Popular Posts!

Friday, October 31, 2014

မြန်မာနိုင်ငံကူးလက်မှတ်၏ နိုင်ငံတကာသို့ သွားလာခွင့်ဗီဇာရရှိမူ အာဆီယံနိုင်ငံများကြား အောက်ဆုံးနေရာတွင် ရှိနေဟု ဆို



နိုင်ငံသားများ ကမ္ဘာအနှံ့ လွတ်လပ်စွာ သွားလာနိုင်မှုတွင် မြန်မာနိုင်ငံသည် အခြား အာဆီယံနိုင်ငံများထက် များစွာ နောက်ကျလျက်ရှိသည်။ နိုင်ငံသားများ ဗီဇာမလိုဘဲ လွတ်လပ် စွာ သွားရောက်နိုင်သည့် နိုင်ငံအရေအတွက်ပေါ် မူတည်၍ နှစ်စဉ်ထုတ်ပြန်သည့် အဆင့် သတ်မှတ်ချက်တွင် မြန်မာနိုင်ငံသည် အာ ဆီယံနိုင်ငံများအနက် အောက်ဆုံး နေရာ၌ ရောက် ရှိနေသည်။

မြန်မာပတ်ပို့စ် ကိုင်ဆောင် ထားသူများ ဗီဇာမလိုဘဲ သွားရောက် နိုင်သည့် နိုင်ငံ ၄၂ ခုရှိ ပြီး ၂၁၉ နိုင်ငံပေါင်း တွင် အောက် ဆုံးပိုင်း အဆင့် ၈၆ နေရာ၌ရှိနေ သည်ဟု ဗီဇာ ကန့်သတ်ချက် စာရင်း ၂၀၁၄ တွင် ဖော်ပြသည်။

အာဆီယံနိုင်ငံများအနက် အမြင့်ဆုံးနေရာရရှိသည့် စင်ကာပူနိုင်ငံသည် ဆွစ်ဇာလန်၊ နယူး ဇီလန်တို့နှင့်အတူ ကမ္ဘာ့အဆင့် ၅ နေရာတွင် ရှိနေသည့် စင်ကာပူပတ်ပို့စ် ကိုင်ဆောင်ထားသူ များသည် နိုင်ငံပေါင်း ၁၆၇ နိုင်ငံသို့ ဗီဇာယူရန်မလိုဘဲ သွားလာနိုင်သည်ဟု အဆိုပါ စစ်တမ်းက ဆိုသည်။ စင်ကာပူသည် ၂၀၁၃ ခုနှစ်က ဂရိ၊ ဩစတြေးလျတို့နှင့်အတူ ကမ္ဘာ့အဆင့် ၆ နေရာ တွင် ရပ်တည်နေရာမှ အဆင့်တက်လာခြင်းဖြစ် သည်။ အာဆီယံ နိုင်ငံများတွင် အဆင့် အမြင့်ဆုံးဖြစ်ခြင်းက စင်ကာပူ နိုင်ငံသားများ ကမ္ဘာအနှံ့ လွတ်လပ်စွာ သွားလာလုပ်ကိုင်နိုင်မှု ကို ပြသလျက်ရှိသည်။

အာဆီယံ နိုင်ငံများတွင် ဒုတိယ အဆင့်အမြင့်ဆုံးဖြစ်သည့် မလေးရှားသည် ကမ္ဘာ့အဆင့် ၆ နေရာ တွင်ရှိပြီး ၁၆၆ နိုင်ငံသို့ ဗီဇာမလိုဘဲ သွားလာ နိုင်သည်။ ဘရူနိုင်းမှာ အာဆီယံ တတိယနေရာ၌ ရပ်တည်နေပြီး နိုင်ငံ ၁၅၀ သို့ လွတ်လပ်စွာ သွားလာနိုင်ကာ ကမ္ဘာ့အဆင့်တွင် နံပါတ် ၁၇ တွင် ရှိနေသည်။

အာဆီယံနိုင်ငံများတွင် နံပါတ် ၄ နေရာရှိ ထိုင်းနိုင်ငံမှာ ကမ္ဘာ့အဆင့် ၆၂ နှင့် လွတ်လပ်စွာ သွားလာနိုင်သည့် နိုင်ငံ ၆၉ နိုင်ငံရှိသည်။

အင်္ဂါနေ့က ထုတ်ဝေခဲ့သည့် စာရင်းတွင် စင်ကာပူပတ်ပို့စ်ကိုင်ဆောင် သူများသည် အမေရိကန် ၊ ကနေဒါ၊ ဩစတြေးလျ၊ အိန္ဒိယနှင့် တရုတ် စသည့် အဓိကကျသော နိုင်ငံများသို့ သွားရောက် ရာတွင် ပိုမိုလွယ်ကူစေသည်ဟု ဖော်ပြထားသည်။ တရုတ်ပြည်မကြီးသို့ ဗီဇာ မလိုဘဲ ၁၅ ရက် အထိ သွားရောက်နိုင်သည့် နိုင်ငံ အနည်းငယ်စာရင်းတွင် စင်ကာပူသည် ဂျပန်၊ ဘရူနိုင်းတို့နှင့် အတူ ပါဝင်ပြီး ဩစတြေးလျ၏ စမတ်ဂိတ်ပြည်ဝင်ခွင့်စ နစ်သုံးနိုင်သည့် နိုင်ငံ ၆ နိုင်ငံ စာရင်း တွင်လည်း ပါဝင်လျက် ရှိသည်။

နိုင်ငံသားများ လွတ်လပ်စွာ သွားလာနိုင်မှု သတ်မှတ်ချက် ထိပ်ဆုံး ပထမအဆင့်တွင် ဖင်လန်၊ ဆွီဒင်၊ ဂျာမနီ၊ အမေ ရိကန်နှင့် ဗြိတိန် တို့ ပူးတွဲတည်ရှိပြီး ထိုနိုင်ငံသားများ ဗီဇာမလိုဘဲ သွား လာနိုင်သည့် နိုင်ငံ အရေအတွက်မှာ ၁၇၄ နိုင်ငံရှိသည်။

ကမ္ဘာ့အဆင့် ဒုတိယနေရာ တွင် ဒိန်းမက်နှင့် ကနေဒါတို့ ရပ်တည် နေပြီး ထိုနိုင်ငံသားများ မှာ နိုင်ငံ ၁၇၃ ခုသို့ ဗီဇာမလိုဘဲ သွားရောက်နိုင် သည်။ ဘယ်ဂျီယံ၊ ပေါ်တူဂီ၊ ပြင် သစ်၊ အီတလီ၊ ဂျပန်၊ တောင်ကိုရီး ယား၊ နယ်သာလန်နှင့် စပိန်နိုင်ငံ များမှာ နိုင်ငံ ၁၇၂ နိုင်ငံသို့ လွတ်လပ်စွာ သွားလာနိုင်ပြီး စာရင်းတွင် တတိယနေရာ၌ တည်ရှိနေသည်။

ကမ္ဘာ့အဆင့် နံပါတ် ၁၅ နေရာ ရှိ ဟောင်ကောင်ပတ်ပို့စ် ကိုင်ဆောင်ထားသူများသည် အဆင့် ၈၃ ရှိ တရုတ်ပြည်မ ပတ်ပို့စ်ကိုင်ဆောင်ထားသူများထက် လွတ်လပ်စွာ နိုင်ငံကူး သွားလာနိုင် မှုတွင် များစွာ သာလွန်လျက် ရှိသည်။

ယခု စာရင်းကိုပြုစုခဲ့သော Henley &Partner အကြံပေးအဖွဲ့ က "နယ်နိမိတ်ဖြတ်ကျော် ပြီး နိုင်ငံခြားသားတွေ ဝင်ထွက်သွားလာမှုကို ထိန်းချုပ်ရာမှာ ဗီဇာကန့်သတ်ချက်က အaရးပါ ပါတယ်။ ဗီဇာလိုအပ်ချက် က နိုင်ငံအချင်းချင်းရဲ့ ဆက်ဆံရေး နဲ့ နိုင်ငံတကာအသိုင်းအဝိုင်း အလယ်မှာ နိုင်ငံတစ်ခုရဲ့ အနေအထားကို ဖော်ပြနေပါတယ်။ အဲသည်နိုင်ငံ က နိုင်ငံသားတွေ အပေါ် ယုံကြည်မှု၊ လိုလားမှုတွေကို ပြသခြင်းဖြစ်သည်" ဟု ပြောသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများ ၏ ပတ်ပို့စ်ကိုင် ဆောင်သူများမှာ ဖွံ့ ဖြိုးဆဲနိုင်ငံများမှ ပတ်ပို့စ် ကိုင်ဆောင်သူများ ထက် ပိုမိုလွယ်ကူစွာ သွားလာနိုင်သည်ဟု Henley &Partner ၏ အာရှ ပစိဖိတ်ဌာနမှူး ဒေါက် တာယက်ခ်ျစတီဖင် က ဆိုသည်။

အဆိုပါစာရင်းတွင် ဗီဇာမလို သွားလာခွင့်နည်းပါးသော နိုင်ငံများမှ ပတ်ပို့စ် ကိုင်ဆောင်ထား သူများမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်း များလုပ်ကိုင်ရန် အခက်အခဲများ အတားအဆီး များကြုံတွေ့ ရသည်ဟု ဒေါက်တာစတီဖင်ကပြောခဲ့သည်။

အဆိုပါ နိုင်ငံများ တွင် နိုင်ငံရေး မတည်ငြိမ်ခြင်း၊ အကြမ်းဖက်မှုများရှိခြင်း၊ ပြည်တွင်းစစ်နှင့် စီးပွားရေး ချွတ်ချုံကျမှုများကို အများအားဖြင့် တွေ့ရတတ်သည်ဟု ဆိုသည်။

KHTun

The Ladies News Journal


Credit @ Ko Nge

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!