ကောင်းလိုက်တဲ့ စကာင်္ပူတွေ စားလို့ဝတော့မှ လုပ်တယ်...ပွဲစားနိုင်ငံကတော့ ပွဲစားလို အကျင့်ရုတ်ပြီ.. ပင်နီဆူလာက ငွေလွဲဒိုင်ကြီး ဆိုင်တွေ သေပြီပေါ့....ဒါကြောင့် တချို့ဆိုင်တွေပိတ်ကုန်တာပေါ့....

ငွေကြေး ခ၀ါချမှုနှင့် အကြမ်းဖက်သမားများအား ထောက်ပံ့မှု တိုက်ဖျက်ရေး ကော်မတီ ကြေညာချက် တွင် “ကျောက်မျက် ရတနာနဲ့ အဖိုးတန်သတ္တုတွေဟာ သယ်ဆောင်ရလွယ်ပြီး အလွယ်တကူရောင်းဝယ်နိုင် ပါတယ်။ ဒီအချက်တွေကြောင့် အကြမ်းဖက် သမားတွေ အပါအ၀င် ရာဇ၀တ် ကောင်တွေက သူတို့ရဲ့ တရားမ၀င်ငွေတွေ ခ၀ါချဖို့ အသုံးပြုနိုင်ပါ တယ်။ ဒီအဖိုးတန်ပစ္စည်းတွေကို ရာ ဇ၀တ်မှုတွေအတွက် တိုက်ရိုက် ထောက်ပံ့ ရာမှာလည်း သုံးနိုင်ပါတယ်။ ငွေကြေးလွှဲပြောင်းမှု ကို ငွေသားနဲ့ပြုလုပ် ကြတဲ့ အခါ ဒီငွေတွေ ဘယ်ကလာလဲဆိုတာ စုံစမ်းလို့ ပိုခက်သွားပါတယ်” ဟု ဖော်ပြ ထားသည်။
ကျောက်မျက်ရတနာနှင့် အဖိုးတန် သတ္တုများနှင့်ပတ်သက်သော မည်သည့် ငွေကြေး လွှဲပြောင်းမှုကို မဆို လုပ်ငန်းရက် ၁၅ ရက်ဝယ်အတွင်း စီးပွားရေး ဌာန၊ ငွေကြေးလွှဲပြောင်းမှု အစီရင်ခံစာရုံးသို့ အစီရင်ခံရမည်ဖြစ် သည်။ ရောင်းချသူ ကုန်စည်သည် ငွေကြေးလွှဲပြောင်းမှုအပြင် ၀ယ်ယူ သူကိုလည်း ဖော်ပြရမည်ဖြစ်သည်။
တစ်ဆင့်ခံ ၀ယ်ယူခြင်းဖြစ်လျှင်လည်း ငွေကြေး အမှန်တကယ် ပိုင်ဆိုင်သူ အား ဖော်ပြရမည်ဖြစ်သည်။
ကုန်သည်များသည် ငွေကြေးလွှဲပြောင်းမှုအားလုံးအား မှတ်တမ်းပြုအစီရင်ခံစာ တင်ပြီး ၅ နှစ်အထိ သိမ်းဆည်းထားရမည်ဖြစ် သည်။ အစီရင်ခံစာ တင်ရန် ပျက်ကွက်သူ ကုန်သည်များအား စင်ကာပူဒေါ်လာ ၂၀,၀၀၀ ထိ ဒဏ်ရိုက် မည်ဖြစ်ပြီး ထောင်ဒဏ် ၂ နှစ် ထိ ချမှတ်နိုင်မည်ဟု ဆိုသည်။
Ref:the Ladies news journal
No comments:
Post a Comment