တရားဝင်တောင်းပန်မှ သရဖူပြန်ပေးမယ်ဟု မေမြတ်နိုး တုန့်ပြန်
Miss Asia Pacific 2014 ပြိုင်ပွဲမှာ သရဖူရရှိခဲ့တဲ့ အလှမယ် မေမြတ်နိုးဟာ အမေရိကန်ဒေါ်လာ ၁ သိန်း တန်ဖိုး ရှိတဲ့ သရဖူကို ယူပြီး တိမ်းရှောင်နေပါတယ်ဆိုပြီး မူလအဖွဲ့အစည်း ဖြစ်တဲ့ Miss Asia Pacific World Organization က သတင်းတွေ ဆက်တိုက် ထုတ်ပြန်ခဲ့တဲ့ အတွက် အဲဒီ အဖွဲ့အစည်းအနေနဲ့ မေမြတ်နိုးနဲ့ မြန်မာနိုင်ငံကို တရားဝင် တောင်းပန်မှသာ ဒီသရဖူကို ပြန်ပေးနိုင်မယ်လို့ မေမြတ်နိုးက ပြောဆိုလိုက်ပါတယ်။
အခုလို မဟုတ်မမှန်သတင်းတွေ လုပ်ကြံလွှင့်ပြီး မြန်မာနိုင်ငံကို စော်ကားတဲ့အတွက်ကြောင့် ကိုရီးယား အဖွဲ့အစည်းကို တရားဝင် တောင်းပန်ပါလို့ စက်တင်ဘာ ၂ ရက်နေ့ မနက် ၁၀ နာရီခွဲက ရန်ကုန်မြို့ ဦးဝိစာရလမ်းပေါ်က House of Memory စားသောက်ဆိုင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက သတင်းမီဒီယာတွေကို ပြောပါတယ်။
အလှမယ် မေမြတ်နိုး ရရှိခဲ့တဲ့ သရဖူကို ပြန်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်နေ့ ညပိုင်းမှာ ကိုရီးယားနိုင်ငံရဲ့ မူလ အဖွဲ့အစည်းဖြစ်တဲ့ Miss Asia Pacific World Organization က တရားဝင် စာထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီနောက်မှာ မေမြတ်နိုးဟာ အမေရိကန် ဒေါ်လာ ၁ သိန်းတန်တဲ့ သရဖူကို ယူပြီး တိမ်းရှောင်နေပါတယ်လို့ အဆိုပါ အဖွဲ့အစည်းက ဆက်လက် သတင်းထုတ်ပြန်ခဲ့ပါတယ်။
မေမြတ်နိုးဟာ ကိုရီးယားအဖွဲ့အစည်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ စည်းကမ်းတွေကို လိုက်နာမှု မရှိခြင်း၊ စည်းကမ်းများ ဖောက်ဖျက်ခြင်း၊ သတင်း မီဒီယာများအပေါ် လိမ်လည်ခြင်း အစရှိတာတွေအပြင် မေမြတ်နိုးရဲ့ အမေဖြစ်သူက ကိုရီးယားကို တရားမဝင် ဗီဇာအတု လုပ်ကိုင် ဝင်ရောက်မှုတွေ ရှိတာကြောင့် သရဖူ ပြန်သိမ်းရခြင်း ဖြစ်တယ်လို့ ကိုရီးယားအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။
မေမြတ်နိုးက သတင်းစာ ရှင်းလင်းပွဲမှာ “ မြန်မာအမျိုးသမီး တယောက်ရဲ့ ဂုဏ်သိက္ခာကို ရိုက်ချိုးပြီး မြန်မာနိုင်ငံကို စော်ကားတဲ့ Organization က ပေးတဲ့ သရဖူကို မလိုလားပါဘူး၊ တန်ဖိုးလည်း မထားပါဘူး။ ကျမ အရှေ့မှာ ရှိနေတဲ့ ဒီသရဖူကို ဖြစ်နိုင်ရင် အခုချက်ချင်းတောင် ပြန်သွားပေးလိုက်ချင်ပါတယ်။ ဒါပေမယ့် သူတို့ပေးတဲ့ စာထဲမှာ နေရှင်နယ် ဒါရိုက်တာကို သွားပေးလိုက်ပါဆိုပြီး ရေးထားပါတယ်။ ဒါကို ကျမ လုံးဝ လက်မခံပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံကလူ ဖြစ်ပြီး မြန်မာနိုင်ငံ မကောင်းဘူးဆိုတာ နိုင်ငံတကာကို လိုက်ပြောတယ်။ ကိုရီးယားနိုင်ငံက အဖွဲ့အစည်းကိုလည်း မြန်မာနိုင်ငံက မကောင်းဘူး ပြောတယ်၊ ကျမရဲ့ မကောင်းကြောင်းကို တချိန်လုံး လိုက်ပြောနေတဲ့ နေရှင်နယ် ဒါရိုက်တာ၊ ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ မယ်တွေကို တယောက်မက၊ နှစ်ယောက်မက သရဖူ လိုက်သိမ်းနေတဲ့ စိတ်ဓာတ်မျိုးကိုလည်း မကြိုက်တဲ့အတွက် သူတို့ကို ဘယ်လိုနည်းနဲ့မှ ကျမက သရဖူ ပြန်မအပ်ချင်ပါဘူး” လို့ ပြောပါတယ်။
ကိုရီးယားနိုင်ငံက မူလအဖွဲ့အစည်းဟာ အလှသရဖူဆုရှင် မေမြတ်နိုးကို အဖွဲ့ဝင် ၄ ဦးပါတဲ့ MAPI ဆိုတဲ့ Girl Band ထောင်ပေးဖို့ ကိုရီးယားနိုင်ငံကို ခေါ်ယူခဲ့ကြောင်း၊ ဒါပေမယ့် ကိုရီးယားနိုင်ငံ ရောက်တဲ့ အခါမှာ အဲဒီ Band မထောင်ပေးတော့ဘဲ အစီအစဉ် ပြောင်းသွားပြီး အလှမယ်တဦး အနေနဲ့ အနုပညာ အလုပ်တွေလုပ်ဖို့ ခေါင်းအစ ခြေအဆုံး အလှပြုပြင်ပေးဖို့ ကိုရီးယားနိုင်ငံရဲ့ ဘူဆန်မြို့ကို ခေါ်သွားခဲ့ကြောင်း၊ ဘူဆန်မြို့မှာ ပလတ်စတစ် ဆာဂျရီ လုပ်ပေးပြီးရင် ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အတူနေပြီး စပွန်ဆာ ရှာရမှာ ဖြစ်ကြောင်း၊ အဲဒါမှ အဆင်မပြေရင် ဂျပန်ကိုပို့ပြီး စပွန်ဆာ ရှာခိုင်းမှာဖြစ်ကြောင်း အဖွဲ့အစည်းက ပြောလာတဲ့အတွက် မေမြတ်နိုးက မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်တယ်လို့ ယူဆပြီး သူတို့ပြောတာ လက်မခံဘဲ မြန်မာပြည်ကို ပြန်လာတာ ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ မေမြတ်နိုးက ပြောခဲ့ပါတယ်။
၎ နှစ်ပြည့်လာပြီဖြစ်တဲ့ Miss Asia Pacific World ပြိုင်ပွဲဟာ အငြင်းပွားဖွယ်ကိစ္စတွေနဲ့ သတင်းထွက်လာခဲ့တာ အခုတကြိမ် ပထမဆုံး မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ် ပြိုင်ပွဲတုန်းကလည်း ပြိုင်ပွဲမစသေးခင် ကတည်းက ဗင်နီဇွဲလား အလှမယ်ကို ရွေးဖို့ လုပ်ခဲ့တယ်ဆိုပြီး ပြိုင်ပွဲဝင် Wales အလှမယ် Amy Willerton နဲ့ အလှမယ်တွေက စွပ်စွဲမှုတွေ ဖြစ်ခဲ့တယ်။ ပွဲစီစဉ်သူတွေနဲ့ အချင်းပွားတဲ့ မှတ်တမ်းကို YouTube မှာ “Confessions of a Beauty Queen” နာမည်နဲ့ တင်ထားတာ အလှမယ်အသိုင်းအဝိုင်းမှာ ဖြန့်ကြ ကြည့်ကြတယ်။ အဲဒီထဲမှာ ပြိုင်ပွဲဝင် အလှမယ်တချို့က ပွဲစီစဉ်သူတွေဟာ ဆုချိတ်ချင်ရင် သူတို့နဲ့ အိပ်ဖို့ တောင်းဆိုကြောင်းနဲ့ ရဲကို စုံစမ်းအရေးယူဖို့ တောင်းဆိုရာမှာ လာဘ်ပေးလာဘ်ယူတာတွေ ရှိကြောင်း စွပ်စွဲပြောဆိုတာတွေ ပါတယ်။ ပွဲစီစဉ်သူတွေကတော့ ဒါတွေဟာ ကောလာဟလတွေလို့ ပယ်ချပြီး ရဲက စစ်ဆေးပြီးသားလို့ ဆိုနေပါတယ်။
အခုမေမြတ်နိုးကိစ္စမှာ ပြောစရာတခုက အသက်မပြည့်တာပါ။ မေမြတ်နိုးဟာ ၁၉၉၈ ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသက် ၁၆ နှစ်သာ ရှိသေးသူ ဖြစ်ပါတယ်။ မယ်တယောက်အနေနဲ့ ဝင်ပြိုင်မယ်ဆိုရင် အသက် ၁၈ နှစ် ပြည့်ရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ Passport မှာ အသက်အမှန်ကို ဖော်ပြထားပေမယ့် မယ်ပြိုင်ပွဲဝင်မယ့် လျှောက်လွှာမှာတော့ အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်တယ်လို့ ဖြည့်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဖြည့်တာကို မြန်မာပြည်က Organization ကော၊ ကိုရီးယားနိုင်ငံက မူလအဖွဲ့အစည်းကပါ သိပြီး လက်ခံခဲ့တာ ဖြစ်ပါတယ်။
အခုလို သရဖူပြန်သိမ်းတယ်ဆိုတဲ့ သတင်း ထုတ်ပြန်ချက်ဟာ မေမြတ်နိုး မြန်မာနိုင်ငံကို ပြန်ဖို့ လေယာဉ်ပေါ် တက်ပြီးမှ ထုတ်ပြန်လိုက်တာ ဖြစ်တဲ့အတွက် သူမြန်မာနိုင်ငံ ပြန်ရောက်မှသာ သူ့သရဖူ ပြန်လည် သိမ်းကြောင်း သိရှိရတာ လို့ မေမြတ်နိုးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဆက်ပြီး မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းတဲ့ အနေနဲ့ သူ့ကိုကော၊ မြန်မာနိုင်ငံကိုပါ ကိုရီးယား အဖွဲ့အစည်း ဘက်က တောင်းပန်စာ ပေးပို့မှသာ မြန်မာနိုင်ငံက သက်ဆိုင်ရာ လူကြီးတွေရဲ့ ရှေ့မှောက်မှာ ဒီသရဖူကို ပြန်ပေးမယ်လို့ ဆိုပါတယ်။
“နိုင်ငံတကာက ဒိုင်တွေ ခေါ်ပြီး သေသေချာချာ စည်းမျဉ်း စည်းကမ်းတွေနဲ့ ရွေးထားပြီး ရခဲ့တဲ့ သရဖူကို ကိုရီးယား Organization ကိုပဲ ပြန်အပ်ဖို့ အစီအစဉ်ရှိပါတယ်။ သို့ပေမယ့်လည်း ကိုရီးယား Organization က ကျမကို ဒီလို အသရေဖျက်မှုတွေ၊ မြန်မာနိုင်ငံ မကောင်းကြောင်းတွေ၊ လိမ်လည်မှုတွေ၊ စွပ်စွဲမှုတွေနဲ့ မေမြတ်နိုးက သရဖူကို ခိုးပြီး ပြန်သွားပါတယ်ဆိုပြီး ရေးထားတယ်။ မေမြတ်နိုးကို ရေးထားတာ မဟုတ်ဘဲ Myanmar Beauty Queen လို့ ရေးထားတဲ့အတွက် ဒါမြန်မာနိုင်ငံကို စော်ကားတာနဲ့ အတူတူပါပဲ။ သူတို့ဘက်ကနေ သူတို့အမှားကို ကျမ အမှားပါလို့ ပုံချပြီးတော့ မြန်မာနိုင်ငံကို ရှုတ်ချတဲ့ စကားတွေနဲ့ နိုင်ငံတကာကို ဖြန့်တဲ့အတွက် သူတို့ဆီက တောင်းပန်စာ လိုချင်ပါတယ်” လို့ မေမြတ်နိုးက ပြောပါတယ်။
နေရှင်နယ် ဒါရိုက်တာ မလှနုထွန်းကတော့ မေမြတ်နိုးဟာ အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့အတွက် မိခင်ဖြစ်သူက ကိုရီးယား အဖွဲ့အစည်းနဲ့ တိုက်ရိုက် စကားပြောပြီး တိုက်ရိုက်အုပ်ချုပ်ခွင့် တောင်းလိုက်တာကြောင့် ဇွန်လ ၁၅ ရက်နေ့ ကတည်းက အဆက်အသွယ် မရှိတော့ပါဘူးလို့ ဧရာဝတီကို ပြောပါတယ်။
“သူ့အမေကလည်း သူ့သမီးလေးက ၁၆ နှစ်ပဲ ရှိသေးတဲ့အတွက် တိုက်ရိုက် အုပ်ချုပ်ခွင့် တောင်းတယ်။ အဲဒီနောက်ပိုင်း မေမြတ်နိုးနဲ့ အဆက်အသွယ် မရှိတော့ပါဘူး။ သူ ကိုရီးယား သွားတာ ကြားတယ်။ အခုအချိန်ထိ ကျမနဲ့ သူတို့
အဆက်အသွယ် မရှိပါဘူး။ အခု သရဖူ သိမ်းတဲ့ ကိစ္စမှာလည်း ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ ကျမ မသိဘူး။ ကျမက အလယ်လူလေ။ သူ့အုပ်ထိန်းသူ သူ့မေမေနဲ့ အတူ ကိုရီးယားကို သွားခဲ့ကြတယ်။ ဟိုဘက်အဖွဲ့အစည်း ကနေ ၂၇
ရက်နေ့မှာ စာထုတ်လိုက်ပြီး မြန်မာပြည်မှာ ကျမကိုပဲ သူတို့က သိတာကြောင့် သရဖူကို ကျမကို အပ်လိုက်ပါဆိုပြီး ပြောတာပါ” လို့ နေရှင်နယ် ဒါရိုက်တာ မလှနုထွန်းက ပြောပါတယ်။
ဒါ့အပြင် သူက ဆက်လက်ပြီး အခုလက်ရှိမှာ သရဖူကို လက်ခံဖို့ ကိုရီးယား တယောက်လည်း ရှိနေတာကြောင့် အဆိုပါ ကိုရီးယားနိုင်ငံသား လက်ထဲကိုလည်း အပ်နိုင်တယ်လို့ ဆိုပါတယ်။
မလှနုထွန်းဟာ သိပ်မကြာသေးခင်ကလည်း Miss Global Myanmar 2014 သရဖူ ရရှိထားသူ အသက် ၁၇ နှစ် အရွယ် အလှမယ် ဂျူးစံသာဆီက သရဖူ ပြန်လည် သိမ်းယူခဲ့ပါတယ်။
ဒီလို အလှမယ်တွေ အပေါ် သရဖူပြန်သိမ်းမှုတွေ ဆက်တိုက် ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး မလှနုထွန်းက “မေမြတ်နိုး သရဖူကို ကျမက သိမ်းတာ မဟုတ်ပါဘူး။ ဟိုဘက်က သိမ်းမယ်ဆိုတော့တောင် ကျမက မသိမ်းဖို့ တောင်းပန်ခဲ့ ပါသေးတယ်။ ဂျူးစံသာကိုတော့ ကျမတို့ ချမှတ်ထားတဲ့ စည်းကမ်းတွေကို သူက မလိုက်နာ တာကြောင့် ကျမတို့က
ပြန်သိမ်းလိုက်တာပါ” လို့ ရှင်းပြပါတယ်။
မေမြတ်နိုးရဲ့ သတင်းစာရှင်းလင်းပွဲကို လာတက်ခဲ့သူ တဦးဖြစ်ပြီး ၂၀၁၃ ခုနှစ် တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ Asia New Star Model ပြိုင်ပွဲမှာ Asia New Star Model Grand ဆုရရှိခဲ့သူ မော်ဒယ်လ် ထွန်းကိုကိုက “အမှန်တရားသိချင်လို့ ဒီ သတင်းစာ ရှင်းလင်းပွဲကို လာဖြစ်တယ်။ ဒီလို မသမာတဲ့ ပွဲကြီးမှာ ရခဲ့တဲ့ သရဖူကို အသိမ်းခံရတဲ့အတွက် ပြန်ပေးရမယ်ဆိုလည်း ကျေနပ်ပါတယ်။ ကိုယ့်နိုင်ငံမှာ ဒီလို မသမာတဲ့ သရဖူကြီးကို မရှိစေချင်ဘူး။ ကျနော့်တုန်းကတော့ အခက်အခဲဆိုတာ မရှိခဲ့ပါဘူး။ ကိုရီးယားကိုသွားတယ်၊ ပြိုင်တယ်၊ ဆုရခဲ့တယ်၊ ပြန်လာတယ်။ မေမြတ်နိုးကိုတော့ အားမငယ်ဖို့ အားပေးစကား ပြောကြားချင်ပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
Ref:irrawaddy burmese
ထူးခြားဖြစ်ရပ်လေးတွေနှင့် အမိမြေက ရွှေပြည်သူတွေမျော်လင့်သလိုဖြစ်မလာကျဘဲ အရှက်ခွဲခံလိုက်ရတဲ့ ရွှေမယ်လေးရယ် ခေတ်သစ်လွှတ်လပ်သောဒီမိုကရေစီကိုချီတက်နေပြီး နိုင်ငံတကာမှာရေပန်းစား နာမည်ကြီးလှတဲ့ ဖူးပွင့်စမျက်နှာငယ်လေးရွှေမယ်လေးညိုညက်ပြာလေးရဲ့ နိုင်ငံသစ်တခုလေး အဖြစ်လေး ကိုက ဆိုးလှပါတယ်....
ရွှေလူကြီးတွေရဲ့နေရာတကာဝင်စွတ်ဖက်တတ်တဲ့အကျင့်တွေ၊ အုပ်ချုပ်သူအဖွဲ့အစည်းရဲ့ စည်းကမ်းမရှိ စနစ်မကျမှုတွေနှင့် အားလုံးသော လောဘ၊အတ္တတွေကြောင့် လူသစ်တန်း ရွှေမယ်ခလေးမလေးခင်ဗျာ... ရေတိမ်နှစ်ခဲ့ရပြီလေ....
ရွှေမမလေးတွေရဲ့ စင်ပေါ်ရောက်တော့ အောက်ခြေလွှတ်ပြီး မိမိကိုယ်ဟုတ်လှလျချည်ရဲ့ဆိုတဲ့ အတ္တလေး တွေပြင်သင့်နေပါပြီ၊ မိမိကိုပြုစုပျိုထောင်ပေးတဲ့ ဆရာသမားတွေကို ကျေးဇုူးကန်းစကားတွေ အပြောအဆို အပြုအမှုလေးတွေကိုလဲ မလုပ်ကျဖို့နှင့် သတိထားကျပါလို့.....
အခုလဲ တောက်လျှောက်ဆိုသလို နောက်ထပ်ရွှေမမလေးတွေ အောင်မြင်နေတာတွေ့ရပါလိမ့်မယ်၊ တကမ္ဘာလုံး ရွှေမမလေးတွေကို စိတ်ဝင်စားနေချိန်ပါနော်...
ခေတ်သစ်ဒီမိုကရေစီအရှင်းရှင်စနစ်သစ်ရဲ့ လူသားအရင်းအမြစ်လုပ်အားခတွေကိုတောင်မပေးချင်ကျသေး တဲ့ အမိမြေကလူတွေဘယ်လိုလုပ်ပြီး နိုင်ငံတကာကကုမ္ဗဏီတွေနှင့် ယှဉ်နိုင်ဦးမှာလဲဗျ၊ နိုင်ငံတကာ မှာလက်ရှိကျင့်သုံးနေတဲ့ အကျိုးတော်ဆောင်ယူတာ(ပွဲခ)ကို အမိမြေကရွှေတွေက မရင်းနှီးသေးတော့ မပေးချင်ကျသေးဘူးဗျ၊ အလကားဖြတ်စားတယ်လို့ဘဲ ထင်နေသေးတဲ့ စိတ်ဓာတ်လေးတွေလဲ ပြင်သင့်နေပါပြီ၊ သူတို့ရင်းနှီးထားတဲ့ အချိန်လေးတွေ၊အချက်အလက်တွေနှင့်အဆက်အသွယ်လေးတွေကို အချိန်ကုန်ပြီး ဘယ်သူကမှ အလကားမရနိုင်ပါဘူး၊ သူတို့ရင်နှီးထားတာလေးကိုတော့ ပြန်လိုချင် ကျမှာပါဘဲ၊ အားလုံးကစီးပွားရေးလုပ်နေကတာဆိုတော့ အကျိုးအမြတ်တွေမရရှိဘဲနှင့် ဘယ်လုပ်ငန်း မှ ရေရှည်မရပ်တည်နိုင်ပါဘူးဆိုတာသိထားစေချင်ပါတယ်...
နှစ်ပေါင်း ၆၀လောက် နောက်ကျကျန်နေတဲ့ အမိရွှေလေးတွေမသိသေးတဲ့ နိုင်ငံတကာက Sub Contract ဆိုတဲ့ တဆင့်ခံလုပ်ငန်း အဆင့်ဆင့်နည်းတွေနှင့် ကုန်ထုတ်လုပ်ငန်းကြီးတွေ ဆောင်ရွက်နေတာကြာပါပြီ၊ အားလုံး အဆင့်ဆင့်စုပေါင်းစပ်ပေါင်းလုပ်ဆောင်ကျတာပါ၊ ဆိုလိုတာက ပစ္စည်းတခုကို စက်ရုံတခုထဲ မှာမထုတ်ဘဲ တခြားအသေးစားစက်ရုံတွေမှာအော်ဒါမှာထုတ်စေပြီး နောက်မှာပေါင်းစပ်ပြီး မိမိတံဆိပ်တပ်ထုတ်လုပ်စေ တာပါ၊ ဒါမှာလဲ စရိတ်သက်သာပြီး အရင်းနှီးအနည်းငယ်နှင့် လုပ်ငန်းစ လို့ရတာပါ၊ ဒါမျိုးလေးတွေ အမိပြည်မှာ ဘာဆိုဘာမှ မရှိသေးတော့ အသေးစားစက်မှု လုပ်ငန်းငယ်လေး တခုအဖြစ် စတင်ရတာအရမ်းကိုခက်ပါတယ်၊ နည်းပညာနှင့် ဘာကုန်ကြမ်းမှမရှိလို့ပါဘဲ။
မိမိကို ရွှေလိုခေါ်နေတဲ့ ရွှေနိုင်ငံသားတွေ တယောက်နှင့် တယောက် သစ္စာမရှိကျတာနှင့် စည်းလုံးမှု မရှိကျတဲ့ ရွှေမမလေးတွေကြောင့် ကမ္ဘာသိ နိုင်ငံ သိက္ခာပါကျခဲ့ရပါပြီလေ၊ နောက်ထပ် ရွှေမယ်မလေးတွေ သင်ခန်းစာယူနိုင်ကျပါစေတော့လို့ သတိပေးလိုက်ပါရစေ....လောဘကြီးတာတွေ လွန်လွန်းတယ်.. ရေရှည်စားရမဲ့ အကျိုးအမြတ်များတဲ့ ထောင်သောင်းချီ ငွေကြေးလေးတွေ လက်လွှတ်လိုက်ရပြီလေ။
မြန်မာဟာ ဒီပုံအတိုင်းဆို နိုင်ငံတကာတွေနဲ့ယှဉ်ပြီး စည်းကမ်းတကျမလုပ်တတ် ကြတော့ဘူးလား၊ ကိုရီးယားတွေ ပြောသလို စည်းကမ်းမရှိတော့တာ တကယ်ပဲလား၊ ကိုယ့်ကိုယ် ကိုယ်သာမှန်ကြည့်ပြီး သာဖြေပါ တော့ကွယ်၊ အချင်းချင်းညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့စိတ် ကြောင့် ဒီလိုနိုင်ငံတကာမယ်ဆု ကိုတောင်ရပြီးမှ ပြန်လွှတ်လိုက်ရတာက ရာဇဝင်ထဲမှာ ကားရားကြီးကျန်ခဲ့ပြီ။
လှတာမက်လို့ ညစာခက်ရပြီ
တိုင်းရေးပြည်ရေး၊ခေါင်းလောင်း အ ရေး၊ နဂါးရေးတွေနဲ့ရှုပ်ယှက် ခတ်နေ တဲ့ချာရာဏသီမြန်မာ ပြည်ကြီး မှာ သိုးသိုးသံ့သံ့လေး တွေကြားနေရတာ ကတော့ အလှ မယ်လေးတွေရဲ့ သရဖူဇာတ် လမ်း တွေပါပဲ။ အလှမယ် တွေ နဲ့ သူတို့ ရဲ့အဖွဲ့အစည်းတွေ အကြား သရဖူတွေသိမ်းလိုက် အပြိုင် အဆိုင် ပြန်ရှင်းကြနဲ့ ပြဿနာတွေ တိုးတိုးကျိတ်ကျိတ်ဖြစ်နေတာကတော့ ကြာပါပြီ။
မနေ့ညကတော့ အထင်ကရ ထုတ်ပြန် ချက်တွေနဲ့ ကြားလိုက် ရတာက အိုပါးတို့ဌာနေတောင်ကိုရီး ယား ပြည်ကြီးမှာ မယ်ဘွဲ့ယူထားတဲ့ အလှမယ်လေး ရဲ့သရဖူကို ကိုရီးယား အဖွဲ့က ပြန်သိမ်းလိုက်တယ်ဆိုတယ်။
ဘာတွေဖြစ်ကြသတုံးပေါ့ မေးကြမြန်းကြပါဦးပေါ့။
တကယ်တော့ မယ်တွေမှာ ဆုအသိမ်းခံရတာ မဆန်းပါဘူး တဲ့။ ၁၉၈၃ ခုနှစ်လောက်မယ် အမေရိကဆုကိုရခဲ့တဲ့ ဗာနက် ဆာဝီလျံဆိုရင်လည်း အဲဒီလိုသရ ဖူဆုသိမ်းခံရတယ်။ မယ်ရပြီးမှ သူ့ရဲ့ကိုယ်လုံးတီးပုံတွေရိုက်ထား တာပေါ်သွားလို့ပါ။ မကြာသေးမီ က ထိုင်းနိုင်ငံရဲ့ မယ်စကြဝဠာဆု ရရှိသူကလေးကလည်း သူ့ရဲ့မယ် ဆုကို ပြန်အပ်ခဲ့တယ်။ သူလေးက တော့ ရွေးချယ်မှုမှာ မကျေမနပ် ဝေဖန်တာတွေကို မခံစားနိုင်လို့ပါ တဲ့။ အဲဒီလိုမျိုး ရာဇဝင်တွေရှိ တယ်။ ဒါပေမဲ့ မြန်မာမယ်တွေ သရဖူအသိမ်းခံရတာကျတစ်မျိုး။
မြန်မာနိုင်ငံက ပြုပြင်ပြောင်း လဲရေးတွေနဲ့ ကမ္ဘာကြီးကို လမ်း ဖွင့်ပေးလိုက်တဲ့အခါ မြန်မာမယ် အလှပဂေးလေးတွေလည်းပါတာ ပေါ့။ တစ်သက်လုံး ကိုယ့်တိုင်း ပြည်မှာပွဲတိုးနေရာကနေ ကမ္ဘာ ကို မြန်မာအလှတွေပြဖို့ မြန်မာ မယ်လေးတွေက ချီတက်ကြ တော့တာပဲ။ အားပေးတဲ့သူတွေ ကလည်း အုန်းအုန်းထလို့ပေါ့။ မျိုး ချစ်စိတ်ဓာတ်က ဒါမျိုးမှာတော့ တာကျိုးသွားမယ်လေ။ ခွေးကိုက် တာတောင် ကိုယ့်ခွေးနိုင်ချင်တဲ့ စိတ်တွေရှိသူမဟုတ်လား။
ပြည်တွင်း၊ ပြည်ပမြန်မာ တွေကလည်း ကိုယ့်အလှမယ် လေးတွေ နိုင်ငံတကာကိုချီတက် အလှပြိုင်ရင် ကွန်ပျူတာမောက်စ် တွေကိုင်ပြီး တစ်ခဲနက်အားပေး ကြပါတယ်။ ဒါကြောင့် အခုဆိုရင် မယ်တွေကလည်း ပေါလာလိုက် တာ လမ်းသွားလို့ခလုတ်တိုက် ရင်တောင် မယ်ဖြစ်နေပြီ။
ဒါပေမဲ့ မြန်မာမယ်တွေကို အုန်းအုန်းကျွက်ကျွက်အားပေးသူ တွေ မေ့နေတာက အလှမယ်အဖွဲ့ အစည်းဆိုတာ တိုင်းပြည်ဂုဏ်ကို ဆောင်တာတို့၊ မြန်မာအလှကို ကမ္ဘာကသိအောင် ဖော်ထုတ်တာ တို့ စကားလေးတွေ အလှဆင် ထားပေမယ့် စီးပွားရေးလုပ်ငန်း တစ်ခုဆိုတာပါ။ မယ်ကိုမြေ တောင်မြှောက်ပေးတဲ့အဖွဲ့ အစည်းနဲ့ အလှမယ်တို့ရဲ့ အပေး အယူကို ကြားကပရိသတ်မြှောက် စားမှုနဲ့လုပ်ကြတဲ့ စီးပွားရေးလုပ် ငန်းပါ။ မိန်းမလှလေးတွေနဲ့ စီးပွားရေးသမားတွေကြားက လုပ်ငန်းခွင်တစ်ခုပေါ့။ မယ်စကြဝဠာလို မယ်အဖွဲ့အစည်းတွေကိုကြည့်လိုက် သူဌေးကြီး ဒေါ်နယ်လ်ထရမ့်လိုသူတွေ တောင်ပါတာပေါ့။
အခုမြန်မာမှာ အပြိုင်းအရိုင်း ပေါ်လာတဲ့ ကမ္ဘာ့အလှမယ်အဖွဲ့ အစည်းတွေရဲ့ မြန်မာပြည်ကိုယ်စားလှယ်ဖြစ်ဖို့၊မြန်မာကိုယ်စားပြုမယ်ရွေးရမယ့်အဖွဲ့အစည်းဖြစ်ဖို့ ဆိုတာက နိုင်ငံခြားအဖွဲ့အစည်းဆီမှာ လုပ်ကိုင်ခွင့်လိုင်စင်သွားဝယ်ရပါတယ်။ ဈေးကတော့ ကိုယ်စားလှယ်လုပ်မယ့် မယ်ဘွဲ့ကကြီးရင်ကြီးသလိုပေါ့။
ဒေါ်လာသောင်းချီပေးရပါ တယ်။ ဒီလိုလုပ်ပိုင်ခွင့်ရမှ နိုင်ငံ ကိုယ်စားလှယ်မယ်ရှာစပွန်ဆာ ရှာပွဲလုပ်ပြီး မယ်ကိုမြေတောင် မြှောက်ပေးရတယ်။ မယ်နာမည် ကြီးရင် သူတို့လည်း အကျိုးအမြတ်ရှိလာမယ်လေ။
တချို့အလှမယ်အဖွဲ့ အစည်းတွေကတော့ ဂုဏ်သိက္ခာနာမည်နဲ့ အသေအချာလုပ်ကြတာပါ။ စည်းကမ်းတွေလည်းကြီး တယ်။ ဥပမာ မယ်စကြဝဠာဆို ရင် နိုင်ငံကိုယ်စားပြုမယ်ရွေးဖို့ ကိုယ်ကြိုက်တဲ့လူကို ကျိတ်လွှတ် လိုက်လို့မရဘူး။ သက်ဆိုင်ရာ တိုင်းပြည်မှာ ပြိုင်ပွဲလုပ်ပြီး ရွေးမှ လက်ခံတယ်။ ဆုဆိုလည်း သေချာထိုက်ထိုက်တန်တန်ပေးတယ်။ တချို့ကတော့ ဟန်ပြထားတဲ့လုပ်ငန်း သက်သက်ပါ။ ဝင်သာပြိုင်တယ် ဆုငွေလည်းမပေးဘူး။ မယ်က နာမည်ကြီးရုံလောက်ပဲရပြီး သူ တို့ကတော့ မယ်နာမည်ကြီး အောင်လုပ်ပေးတဲ့အတွက် အနု ပညာဝင်ငွေထဲက အချိုးကျပေးရ တာပေါ့။
ဘာပဲပြောပြော သူ့ဘာသာ နှစ်ဦးနှစ်ဖက်ကျေနပ်ကြရင်ပြီး တာပါပဲ။ ကိုယ်တွေအတွက်တော့ ရေကူးဝတ်စုံလေးတွေဝတ်ထား တဲ့ လှလှပပမယ်လေးတွေကို ကြည့်ရတာ စိတ်ချမ်းသာဖို့ တကယ်ကောင်း၊ နိုင်လာရင်လည်း တိုင်းပြည်အတွက် ဂုဏ်ယူစရာပဲ ပေါ့။ အလှပဂေးလေးတွေရဲ့ တိုင်းပြည်ပေါ့။ အဲဒါကြောင့် တိုင်းပြည်လည်းပွင့်ရော မြန်မာမှာမယ်တွေတစ်ခေတ်ဆန်းကြတော့တာပါပဲ။
အစောပိုင်းတုန်းက မြန်မာ မယ်တွေကလည်း ပွဲတိုးခါစဆို တော့ နိုင်ငံတကာအတွေ့အကြုံ ကလည်းမရှိဘူး။ ကိုယ့်ဆီမှာက လှလှချည်၊ ချောလှချည်ဆိုပေမယ့် နိုင်ငံတကာမျက်စိနဲ့က တိုးဦးမှ။ အဲဒါကြောင့် နန်းခင်ဇေ ယျာတို့၊ ခင်ဝင့်ဝါတို့လို မယ်တွေ ဆိုရင် ဆုကြီးတစ်ခုမှ မချိတ်ဘူး။ နောက်ဆုံးဆန်ခါတင်မှာတောင် မပါကြဘူး။ မျိုးချစ်စိတ်နဲ့ မဲပေး ကြတဲ့ အွန်လိုင်းမဲတွေနဲ့ပဲဆုရ တယ်။ ဒါပေမဲ့ အိုကေပါ။ ပြဿ နာမရှိဘူး။ နောက်လူတွေက သူ တို့အတွေ့အကြုံကနေ တဖြည်း ဖြည်းသင်လာကြတာပေါ့။
ဟော အခုနောက်ပိုင်း မယ် တွေဆို မြန်မာအကြိုက် တောင့် တောင်ဖြောင့်ဖြောင့် ဖြူဖြူဖွေး ဖွေး ရေဆေးငါးကြီးတွေထက် နိုင်ငံတကာအကြိုက် ရှည်ရှည်မျောမျောပိန်ပိန်ပါးပါး ညိုပြာညက်လေးတွေဖြစ်လာပြီလေ။ အထင်ရှားဆုံးကတော့ မေမြတ်နိုးပေါ့။ သူကလေးကအရပ်ကလည်း နိုင်ငံတကာ အရပ်အမောင်း။ လူကလည်း ညိုပြာညက် ပိန်ပိန်ပါးပါး။ဘိုစကားလေးကလည်းတတ်။ ပံ့ပိုးသူ အဖွဲ့အစည်းကလည်းကောင်းတော့ အရင်မယ်တွေလို နှစ်သိမ့်ဆုတွေ မဟုတ်ဘဲ တကယ့်မယ်ဘွဲ့ဆုကြီးကို ဆွတ်ခူးသွားပါလေရောလား။ တကယ့်ဖိလစ်ပိုင်မယ်တွေ၊ ကိုရီးယားနဲ့ အာရှပစိဖိတ်ဒေသက မယ်တွေကိုကျော်ဖြတ်ပြီး ရတာဆိုတော့ မြန်မာတွေဆိုတာ ပျော်လွန်းလို့ ထတောင်ခုန်ကြသူတွေရှိသတတ်။တုနိုင်ပါရိုးလားပေါ့ လေ။
ဒါပေမဲ့ ပျော်ရွှင်မှုတွေ မပီ ပြင်မှာမီပင် နောက်ပိုင်းငိုချင်းချ စရာတွေလည်း ပေါ်လာပါပြီ။ ဒီမို ကရေစီမှာတောင် မြန်မာစံထုံး၊မြန်မာနည်းလမ်း ဒီမိုကရေစီဆို တာရှိတယ်မဟုတ်လား။ အခု လည်း မြန်မာထုံးစံ၊ မြန်မာမှု အတိုင်း အကွဲအပြဲဇာတ်လမ်းတွေက စတင်လာပါပြီ။
အလှမယ် မေမြတ်နိုးနဲ့ အဖွဲ့အစည်းအကြား အနုပညာ ကြေးရာခိုင်နှုန်းနဲ့ပတ်သက်ပြီး ပြဿနာတွေဖြစ်ကြတာပါ။ ညှိ လို့မရ၊ နှိုင်းလို့မရ၊ တောင်းပန်လို့ မရ ဖေ့စ်ဘွတ်ခ်မှာတင် အပြိုင် အဆိုင်ကြေညာချက်တွေထုတ် ကြတော့ လူတွေကလည်း ဟိုဘက် သည်ဘက်ပါ သူကပါ၊ အလယ်ကလူစကားဝဲ၏ လုပ်သူ ကလုပ်ပေါ့၊ တကယ်တော့ အလှ မယ်ဘက်ကလည်း အဖွဲ့အစည်း နဲ့ပူးပေါင်းဆောင်ရွက်ရမှာဖြစ် သလို အဖွဲ့အစည်းကလည်း စတင်အလုပ်လုပ် ကတည်းက စည်းကမ်းတွေကို သေချာရှင်းလင်းပြောကြားရမယ်ဖြစ်ပါတယ်၊ နိုင်ငံတကာမှာ လည်း ဒီလိုပဲလုပ်ကြတာပါ၊ အခုရှုပ်မှ နောင်ရှင်းဆိုသလိုပေါ့။
နောက်ဆုံးအဖြစ်အပျက်က တော့ အားလုံးသိကြတဲ့အတိုင်း ပါပဲ၊ ကိုရီးယားအဖွဲ့က ရွှေပေ လွှာထုတ်ပြီး သူတို့ပေးထားတဲ့ မယ်ဆုနဲ့ သရဖူကိုသိမ်းပါတယ်၊ ပြုံးစရာကောင်းတာက အဲဒီမယ် ပွဲမှာ ဒုတိယဆုရသူက ကိုရီးယား မယ်ဆိုတော့ ပထမဆုရတဲ့ မြန်မာမယ် ဆုအသိမ်းခံရတော့ ဒုတိယဆုရသူ ကိုရီးယားမယ်က အလိုအလျောက်သရဖူရသွား တာပေါ့။ဟင်း.. ဟင်း မလွှဲသာ မရှောင်သာလို့ နိုင်ငံတော်တာဝန်ကို ယူလိုက်ရသလိုမျိုးပေါ့လေ။ သရဖူကိုသိမ်းတဲ့ ကြေညာလွှာထဲမှာတော့ မြန်မာမယ်ဟာ စည်းကမ်းမရှိဘူး။ အဖွဲ့အစည်းကို သစ္စာမရှိဘူး။ ချစ်ခင်နှစ်လိုဖွယ်ရာမကောင်းဘူးလို့ ကိုရီးယားတွေက ခပ်တင်း တင်း ပြောထားကြတယ်။ သူတို့ကတော့ အဒေါ့် ယောက်ျားအရင်းဦးလေးကိုတောင် ကမ္ဘာသိသတ်ပစ်လိုက်သည်အထိ သစ္စာရှိတဲ့ယဉ်ကျေးတဲ့လူမျိုးတွေဆိုတော့ ပြောအား ရှိတာပေါ့။
ဇာတ်ပေါင်းထုပ်တော့ ငွေကြေးတွေစိုက်ထုတ်၊ အချိန်တွေ အကုန်ခံအားပေးသူတွေ အသံကုန် လည်ချောင်းနာအားပေးခဲ့လို့ ဆုရခဲ့တဲ့ ပထမဆုံးမြန်မာရဲ့ နိုင်ငံတကာမယ်ဆုကြီးက ပလုံသွား တာပေါ့ကွယ်။ မယ်ဆုသိမ်းရတဲ့ အကြောင်းရင်းက မယ်အမေရိကဗက်နာဆာလို မလုံ့တလုံပုံတွေ ရိုက်လို့လည်းမဟုတ်။ ထိုင်းမယ်လိုမျိုးမယ်ဆုနဲ့ မထိုက်တန်လို့ တခြားပြိုင်ပွဲဝင်တွေက ကန့်ကွက် ကြတာလည်းမဟုတ်။ တကယ့်ကို ပြိုင်ပွဲမှာ ဒိုင်လူကြီးတွေနဲ့ ဗိုလ်ပုံအလယ်မှာ အမှန်အကန် အသေအချာရွေးချယ်ထားတဲ့ ဆုကြီးကို မြန်မာအဖွဲ့အစည်းနဲ့ မြန်မာမယ်တို့ကြားက ပြဿနာ ကြောင့်ဆုံးရှုံးရပြီ။ မြန်မာဟာ ဒီပုံ အတိုင်းဆို နိုင်ငံတကာတွေနဲ့ယှဉ်ပြီး စည်းကမ်းတကျမလုပ်တတ် ကြတော့ဘူးလား။ ကိုရီးယားတွေ ပြောသလို စည်းကမ်းမရှိတော့ တာ တကယ်ပဲလား။ ကိုယ့်ကိုယ် ကိုယ်သာမှန်ကြည့်ပြီးသာဖြေပါ တော့ကွယ်။ အချင်းချင်းညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့စိတ် ကြောင့် ဒီလိုနိုင်ငံတကာမယ်ဆု ကိုတောင်ရပြီးမှ ပြန်လွှတ်လိုက်ရတာက ရာဇဝင်ထဲမှာ ကားရားကြီးကျန်ခဲ့ပြီ။
အခုကျတော့ အဖွဲ့အစည်း က တာဝန်ရှိသူကရော မယ်က ရော သူတို့မှာ အပြစ်မရှိကြောင်း အပြန်အလှန်ကြေညာချက်တွေ နဲ့ရှင်းကြတယ်။ အလှမယ်သရဖူ ကြေညာစဉ်ကလို မျက်လုံးလေး ဝိုင်း ပါးစပ်လေးပွင့်ပြီး များတို့ ဘာမှမသိရပါဘူးပေါ့ဆိုတယ်။ ဒါဆိုရင်တော့ တာဝန်ရှိသူတွေက၊ အပြစ်ရှိသူတွေက ဘယ်သူလဲ။ မြန်မာမယ်ဆိုပြီး မျိုးချစ်စိတ် ဓာတ်နဲ့ အားပေးခဲ့ကြသူတွေပေါ့။ ကွန်ပျူတာမောက်စ်ကိုင်ပြီး အာခေါင်ခြစ် အားပေးခဲ့ သူတွေ ပေါ့။
ကိုယ်ကအားပေး၊ သူတို့ချင်း ပြဿနာတက်။ ဟော အခုဆုပြန် သိမ်းတော့ အားပေးသူလည်း ကြားထဲကနေ ပေါတောတော တွေဖြစ်မကုန်ဘူးလား။ မယ်ပွဲ တွေမှာ ညဘက်အိပ်ရေးတွေပျက် အွန်လိုင်းကနေ မဲနှိပ်တော့ ဖုန်းခ ကုန်။ အလုပ်တွေပျက်ရတော့ နောက်ဆုံးတော့ အသည်းကွဲဖို့ပဲလား ဆိုတာမျိုးဖြစ်ရပြီ။ လှတာမက်ခဲ့ကြတာကိုးကွယ်၊ညစာခက် တာဘာများ ဆန်းတော့မလဲ။
(ဖော်ပြပါ သရော်စာသည် စာရေးသူဦးရီး၏ အာဘော်သာဖြစ်သည်။)
Ref:7daynews
သရဖူသိမ်းခံရတဲ့ မေမြတ်နိုး... ကိုရီးယားအဖွဲ့အစည်းနဲ့ ဘာတွေဖြစ်ခဲ့သလဲ
- လွင်မာထွန်း |
မြန်မာနိုင်ငံရဲ့ ပထမဆုံးနိုင်ငံတကာသရဖူပိုင်ရှင်ဖြစ်တဲ့ Miss Asia Pacific World 2014 အလှမယ် မေမြတ်နိုး ကို အဖွဲ့အစည်းမှ သရဖူပြန်သိမ်းလိုက်လို့ ဩဂုတ်လ ၂၇ ရက်နေ့မှာ သတင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဩဂုတ်လဒုတိယသီတင်းပတ်ကတည်းက အနုပညာလုပ်ငန်းများလုပ်ဆောင်ရန် တောင်ကိုရီးယားနိုင်ငံမှာရောက်ရှိနေတဲ့ အလှမယ်ဟာ အဲဒီနေ့မှာပဲ မြန်မာနိုင်ငံကိုပြန် လည်ရောက် ရှိ လာခဲ့တယ်လို့ သိရပါတယ်။
Miss Asia Pacific World Organization ရဲ့ သတင်း ထုတ်ပြန်ချက်ထဲမှာ မေမြတ်နိုးဟာ အဖွဲ့အစည်း၊ နေရှင်နယ်ဒါရိုက်တာ တို့အပေါ် လိမ်လည်ကာ လေးစား ရိုသေ မှုမဲ့ပြီး သူ့မိခင်ဖြစ်သူကလည်း ကိုရီးယားနိုင်ငံမှာ နေထိုင်ဖို့အတွက် ဗီဇာရယူတဲ့အပေါ်မှာ တရားမ၀င် နည်းလမ်းများကို သုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မေမြတ်နိုးဟာMiss Asia Pacific World Organization ရဲ့အစီအစဉ်နဲ့ ကိုရီးယားပေါ့ဂဲလ်အဖွဲ့ Mabi Dolls မှာ အဖွဲ့ဝင်တစ်ဦးအဖြစ် အဆိုနဲ့အက လေ့ကျင့်ဖို့အတွက် ဩဂုတ်လ ၁၅ ရက်နေ့မှာမိခင်နဲ့အတူ တောင်ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့တာဖြစ် ပါတယ်။ ဒီခရီးဟာ သုံးလကြာမြင့်မှာဖြစ်ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့မှ မြန်မာပြည်ကိုပြန်ရောက်မယ်လို့ ခရီးမထွက်ခွာမှာမြန်မာတိုင်း(မ်)ကို မေမြတ်နိုးက ပြောခဲ့ပါတယ်။
ကိုရီးယားအဖွဲ့အစည်းအနေနဲ့ မေမြတ်နိုးနဲ့ပတ်သတ်ပြီး တခြားပြဿနာများလည်းရှိသေးပေမယ့် အသေးစိတ်မဖော်ပြချင်ဘူးလို့ ဆိုထားပါ တယ်။ မေမြတ်နိုးဟာ Miss Asia Pacific World 2014သရဖူပိုင်ရှင်အဖြစ် သူလုပ်ရမယ့် တာဝန်ဝတ္တရားများကို ထမ်းဆောင်နိုင်မယ် ဆိုတာ အယုံအကြည်မရှိတော့ဘူးလို့လည်း ဖော်ပြထားပြီး နောက်ထပ် အရည်အချင်းပြည့်ဝတဲ့ အလှမယ်တစ်ဦးကို ရွေးချယ်မယ်လို့လည်း ဖော်ပြထားပါတယ်။
မေမြတ်နိုးတို့သားအမိကို ၂၈ ရက်နေ့လေယာဉ်နဲ့ မြန်မာပြည်ပြန်သွားဖို့စီစဉ်ပေးခဲ့ပြီး ပြန်ရောက်တာနဲ့ မြန်မာနိုင်ငံရဲ့နေရှင်နယ်ဒါရိုက်တာ ဒေါ်လှနုထွန်းထံ သရဖူနဲ့ စလွယ်ကို ပြန်လည်ပေးအပ် သွားရမယ် လို့လည်း ထုတ်ပြန်စာထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။
မေမြတ်နိုးကို တောင်ကိုရီးယားကို စေလွှတ်ပြီ ပြိုင်ပွဲဝင်စေခဲ့သူ မြန်မာနိုင်ငံရဲ့နေရှင်နယ်ဒါရိုက်တာ ဒေါ်လှနုထွန်းကတော့ တောင်ကိုရီးယားမှာ မေမြတ်နိုးနဲ့ အဖွဲ့အစည်းတို့ ဘာတွေဖြစ်တယ်ဆိုတာ အသေးစိတ်မသိပါဘူးလို့ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
"ပြီးခဲ့တဲ့ ဩဂုတ် ၂၅ရက်နေ့က ကိုရီးယားနိုင်ငံအဖွဲ့အစည်းက အစ်မကို ဖုန်းဆက်လာပါတယ်။ သူတို့ ပြီးခဲ့တဲ့ ဇွန်လကတည်းက သရဖူပြန်သိမ်းဖို့ တားမြစ်ခဲ့တာကြောင့် အခုလိုမျိုးတွေဖြစ်လာရဆိုပြီး အစ်မကို အပြစ်တင်ခဲ့ပါတယ်။ သူတို့ ဟိုမှာဘာတွေဖြစ်ခဲ့လည်း အစ်မ မသိပါဘူး။မေမြတ်နိုးက သူတို့အပေါ်မှာ မလေးမစားဆက်ဆံပြီး လေ့ကျင့်ရေးပေးမယ့်အချိန်မှာ သူ့ရဲ့အမေကို မြန်မာနိုင်ငံကို ပြန်ခိုင်းခဲ့ပေမယ့် မေမြတ်နိုးရဲ့အုပ်ထိန်းသူ၊ မန်နေဂျာအနေနဲ့ သူရှိဖို့လိုတယ်ဆိုပြီး အတင်းမပြန်ဘဲ ဗီဇာကိုလည်း ကိုရီးယားအဖွဲ့အစည်းဘက်က ဩဂုတ်လ ၂၉ ရက်နေ့အထိသာ မိခင်ဖြစ်သူအတွက် ဖိတ်ကြားခဲ့ပေမယ့် တရားမ၀င်တဲ့နည်းလမ်းများနဲ့ သုံးလအတွက်ဖန်တီးထားတယ်ဆိုတာမျိုးတွေ ဖြစ်ခဲ့တယ်လို့ အစ်မကိုပြောပါတယ်"လို့ ပြောပါတယ်။
မေမြတ်နိုးတို့ဘက်ကလည်း သူနဲ့ဘာမှ မပတ်သက်ဘူးလို့ အတိအလင်းကြေငြာထားပြီးဖြစ်တဲ့အတွက် သူ့အနေနဲ့ တောင်ကိုရီးယားနိုင်ငံဆီ ထွက်သွားတာတောင် မသိလိုက်ဘဲ အခုကိစ္စကိုလည်း ဟိုဘက်က အကြောင်းကြားမှသာ သိရတာလို့ ပြောပါတယ်။
"လွန်ခဲ့တဲ့ဇွန်လတုန်းက ဒီမှာ မြတ်နိုးနဲ့ အစ်မနဲ့ ဖြစ်တဲ့ ပြဿနာကိုသိပြီး သရဖူပြန်လည်သိမ်းမယ်ဆိုတဲ့ သတိပေးထုတ်ပြန်စာကို ပို့ပေးခဲ့ ပါတယ်။ ဒါပေမဲ့ အစ်မက ကြားထဲကနေ ကလေးမို့လို့ ဒီလိုမျိုးဖြစ်တာပါဆိုပြီး တောင်းပန်ခဲ့ပါတယ်။ မေမြတ်နိုးကသာ တောင်းပန်မယ်ဆိုရင် လက်ခံပေးပြီး ခွင့်လွှတ်ပေးလိုက်ဖို့ ပြောခဲ့တာကြောင့် မေမြတ်နိုးကို စာကိုပြခဲ့ပြီး သူ့ဘက်က တောင်းပန်ခဲ့တာကြောင့် ဒီအဖြစ်မျိုးက ဖြစ်မလာခဲ့ပါဘူး။ ဒါပေမဲ့လည်း အဲဒီအချိန်နောက်ပိုင်းမှာ အစ်မက သုံးဆယ်ရာခိုင်နှုန်းလိုချင်တာကြောင့် ဒီလိုမျိုးတွေကို ဖန်တီးခဲ့တယ်ဆိုပြီး သူတို့ဘက်ကပြောဆိုခဲ့ကာ ကိုယ့်ဘက်ကပဲ အလျော့ပေးပြီး လုပ်ပိုင်ခွင့်တွေအကုန်လုံးကို သူတို့နဲ့ ကိုရီးယားအဖွဲ့အစည်းနဲ့ တိုက်ရိုက်ဆက်သွယ် ခဲ့တာဖြစ်တယ်"လို့ ဒေါ်လှနုထွန်းက ပြောပါတယ်။
ကိုရီးယားအဖွဲ့အစည်းမှ မြန်မာပြည်ပြန်ဖို့ စီစဉ်ပေးခဲ့ပြီး ပြန်ရောက်တာနဲ့ သူ့ထံမှာ သရဖူ ပြန်အပ်ဖို့ စီစဉ်ပေးခဲ့ပေမယ့် ဘယ်သူ့ကိုမှ အကြောင်းမကြားဘဲ လက်မှတ်ဝယ်ပေးထားတဲ့ရက်ထက် တစ်ရက်စောပြီး ပြန်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။
"၂၇ ရက်နေ့မှာ သားအမိနှစ်ယောက်စလုံး ပစ္စည်းများနဲ့ပျောက်သွားတာမို့ စုံစမ်းကြည့်တဲ့အခါ လက်မှတ်ကို ၂၇ ရက်နေ့ကို ပြောင်းလဲပြီး ပြန်သွားကြတာမို့ ကြေညာချက်ကို လူသိရှင်ကြားထုတ်ပြန်လိုက်တာပါ"လို့ ဒေါ်လှနုထွန်း ကဆိုပါတယ်။ ၂၇ ရက်နေ့ညထဲက ရန်ကုန်ပြန်ရောက်နေပေမယ့် မေမြတ်နိုးအနေနဲ့ သူ့ထံကို အခုချိန်ထိအဆက်အသွယ် မပြုလုပ်သေး ဘူးလို့လည်း ဆိုပါတယ်။
မြန်မာတိုင်း(မ်)ကလည်း မေမြတ်နိုးထံ အကြိမ်ကြိမ်ဖုန်းဆက်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။
Ref:Myanmartime
နိုင်ငံတကာသတင်းတွေမှာဖတ်ကြည့်လိုက်ပါအုံး...
Miss asia Pacific world ကိုးရီးယားမဖွဲ့အစည်းနှင့် ပြဿနာတက်ဖူးတဲ့ Miss တွေရဲ့ဗီဒီယိုလေးတွေပါ....
Organizer lied about Myanmar beauty queen’s age, dethroned her
Lee Tae-hoon
Organizer lied about Myanmar beauty queen’s age, dethroned her over human rights complaints
‘Myanmar police’s hunt for ‘stolen’ tiara begins following BBC’s advice’
May Myat Noe, Myanmar’s first international beauty queen was too young to enter Miss Asia Pacific World and was stripped of her title for borrowing money for $18 bras and complaining about a violation of her human rights, according to a senior official of the beauty contest Saturday.
May Myat Noe is still only 15 years old despite the fact the organizer’s website states that she is 18 years old, the minimum age required to enter the contest, said Y.C. Choi, the founder and president of Miss Asia Pacific World.
“Her birthday is on Oct. 13, 1998,” he reluctantly acknowledged.
He, however, argued that he belatedly learned about her real age by checking her passport in early May, just days before the opening of the contest.
The top official also claimed that the teenage girl was mature enough to enter the beauty pageant as well as to undergo breast augmentation surgery.
“She is already mature. She is 173 cm tall and will not grow taller,” he argued.
“Our minimum required age is 18. (We demand the minimum age) might be (18 years old). It is not a must. Might be 18 years old.”
Contrary to his claims, the organization’s official website states that “All submissions should be female, single between the ages of 18-27 years old.”
When asked what prompted him to disqualify May Myat Noe as the winner of Miss Asia Pacific World 2014, Choi argued that she disgraced the organization by borrowing money to buy $18 bras after breast implants.
“Her breasts became bigger after undergoing the surgery on the weekend. She said a brassiere is $18 and she needed to buy one because her breasts became bigger,” he said, stressing that he urged her to wait until his staff member would bring five large bras to her on Monday.
“Nevertheless, she complained that she had no food to eat. And she borrowed money from a nurse because of 18,000 won($18). This was something we could not tolerate.”
Choi claimed that May Myat Noe borrowed money from the nurse twice even though she was accompanied by her mother, who he claims to have refused to pay a cut to her Myanmar agent and his organization even though her daughter earned about $30,000 for appearing in a TV commercial thanks to her title as a beauty pageant winner.
“Don’t you think threatening is necessary if one does not behave even after being educated?” he asked, adding that she did not live up to the organization’s expectations and irritated him by demanding schedules in advance.
“She argued that our organization had no specific plan for the three months and demanded that she live with her mother for the period,” he said.
May Myat Noe arrived in Korea on Aug. 19 with her mother upon Miss Asia Pacific World ‘s invitation for training.
The Letter of Termination (Click to enlarge it)
Regarding her mother’s alleged “illegal attempt to get a three-month visa,” Choi replied that he rejected her demand to stay with her mother because she was unwilling to pay extra expenses incurred due to her mother’s extended stay.
The organizer says the Myanmar beauty queen was invited to stay in Korea for three months to prepare for her singing debut and was asked to share an apartment with former contestants, such as Diana Starkova, who became the winner of Miss Asia Pacific World 2011.
Starkova won the title in 2011 after the organizer dethroned Jung Eun-a of Korea, who had to step down one day after her coronation, and Florima Treiber of France who was also dethroned later for allegedly challenging the authorities of the organization.
In an interesting twist, Amy Willerton, who fled the competition in 2011 with representatives from Guyana and Costa Rica, for allegedly being offered votes in exchange for sex, won the Miss Universe Great Britain 2013.
Choi acknowledged that many mishaps, such as mistakenly announcing Jung as the winner, happened in 2011, but he claimed that all the accusations against his organization have been found to be groundless.
He went on to say that Starkova also received breast implants from the same doctor who operated on May Myat Noe.
“This is a big thing for all contestants because it is free and Korea is the world’s top destination for plastic surgery. Everyone wants it,” he said. “What is true is that she is lying and it is unprecedented.”
He went on to say that his organization and the Korean Association in Myanmar filed a police report in the Southeast Asian country for the stolen crown and sash upon BBC’s advice.
“BBC gave us the advice,” he said.
He had allegedly threatened to file a $3 billion lawsuit against the British broadcaster for falsely accusing his organization of being corrupt.
Choi underlined that his organization did not force May Myat Noe to undertake breast surgery and has not been involved in any major scandal over the past few years.
He also elaborated that his organization notified the termination of the Myanmar teenager’s contract on Aug. 26 and found that she disappeared with the tiara and sash next day.
On the price of the tiara, Choi claimed that the media is exaggerating the figures.
“A main designer and students worked on the tiara for six weeks. We didn’t say it is price tagged at $100,000,” he said, noting that one of his sponsors gave it for free and the actual cost would be much less than reported.
As for the breast implants, he also noted that the doctor, who is his acquaintance, generously provided it without charging any fees.
The media bombarded the Myanmar teenager girl on the weekend for allegedly running off with a $100,000 tiara after being stripped of her title as Miss Asia Pacific World 2014.
The Associated Press and many other news outlets, including the Guardian, claimed that Myanmar’s first international beauty queen lost her title because of being rude and dishonest even though “sponsors picked up the $10,000 tab” for her breast enlargement operation.
May Myat Noe said in her facebook page that she will hold a press conference at the House of Memories in Yangon on Sept. 2.
Myanmar started sending contestants to international beauty competitions for the first time in decades in 2012.
ဒီမှာ သင်တို့ရဲ့ဆန္ဒလေးတွေကို vole! ပြီး အားပေးလိုက်ကျပါအုံး...ဘာဖြစ်သင့်ပါသလဲ?
Ref:http://www.koreaobserver.com