Popular Posts!

Friday, October 31, 2014

ဆိပ်ကမ်းအရောက်ကားတန်ဖိုး (CIF) နှုန်းထားအသစ်များ!


ဆိပ်ကမ်းအရောက်ကားတန်ဖိုး(CIF) နှုန်းထားအသစ်များကို အောက်တိုဘာလတွင် ထုတ်ပြန်သွားမည်ဟု စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးမင်းမင်းက ပြောကြားသည်။



အောက်တိုဘာတွင် ထုတ်ပြန်မည့် CIF တန်ဖိုးမှာ ဇန်န၀ါရီ ၁ ရက်တွင် စတင်အသက်ဝင်မည့် နှုန်းထားအသစ်ဖြစ်ပြီးယခုနှစ်မှစတင်ပြီး ကြိုတင်ထုတ်ပြန် သွားမည်ဟု ဦးမင်းမင်းကပြော သည်။



‘‘လုပ်ငန်းရှင်တွေက တောင်းဆိုကြတယ်။ CIF ကို ကပ်ပြီး မထုတ်ပြန်ပါနဲ့ဆိုလို့ ကြိုထုတ်ပြန်သွားမှာပါ’’ ဟု ဦးမင်းမင်းက ဆိုသည်။

CIF နှုန်းထားသစ်တွင် အများပြည်သူ ကားဝယ်စီး၍ လက်လှမ်းမီနိုင်လောက်သည့်နှုန်းထားများအဖြစ် ပြောင်းလဲလာနိုင်သည့် နှုန်းထားများကို ပြုစုရေးဆွဲထား ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမော်တော် ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူ လုပ်ငန်းရှင်များအသင်း၏ အကြံပြုချက်များလည်းပါဝင်စေရန် စီးပွားကူးသန်းက ရည်ရွယ်ရေးဆွဲထားသည်။

အစိုးရသစ်လက်ထက်တွင် CIF တန်ဖိုးများကို ထုတ်ပြန်ရေးဆွဲရာ၌ နှစ်ကုန်ခါနီး တစ်လအလိုတွင်မှသာ ထုတ်ပြန်သတ်မှတ်ပေးနိုင်ခဲ့ပြီး ယခုအကြိမ်တွင် အစောဆုံး ထုတ်ပြန်ပေးနိုင်တော့မည်ဟုဆိုသည်။

CIF တန်ဖိုးများထွက်ပေါ်လာတော့မည်ဆိုခြင်းကြောင့် ပြည်တွင်းကားဈေးကွက်အတွင်း ဈေးကစားလိုသူ၊ ကားအရောင်းအ၀ယ် ပြုလုပ်သူများမှာ စောင့်ကြည့်လျက်ရှိပြီး နှုန်းထားအသစ်ထွက်လာမှသာ အရောင်းအ၀ယ် ပြန်လည်ပြုလုပ်မည်ဟု ကားဝယ် ရောင်းများက ဆိုသည်။

Credit:7Days



Date: 28 Oct 2014

Free  ပါမစ်နှင့် တင်သွင်းနိုင်သော 2015 CIF ဈေးနှုန်းများ နှင့် ကားဟောင်းပါမစ်ဖြင့်တင်သွင်းရမည့် 2003-2009 CIF  ဈေးနှုန်း





 မော်တော်ကား မြန်မာစာယာဉ်အက္ခရာများကို အင်္ဂလိပ်ယာဉ်အက္ခရာအဖြစ် ပြောင်းလဲသတ်မှတ်လိုက် သည်၊

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!