Popular Posts!

Tuesday, October 14, 2014

ငြီးငွေ့ပျင်းရိကြည့်နေရသလိုပါပဲလား


အဲဒီ့မှာ အသိမ်းခံထားကြရတဲ့ လယ်မြေဧကပေါင်းက နည်းနည်းလေး မဟုတ်ဘူး။ ဧက သိန်းဂဏန်းကျော် ရှိတာ။ နောက်ပြီး တာဝန်မဲ့ စကားပြောချင်တိုင်းပြောတဲ့ ဌာနဆိုင်ရာ အစိုးရ အရာရှိကြီး တချို့ကျ တော့လည်း လူထုကို မတူမတန် သလို ပြောလေ့ပြောထ ရှိနေကြပြန် တာက "အေး ... ခုတော့ ... အော်လို့ ရနေတုန်း အော်ကြပေါ့" တဲ့။ တချို့ကျတော့လည်း "မင်းတို့ အော်ချင်တာ အော်ဖို့ ငါတို့က ဒီမြို့မှာ ဟစ်တိုင်နေရာထားပေးပြီးပြီလေ။ အဲဒီ့မှာ သွားအော်ကြ" လို့ မထေမဲ့မြင် ပြောကြပြန်တယ်။

------------
ဆောင်းပါးရှင် - ဆောင်းဝင်းလတ်
------------

မြန်မာနိုင်ငံက အစိုးရဝန်ကြီးဌာနတွေ၊ ဦးစီးဌာနတွေနဲ့ သတင်း မီဒီယာတွေကြားမှာ အပြန်အလှန် ဆက်ဆံရေး အပိုင်းတချို့က တော့ "ဖုန်းပိတ် ထားပါတယ်"၊ "အစည်းအ ဝေးခန်းထဲ ဝင်နေပါတယ်"၊ "ဒီကိစ္စ ပြောပိုင်ခွင့် မရှိပါဘူး"၊ "အထက်ကို တင်ပြထားပါ တယ်"၊ "ဒီသတင်း မကြားမိသေးပါဘူး" ဆိုတဲ့ တုံ့ပြန်ချက်တွေနဲ့ စစ်အစိုးရအဆက်ဆက် မှာ အချိန်ကုန်ခဲ့တာ ကာလ ကြာခဲ့ပါပြီ။ အဆိုးဆုံး တုံ့ပြန်မှုကတော့ "ဘာမှမသိပါဘူး" ဆိုတဲ့ အဖြေတွေ ပါပဲ။

ဒီကြားထဲမှာပဲ ဒီနေ့အထိ မီဒီယာသမား တွေကို သာမကဘဲ နိုင်ငံတစ်နိုင်ငံရဲ့ အဓိက လူတန်းစားလို့ဆိုရမယ့် ပြည်သူလူထုကို ဌာ နတချို့က ဆက်ဆံကြ တာတွေဟာလည်း အံ့အားသင့်စရာကောင်းလှပါတယ်။ နယ်ရပ် ဝေးဒေသ တစ်ခုမှာ အမျိုးသမီးတစ်ယောက် က တရားမမှုတစ်ခုကို ရင်ဆိုင်နေရတယ်။ တရားရုံးကို သွားရမယ့်နေ့မှာ အဖော်မရှိလို့ သူနဲ့ရင်းနှီးတဲ့ မိန်းကလေး တစ်ယောက်ကို ခဏလောက်အဖော်လိုက်ခဲ့ပါဆိုပြီး ခေါ်သွားမိခဲ့တယ်။ တရားရုံးရဲ့နားနေခန်းမှာ မြို့နယ် တရားသူကြီးရယ်၊ ဥပဒေအရာရှိရယ်၊ ဥပဒေ အကျိုးဆောင်နှစ်ယောက်ရယ်၊ တခြားဧည့်သည်တွေရယ် ထိုင်နေကြတာ သူတို့က တွေ့ လိုက်ကြရတယ်။

သူတို့နှစ်ယောက်ကိုလည်း တရားသူကြီးက လှမ်းပြီးမြင်နေရတယ်။ တရားသူကြီးက အမျိုးသမီးလို့ သိရပါတယ်။ ဒီမိန်းကလေး နှစ်ယောက်ထဲက တစ်ယောက်ကို လူတွေ ကြားထဲမှာ တရားသူကြီးက လက်ညှိုးငေါက်ငေါက် ထိုးပြီး လှမ်းအော်ပြောလိုက်တာက တော့ ကြမ်းတမ်းရိုင်းပြတဲ့ စကားလုံးတွေ ပဲ ဖြစ်ပါတယ်တဲ့။ နောက်ထပ်ကြုံတွေ့နေရတဲ့ နယ်ဝေးဒေသမှာရှိတဲ့ တရားရုံး တစ်ရုံးမှာကျ တော့လည်း မြို့နယ်တရားသူကြီးက အမှု ချင်းလည်းတူနေတဲ့ တရားခံနှစ်ယောက်မှာ တစ်ယောက်က တရားရုံးကို အရင်ဆုံးရောက် လာတယ်။

အဲ့ဒီလိုပဲ အမှုမျိုးဖြစ်ပြီး နောက်ထပ်ဖမ်း ဆီးရုံးတင်လာတဲ့ တရားခံတစ်ယောက် က လည်း ရှိလာတယ်။ အမှုချင်းကတော့ ပုဒ်မ ချင်းအတူတူပဲ။ ဒါပေမဲ့ တရားသူကြီး က နောက်မှ ရုံးပေါ်တက်လာတဲ့ အမှုနဲ့ပတ်သက် တဲ့ တရားခံကို အရင်ဆုံး အမိန့်ချလိုက်တယ်။ သူ့ထက်စောပြီး ရုံးကိုရောက်လာတဲ့ တရားခံကို ကျတော့ အမိန့်မချသေးဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြို့နယ်တရားသူကြီးကလည်း အပြင်းအထန် ငြင်းဆန်တယ်။

သူ အဂတိလိုက်စားတာ မဟုတ်ဘူးလို့ အပြင်းအထန်ငြင်းဆန်တယ် ။ နောက်ပြဿနာ တစ်ခုကလည်း အစိုးရအရာရှိပဲ။ သူ တာဝန်ယူရတဲ့ ဦးစီး ဌာနဝင်း ထဲမှာ ဆိုင်ခန်းဖွင့် မယ့်သူတွေကို သူက မြေနေရာတွေငှားထား တယ်။ အဲဒီ့မြေနေရာတွေကိုပဲ အဲဒီ့အရာရှိ ထက် ပိုပြီးရာထူးကြီးတဲ့ အဖွဲ့အစည်း က လာ ပြီး ပြန်သိမ်းကြပြန်တယ်။ အတင်းအဓမ္မအင် အားသုံးပြီး ဖယ်ရှား ပစ်လိုက်တယ်။ ဒီတော့ စာချုပ်ချုပ်ပြီး ငှားထားတဲ့ လူထုဘက်က ဒီ ကိစ္စနစ်နာ ဆုံးရှုံးသွားပြီ။ ဘယ်လိုဖြေရှင်းပေး မလဲပေါ့။ ဒီတော့ အဲဒီအရာရှိက ပြောတဲ့စ ကားကလည်း အံ့အားသင့်စရာပါပဲ။

တိုင်ချင်ရင်တိုင်၊ ကြိုက်တဲ့နေရာ သွား တိုင်ဆိုပဲ။ နောက် ပြဿနာတစ်ခုကလည်း နယ်ဒေသမှာ အသိမ်းခံရတဲ့ မြေကိစ္စတွေပဲ ဖြစ်တယ်။ အဲဒါကို ဆွေးနွေးဖို့၊ အသိမ်းခံ ထားရတဲ့ လူထုဘက်က ဆွေးနွေးပွဲလုပ်တယ်။ နယ်က မီဒီယာသမား သတင်းထောက်တွေ ကိုလည်း ဖိတ်တယ်ပေါ့။ ဒါပေမဲ့ ဒီဆွေးနွေး ပွဲကို တက်ဖို့ ဖိတ်ထားတဲ့ သက်ဆိုင်ရာအစိုး ရအရာရှိကြီးအပိုင်းက တစ်ယောက်မှရောက် မလာခဲ့ကြဘူးဆိုတာ ဝမ်းနည်းဖွယ်ရာ သိ လိုက်ရပြန်တယ်။ အဲဒီ့မှာ အသိမ်းခံ ထားကြ ရတဲ့ လယ်မြေဧကပေါင်းက နည်းနည်းလေး မဟုတ်ဘူး။ ဧက သိန်း ဂဏန်းကျော်ရှိတာ။ နောက်ပြီး တာဝန်မဲ့စကားပြောချင်တိုင်းပြော တဲ့ ဌာန ဆိုင်ရာ အစိုးရ အရာရှိကြီးတချို့ကျ တော့လည်း လူထုကို မတူမတန် သလို ပြော လေ့ပြောထရှိနေကြပြန်တာက "အေး ... ခုတော့ ... အော်လို့ ရနေတုန်း အော်ကြဦး ပေါ့" တဲ့။ တချို့ကျတော့လည်း "မင်းတို့အော် ချင်တာအော်ဖို့ ငါတို့က ဒီမြို့မှာ ဟစ်တိုင်နေ ရာထားပေးပြီးပြီလေ။ အဲဒီ့မှာ သွားအော်ကြ ပေါ့" လို့ မထေမဲ့မြင် ပြောကြပြန်တယ်။

ဟစ်တိုင်နေရာဆိုတာကလည်း လူဖမ်း ပွဲလုပ်ချင်ရင် မြင်မြင်ထင်ထင် အလွယ်တကူ ကိုယ်ဓာတ်ပုံ ရိုက်ချင်တဲ့ လူကို စိတ်တိုင်းကျ စိမ်ပြေ နပြေ အေးအေးဆေးဆေးရွေးပြီး ဓာတ် ပုံရိုက်ယူလို့ရတဲ့နေရာ ထောက် လှမ်းရေးတွေ သတင်းယူလို့ကောင်းတဲ့နေရာဆိုပြီး တချို့ ကျတော့ အဲဒီ့နေရာ အထိ သွားမနေတော့ဘဲ တခြားအဖော်အပေါင်းတွေလည်း အဖမ်းအဆီး မခံကြရစေချင်လို့ ကိုယ်တစ်ယောက်ထဲပဲ ဆန္ဒထုတ်ဖော်တဲ့ သူတွေ တစ်နေ့တခြား အ နယ်နယ်အရပ်ရပ်မှာ များသည်ထက်များလာတယ်။

လုပ်သင့်လုပ်ထိုက်တာကို အများကိုယ် စား တစ်ယောက်တည်းက လုပ်သွားပြီး အ ဖမ်းအဆီးအရေးအယူ ခံလိုက်ကြတဲ့သဘော ပါပဲ။ လမ်းပေါ်ကကိစ္စတွေ ရုံးပြင်ကန္နား လူ ထုခံစားမှုတွေကို အသာထားပါ။ လွှတ်တော် ထဲမှာ တရားဝင် လွှတ်တော်ကိုယ်စားလှယ် တွေက လူထုအတွက် ဒါလေးတွေတော့ လုပ် ပေးကြ ပါဦး လုပ်ပေးသင့်ပါတယ်ဆိုပြီး လွှတ် တော်ကိုတင်ပြကြတာတွေ ရှိပါတယ်။

အများအားဖြင့်တော့ ပါတီဝင် အင်အားနည်းတဲ့ အတိုက်အခံပါတီတွေက လွှတ်တော် ကိုယ်စားလှယ်တွေကပဲ စိတ်ပျက်အားလျော့သွားခဲ့ရတာပါပဲ။ ဘာကြောင့်လဲဆိုတော့ အရေးကြီးတာကို အဆိုတင်သွင်းလိုက်တယ်။ မဲခွဲဆုံး ဖြတ်ကြတယ်တဲ့။ ဒါပေမဲ့ မင်းတို့ဘာသာမင်း တို့ ဘာတွေပဲ အဆို တင်သွင်း တင်သွင်း၊ ဒါ မင်းတို့ကိစ္စ၊ ငါတို့ကတော့ မင်းတို့ရဲ့အဆိုကို လုံးဝ မထောက်ခံဘူးကွ ဆိုတဲ့ တစ်သွေးတစ် သံတစ်မိန့်သမား၊ အာဏာရှင်ဟောင်းတွေရဲ့ သစ္စာခံသမားအများစု၊ ဗျူရိုကရက် အဆီအ နှစ် အမြစ်တွယ်သမားတစ်စုတို့က မဲခွဲဆုံး ဖြတ်တိုင်းမှာ အသာစီးယူထားကြတော့ လွှတ်တော်ဆိုတာကြီးတွေကလည်း "ဒီအဆိုကို ပယ်ချတယ်ကွ” ပေါ့။

ဥပမာအားဖြင့် အဆို ၃၀ လောက်တင်တယ်ဆိုပါတော့၊ သုံးခုလောက်တော့ အတည်ပြု ခံကြရပါတယ်တဲ့။ ဒါကြောင့်လည်း အခုအစိုးရသစ်လို့ နာမည်ယူ ထားပြန်တဲ့ အ စိုးရအဖွဲ့ရဲ့ ပြည်သူလူထုအတွက် ဘာတွေ ပြီးစီးအောင် လုပ်ပေးနိုင်ကြလဲဆိုတာ ပြန် ကြည့်လိုက်ပြန်တော့ ပထမအကြိမ် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွေရဲ့ ပထမပုံမှန် က န၀မပုံမှန်အချိန်ကာလထဲမှာ “ကတိ” ဖြစ် ခဲ့တဲ့ ကြယ်ပွင့်ပြမေးခွန်းနဲ့ အဆို စုစုပေါင်း က “၇၅၅” ခုရှိ ပါတယ်တဲ့။

သက်ဆိုင်ရာ အစိုးရအဖွဲ့တွေက ဖြေရှင်း ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ လုပ်ငန်း စုစုပေါင်းက တော့ “၁၆၁” ခုပဲရှိပါတယ်တဲ့။ အဲဒါက ပြည်သူ့လွှတ်တော် အစိုးရရဲ့ အာမခံချက်တွေ၊ က တိတွေနဲ့ တာဝန်ခံချက်တွေကို စိစစ်ရတဲ့ စိ စစ်ရေးကော်မတီက အစီရင်ခံစာမှာ ဖော်ပြ ထားတာတဲ့ ပထမအကြိမ် လွှတ်တော် ပထမ ပုံမှန်အစည်းအဝေးက န၀မပုံမှန် အစည်းအ ဝေး ကာလတွေ ထဲမှာ “ကတိ” ဖြစ်ခဲ့တဲ့ ကြယ် ပွင့်ပြမေးခွန်း စုစုပေါင်း “၆၇၈” ခုရှိခဲ့ပြီး လုပ် ငန်းလက်ကျန်က “၁၄၉” ခုတဲ့။ အတည်ပြု ခဲ့တဲ့အဆို ၇၇ ခုက မပြီးပြတ် သေးတဲ့ အဆို “၁၂”ခု ကျန်နေတာဖြစ်ပါတယ်တဲ့။

ကျန်တဲ့လုပ်ငန်းတွေကတော့ လက်ရှိ ဘဏ္ဍာရေးနှစ်ထဲမှာ လုပ်နေတုန်းပဲဖြစ် တဲ့လုပ် ငန်းတွေနဲ့ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ် မှာ ဆက်ပြီးလုပ်ရမယ့် လုပ်ငန်းတွေဖြစ်တယ် လို့ အဲဒီ့အစီရင်ခံစာက ဆိုပါတယ်တဲ့။ ဒါ့အ ပြင် တတိယ ပုံမှန်အစည်းအဝေးက န၀မပုံ မှန်အထိ အစည်းအဝေးတွေထဲမှာ “ကတိ” ဖြစ်ခဲ့ တဲ့ ကြယ်ပွင့်မေးခွန်း ၁ç၈၃၂ ခုနဲ့ပတ် သက်ပြီး ဆက်လုပ်ရဦးမယ့်လုပ်ငန်းက ၇၅၃ ခု ကျန်ပါသေးတယ်တဲ့ န၀မပုံမှန်အစည်းအ ဝေးမှာ ]ကတိ}ဖြစ်ခဲ့တဲ့ လုပ်ငန်း ၃၀၇ ခုထဲ က ၈၇ ခု ပြီးစီးတယ်။ ၂၀၀ ကျန်နေသေး တယ်။ ပြည်သူ့ လွှတ်တော် ဒသမပုံမှန်အ စည်းအဝေးမှာ လွှတ်တော်ထဲ မေးခဲ့မြန်းခဲ့တဲ့ ကြယ် ပွင့်ပြမေးခွန်း ၂၅၅ ခုမှာ ကတိဖြစ်ခဲ့ တဲ့ မေးခွန်းက ၁၁၂ ခုရှိတယ်။ လုပ်ကိုင် ပြီးစီးတဲ့လုပ်ငန်းက ၁၆ ခုရှိတယ်။ မလုပ်ရသေး တာက မပြီးသေးတာက လုပ်ငန်း ၉၆ ခုတဲ့။

ကျန်တဲ့လုပ်ငန်းတွေကတော့ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှာ လုပ်နေကိုင်နေ တုန်းလုပ် ငန်းက ၅၃ ခုတဲ့။ ၂၀၁၅-၁၆ ဘဏ္ဍာရေး နှစ်နဲ့ နောက်ပိုင်းကျမှ လုပ်ပေးမယ်ဆိုတဲ့ လုပ်ငန်းက ၄၃ ခုရှိတယ်လို့ သိရပါတယ်။ ဒီဖြစ် စဉ်တွေ၊ ဒီအခြေအနေတွေ၊ ဒီအနေအထား တွေအားလုံး ကြားထဲမှာပဲ အံ့အားသင့်စရာ အဖြစ်ရဆုံးကတော့ ဌာနဆိုင်ရာအာဏာရှိ လူတန်းစားအဖွဲ့အစည်းပေါင်းစုံက နည်းမျိုး စုံအကြောင်းပြချက်မျိုးစုံနဲ့ ဘိုးဘွားပိုင်လယ် တွေယာတွေ မြေတွေကို လာသိမ်းလို့ သိမ်း ကြလို့ ကိုယ့်မြေကိုယ့်ယာ ကိုယ့်လယ်လေး ပြန်ရဖို့ အမျိုးမျိုးတောင်းခံပန်ကြားရင်ဆိုင် ကြရင်း အဖမ်းခံကြရ၊ တရားစွဲခံကြ ရ၊ ထောင် ကျခံနေကြရတဲ့ တောင်သူလယ်သမားအရေ အတွက် စုစုပေါင်း ၃၀၀ ကျော်ရဲ့ ဘ၀ပြဿ နာကို လက်ရှိအစိုးရဆိုတဲ့ အဖွဲ့အစည်းနဲ့ သူ့ ရဲ့ဩဇာခံ ဌာနဆိုင်ရာ အရာရှိပေါင်းစုံက ဘယ် လိုခံစားနားလည်နိုင်ကြမလဲ၊ ကိုယ်ချင်းစာ တရားထားနိုင်ကြမလဲဆိုတာ ၂၀၁၅ ရွေး ကောက်ပွဲဖြစ်မလာခင် အတော အတွင်း မှာပဲ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာခပ်ညံ့ညံ့မွစာကြဲ ဇာတ်လမ်းတွဲကြီး တစ်ပုဒ် ကို ငြီးငွေ့ပျင်းရိ ကြည့်နေရသလိုပါပဲလား။

ဆောင်းဝင်းလတ်
Ref:the ladies news journal
Post a Comment

Gadget

This content is not yet available over encrypted connections.

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!