Popular Posts!

Friday, October 10, 2014

ယခုဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေဈေးပြင်ဆင်သတ်မှတ်

ယခုဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေတစ်ပေပတ်လည် ကျပ်လေးသိန်းဖြင့် ဗဟန်းမြို့နယ်နှင့် မြို့နယ်လေးခုတွင် အမြင့်ဆုံးသတ်မှတ်ထားပြီး တစ်ပေပတ်လည် တိုက်ခန်းတန်ဖိုး ကျပ် ၁၀၁,၅၀၀ ဖြင့် မြို့တွင်းခြောက်မြို့နယ်၌ အမြင့်ဆုံးသတ်မှတ်


 


ယခုဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေတစ်ပေပတ်လည် ကျပ်လေးသိန်းဖြင့် ဗဟန်းမြို့နယ်နှင့် မြို့နယ်လေးခုတွင် အမြင့်ဆုံးသတ်မှတ်ထားပြီး တစ်ပေပတ်လည် တိုက်ခန်းတန်ဖိုး ကျပ် ၁၀၁၅၀၀ ဖြင့် မြို့တွင်းခြောက်မြို့နယ်၌ အမြင့်ဆုံးသတ်မှတ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ၏ တစ်ပေပတ်လည် ဈေးနှုန်းများအား ယခုဘဏ္ဍာနှစ်အတွက် ထုတ်ပြန်ခဲ့ပြီး အမြင့်ဆုံးမြေဈေးနှုန်းအဖြစ် တစ်ပေပတ်လည်လျှင် ကျပ်လေးသိန်းဖြင့် ဗဟန်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်များတွင် အမြင့်ဆုံးသတ်မှတ်ခဲ့ပြီး တစ်ပေပတ်လည် တိုက်ခန်းဈေးနှုန်းများအား မြို့တွင်း ခြောက်မြို့နယ်၌ ကျပ် ၁၀၁၅၀၀ ဖြင့် အမြင့်ဆုံးသတ်မှတ်ခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့မှ အောက်တိုဘာ ၇ ရက်က ထုတ်ပြန်ခဲ့သည်။

မြို့တွင်း ခြောက်မြို့နယ်ဖြစ်သည့် လမ်းမတော်၊ ပန်းဘဲတန်း၊ လသာ၊ ဗိုလ်တထောင်၊ ဒဂုံ၊ စသည့်မြို့နယ်များတွင် အနိမ့်ဆုံး ကျပ် ၁၇၅,၀၀၀မှ အမြင့်ဆုံး ကျပ်လေးသိန်းအထိ သတ်မှတ်ထားပြီး လမ်းအနေအထား၊ လုံးချင်းအိမ်ရာ၊ စီးပွားရေးလုပ်ဆောင်ရန် ကောင်းမွန်သောနေရာ အစရှိသည်ဖြင့် နေရာအနေအထားအလိုက် မြေတစ်ပေပတ်လည် ဈေးနှုန်းများအား သတ်မှတ်ပေးခဲ့ပြီး အဆိုပါနေရာများ၏ ဈေးကွက်အမှန်ပေါက်ဈေးမှာ တစ်ပေပတ်လည်လျှင် ကျပ် ငါးသိန်းခန့်မှ ကျပ် ၁၀ သိန်းအကြား နေရာအလိုက် ဈေးကွက်ပေါက်ဈေးများ ဖြစ်ပေါ်နေသည်။

တစ်ပေပတ်လည်လျှင် ကျပ်လေးသိန်းဖြင့် ဗဟန်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်များတွင် အမြင့်ဆုံးသတ်မှတ်ခဲ့ပြီး အဆိုပါနေရာများတွင် တစ်ပေပတ်လည် ဈေးနှုန်းမှာ အနိမ့်ဆုံး ကျပ် ၈၀၀၀၀ အတွင်းသာ သတ်မှတ်ထားကြောင်း သိရသည်။

တစ်ပေပတ်လည် တိုက်ခန်းများ၏ ဈေးနှုန်းများ သတ်မှတ်ရာတွင် မြို့တွင်း ခြောက်မြို့နယ်အပါအ၀င် မြို့နယ်အများစုတွင် လမ်းမကြီးများရှိ စီးပွားရေးအချက်အချာကျ နေရာများ၊ လူနေထိုင်ရာနေရာ များအတွက် တစ်စတုရန်းပေလျှင် ကျပ် ၇၅,၀၀၀ မှ ကျပ် ၁၅၀,၀၀၀ အထိ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး လမ်းကျယ်များနှင့် အတွင်းတွင်မူ ကျပ် ၆၅,၀၀၀ မှ ကျပ် ၁၀၀,၀၀၀ အကြား သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အနိမ့်ဆုံးနှုန်းအဖြစ် ကျပ် ၁၈,၀၀၀ သာ သတ်မှတ်ခဲ့ပြီး အထပ်မြင့်အနေအထားအလိုက် သတ်မှတ်ချက် လျော့ကျခဲ့ကြောင်း သိရသည်။

တစ်ဧကလျှင် ကျပ် သိန်း ၃,၀၀၀ မှ ကျပ်သိန်း ၈,၀၀၀ အထိ ပေါက်ဈေးရှိနေသည့် လှိုင်သာယာရှိ ရွှေလင်ဗန်းစက်မှုဇုန်တွင် တစ်ဧက ကျပ်သိန်း ၂,၀၀၀ နှင့် ကျပ် သိန်း ၁,၉၀၀ အကြား အမြင့်ဆုံးသတ်မှတ်ခဲ့ပြီး ကျန်စက်မှုဇုန်များတွင်မူ တစ်ဧကလျှင် ကျပ် သိန်း ၁,၀၀၀ မှ ကျပ်သိန်း ၁,၃၀၀ အကြားသာ အမြင့်ဆုံးသတ်မှတ်ခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာအတွင်း ထုတ်ပြန်ခဲ့သည့် အိမ်၊ ခြံ၊ မြေဈေးနှုန်းများသည် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် ဈေးနှုန်းများထက် သိသာစွာလျော့နည်းခဲ့ပြီး အမြင့်ဆုံးသတ်မှတ်ချက်အဖြစ် တစ်ပေပတ်လည်လျှင် ကျပ် ၃၂၅,၀၀၀ မှ အနိမ့်ဆုံး ကျပ် ၃၅,၀၀၀ အတွင်းသာ သတ်မှတ်ခဲ့သည့် ဗဟန်းမြို့နယ်ဖြစ်နေပြီး စည်ပင်သာယာနယ်နိမိတ်ပြင်ပဖြစ်သည့် ခရမ်းမြို့နယ်တွင် တစ်ပေပတ်လည်ဈေးနှုန်းအား ကျပ် ၂၀၀ မှ ကျပ် ၁၁၀၀ သာ သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။ လက်ရှိထုတ်ပြန်ခဲ့သည့် နှုန်းထား များသည်လည်း ဈေးကွက်ပေါက်ဈေးထက် သိသာစွာနိမ့်ပါးနေသည့် နှုန်းထားများသာ ဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်ပေးမည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်၊ ခြံ၊ မြေရောင်းဝယ်မှုများ ပြုလုပ်ရာတွင် ယခင်သတ်မှတ်ထားသည့် ဈေးနှုန်းများအစား လက်ရှိတိုးမြှင့်လာသည့် ဈေးနှုန်းများအတိုင်း ပြင်ဆင်သတ်မှတ်သည့် မြေစံနှုန်းများကို ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ရုံးနှင့် ကျောက်တံတား မြို့နယ် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင်  ကြေညာပေးထားမည်ဖြစ်ကြောင်း သိရသည်။

တန်ဖိုးသတ်မှတ်ရာတွင် စံနှုန်းပါ သတ်မှတ်တန်ဖိုးများနှင့် အခွန်ထမ်းတင်ပြသည့် တန်ဖိုးအနက် များရာတန်ဖိုးကို စံတန်ဖိုးအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref : EMG

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!