Popular Posts!

Friday, October 31, 2014

Sim Lim Square က ဈေးပေါတာဆိုပြီး ပစ္စည်းလေးတွေဝ်ာချင်သတိထားကျပါ


မိတ်ဆွေများ Sim Lim Square ကဈေးပေါတယ်ဆိုပြီး ဈေးဝယ်မယ် ဆိုရင်  ဒီ Mobile Air  ဆိုင်ကို သတိထားကျပါလို့ သတိပေးလိုက်ပါတယ်


ပြည်ကြီးက ဒီမှာ စာလာ သင်တဲ့ Miss Zhou က Sim Lim Square မှ Mobile Air ဆိုတဲ့ ဆိုင်မှာ အိုင်ဖုန်း 6 Plus ကို ၁၆၀၀ ပေးပြီး ၀ယ်ခဲ့ပါတယ်။ ဆိုင်က သူ့ ကို ကန်ထရိုက် စာချုပ်ချုပ်ပြီး နောက်မှာ နောက်ထပ် ၂၄၀၀ ကို အာမခံ ကြေး အတွက်ပေးရမယ်လို့  ပြောလာပါတယ်။ သူက မပေးချင်သော်လည်း သူ ပေးထားတဲ့ ၁၆၀၀ ကို ပြန်မအမ်းတဲ့ အပြင် ဖုန်းလည်း မပေးတာမို့  ဆိုင်ရှင် မှ 1000 လျှော့ပေးကာ စုစုပေါင်း ဖုန်းအတွက် စင်္ကာပူ ဒေါ်လာ ၃၀၀၀ ပေးခဲ့ရပါတယ်။
Miss Zhou က နောက်နေ့ မှာ 'Small Claims Tribunals' ကို တိုင်စာ သွားပို့ ခဲ့တာကြောင့် အဆိုပါ ရုံးရဲ့  အမိန့် အရ ဆိုင်က သူ့ ကို ဒေါ်လာ ၁၀၁၀ ပေးဖို့  ချမှတ်လိုက်ပါတယ်။ Miss Zhou က ဆိုင်ကို ၅ ခါ သွားပေမယ့်လည်း ဆိုင်က ပိုက်ဆံ ပေးဖို့  ငြင်းဆန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါ နေ့ က သူက သူ့ အဒေါ် နဲ့  သွားပြီး ပိုက်ဆံ သွားတောင်းရာမှာ သူတို့ က အကြွေစေ့ တွေနဲ့ ပဲ ပိုက်ဆံ ပြန်အမ်းခဲ့တဲ့ အပြင် အကြွေစေ့ ပိုက်ဆံ ကိုလည်း ကြမ်းပြင်ပေါ် ပစ်ချ ပြီး ဆိုင် ၀န်ထမ်း ၅ ယောက် က လှောင်ပြောင်တာကြောင့် Miss Zhou က ကြောက်လန့် ပြီး ရဲကို ခေါ်လိုက်ပါတယ်။ ရဲရောက်လာမှ ပိုက်ဆံ တွေကို ကောင်တာမှာ ရေခွင့်ရပါတယ်။ ပိုက်ဆံ အကြွေစေ့ ၅၅၀ ကို ၃ နာရီ ရေတွက်ပြီး သိပ်မကြာခင်မှာပဲ Reporter တွေပါ ရောက်ရှိလာတာကြောင့် ဆိုင်ရှင်က ကြောက်လန့် ပြီး ကျန်တဲ့ ပိုက်ဆံတွေကို ငွေသားစက္ကူနဲ့ ပေးဖို့  သဘောတူခဲ့ပါတယ်။
ငွေသား ၅၅၀ ကို အောက်ပါ အနေနဲ့ လက်ခံ ရရှိခဲ့ပြီး စုစုပေါင်း ၁၈ ကေဂျီ ရှိပါတယ်။
၁ ကျပ် - ၃၂၂
ပြား ၅၀ - ၂၂၀
ပြား ၂၀ - ၅၆၀
၁၀ ပြား - ၃၀
စင်္ကာပူ ငွေကြေး ဥပဒေ အရ ငွေပေးချေမှု တစ်ခုမှာ အောက်ပါ ငွေ အကြွေစေ့ အရေအတွက်ကို အမြင့်ဆုံး လက်ခံပါတယ်။
၁ ကျပ်စေ့ - မည်သည့် ပမာဏမဆို
ပြား ၅၀ - ၂၀ စေ့
ပြား ၂၀ - ၁၀ စေ့
၁၀ ပြား - ၂၀ စေ့
ငါးပြား - ၄၀ စေ့
ဒါကြောင့် ဆိုင်တွေက အဆိုပါ အထက် အကြွေစေ့ ထက်များပြီး အမ်းရင် Customer အနေနဲ့  ငြင်းပိုင်ခွင့်ရှိပါတယ်။
Mobile Air ဆိုင် က ဒီလ နှစ်ထဲမှာ ကွန်ပလိန့်  ၁၇ ခု ရရှိထားပြီး အမြင့်ဆုံး ဖြစ်ပါတယ်။
ဒါကြောင့် မိတ်ဆွေများ Sim Lim Square မှာ ဈေးဝယ်မယ် ဆိုရင် ရှောင်နိုင်သမျှ ရှောင်တာ အကောင်းဆုံးပါပဲ။ ဆိုင်တော်တော်များများက ဖုန်းအပြင် နောက်ကွယ်က ပိုက်ဆံပေးပြီးမှ လစဉ်ကြေး ဘာညာ သာရကာ ထပ်တောင်းတာ ခဏခဏ ကြားဖူးပါတယ်။
တောက ဆေးလာကုတဲ့ မြန်မာပြည်က အဖိုးကြီး ကိုလည်း Nokia ဖုန်းအဟောင်းကို ၁ ထောင်ကျော် နဲ့  ရောင်းတာလည်း ကြားဖူးပါတယ်။
ကိုးကား - TNP SG
Ref;Hiro Panda

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!