Popular Posts!

Tuesday, September 24, 2013

iPhone 5s လက်ဗွေဖတ်စနစ်၏ လုံခြုံမှုအား စိုးရိမ်နေသည့် အမေရိကန် လွှတ်တော်အမတ်


အမေရိကန် အထက်လွှတ်တော်အမတ် Al Franken သည် iPhone 5s နှင့်အတူ Apple မှ မိတ်ဆက်ပေးခဲ့သည့် လက်ဗွေဖတ်စနစ် (Fingerprint Scanner) အား အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များ လုံခြုံရေးအတွက် စိုးရိမ်ပူပန်လျက်ရှိပြီး Apple ထံသို့ တရားဝင် ရှင်လင်းချက် တောင်းခံထားကြောင်း သိရှိရသည်။


iPhone 5s ပါ ဤလက်ဗွေဖတ် လုံခြုံရေးစနစ်သည် သမားရိုးကျ ဂဏာန်း ၄ လုံး ရိုက်သွင်းရသည့် လုံခြုံရေးနစ်အစား သုံးဆွဲသူ၏ လက်ဗွေအား Home ခလုတ်မှ ဖတ်ရှုစစ်ဆေး ပေးမည်ဖြစ်သည်။


ဆီနိတ်တာ Franken ကမူ အဆိုပါ လက်ဗွေဖတ် လုံခြုံရေးနစ်သည် မသမာသူများမှ ဖောက်ထွင်းဝင်ရောက် နိုင်ခဲ့ပါက ကြီးမားသည့် နောက်ဆက်တွဲ ပြဿနာများ ပေါ်ပေါက်လာမည်ကို စိုးရိမ်လျက်ရှိသည်။ သမားရိုးကျ Password များအနေဖြင့် မသမာသူများက သိရှိနိုင်ရန် ခက်ခဲသလို ဖောက်ထွင်းဝင်ရောက် ခံရသည့်တိုင် အသစ်ပြင်ဆင် အသုံးပြုနိုင်မည် ဖြစ်သည်။


သို့ရာတွင် လူတစ်ဦး၏ လက်ဗွေရာဆိုသည်မှာ လက်ချောင်းများ ထိတွေ့ခဲ့သည့် နေရာတိုင်းတွင် ကျန်ရှိနိုင်ခဲ့ရာ လျှို့ဝှက်ဖို့ မဆိုထားနှင့် မသမာသူများ အနေဖြင့် ပိုမိုလွယ်ကူစွာ ရယူနိုင်သည့် အခြေအနေရှိနေသည်။ Mr. Franken က “တိုတိုနဲ့ လိုရင်းကို ပြောရရင်တော့ မသမာသူ ဟက်ခ်ကာတွေသာ သင့်ရဲ့ လက်ဗွေရာကို ရယူနိုင်ခဲ့ပြီဆိုရင် သင့်ရဲ့ကိုယ်စား သင့်ကိုယ်ပွားအဖြစ် ဟန်ဆောင်ပြီး တစ်သက်သာ လုပ်ချင်တာ လုပ်လို့ရသွားပါပြီ။” ဟု ထောက်ပြသွားခဲ့သည်။


Apple Inc. အနေဖြင့် တစ်စုံတစ်ရာ တုန့်ပြန်ဖြေရှင်းခြင်း မရှိသေးသော်လည်း ဤနည်းပညာသည် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်ပြီး စိတ်ချရသည့် လုံခြုံရေးစနစ်ဟု ယခင်က ပြောကြားထားခဲ့သည်။


Apple ၏ အဆိုအရ လက်ဗွေဖတ် လုံခြုံရေးစနစ်နှင့် သက်ဆိုင်သည့် အချက်အလက်များအား အခြားသော app များနှင့် Apple ၏ server များနှင့် ဆက်နွှယ်မှုမရှိသည့် ဖုန်း၏မှတ်ဥာဏ်အတွင်း သိုမှီးထားကြောင်း သိရှိရသည်။ ထို့အပြင် Apple အနေဖြင့် ပိုမိုလုံခြုံမှု ရှိစေရန်အတွက် ဖုန်းအား restart လုပ်ပြီးပါက သမားရိုးကျ passcode ထည့်သွင်းစေခြင်းနှင့် ဖုန်းအား ၄၈ နာရီကြာ အသုံးပြုခြင်း မရှိခဲ့ပါက passcode ပြန်လည်ထည့်သွင်းစေခြင်းတို့ကို ပြုလုပ်စေမည်ဖြစ်သည်။


ထို့အပြင် မသမာသူ တစ်ဦးတစ်ယောက်က လက်ဗွေရာအား တစ်နည်းနည်းဖြင့် ရယူပြီး ပုံတူကူးကာ အသုံးပြုနိုင်မည် မဟုတ်ကြောင်း သိရှိရသည်။ အဘယ်ကြောင့်ဆိုသော် ဤလက်ဗွေဖတ်စနစ်သည် လူသားတစ်ဦး၏ sub-epidermal layer ခေါ် အရေပြား၏ ဒုတိယအလွှာအား တိုက်ရိုက် ဖတ်ရှုသောကြောင့်ဖြစ်ကြောင်း သိရှိရသည်။


သုံးစွဲသူများ အနေဖြင့်လည်း လက်ဗွေဖတ် လုံခြုံရေးစနစ်အား ယုံကြည်စိတ်ချမှု မရှိပါက disable လုပ်ကာ သမားရိုးကျ passcode ကိုသာ အသုံးပြုနိုင်မည်ဖြစ်သည်။
Ref:Myawady News


iPhone 5S လက်ဗွေစနစ်ဖောက်နိုင်လျှင် ဆုကြေးငွေရမည်

iPhone 5S လက်ဗွေလုံခြုံရေးစနစ်ကို ဖောက်နိုင်သူများကို တကယ် ဆုချ မှာပါ။ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃၀၀၀ ရဖို့က သေချာနေပါတယ်။

ဆုချမယ့် ဝဘ်ဆိုဒ်က http://istouchidhackedyet.com/ ဖြစ်ပါတယ်။ ဆုကြေးငွေပေးအပ်မယ့်သူတွေက ပိုပိုပြီးတော့များလာပါပြီ။ ဒီတော့ iPhone 5S နဲ့ fingerprint ID touch ကို Hack ဖို့ကြိုးစားသူများလည်း များသထပ် များလာပြီ ဖြစ်ပါတယ်။ Fingerprint touch ID sensor မှာ Radio Frequency Scanner တစ်လွှာ ပါဝင်ပါသေးတယ်။ ယင်း အလွှာက ဖိလိုက်တဲ့ လက်က သွေးခုန်နှုန်း ရှိလား မရှိဘူးလားကို အာရုံခံပေးမှာ ဖြစ် ပါတယ်။ ဒီတော့ လက်ဖြတ်ပြီး Home button မှာ သွားဖိလည်း ဖုန်းက ပွင့်မှာ မဟုတ်ပါဘူး။ Apple က အဲ့လိုမျိုး လည်း စီမံဖန်တီးထားပါတယ်။

ဟာ့ဒ်ဝဲအရရော၊ firmware/software အရရော အားနည်းချက် လုံးဝ မရှိအောင် Apple က ဖန်တီးထားကြောင်း တရားဝင် ပြောကြား ထားပြီး သားပါ။ သို့ပေမယ့် ဇူကာဘတ်ရဲ့ Facebook Timeliine ကိုတောင် ပါလက်စတိုင်းက ဟက်ကာတစ်ယောက် ဝင်ဖောက် နိုင်ခဲ့သေးတာပဲ။ Apple ထုတ် iPhone ရဲ့  နောက်ဆုံးထွက် 5S ကိုလည်း အပြစ်ကင်းတယ်လို့တော့ ပုံသေ ပြောလို့ မရပါဘူး။ Fingerprint ID ဖောက်ချင်သူများ ဆုရမရ ကတော့ စောင့်ကြည့် ရအုံးမှာ ဖြစ်ပါတယ်။


iPhone 5S လက်ဗွေစနစ် ဟက်ကာတို့ ဖောက်နိုင်ပြီ

ဂျာမနီနိုင်ငံ ဘာလင်မြို့ အခြေဆိုက် Chaos Computer Club (CCC) လို့အမည်ရတဲ့ ဟက်ကာအဖွဲ့ဟာ iPhone 5S နဲ့ Touch ID fingerprint Scanner ကို အလွယ်တကူ ဖောက်ထွင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 


ဖောက်တယ်ဆိုလို့ ဝက်အူရစ်၊မူလီတို့နဲ့ ဖောက်တာ ကို ပြောတာမဟုတ် ပါဘူး။ လက်ဗွေ အတုနဲ့ ဖုန်း လုံခြုံရေး စနစ်ကို ကျော်ဖြတ်တာ ဖြစ်ပါတယ်။ သူတို့ ရှင်းပြထားချက်က ဒီလိုပါ။ iPhone 5S မှာ ထူးခြားသွားတဲ့ လုံခြုံရေး စနစ်က အရည်အသွေးပိုကောင်းတဲ့ High resoulution ဓာတ်ပုံ ကိုရိုက်ကူး သိမ်းဆည်းထားခြင်းသာ ဖြစ်ပြီး ယင်းကဲ့သို့ အလားတူ ဓာတ်ပုံကို ဖန်တီးနိုင်ရင် အလွယ်တကူ ဖောက်ဝင်နိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူရဲ့  လက်ဗွေ မူရင်းကို ၂၄၀၀ dpi အရည်အသွေး ရရှိဖို့လိုအပ်တယ်။ ပြီးရင် ယင်းလက်ဗွေကို Laser printer နဲ့ 1200 dpi အထိ အနိမ့်ဆုံးအရည် အသွေးနဲ့ ပြန်လည်ထုတ်လိုက်နိုင်ရင် iPhone 5S ပေါ်မှာ အသုံးပြုလို့ ရသွားပါပြီ။

လေဆာနဲ့ Print လုပ်ထား တဲ့ ယင်း လက်ဗွေ အခွံကို လက်ထိပ်မှာကပ်ပြီး ဖိဖွင့်လိုက်ရုံပဲ ဖြစ်ပါတယယ်။ ပိုပြီး ရှင်းလင်း သွားအောင် အောက်ပါ ဗီဒီယိုကို လေ့လာကြည့်ရှု နိုင်ပါတယ်




ဒီအတွက် ဆုချဖို့ ကြေညာထားတဲ့ ဟက်ကာအဖွဲ့အစည်းများ ကို ပြန်လည် စစ်ဆေးမှု ပြုလုပ်နေပါပြီ။ တကယ်မှန်တယ်ဆိုရင် ဆုကြေးငွေ အတော်လေးရမယ့် ဖောက်ထွင်းမှုကြီးပါ။ Apple ရဲ့  iPhone 5S ကို ဖြန့်ဖြူး ရောင်းချတဲ့ ရက်ပိုင်းအတွင်းမှာပဲ Hack လုပ်နိုင်ကြောင်း Claim လုပ်ကြတဲ့ အဖွဲ့အစည်းနဲ့ Individual တွေ များနေပါပြီ။ Apple က ဘယ်လိုတုန့်ပြန်ပြောဆိုမယ် ဆိုတာကိုလည်း စောင့်ဆိုင်းနားစွင့်လျက် ရှိကြကြောင်း သိရပါတယ်။
.
Ref:mashable

အောင်ခမ်း (TSJ Team)


No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!