စိတ်ကူးယဉ်အိပ်မက် မက်နေကျသော ရွှေဗမာလေးတွေ....
စူပါမားကတ်များ၊ လမ်းများပေါ်တွင် ရောင်းချနေ သည့် အစားအသောက်ဆိုင်များ နှင့် မိုဘိုင်းနည်းပညာများနှင့်ပတ်သက်၍ မြန်မာက ထိုင်းနိုင်ငံကဲ့ သို့ ဖွံ့ဖြိုးမှုကို ခုန်ပျံကျော်လွှားနိုင် မည်ဟု မျှော်လင့်ခဲ့ကြသည်။ စင်ကာပူမျှပင်လျှင် ဖွံ့ဖြိုးလာနိုင်သည်ဟု စိတ်ကူးယဉ်အိပ်မက် မက်နေခဲ့ကြသည်...
ထိုင်းနိုင်ငံကဲ့သို့ ဖြစ်မလာမီ မြန်မာက ဘင်္ဂလားဒေ့ရှ်နိုင်ငံကဲ့သို့ ဖြစ်လာပေလိမ့်မည်။
သီလ၀ါအထူးစက်မှုဇုန်၏ ပထမအဆင့်အတွက် ပြင်ဆင်မှု တွင် ဟက်တာ ၄၀၀ ခန့်ရှိသည့် (၁ ဟက်တာ-၂ ဒသမ ၄၇ ဧက) မြေကို ရှင်းလင်းရေးနှင့် အနီးရှိ ဆိပ်ကမ်းကို လမ်းဖောက်လုပ် ရေးတို့ ပါဝင်သည်။ စက်မှုဇုန်ကို လာမည့်နှစ်လယ်ခန့်တွင် ဖွင့်လှစ် နိုင်ရန် စီစဉ်ထားပြီး ကုမ္ပဏီ ၂၂ ခုက ၎င်းတို့၏ စက်ရုံများကို ယခု လကုန်ပိုင်းတွင် စတင်တည် ဆောက်တော့မည် ဖြစ်သည်။
သီလ၀ါစီမံချက်၏ မြန်မာ−ဂျပန်ဖက်စပ်လုပ်ငန်းဦးဆောင် သူ တာကာရှိ ယာနာအိက သစ် တောစပ်ရှိ ဘုန်းကြီးကျောင်းမှာ အကျိုးအမြတ်များစွာရတော့ မည်ဟု နောက်ပြောင်ပြောဆို လိုက်သည်။ ‘‘ဒီနိုင်ငံမှာ ဘုန်းကြီး ကျောင်းကို ထိလို့မရဘူး’’။ အစု စပ်များအားလုံးက သံဃာများကို လာရောက်လှူဒါန်းကြမည်ဖြစ် သဖြင့် တစ်နေ့တွင် ရွှေချထားသည့် စေတီတစ်ဆူ ဖြစ်လာပေ လိမ့်မည်။
မြန်မာနိုင်ငံ၏ အတိတ်ကို သံဃာများက ကိုယ်စားပြုသည် ဆိုလျှင် သီလ၀ါတွင် လုပ်ကိုင်နေ ထိုင်ကြမည့်သူများနှင့် အခြား စက်မှုဇုန် နှစ်ခုတို့က ၎င်းတို့၏ အနာဂတ်အပေါ်တွင် စိတ်ချရ သကဲ့သို့ရှိသည်။ စက်မှုဇုန် သုံးခုအနက် အစောဆုံးဖြစ်ထွန်း လာနေသည့် သီလ၀ါသည် လည် ပတ်ချိန်တွင် အလုပ်သမား ခုနစ် သောင်းကို ခန့်ထားလုပ်ကိုင်မည် ဖြစ်သည်။ အစားအစာ၊ လူသုံး ကုန်နှင့် ဆောက်လုပ်ရေးပစ္စည်း များကို ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်ဖြန့်ဖြူးမည်ဖြစ် ပြီး ပြည်ပတင်ပို့မည့် ဖိနပ်၊ ကား အစိတ်အပိုင်းနှင့် အ၀တ်အထည် များလည်း ထုတ်လုပ်မည် ဖြစ် သည်။
သမ္မတဦးသိန်းစိန်က ၂၀၁၁အာဏာရယူချိန်တွင် မြန်မာကို နိုင်ငံတကာ စီးပွားရေးနှင့် ပြန်လည်ဆက်နွှယ်ရန်အတွက် ပြုပြင်ပြောင်းလဲရေး ပြုလုပ်မည် ဟု ကတိပြုခဲ့သည်။ ထိုအချိန်မှ စပြီး ယင်းအခြေအနေကို အကောင်းမြင်သူများက စူပါမားကတ်များ၊ လမ်းများပေါ်တွင် ရောင်းချနေ သည့် အစားအသောက်ဆိုင်များ နှင့် မိုဘိုင်းနည်းပညာများနှင့်ပတ်သက်၍ မြန်မာက ထိုင်းနိုင်ငံကဲ့ သို့ ဖွံ့ဖြိုးမှုကို ခုန်ပျံကျော်လွှားနိုင် မည်ဟု မျှော်လင့်ခဲ့ကြသည်။ စင်ကာပူမျှပင်လျှင် ဖွံ့ဖြိုးလာနိုင်သည်ဟု စိတ်ကူးယဉ်အိပ်မက် မက်ခဲ့ကြသည်။
သို့သော် မြန်မာနိုင်ငံ၏ အ နာဂတ်စီးပွားရေးသည် ကျွမ်း ကျင်မှုမရှိသည့် လုပ်သားများ၏ လုပ်အားအပေါ်တွင်သာ မှီခိုနေ ရပြီး ပြည်ပပို့ကုန်အတွက် အ လုပ်ကြမ်းဖြင့် မ,တည်ရသည့် လုပ်ငန်းများသာ ဖြစ်နေသည်။ ထိုင်းနိုင်ငံအဆင့်ရှိသည့် စက်မှု ဖွံ့ဖြိုးမှုရှိရန် မကြိုးပမ်းနိုင်မီ မြန်မာသည် ဈေးပေါသည့် လုပ်အားဖြင့် ထုတ်လုပ်ရသည့် နေရာတစ်ခုအဖြစ် စတင်ဦးတည်သင့် သည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကဲ့သို့ဖြစ်သည်။
ရင်းနှီးမြှုပ်နှံသူများကတော့ မျှော်လင့်ပိုင်ခွင့် ရှိကြပါသည်။ မြန်မာက ကြီးမားလှသော အိမ်နီး ချင်းနိုင်ငံကြီးများဖြစ်သည့် တရုတ် နှင့် အိန္ဒိယအကြားတွင် တည်ရှိ နေသည့်အပြင် ထိုင်းကိုလည်း အနောက်ဘက်ပင်လယ်ပြင်သို့ ထွက်လမ်းကို ပေးနိုင်သောကြောင့်ဖြစ်သည်။ အကြံပေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် မက်ကင်းဆေး ကမ္ဘာလုံးဆိုင်ရာသိပ္ပံ MGI ၏ ခန့်မှန်းချက်အရ ၂၀၂၅တွင် တစ်နေ့ဝင်ငွေ ၁၀ ဒေါ်လာရှိသည့် ကမ္ဘာ့စားသုံးသူ ထက်ဝက်ကျော် သည် မြန်မာနိုင်ငံမှ လေယာဉ်ငါးနာရီကြာ ခရီးဝန်းကျင်တွင် နေထိုင်ကြလိမ့်မည်ဟု ဆိုသည်။
စိုက်ပျိုးမြေ၊ ရေနှင့် သဘာဝသယံဇာတပေါများသည့် မြန်မာ တွင် သဘာဝဓာတ်ငွေ့၊ ရေနံနှင့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာကဲ့ သို့သော ကျောက်မျက်ရတနာက လည်း ကြွယ်ဝနေသည်။
ထိုင်းနိုင်ငံ၏ လုပ်သားအင် အားက အသက်အရွယ်ကြီးရင့် လာခြင်း၊ နည်းပါးလာခြင်း၊ ဈေး ကြီးလာခြင်းတို့ ဖြစ်လာချိန်၌ မြန်မာတွင် ဈေးပေါပြီး ငယ်ရွယ် သော လုပ်သားများရှိနေပြီး နိုင်ငံ ခြားတွင် အတွေ့အကြုံရှိခဲ့သော လူပေါင်း သုံးသန်းမှ ငါးသန်းရှိ မည့် ပြည်တော်ပြန်များထံမှ အကျိုးအမြတ်များစွာ ရနိုင်သည်။ မိမိနိုင်ငံတွင် အခွင့်အလမ်းများ မရှိခဲ့သဖြင့် စင်ကာပူနိုင်ငံတွင် စာရင်းကိုင်ပညာသင်ယူရန် ဂျက် စမင်းသဇင်အောင်က ၂၀၀၃ တွင် ထွက်ခွာလာခဲ့သည်။ ယခုအခါ Pricewaterhouse Coo−pers စာရင်းကိုင်ကုမ္ပဏီ၏ မြန်မာရုံးကို ဦးဆောင်နေလေပြီ။ သူ၏စင်ကာပူမှ မြန်မာအခန်းဖော်သုံး ဦးတို့ကလည်း စာရင်းကိုင်ပညာ သင်ယူခဲ့ပြီး မြန်မာသို့ ပြန်လာကြပြီဟုဆိုသည်။
အမှားမှား အယွင်းယွင်းနှင့် စတင်ခဲ့ပြီးသည့်နောက်တွင် လုပ် ငန်းသစ်များ ထွန်းကားလာနိုင် မည့် ဈေးကွက်စီးပွားရေးကို ဖန် တီးရန်အတွက် မြန်မာအစိုးရက ဆုံးဖြတ်ခဲ့ပုံရသည်။ ၂၀၁၀ မှ ၂၀၁၃ အကြား နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုက ဒေါ်လာ ၉၀၁ သန်းမှ သန်း ၂၆၀၀ ထိ သုံးဆခန့် တိုး လာသည်။ နိုင်ငံခြားဘဏ်အချို့ ကို လိုင်စင်ချမှတ်ပြီး အကန့်အသတ်နှင့် လုပ်ကိုင်ခွင့်ပေးလာ သည်။
ငွေရေး ကြေးရေးလွတ်လပ် ခွင့်ကျယ်ကျယ်ပြန့်ပြန့် ခွင့်ပြုရေး ကတော့ ကြိုးပမ်းနေဆဲအဆင့်မှာ ပင် ရှိနေသေးသည်။ စီးပွားရေးအ ရ ယခုနှစ်နှင့် ရှေ့နှစ်တွင် ၇ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု များကြောင့် ပြည်ပထုတ်ကုန်က တိုးမြင့်လာနေသည်။ မြန်မာဗဟို ဘဏ်ကလည်း ယခုအခါ ဘဏ္ဍာ ရေးဝန်ကြီးဌာနအောက်မှထွက် ကာ တရားဝင်သီးခြားရပ်တည် နိုင်ပြီ ဖြစ်သည်။ ၀န်ထမ်းတိုးချဲ့ ခန့်ထားပြီး ငွေရေး ကြေးရေးဆိုင် ရာမူဝါဒကို ဖော်ဆောင်ရန်အတွက် စွမ်းရည်မွမ်းမံမှုများ ပြုလုပ်နေ သည်။
လုပ်ဆောင်စရာများက များ စွာကျန်ရှိနေသေးသည်။ လတ်တ လော ထုတ်ပြန်လိုက်သည့် ကမ္ဘာ့ ဘဏ်၏ အစီရင်ခံစာ၌ စီးပွား ရေးလုပ်ဆောင်ရာတွင် အဆင် ပြေလွယ်ကူမှုရှိသည့် နိုင်ငံများစာ ရင်းတွင် မြန်မာကို ၁၈၉ နိုင်ငံအ နက် နံပါတ် ၁၈၂ တွင် ထားရှိ သည်။ စည်းမျဉ်းစည်းကမ်းများ၏ မရေရာခြင်းက ကြီးမားလှသည့် ပြဿနာတစ်ရပ် ဖြစ်နေသည်။ သို့သော် ဟောင်းအိုနေသည့် ဥပဒေများကို နောက်ဆုံးတော့ သတိပြုမိသူများ ရှိလာသည်။ မြန်မာနိုင်ငံ၏ ကုမ္ပဏီများဆိုင်ရာ အက်ဥပဒေ ဖြစ်သည်။ ယင်းတွင် လုပ်ငန်းများအတွက် စည်းမျဉ်း များချမှတ်ထားပြီး ယင်းမှာ ဗြိတိသျှလက်ထက် ၁၉၁၄ မှာ ပြဋ္ဌာန်းထားသည့်ဥပဒေဖြစ်သည်။ ယင်းဥပဒေကို ပြင်ဆင်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာကို ကူညီလုပ်ဆောင်ပေးလာသည့် ယခုနှစ် မတိုင်မီအထိ ဥပဒေဟောင်းကို ပြင်ဆင်ခြင်း အလျှင်းမရှိခဲ့ပေ။ ဥပဒေပြင်ဆင်မွမ်းမံမှု ကို အချိန်မီလုပ်ဆောင်ခြင်းက ဥပဒေများ၊ ငွေကြေးစနစ်များအ ကြား စမ်းတ၀ါးဝါး ဖြတ်သန်း ကျော် ဖြတ်နေရမှုများကို လျှော့ချနိုင်မည်ဟု စီမံခန့်ခွဲမှု ကုမ္ပဏီ CEA ၏ မြန်မာရုံးဌာနမှူးက ပြောဆိုသည်။
အောက်ခြေသိမ်း ခြုံငုံ ပြင်ဆင်မှုများ လုပ်စေကာမူ ဗဟို ဘဏ်က ကျွမ်းကျင်ဝန်ထမ်းများ ကို ဖန်တီးနိုင်စွမ်းမရှိပါ။ ပညာ ရေးပိုင်းတွင် နှစ်နှင့်ချီပြီး ရင်းနှီး မြှုပ်နှံမှု များစွာပြုလုပ်ရဦးမည် ဖြစ်သည်။ ပျမ်းမျှအားဖြင့် မြန်မာ တစ်ဦးသည် ကျောင်းပညာ လေး နှစ်သာ သင်ယူနေပြီး ဆရာ ကျောင်းသား အချိုးမှာလည်း ဆရာတစ်ဦးလျှင် ကျောင်းသား ၃၀ နှုန်း ရှိသည်။ မလေးရှားတွင်ဆရာတစ်ဦးလျှင် ကျောင်းသား ၁၃ ဦးနှုန်းဖြစ်သည်။ ကျန်အာရှ နိုင်ငံများတွင် အလုပ်သမားများ က ထုတ်ကုန်မြှင့်ပြီး နယ်ပယ်များ စွာ ပျံ့နှံ့နေချိန်တွင် မြန်မာက ဆန့်ကျင်ဘက်ဆီသို့ ဦးတည်နေ သည်။ ၁၉၆၅ နှင့် ၂၀၁၀ ကြားတွင် မြန်မာနိုင်ငံ၏ စိုက်ပျိုး ရေးကဏ္ဍမှာ ၃၅ ရာခိုင်နှုန်းမှ ၄၄ ရာခိုင်နှုန်းအထိ လုပ်သားဦး ရေတိုးလာနေပြီး အာရှတွင် အများဆုံးဖြစ်သည်။
ယင်းသို့ စိုက်ပျိုးရေးကဏ္ဍ တွင် အလုံးအရင်းတိုးလာခြင်းကို လည်း အကျိုးရှိစွာ အသုံးချနိုင်ပါ သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုး မြေ ဟက်တာ ၁၂ ဒသမ ၃ သန်း(ဧကပေါင်း ၃၀.၃၈သန်းခန့်) ရှိပြီး ထိုင်းနိုင်ငံထက် အနည်းငယ် သာ လျော့နည်းသည်။ တစ်ချိန် က အာရှ၏ ဆန်တင်ပို့မှုအများ ဆုံးနိုင်ငံက စိုက်ပျိုးရေးကဏ္ဍ တွင် ထုတ်လုပ်မှု အလွန်အားနည်းနေသေးသည်။ လယ်သမားအများစုက စက်မပါ၊ ဓာတ်မြေသြဇာမပါဘဲ လယ်ကွက်ငယ်များဖြင့်သာ စိုက်ပျိုးထုတ်လုပ်နေသည်။ တမင်သက်သက် ရွေးချယ်ခြင်းမဟုတ်သော်လည်း မြန်မာနိုင်ငံကဆန်အများစုသည် ဓာတုဆေးကင်းသည့် ဆန်များဖြစ်နေကြောင်းမြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဦးစိုးထွန်းက ပြောသည်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများက ကျေးလက်ဒေသကို လက်လှမ်းမမီ၍ဖြစ်သည်ဟု ဆိုသည်။ စိုက်ပျိုးရေးကဏ္ဍတွင် အနည်းငယ်လေးမျှ ခေတ်မီတိုးတက်လာလျှင်ပင် မြန်မာနိုင်ငံ၏ စိုက်ပျိုးခင်းများနှင့် ကုန်ထုတ်လုပ်မှုအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ရှိလာမည်ဖြစ် သည်။
လယ်ယာကဏ္ဍတွင် လူ အားများစွာ မလိုအပ်လျှင် လုပ်သားအင်အားများကို မြို့များရှိ စက်ရုံများ၌ အသုံးချလာနိုင် မည်ဖြစ်ပြီး ယင်းကလည်း ဖွံ့ဖြိုး မှုအတွက် တွန်းအားများဖြစ် သည်။ MGI ၏ တွေ့ရှိချက်အရ ထုတ်လုပ်မှုကဏ္ဍနှင့် ၀န်ဆောင်မှု ကဏ္ဍတွင် ဂျီဒီပီ အစိတ်အပိုင်း၏ ၁၅ ရာခိုင်နှုန်းတိုးလာလျှင် လူ တစ်ဦးချင်း၏ ဂျီဒီပီကို နှစ်ဆတိုး စေကြောင်း သိရသည်။ စက်ရုံ များနှင့် လယ်ကွင်းများတွင် လုပ် ကိုင်ခြင်းများက စိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာ အလုပ်များ မဟုတ်စေကာမူ လူများက ဆန် စပါး၊ ဖိနပ်များ၊ ဘိလပ်မြေများ ကို အမြဲတစေ လိုအပ်နေဦးမည် ဖြစ်သည်။ မြန်မာ၏ များပြားသောကျွမ်းကျင်မှု မရှိသည့် လုပ်သား များက ထုတ်လုပ်မှုလုပ်ငန်းများ တွင် လုပ်ကိုင်ကြမှသာလျှင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် တောက်ပနေသည့် မှန်စီရွှေချစေ တီများနှင့်အတူ နေရောင်အောက် တွင် တောက်ပလာမည်ဖြစ် သည်။
The Economist မဂ္ဂဇင်းပါ Let a Million Factories Rise ဆောင်းပါးကို ခင်မေဇော်(၀ါရှင် တန်ဒီစီ) က ဘာသာပြန်ဆိုပါ သည်။
Ref:7daydaily
Ref:7daydaily
No comments:
Post a Comment