Popular Posts!

Saturday, September 28, 2013

ကမ္ဘာ့ထူးဆန်းထွေလာများ

ထိကြမယ်ဟေ့ ကောင်းကောင်း...


 သူတို့ လေးတွေကို ထိရမယ် တဲ့ လား...
လာလာလေ သွားကြစို့ တူပျော်ပျော်...ယူနန်ပြည်ဆိုတော့ ခရီးမဝေး...အနီးလေးပါပဲ...

နာမည်ကျော် တရုတ်တစ္ဆေကြီးပွဲတော်ကား တရုတ်ရိုးရာပြက္ခဒိန်အရ ၇ လမြောက်ဖြစ်သည့် ဂျူလိုင်လ ကုန်
၃၁ ရက်နေ့ တွင်စတင်ပေတော့ မည်....
ထိုတစ္ဆေကြီးပွဲတော်ကာလတွင်တစ်လလုံး ငရဲပြည်မှ တံခါးမကြီးဖွင့် ပေးထားသဖြင့် တစ္ဆေများလူ့ ပြည်သို့ 
ပြန်လာခွင့် ရှိသည်ဟုယုံကြည်ကြသဖြင့် တရုတ်များက ကံမကောင်းစေတတ်သည့် ကာလဟုယူဆကြပါ
တယ်....
တရုတ်မဟာယာနဗုဒ္ဓဘာသာဝင်များနှင့် တာအိုဘာသာဝင်များက လှည့်လည်သွားလာနေကြသည့် မှီခိုစရာ
မရှိသည့် တစ္ဆေများအား အစားအသောက်များဖြင့် လှူဒါန်းကျွေးမွေးကာတစ္ဆေကြီးပွဲတော်ကျင်းပကြသလို၊ 
တရုတ်နိုင်ငံမှ လူနည်းစုတိုင်းရင်းသားမျိုးနွယ်တစ်စုကတော့ ထူးခြားဆန်းပြားသည့် ၎င်းတို့ ၏ရိုးရာဓလေ့ 
တစ်ခု ဖြင့် ကျင်းပလေ့ ရှိကြပါတယ်....
A signboard about the festival is seen on a street in Ejia town
ထိုပွဲတော်အကြောင်းရေးထားတဲ့ ဆိုင်းဘုတ်ပါတဲ့ ....
ဘာတွေရေးထားလည်းဆိုတာတော့ တရုတ်လို တတ်တဲ့ မကိ တို့ ၊ မနိုင်းနိုင်းတို့ သာ သိမှာပါပဲ...

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ အီဂျာ မြို့ တွင်နေထိုင်ကြသည့် ယီ မျိုးနွယ်စုဝင် အိမ်ထောင်မကျသေးသည့် အ
ပျိုများကား ထိုလ ၁၄ရက်၊၁၅ ရက်၊၁၆ ရက်နေ့ များတွင်လမ်းများပေါ်သို့ ထွက်ပြီး "ထိကြမယ်ဟေ့ ကောင်း
ကောင်း "( လက်ဖက်ရည်မတိုက်ပဲ၊ နို့ နှိုက်နိုင်မည့် ပွဲတော် ) ပွဲတော်တစ်ခုဆင်နွှဲလေ့ ရှိကြပါတယ်...
ရာဇ၀င်မဟုတ်သော ဒဏ္ဍာရီများအရ ထိုပွဲတော်ဟာ အေဒီ ၅၈၁-၆၁၉ ကာလများအတွင်း ဆွေနန်းဆက်
အုပ်စိုးသည့် အချိန်တွင် ယီမျိုးနွယ်ဝင် လူငယ်များအားလုံး စစ်တပ်အတွင်းသို့ အတင်းအဓမ္မစုဆောင်းခြင်းခံ
ကြရပြီး တိုက်ပွဲများအတွင်းကျဆုံးခဲ့ ကြရာမှစတင်ခဲ့ တယ်လို့ ဆိုပါတယ်...
စစ်ပွဲအတွင်းကျဆုံးသူများအားရည်စူးပြီး တစ္ဆေကြီး ပူဇော်ပွဲများကျင်းပခဲ့ ကြရာ ကံအားလျော်စွာပင် ထိုကာ
လဟာလည်း ( ရိုးရာတစ္ဆေကြီးပွဲကျင်းပရာ ) ၇ လပိုင်းနှင့် အတူကျရောက်နေခဲ့ တာဖြစ်ပါတယ်...

၎င်းတို့ ၏ထူးခြားသောယုံကြည်ချက်မှာ တိုက်ပွဲအတွင်းကျဆုံးသွားသူများဟာ ချစ်သူ၊ရည်းစား မိန်းကလေး
များနှင့် အထိအတွေ့ မရှိခဲ့ သူများမို့ ကောင်းရာမွန်ရာဘုံဘ၀သို့ မရောက်ရှိနိုင်ကြရှာသော်ဟူ၏...
ထို့ ကြောင့် ထိုသေဆုံးသူများဟာ ၎င်းတို့ နှင့် အတူ တမလွန်ဘ၀သို့ အဖော်အဖြစ်ခေါ်ဆောင်သွားနိုင်ရန် အ
ပျိုစင် ၁၀ ယောက်ကို အလိုရှိကြပါတယ်...
ဒါကြောင့် ၎င်းတို့ နှင့် အတူမရဏနိုင်ငံသို့ လိုက်ပါရမည့် အမျိုးသမီးများအဖြစ် ရွေးချယ်ခံရခြင်းမှလွတ်ကင်း
စေရန်( အမှန်အကန်မဟုတ်တော့ ပဲ၊ ယင်ဖိုတောင်မသန်းဖူးသေးတဲ့ အပျိုစင်မဟုတ်တော့ စေရန် ) အသက်
၁၅ နှစ်အထက်ရှိ မိန်းကလေးများဟာ ( လမ်းပေါ်ထွက်ပြီး ) အမျိုးသားများအား ၎င်းတို့ ၏ရင်သားများအား
ထိတွေ့ ၊ ကိုင်တွယ်ကြဖို့ တောင်းဆိုလေ့ ရှိခဲ့ ကြပါတယ်...
ထိုစဉ်ကတည်းကစပြီး ထိုအလေ့ အထကို မျိုးဆက်ပေါင်းများစွာ လက်ဆင့် ကမ်းပြီး လိုက်နာကျင့် ကြံခဲ့ ကြ
တာဖြစ်ပါတယ်


Ref:kyarpan blog's

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!