လုပ်ဆောင်နိုင်စွမ်း
◘◘◘◘◘◘◘◘◘◘◘◘
လုပ်ငန်းတာဝန်တွေရှုပ်ထွေးနေတဲ့အချိန်မှာ အလုပ်တွေအပေါ်အာရုံစူးစိုက် နိုင်စွမ်းမှာတော့ အမျိုးသ္မီးတွေဟာသာပါတယ်။
ဥပမာ- ထမင်း/ဟင်းချက်ရင်းTVကြည့်နေတုံး ဖုန်းလာရင်အမျိုးသ္မီးတွေဟာ ချက်ခြင်းကောက်ကိုင်ပြီး လုပ်လက်စအလုပ်နှစ်ခုကိုဆက်လုပ်နေပါတယ်။
အမျိုးသားတွေကတော့ TVကြည့်နေရင်းဖုန်းလာရင်အဝေးထိန်းခလုတ်ကိုင်ပြီး TVကိုခဏရပ်ထားတာ
(သို့ )TVမှအကြည့်လွှဲပြီးဖုန်းကိုဘဲအာရုံစိုက်ပြောမှာပါ။
ဘာသာစကား
♦♦♦♦♦♦♦♦♦♦
ဒီမှာလည်းအမျိုးသ္မီးတွေကသာတယ်လို့ ပြောနိုင်ပါတယ်။အသက် ၃နှစ်သ္မီးကလေးအရွယ် မိန်းခလေးတွေဟာရွယ်တူယောကျာ်းလေးတွေထက်စကားလုံးဝေါဟာရမှာ ၃ဆပိုမိုတက်မြောက် နေေ ပ မယ့် ပြဿနာတစ်ခုအတွက်အဖြေရှာတဲ့နေရာမှာတော့အမျိုးသ္မီးတွေနောက်ကျကျန်ခဲ့ရပါတယ်။
မျှော်လင့်ချက်(သို့ )လိုအပ်ချက်
••••••••••••••••••••••••••
အမျိုးသားတွေမှာတော့ ဂုဏ်၊အောင်မြင်မှု၊ပိုင်ဆိုင်မှု(ငွေနှင့်ဥစ္စာပစ္စည်း)၊မိမိလုပ်ငန်းတာဝန် စတာတွေကိုလိုလားပြီးအမျိုးသ္မီးတွေမှာတော့ မိသားစု၊သူငယ်ချင်း၊မိမိနှစ်သက်သူအစရှိတာတွေကို လိုအပ်နေပါတယ်။
လိမ်ညာမှု
♣♣♣♣♣♣
ဒီအချက်မှာ မှာချင်တာကတော့အမျိုးသားတွေအမျိုးသ္မီးတွေကိုလိမ်တဲ့အခါမှာမိမိဘက်ကပိရိနိုင်ဖို့ 

(သို့ ) မလိမ်တာအကောင်းဆုံးပါပဲ။အကြောင်းပြချက်ကတော့ အမျိုးသ္မီးတွေဟာ အမျိုးသားတွေစကားပြောရင်သူတို့ ရဲ့ပုံမှန်ဟုတ်မဟုတ်အနေအထားတွေကို အပြင်ပန်းအနေအထားအရ
၇၀% ၊ စကားပြောဆိုပုံအရ ၂၀% နှင့် ပါးစပ်ပေါက်ကိုကြည့်ပြီး ၁၀%ဖတ်နိုင်ပါတယ်။ဒါမျိုးအားသာချက်တွေ အမျိုးသားတွေမှာမရှိတာကြောင့်လိမ်မယ်ဆိုရင်တောင်မျက်နှာခြင်းဆိုင် လိမ်ဖို့  မကြိုးစားရင်ကောင်းပါတယ်။
မပျော်ရွှင်နိုင်ခြင်း
♠♠♠♠♠♠♠♠♠♠♠♠
အမျိုးသ္မီးတွေဟာ သူတို့ ခင်ပွန်း(သို့ )ရည်းစားကောင်လေးတို့ နှင့်အဆင်မပြေဖြစ်လာရင် အလုပ်ခွင်မှာ အာရုံစူးစိုက်မှုအားနည်းသွားပါတယ်။အမျိုးသားတွေကတော့ အလုပ်ခွင်မှာအဆင်မပြေဖြစ်လာရင်
အိမ်ထောင်ရေးနှင့်မိမိချစ်သူအမျိုးသ္မီးအပေါ်အာရုံမရှိဖြစ်လာပါတယ်။

ခွဲခြားစိဖြာလေ့လာနိုင်မှု အရည်အသွေး
++++++++++++++++++++++++
အမျိုးသားတွေနဲ့ ရှင်ရင်အမျိုးသ္မီးတွေရဲ့အားနည်းချက်ကတော့ ပြဿနာတစ်ခုကိုကောင်းစွာ အဖြေ မဖော် ထုတ်နိုင်ခြင်းပဲဖြစ်ပါတယ်။
အိမ်တွင်းရေး/မိသားစုပြဿတွေမှာ အမျိုးသ္မီးတွေဖြေရှင်းဖြင်းထက်အမျိုးသားတွေဟာ ပိုပြီးမြန်မြန် ဆန်ဆန်နှ င့်သေသပ်စွာရှင်းလင်းပေးနိုင်ပါတယ်။အမျိုးသားတစ်ယောက်ကို အဆောက်အဦးတစ်ခုရဲ့ဒီဇိုင်း စာရွက်တွေ ကိုပြလိုက်အမျိုးသားတွေကတော့အဆောက်အဦးဒီဇိုင်ပုံစံမှန်းသိနေပေမယ့် အမျိုးသ္မီးတွေ ကတော့ အမှိုက်ပုံးထဲ ထည့်ဖို့ ပေးတဲ့စာရွက်လို့ ပဲထင်နေမှာပါ။
ကားမောင်းရာတွင်
♠♠♠♠♠♠♠♠♠♠♠♠♠
ကားမောင်းရာတွင်လည်းအမျိုးသားတွေဟာ အရှေ့ လမ်းသွယ်တစ်ခုခုမှကားတစ်စီးမထင်မှတ်ပဲ ထွက် လာနေရင်အဲ့ဒီ့ကားရဲ့ အမျိုးအစား(ကားကြီး၊ကားလတ်၊ကားသေး) သွားမယ့် ဦးတည်ရာ(မိမိဘက်သို့  အခြားဘက်)ကိုချက်ခြင်းသတိပြုပြီးလိုအပ်တဲ့ ရှောင်ရှားမှုတွေလုပ်ဆောင်တက်ပါတယ်။
အမျိုးသ္မီးတွေသာအလားတူအချိန်မျိုးမှာဆိုရင်တော့ရောက်ရာ နေရာမှာမိမကားကိုထိုးရပ်ဖို့ ပိုဖြစ်နိုင် ပါတယ်။
ပြဿနာဖြေရှင်းတဲ့ပုံစံ
♥♥♥♥♥♥♥♥♥♥♥♥♥♥
အမျိုးသားတွေမှာပြဿနာတစ်ခုခုရှိခဲ့ရင် မိမိဦးနှောက်ကိုအရင်ရှင်းလိုက်ပါတယ်။ပြီးတော့မှပြဿနာတစ်ခု ထဲကိုစဉ်းစားပြီးဒီပြဿနာရဲ့အမျိုးအစားကိုခွဲခြားနောက်မှအဖြေကိုတစ်ခုခြင်းစီစဉ်းစားပါတယ်။
အမျိုးသ္မီးတွေမှာတော့ပြဿနာတစ်စုံတစ်ခုရှိခဲ့ရင် ပြဿနာရဲ့အရင်းအမြစ်နှင့်ဖြေရှင်းနိုင်မဲ့နည်းလမ်းကိုမစဉ်းစားပဲ မိမိပြဿနာအကြောင်းကိုရင်ဖွင့်လို့ရမယ့်သူကိုအရင်လိုက်ရှာပြီးရင်ဖွင့်ပါတယ်။ပြီးတော့မှအိပ်ယာထဲဝင်အိပ်လိုက်တာ (သို့ )မေ့လိုက်ပြီး ပြဿနာနောက်ဆက် တွဲကိုတော့ မစိုးရိန်တော့ ပါဘူး။
စကားပြောနည်း
►►►►►►
စကားပြောတဲ့အခါမှာအမျိုးသားတွေဟာ ပွင့်ပွင့်လင်းလင်းနဲ့ လိုရာကိုသာပြောဆိုတတ်ပေမယ့် အမျိုးသ္မီးတွေကတော့ စကားကိုလှည့်ပတ်ပြောဆိုပြီးမှလိုရာကိုပြောတတ်ပါတယ်။
စိတ်ခံစားမှု
•••••••••
အမျိုးသ္မီးတွေဟာ စိတ်ခံစားမှုတစ်ခုရှိလာရင်ဟန်မဆောင်တက်ပဲဒဲ့ပြောတက်ပေမယ့် အမျိုးသားတွေ ကတော့ ဟန်ဆောင်ပြီးပြောသင့်မပြောသင့်စဉ်းစားပြီး ပြောတက်ပါတယ်။
ZK(ကနောင်)
Ref:Scientic myanmar
Ref:Scientic myanmar
No comments:
Post a Comment