိုခြင်တဲ့ပုံဖြစ်ဖို့တစ်ဦးတစ်ယောက်ကိုမှီခိုနေတာထက် ကိုယ့်ဟာကိုကြိုးစားတာကပိုကျိန်းသေတယ်လို့ပြောသွားတယ်။ 

အမိတိုင်းပြည်တွေအတွက် ပြန်မလာနိုင်တာတောင် သတ်နိုင်သမျှ
 စေတာနာထားပြီး အကြံကောင်းလေးတော့ပေးပေးကျပါတဲ့...

"ကျွန်မတို့ နိုင်ငံကနေ ထွက်လာတဲ့ သူတွေဟာ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ကြီးပွားနေတာကိုပဲ မြင်ချင်ပါတယ်။ ကြီးပွားနေရင်လည်း ကျွန်မတို့ ၀မ်းသာတယ်။ နောက်ပြီးတော့ ကျွန်မတို့ နိုင်ငံအပေါ်မှာ ဘယ်လိုစိတ် ထားသေးလဲ ဆိုတာလဲ သိချင်တယ်။ အနာဂတ်မှာ ကျွန်မတို့ နိုင်ငံအတွက် ဘယ်လိုမျှော်လင့်ချက်တွေ ရှိသလဲ၊ ဘယ်လို ရည်ရွယ်ချက်တွေ ရှိလဲဆိုတာ ကျွန်မသိချင်တယ်။ ဒါကျွန်မတို့နိုင်ငံကို ပြန်တာမပြန်တာနဲ့လည်း မဆိုင်ဘူး။ တချို့ကျတော့ တခြားနိုင်ငံတွေမှာ အခြေချတယ်။ အဲဒီနိုင်ငံတွေမှာပဲ မိသားစုတွေ ရှိပြီးတော့ အဲဒီနိုင်ငံတွေမှာပဲ ဘ၀ဆုံးတိုင် နေထိုင်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိပေမယ့်လည်း ကျွန်မတို့ ကြားမှာရှိတဲ့ သံယောဇဉ်တွေ၊ ကျွန်မတို့ ကြားမှာရှိတဲ့ တစ်ပြည်တည်းမှာ မွေးဖွားလာတယ်ဆိုတဲ့ ဆက်နွှယ်မှုတွေကတော့ အမြဲရှိနေမှာပဲ။ ဒါကြောင့်မို့ စေတနာတွေကလည်း ရှိနေမယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ ကျွန်မတို့နိုင်ငံ တိုးတက်ဖို့အတွက် ဘယ်လိုဝိုင်းပြီးတော့ အကြံဥာဏ် ပေးနိုင်မလဲ။ ဘယ်လိုဝိုင်းပြီးတော့ လုပ်ပေးနိုင်မလဲ ဆိုတာကို ကျွန်မအမြဲ စိတ်ဝင်စားပါတယ်။ ဒီလိုလက်တွေ့ကျကျ မလုပ်ပေးနိုင်ဘူး ဆိုရင်တောင်မှ စေတနာထားပြီးတော့ ကျွန်မတို့ကို အကြံဥာဏ် ပေးချင်တယ် ဆိုရင်တောင်မှ အများကြီးပဲ တန်ဖိုးရှိပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

လပ်ပေးလပ်ယူဆိုတာ…..
လပ်ယူတဲ့သူဘဲ အပြစ်ရှိတာမဟုတ်ပါဘူး လပ်ပေးတဲ့သူလဲအပြစ်ရှိပါတယ်တဲ့

ပြုပြင်ပြောင်းလဲဆိုတာ….
ပိုလန်၊ချက်၊ယူရိုနိုင်ငံတွေမှာ ပြုပြင်ပြောင်းလဲဆိုတာ နှစ်ဦးနှစ်ဖက်ညှိနိုင်းပြီးမှပြုပြင်ပြောင်းလဲကျတာပါ….
အမိမြန်မာကတော့ တဖက်သတ်ပြောင်းလဲနေတယပါတဲ့…..

နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေဝင်လာမှာမဟုတ်ပါဘူးတဲ့…..လုံခြုံရေးမရှိပါဘူး….အာမခံချက်မရှိလို့ပါဘဲ...
အမှန်တကယ်နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေဝင်လာစေချင်ရင် အစိုးရစီမံကိန်းပေါ်မှာမူတည်ပါတယ်…


စင်္ကာပူတက္ကသိုလ်တွင် ပြောကြားသည့် ဒေါ်အောင်ဆန်းစုကြည့်၏ မိန့်ခွန်း
မန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်မှန်သောခေါင်းဆောင်မှုကို စမ်းသပ်မှုများအနက် နောက်တစ်ကြိမ်အရွေးခံရခြင်း၊ မခံရခြင်း၊ မှန်ကန်စွာလုပ်ကိုင်ဆောင်ရွက်ခြင်း၊ မဆောင်ရွက်ခြင်း တို့ပါဝင်ကြောင်း စင်္ကာပူ စီမံခန့်ခွဲရေးတက္ကသိုလ်တွင် ခေါင်းဆောင်မှုအကြောင်း ဟောပြောပို့ချရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

သူမက ခေါင်းဆောင်တို့သည် လူထုအားလေးစားရမည်၊ လူထုထောက်ခံမှုကို ရရှိအောင် အလုပ်လုပ်ရမည်၊ လူထုဧ။် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည်ဟု ဆိုသည်။

သို့ရာတွင် ခေါင်းဆောင်ကောင်းတစ်ဦးသည် လူကြိုက်များသူတစ်ဦးဖြစ်ချင်မှ ဖြစ်မည်ဟုလည်း ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ---- “ခေါင်းဆောင်မှုဆိုတာ လူကြိုက်များနေဖို့ချည်းပဲ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ ခေါင်းဆောင်ဆိုတာ လူမကြိုက်တာတွေကို လုပ်ရတတ်ပြီး နောက်ရွေးကောက်ပွဲမှာ ရှူံးသွားတာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်တိုင်းပြည်အတွက်ကောင်းမယ်လို့ တကယ်ယုံကြည်တယ်ဆိုရင် ရွေးကောက်ပွဲရှူံးတာကိုလည်း ရင်ဆိုင်နိုင်စွမ်းရှိရပါမယ်။ ဒါဟာ ခေါင်းဆောင်မှု စစ်၊ မစစ်ဆိုတာကို စမ်းသပ်တဲ့ပွဲပါပဲ။ နောက်တစ်ခုက လူထုကို အမှန်တကယ် လေးစားရပါမယ်။ လေးစားချင်ယောင်ဆောင်ရတာမျိုး မဟုတ်ပါဘူး” ဟုဆိုသည်။


Suu Kyi urges Myanmar diaspora in Singapore to return home

Thousands of Myanmar nationals living in Singapore gave Aung San Suu Kyi an emotional welcome Sunday as the democracy icon urged them to consider coming home to help rebuild the impoverished nation.

Nobel laureate Aung San Suu Kyi delivers a speech in Singapore, on September 22, 2013. Thousands of Myanmar nationals living in Singapore have given Suu Kyi an emotional welcome as the democracy icon urged them to consider coming home to help rebuild the impoverished nation.
The two-hour event, held on the third day of opposition leader Suu Kyi's first visit to the city-state, saw Myanmar nationals working or studying in the wealthy city-state turn up in traditional attire and t-shirts emblazoned with her portrait to hear her speak and put questions.
The crowd, estimated at 5,800 by organisers Myanmar Club Singapore, gave Suu Kyi a prolonged standing ovation as she entered a convention hall.
"Of course it is an emotional moment for many of us. Today, after seeing The Lady in Singapore for the first time, I feel proud to be (from) Myanmar," said 28-year-old nurse Zaw Lei Win.
Student Myat Kaung Min said Suu Kyi in her speech in the Myanmar language urged her compatriots in Singapore to consider returning home or to "find some way" to give back to Myanmar.
"She said everyone is waiting for her to become president before returning to Burma, but that she cannot become president if we don't come back and help," said the 21-year-old, who has permanent residency in Singapore.
Zaw Tun Henry, the president of Myanmar Club Singapore, said 68-year-old Suu Kyi was most concerned about the future plans of Myanmar students in Singaporean universities.
In a private meeting with them before her Sunday speech, he said she urged them to return home "to give back to the mother country" after their studies.
"She said, 'Don't wait until there are good conditions in Myanmar, you come back and (make the) change'," said Zaw.
There are no official statistics on the size of the Myanmar diaspora in Singapore, but Zaw said the community is about 150,000-strong.
Speaking at another event at the Singapore Management University on Sunday afternoon, Suu Kyi said she did not wish to impose on affluent and educated Myanmar nationals overseas to return home.
"It is a matter of choice...I don't blame you because it is quite human and natural to make the most of your own life," she said.
Suu Kyi, a Nobel Peace Prize winner, spent more than two decades studying and working in India, Britain and the United States before returning home in 1988 to form the National League for Democracy.
The political party swept to a landslide victory in 1990 but the then-ruling military junta never recognised the result and placed Suu Kyi under house arrest.
She is scheduled to meet Prime Minister Lee Hsien Loong on Monday, and will return to Rangoon a day later.
Ref;bankokpost

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!