Popular Posts!

Friday, October 31, 2014

သွင်းကုန် မြင့်တက်နေလို့လား ဒါမှမဟုတ် အိမ်ခြံမြေပြီးတော့ ဒေါ်လာဘက်ကို သွားမှာလား

Published on: October 31, 2014
Written by: 
အငယ်ထွေး၊ နီလာ


အောက်တိုဘာ ၃၀ ရက်က Money Cahnger တစ်ခုတွင် နိုင်ငံခြားငွေလဲလှယ်နေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-မြင့်သူ)

ယခုလပိုင်းအတွင်း ဈေးကွက်၌ ဒေါ်လာ ဈေးမြင့်တက် လာခြင်း သည် ကာလအတန် ကြာ ငြိမ်သက် နေသည့်အနေအထားမှ တစ်လ အတွင်း တစ်ဒေါ်လာလျှင် ၁၅ ကျပ် ဝန်းကျင် တက်သွား သည့်အနေ အထားဖြစ်နေခြင်းကြောင့် အိမ်ခြံ မြေတွင် ရင်းနှီးမြ§ုပ်နှံ သည့်သူ များ ကမ္ဘာ့ဒေါ်လာ ဈေးမြင့် တက်ပြီး သွင်းကုန် တင်သွင်း မှုပါ လိုက်ပါမြင့်တက်နေ သည့်အချိန် တွင် ဒေါ်လာဈေးကွက်သို့ အချိန် ကိုက်ဝင်ရောက် လာကြပြီလား ဆိုသည့် ခန့်မှန်းသုံးသပ်မှုများ ရှိနေကြောင်း သတင်းရရှိသည်။
“မြန်မာနိုင်ငံမှာ ဒေါ်လာဈေး တစ်ထောင် အောက်ရောက်သွားတာ ပြီးခဲ့တဲ့ ၂ဝ၁ဝ ပြည့် နှစ်ကုန်ပိုင်းလောက်ကစပြီး တဖြည်းဖြည်း ကျလာတာပါ။ အဲဒီကနေပြီးတော့ ရှစ်ရာ ကျော်လောက်နဲ့ တော်တော်ကြာကြာနေခဲ့ သေးတယ်။ မနှစ်က ဧပြီလနောက်ပိုင်းမှာ ၈၅ဝ ဝန်းကျင်လောက်ကနေစပြီး တဖြည်းဖြည်း တက်လာခဲ့တယ်။ ဒါပေမဲ့ ၉၇ဝ ဝန်းကျင် လောက်မှာပဲ ရှိနေခဲ့တယ်။  အခု ပြီးခဲ့တဲ့ စက်တင်ဘာလကုန် အောက်တိုဘာလဆန်း လောက်ကစပြီး တဖြည်းဖြည်း တက်ရိပ်ပြ လာတာ အခုအောက်တိုဘာလကုန်ပိုင်းမှာ တစ်ဒေါ်လာကို ၁ဝဝ၅ ကျပ်လောက်အထိ ဖြစ်လာတယ်။ အောက်တိုဘာလဆန်းပိုင်း လောက်မှာ ၉၉ဝ ရှိရာကနေ အခုလကုန်မှာ ၁ဝဝ၅ ကျပ်ဆိုတော့ တစ်ဒေါ်လာကို ၁၅ ကျပ် လောက်ကွာသွားတယ်။ အဲဒီပမာဏက လက်ကြီးသမားတွေအတွက်ဆိုရင်တော့ လှောင် ထားတဲ့သူတွေအတွက် တော်တော်ကိုအကျိုး အမြတ်ရနိုင်တယ်။ ဒါပေမဲ့ သွင်းကုန်သမား တွေတော့ အများကြီးထိခိုက်နိုင်ပါတယ်”ဟု  စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံ၏ ငွေလဲနှုန်းအားသတ်မှတ် ရာတွင် ဗဟိုဘဏ်မှနေ့စဉ်ဈေးနှုန်းများအား သတ်မှတ်ပေးနေခြင်းဖြစ်ပြီး တရားဝင်ငွေလဲ လှယ်ရေးလုပ်ငန်းများသည် ဗဟိုဘဏ်၏ ရည် ညွှန်းငွေလဲနှုန်းကိုအခြေခံ၍ သိမ်ဖြူဈေး ကွက်လက်လီရောင်းဝယ်မှုများအတွက် ဗဟို ဘဏ် Reference Rate ၏ အပေါင်း ဝ ဒသမ ၈ ရာခိုင်နှုန်းနှင့် အနုတ် ဝ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင်လည်းကောင်း၊ Authorized Dealer လိုင်စင်ရဘဏ်များအတွက် Interbank Market တွင် လက်ကားရောင်းဝယ်မှုများ အတွက် ဗဟိုဘဏ် Reference Rate ၏ အ ပေါင်း ဝ ဒသမ ၃ ရာခိုင်နှုန်းနှင့် အနုတ် ဝ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်းတွင် ဆောင်ရွက်ရကြောင်း၊ ယခုရက်ပိုင်းအတွင်း ဗဟိုဘဏ်ရည်ညွှန်း  သတ်မှတ်ဈေးမှာလည်း တစ်ထောင်ဝန်းကျင်တွင်ရှိနေကြောင်း သိရသည်။
ကမ္ဘာ့ဈေးကွက်အပေါ် မူတည်သလား
“အခုက ကမ္ဘာပေါ်မှာ ဒေါ်လာကိုက Strong ဖြစ်လာတယ်။ ဒါနဲ့ ဆက်စပ်ပြီးပါ လာတဲ့သဘောလည်းရှိပါတယ်။ အခုလိုတက် လာတဲ့အချိန်မှာ ရှုံးတဲ့သူရှိသလို မြတ်တဲ့သူ လည်းရှိမှာပါ။ ပို့ကုန်သမားတွေကတော့ အ မြတ်ထွက်လိမ့်မယ်။ တင်သွင်းတဲ့သူတွေက တော့ သွားထိလိမ့်မယ်။ ဆိုတော့ သွင်းကုန် သမားတွေသွားထိမယ်ဆိုတော့ စားသုံးသူ လည်းထိမှာပေါ့။ အဓိကçကတော့ ပြည်သူ တွေရဲ့ စားဝတ်နေရေးက ကုန်ဈေးနှုန်းတက် လာတဲ့အတွက် သွားပြီး ထိခိုက်နိုင်တယ်။ ဆိုတော့ နေ့စဉ်ဘဝတွေကတော့ စိန်ခေါ်မှု တွေ ပိုများလာမှာပေါ့။  ဒီကိစ္စမှာ အကျိုး ရော အပြစ်ရော နှစ်ခုရှိတယ်။ ဟိုတုန်းက ဒေါ်လာဈေးတက်တုန်းကတော့ တချို့က ဒေါ်လာဈေးကိုချချင်တယ်။  အခုအနေအထား အရ စီးပွားရေးစနစ်အနေနဲ့ကြည့်ရင်တော့ အကျိုးရှိတယ်လို့ပြောရင် ပြောလို့ရတာပေါ့၊ အခွင့်ကောင်းယူနိုင်ရင်ပေါ့။ ဒါပေမဲ့ ကျွန် တော်ထင်ပါတယ် မယူနိုင်ဘူးလို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်ရဲ့ Export  က အများကြီးရှိတာမဟုတ်ဘူး။ သွင်းကုန်ပဲ များနေတာ။ ဆိုတော့ ပြည်သူလူထုက အ နည်းနဲ့အများခံရမယ်ထင်တယ်”ဟု စီးပွား ရေးပညာရှင်ဦးစိုးသိန်းက ပြောကြားသည်။
ယင်းကဲ့သို့ ဒေါ်လာဈေးတက်လာခြင်း သည် လောလောဆယ်တွင် Budget Deficit အပေါ်တွင်အများကြီး သက်ရောက်မှုမရှိသော် လည်း ရေရှည်တွင် မည်သို့ဖြစ်လာမည်ကို စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“Budget Deficit ကိုတော့ အများကြီး မထိခိုက်နိုင်ဘူးလို့ မြင်တယ်။ ဘာကြောင့် လဲဆိုတော့ မြန်မာနိုင်ငံမှာ Budget Deficit က နဂိုကတည်းက ကြီးနေပြီးသား။ အခု ဒီ လောက်တက်သွားတာနဲ့တော့ သူ့ကိုအများ ကြီးမထိခိုက်သေးဘူး။ ဒါပေမဲ့ ဒီကာလ ဘယ်လောက်အထိ ကြာသွားမလဲ၊ ဘယ် လောက်အထိ တက်လာမလဲဆိုတာကတော့ ကြည့်ရမယ်။  Long Term အတွက်ဆိုရင် တော့ ထိခိုက်မှုရှိနိုင်တယ်”ဟု ဦးစိုးသိန်း က ဆိုသည်။

အောက်တိုဘာ ၃ဝ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့တွင်းတစ်နေရာအား တွေ့ရစဉ်
သွင်းကုန် မြင့်တက်နေလို့လား
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင်မူ  ဧပြီ ၁ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ခြောက် လတာကာလအတွင်း မြန်မာနိုင်ငံ၏ ပြည်ပ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၄ဝ၂ ဒသမ ၅ဝ၈ သန်းရှိလာခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက်  ၃ ဒသမ ၂ ဘီလျံကျော် ပိုမို ကုန်သွယ်နိုင်ခဲ့ကြောင်း၊ သို့သော်လည်း အခြား တစ်ဖက်တွင် ကုန်သွယ်ရေးလိုငွေပြနေကြောင်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ ၁၄ ဘီလျံတွင် သွင်းကုန်တင်သွင်းမှုပမာဏ ရှစ်ဘီလျံကျော် ရှိနေပြီး ပို့ကုန်တင်ပို့နိုင်မှုမှာ ငါးဘီလျံကျော် သာရှိနေသေးကြောင်းနှင့် ယင်းကဲ့သို့ ကုန် သွယ်မှုလိုငွေ သုံးဘီလျံကျော်ပြနေခြင်းသည် သွင်းကုန်ပိုမိုတင်သွင်းနေသည့်အတွက်ကြောင့် ဖြစ်ပြီး ယင်းအတွက် ဒေါ်လာဈေးမြင့်တက် နေခြင်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြ သည်။
လက်ရှိဒေါ်လာဈေး သိသိသာသာတက် လာခြင်းသည် ဈေးကစားမှုများကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ ဖြစ်နိုင်ခြေ အခြေအနေများ အား လေ့လာသုံးသပ်ပါက သွင်းကုန်တင်သွင်း မှုများနေသည့်အပေါ်တွင် ဒေါ်လာဈေးလိုက် ပါ တက်လာပြီး တက်ရိပ်ပြလာသည့်အတွက် ငွေကြေးကစားလိုသူများ ဝင်ရောက်လာခြင်း လည်းဖြစ်နိုင်ကြောင်း၊ ထို့အတူ ကမ္ဘာ့ဈေး ကွက်တွင် ဒေါ်လာဈေးမြင့်တက်လာမှုမှာလည်း အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း သိရ သည်။

လက်ရှိဒေါ်လာဈေး သိသိသာသာတက်လာခြင်းသည် ဈေးကစားမှုများကြောင့်လည်း ဖြစ်နိုင်ကြောင်း၊  ဖြစ်နိုင်ခြေ အခြေအနေများ အား လေ့လာသုံးသပ်ပါက သွင်းကုန်တင်သွင်းမှု များနေသည့်အပေါ်တွင်  ဒေါ်လာဈေးလိုက် ပါ တက်လာပြီး  . . .

ဗဟိုဘဏ် ဘာလုပ်နိုင်မလဲ
လက်ရှိအခြေအနေတွင် ဒေါ်လာဈေး အတက်အကျကို ဝင်ထိန်းနိုင်သည့်အနေအ ထားမျိုး မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် မရှိသေးကြောင်း ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်း ကျင်သူတို့ကသုံးသပ်သည်။
“မြန်မာနိုင်ငံဗဟိုဘဏ်က အဲဒီလောက် Strong မဖြစ်ဘူး။ ဒီလောက် Margin မှာ လည်း လိုတော့ မလိုသေးဘူး။ သူကတော့ စီးပွားရေးအရ ဘာပြနေလဲဆိုတာနဲ့ စီးပွား ရေးပေါ်လစီကြီးတစ်ခုလုံးကို စဉ်းစားရမှာ။ စောစောကပြောသလိုပဲ Short Term လား Long Term လားဆိုတာပဲကြည့်ရမယ်။ တစ် ခါတလေကျတော့ ဒေါ်လာဈေးတက်တယ်။ ဒီလိုတက်တဲ့အပေါ်မှာလိုက်ပြီး နည်းနည်း ဈေးကစားကြည့်တယ်။ ဈေးကစားလိုက်လို့ နည်းနည်းပိုတက်သွားတာရှိတယ်။ တစ်ခါ တလေကျတော့  ဈေးက လိုက်မလာဘူး။ပြန်ကျသွားတာလည်း ရှိတယ်။ အခုကိစ္စမှာ တကယ်လို့များ ဆက်တက်မယ်ဆိုရင်တော့ ပြဿနာရှိပါတယ်။ အဲလိုဖြစ်လာရင်တော့ အကုန်လုံးပတ်သက်လာမယ်။ စောစောက ပြောတဲ့ ဘတ်ဂျက်လိုငွေပြတဲ့အပေါ်မှာပါ ထပ်ပြီးသက်ရောက်မှုရှိလာမှာပါ။ လက်ရှိအ နေအထားကတော့ အခု တစ်လလောက်အ တွင်းမှာ ဖြစ်လာတာဆိုတော့ ဘယ်ကိုသွား မယ်ဆိုတာ သိပ်ခန့်မှန်းလို့မရသေးပါဘူး”ဟု  ဦးစိုးသိန်းက သုံးသပ်ပြောကြားခဲ့သည်။
“အခုဒေါ်လာဈေးတက်လာတယ်။ ဒါ က နိုင်ငံခြားမှာလည်းတက်လာတာပဲ။ အမေ  ရိကန်နိုင်ငံရဲ့ စီးပွားရေးအခြေအနေက နည်း နည်းလေးပြန်ပြီး ခေါင်းထောင်လာတယ်။  တက်ပေမယ့်လည်း နိုင်ငံတကာမှာကတော့ သူတို့ရဲ့ဈေးကွက်က ရင့်ကျက်နေတဲ့သဘော ရှိတယ်။ မြန်မာနိုင်ငံမှာကတော့ အဲလိုမျိုး မရင့်ကျက်ဘူး။ ဈေးနှုန်းကတက်လာလို့ရှိ ရင် ဒါဖြစ်သင့်တဲ့နှုန်းလားဆိုတာ ဈေးကွက် ကပဲ ဆုံးဖြတ်တာ။ မဟုတ်ဘူးဆိုရင် သူ့ဟာ သူပြန်ကျသွားတာ။ ဈေးကွက်စီးပွားရေးရဲ့ အခြေခံသဘောတရားက ဒီလိုပဲသွားတယ်။ မြန်မာပြည်မှာကျတော့ တက်ပြီဆိုရင် ဆက် တက်တော့မယ်ထင်နေတယ်။ အတိုင်းအ တာတစ်ခုအထိတော့ရှိပါတယ်။ နောက်တစ် ခုက ကောလာဟလကြောင့် တက်တာရှိတယ်။ တက်မယ်တက်မယ်ဆိုပြီးတော့ လူတွေက လိုက်ဝယ်ကြတာရှိတယ်။ ဒါကြောင့်ထပ် တက်တယ်။  ဝယ်စုကြတယ်။ နောက်တော့ ပြန်ကျပြန်ရော။ ဆိုတာက Inflation Psyc-hology ရှိနေတယ်။ ဒါတွေကလည်း ခဏခဏ ကြုံနေရတယ်”ဟု ကမ္ဘောဇဘဏ်၏ ဝါရင့် အကြံပေး ဦးသန်းလွင်က ပြောကြားသည်။
“အခု ဗဟိုဘဏ်ရည်ညွှန်းဈေးက  ၁ဝဝဝ ဝန်းကျင်လောက်ရှိနေတယ်ဆိုတဲ့ အပိုင်းမှာ လည်း သူလည်းသုံးသပ်မှာပါ။  အပြင်မှာပေါက် နေတဲ့ဈေးကွက်၊ ဒေါ်လာရဲ့အခြေအနေ၊ အဲဒီအပေါ်မှာကြည့်ပြီးတော့ Reference Rate သတ်မှတ်ပေးတာဖြစ်နိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။
ပို့ကုန်ဈေးကွက် ဘယ်လိုရှိမလဲ
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံမှ  ပြည်ပတင်ပို့နေမှုတွင် အဓိကအားဖြင့် သဘာဝ ဓာတ်ငွေ့နှင့် ကျောက်မျက်ရတနာတို့၏ အ ခန်းကဏ္ဍကိုချန်လှပ်ထားပါက လယ်ယာထွက် ကုန်ပစ္စည်းဖြစ်သည့် ဆန်နှင့်ပဲတင်ပို့မှုမှနှစ် စဉ် နိုင်ငံ၏ GDP ကို အထောက်အကူဖြစ်နေ ကြောင်း၊ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှလည်း အတိုင်းအတာတစ်ခုအထိ ဝင်ငွေရနေသေး ကြောင်း သိရသည်။
“ပြောရရင် Export ပို့မယ့်ပစ္စည်းတွေ အနေနဲ့တော့ ဒေါ်လာဈေးတက်ရင် ပြည် တွင်းဈေးလည်းတက်တာပေါ့။ အခုလက်ရှိ ပဲဈေးကွက်ကလည်း ဒေါ်လာဈေးတက် တယ်ဆိုတော့ မတ်ပဲရော၊ ပဲစင်းငုံရော ပဲနှစ် မျိုးစလုံးဈေးတက်တယ်။ မတ်ပဲက အောက် တိုဘာ ၂၉ ဆိုရင် ၇၄၂ဝဝဝ ကျပ်၊ ပဲစင်းငုံ က ၇၄ဝဝဝဝ ကျပ်၊ ပဲနှစ်မျိုးစလုံးပြန်တက် လာတယ်။ အရောင်းအဝယ်ကတော့ ပြည် တွင်းမှာလည်း အရောင်းအဝယ်ဖြစ်တယ်။ ရာခိုင်နှုန်း ၁ဝ အာမခံ  ကြိုရောင်းကြိုဝယ် တွေလည်း အရောင်းအဝယ်ဖြစ်ကြပါတယ်။ အိန္ဒိယဈေးကွက်က အဝယ်လိုက်တာရော ဒေါ်လာဈေးတက်တာရောကြောင့် ပဲဈေး တက်တယ်။ အရောင်းအဝယ်ကောင်းနေပါ တယ်”ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန် သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်း ကိုဦးက ပြောကြားသည်။
ပြည်တွင်းပဲဈေးကွက်အတွင်း စက် တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်း ပိုင်းအတွင်း ပဲဈေးအေးနေပြီး မတ်ပဲဈေးမှာ ကျပ် ၆၅ဝဝဝဝ သာရှိခဲ့ရာမှ အောက်တိုဘာ ဒုတိယပတ်အတွင်း မတ်ပဲဈေးမှာ ကျပ် ၇၂၅ဝဝဝ ဈေးရှိခဲ့ပြီး အောက်တိုဘာ ၂၉ ရက် တွင် ကျပ် ၄၇၅ဝဝဝ ဈေးသို့ ရောက်ရှိလာ ခြင်းဖြစ်ကြောင်း သိရသည်။
“ပြည်တွင်းမှာလက်ရှိသုံးနေတဲ့ကုန် ပစ္စည်းအများစုက ပြည်ပကဒေါ်လာနဲ့သွင်း တာ။ လူသုံးကုန်ပစ္စည်းတွေ၊ ဆေးဝါးပစ္စည်း တွေရှိတယ်။ နောက် ကားက အစပေါ့။ သွင်း ကုန်သမားတွေထိမှာပေါ့။ ရေရှည်ဆိုရင် လည်း စားသုံးသူကိုထိခိုက်လိမ့်မယ်။ ဘယ် လောက်ကြာမလဲတော့ ကျွန်တော်တို့က စောင့်ကြည့်ရမှာပေါ့။ ကုန်ဈေးနှုန်းတက်ပြီ ဆိုရင်တော့ ဝန်ထမ်းတွေ အဓိကခံရမှာပါ။ ဆန်စပါးဈေးကွက်အနေနဲ့ဆိုရင်တော့ ဒီလို ဒေါ်လာဈေးတက်တဲ့အတွက် ပြန်ကောင်းရင် လည်း ကောင်းလာနိုင်ပါတယ်။ တွက်ခြေမ ကိုက်လို့ သိပ်မပို့နိုင်တာ ကြာပြီ။ ဒါပေမဲ့ ပြောလို့တော့မရသေးပါဘူး”ဟုမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တွဲဖက်အတွင်းရေး မှူး ဒေါက်တာစိုးထွန်းက ပြောကြားသည်။
အိမ်ခြံမြေကြောင့် ဖြစ်နိုင်သလား
ရန်ကုန်မြို့သစ်စီမံကိန်းအား ဖျက်သိမ်း လိုက်ပြီးနောက်ပိုင်း အိမ်ခြံမြေဈေးကွက်အ ရောင်းအဝယ်အနည်းငယ်အေးသွားခဲ့ကြောင်း၊ အလားတူ ကွန်ဒိုအရောင်းအဝယ်ဈေးကွက် လည်း အထိုက်အလျောက် ကျဆင်းသွား ကြောင်း၊ အိမ်ခြံမြေအရောင်းအဝယ် ကဏ္ဍတွင် အခွန်နှုန်းထားများတိုးမြ§င့်လိုက်သည့် နောက် ပိုင်း ယင်းကဲ့သို့အေးသွားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းအချိန်၌ ယခုကဲ့သို့ ဒေါ်လာ ဈေးသိသိသာသာမြင့်တက်လာခြင်း သည် အိမ်ခြံမြေပြင်ပတွင် ရင်းနှီးမြ§ုပ်နှံမှုတစ်  ရပ် တည်ဆောက်လာခြင်းဖြစ်နိုင်ကြောင်း၊ ယခင်ကလည်း ဒေါ်လာ၊ ရွှေ၊ ကားစသည့် ကဏ္ဍများတွင် ရင်းနှီးမြ§ုပ်နှံခဲ့ကြကြောင်း၊ သို့သော် ယခုနှစ်ပိုင်းအတွင်း ရွှေဈေးကျဆင်း နေခြင်း၊ ကားဈေးနှုန်းများကျဆင်းနေခြင်း နှင့် ဒေါ်လာဈေးများလည်း ကျဆင်းနေခြင်း ကြောင့် အိမ်ခြံမြေဘက်သို့ အလုံးအရင်းနှင့် ဝင်ရောက်လာသည့်ငွေကြေးများသည် ကမ္ဘာ့ ဒေါ်လာဈေးပြန်တက်လာသည့်အချိန်တွင် ဒေါ်လာဘက်သို့ မျက်နှာမူလာသည့်အနေအ ထားတစ်ရပ်လည်းဖြစ်နိုင်ကြောင်း ဈေးကွက် ကျွမ်းကျင်သူတို့က သုံးသပ်ကြသည်။
“အိမ်ခြံမြေဈေးကွက်ကတော့ လောလော ဆယ် ခပ်အေးအေးပါပဲ။ အရောင်းထက် အငှားတွေဖြစ်တယ်။ အငှားထဲမှာတောင် နည်းနည်းဈေးနိမ့်တဲ့အခန်းတွေပိုဖြစ်တယ်။ စက်ရုံတွေဘာတွေလည်း အငှားရှိတယ်။  ကွန် ဒိုတွေလည်း အရောင်းအဝယ် အေးနေတယ်။ ကျန်တာကတော့ အခွန်တိုးကောက်လိုက်တာ နဲ့လည်း ပတ်သက်မယ်ထင်တယ်။ လက်ရှိ အိမ်ခြံမြေဈေးကွက်ကတော့ ခပ်အေးအေးပါ ပဲ”ဟု ယူနတီအိမ်ခြံမြေအကျိုးဆောင်မှ တာ ဝန်ရှိသူတစ်ဦးက ဆိုသည်။
အောက်တိုဘာ ၃ဝ ရက် ဒေါ်လာဈေး နှုန်းများမှာ သိမ်ဖြူငွေလဲကောင်တာဈေးနှုန်း တစ်ဒေါ်လာလျှင် ဝယ်ဈေး ၁ဝဝဝ ကျပ်နှင့် ရောင်းဈေး ၁ဝဝ၈ ကျပ်ရှိကြောင်း၊ အပြင် ဈေးကွက်တွင်မူ ဝယ်ဈေး ၁ဝဝ၃ ကျပ်နှင့် ရောင်းဈေး ၁ဝ၁၁ ကျပ်ရှိကြောင်း၊ Earning ဈေးမှာမူ ၁ဝ၁၂ ကျပ်ဖြစ်ကြောင်း သိရသည်
- See more at: http://news-eleven.com/business/


No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!