Popular Posts!

Friday, October 31, 2014

သီလဝါအထူး စီးပွားရေးဇုန် မြေ တစ်စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၇ဝ နှုန်း သတ်မှတ်


စက်မှုဇုံသစ်မြေကွက်ဈေးကိုအစိုးရက တရားဝင်သတ်မှတ်သလိုပါဘဲ၊ ဒါတောင်အပြင်ဈေးထက် တ၀က် လောက်တော့ သက်သာသေးတယ်တဲ့ဗျ၊ သီလ၀ါစက်မှုဇုံရဲ့မြေ၁ပေပတ်လည်ကို ဒေါ်လာ ၇၀ ဆိုတော့ ၂၀၈ ပေပတ်လည်ရှိ ၁ဧကကိုကျပ်သိန်း ၃ထောင်(ဒေါ်လာ ၃၀သိန်း) လောက်နှင့် ကြမ်းခင်းဈေးသတ်မှတ် လိုက်သလိုပါဘဲ...

မြေအကျယ်အ၀န်းရဲ့အတိုင်းအတာကတော့  ပေ ၂၀၈.၇၁ ပတ်လည်ရှိပြီး ၁ ဧကမှာ ၄၃,၅၆၀ စတုရန်းပေ ရှိပါတယ်၊ ၂.၄၇ ဧကမှာ ၁ ဟတ်တာရှိပါတယ်။

70 x 43,560 sqft= 3,049,200 x 1,000=3,049,200,000 Kyats

သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်း အပိုင်း (က) တည်ဆောက်မှု ၄၄ ရာခိုင်နှုန်းပြီးစီးနေ

Written by: 
သက်ထား

သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်း အပိုင်း (က) တစ်နေရာအား ဇူလိုင်လအတွင်းက တွေ့ရစဉ်
သီလဝါအထူး စီးပွားရေးဇုန် စီမံကိန်း အပိုင်း (က) တည်ဆောက်မှုမှာ ၄၄ ရာခိုင်နှုန်း ပြီးစီးနေပြီး ၂ဝ၁၅ ခုနှစ် ဇွန်လတွင် အပြီးသတ် လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သီလဝါအထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ၏ အစီရင်ခံစာမှ သိရသည်။
၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်တွင် သီလဝါအထူးစီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းများကိုစတင်ခဲ့ပြီး၊ ဆောက်လုပ်ရေး လုပ်ငန်းများကိုမူ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာတွင် စတင်ခဲ့ကြောင်း သိရသည်။ သီလဝါအထူး စီးပွားရေးဇုန် စီမံကိန်း အပိုင်း (က) အကျယ် ၁၈၉ ဟတ်တာ (၄၆၇ ဒသမ ဝ၃ ဧက)ရှိသော အဆင့်(၁)၏ တည်ဆောက်မှုလုပ်ငန်းများမှာ ၄၄ ရာခိုင်နှုန်း ပြီးစီးနေပြီး ၂ဝ၁၅ ခုနှစ် ဇွန်လတွင် အပြီးသတ်လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သီလဝါအထူး စီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် လာရောက်မေးမြန်းစုံစမ်းသော ကုမ္ပဏီပေါင်း ၂၅၈ ခုရှိပြီး ဂျပန်နိုင်ငံမှ ၁ဝ၂ ခု၊ မြန်မာနိုင်ငံမှ ၆၃ ခု၊ ထိုင်ဝမ်နိုင်ငံမှ ၂ဝ ခု၊ ထိုင်းနိုင်ငံမှ ၁၅ ခု၊ တရုတ်နိုင်ငံမှ ၁၄ ခု၊ ဟောင်ကောင်မှ ၁ဝ ခုနှင့် အခြားသော နိုင်ငံများမှကုမ္ပဏီ ၃၄ ခုတို့ဖြစ်ကြောင်း သိရသည်။
သီလဝါအထူး စီးပွားရေးဇုန်၏ ပထမအဆင့် အကောင်အထည်ဖော်မည့် ဟတ်တာ ၄ဝဝ အတွက် အမေရိကန်၊ ဂျပန်အပါအဝင် ကုမ္ပဏီပေါင်း ၆၃ ခုမှ လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု လျှောက်လွှာ(letter of intent)ကို ပေးပို့ထားပြီး ကုမ္ပဏီ ၂၂ ခု မှာ ပထမအဆင့် သဘောတူစာချုပ် ရေးထိုးပြီးဖြစ်ကြောင်း သိရသည်။
ယင်းသို့ သဘောတူစာချုပ်ချုပ်ဆိုပြီးသည့် နိုင်ငံတကာမှကုမ္ပဏီ ၂၂ ခုမှာ ဂျပန်နိုင်ငံမှ ကုမ္ပဏီကိုးခု၊ ထိုင်ဝမ်မှ လေးခု၊ ထိုင်းမှ နှစ်ခု၊ မြန်မာမှ နှစ်ခု၊ တရုတ်၊ ဆွီဒင်၊ အမေရိကန်၊ ဟောင်ကောင်နှင့် ဩစတြေးလျတို့မှ ကုမ္ပဏီတစ်ခုစီပါဝင်ကာ စတီးပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများ၊ အလူမီနီယံပစ္စည်း ထုတ်လုပ်သည့်ကုမ္ပဏီ၊ လျှပ်စစ်ပစ္စည်းဆိုင်ရာကုမ္ပဏီ၊ ပလတ်စတစ် ထုတ်လုပ်သည့်ကုမ္ပဏီနှင့် အထည်ချုပ်စက်ရုံများ စသည့်ကဏ္ဍစုံမှ ကုမ္ပဏီများပါဝင်ကြောင်း သိရသည်။
ထို့အပြင် ဂျပန်နိုင်ငံမှ ကုမ္ပဏီငါးခုနှင့်လည်း ပထမအဆင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
သီလဝါအထူးစီးပွားရေးဇုန်၏ အစုရှယ်ယာများကို ၂ဝ၁၄ ခုနှစ် မတ် ၃ ရက်တွင် ဘဏ်များမှ တစ်ဆင့်စတင်ရောင်းချခဲ့ကာ ရှယ်ယာများကို ပြန်လည်အရောင်းအဝယ် ပြုလုပ်နိုင်မည့် over the counter (OTC)ကိုမူ အောက်တိုဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ သီလဝါအထူး စီးပွားရေးဇုန်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ နယ်နိမိတ်တိုင်းတာပြီးစီးမှု အမှတ်ပေါင်း ၁၇၉ ခု ဖြစ်သည့် နယ်မြေဧရိယာ စတုရန်းကီလိုမီတာအားဖြင့် ၂၃ ဒသမ ၄,၂၂၁ (ဧရိယာ အကျယ်အဝန်းအားဖြင့် ၅,၇၈၇ ဒသမ ၇၁၈ ဧကကို သီလဝါအထူး စီးပွားရေးဇုန်အဖြစ် နယ်နိမိတ် သတ်မှတ်ထားကြောင်း သိရ သည်။ သီလဝါအထူး စီးပွားရေးဇုန် မြေနေရာများကို စက်ရုံများအတွက် တစ်စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၇ဝ နှုန်း သတ်မှတ်ထားကာ နှစ်ပေါင်း ၅ဝ သတ်မှတ်ထားကြောင်း သိရသည်။   
- See more at: http://www.news-eleven.com/business

မြန်မာဘက်မှ ကုမ္ပဏီနှင့် ဂျပန်နိုင်ငံဘက်မှ ကုမ္ပဏီတို့ ပူးပေါင်း၍ JV ကုမ္ပဏီ တည်ထောင်ကာ သီလ၀ါ အထူးစီးပွားရေးဇုန် ဖော်ဆောင်မည်



အမေရိကန်နိုင်ငံ ဘဏ္ဍာရေး ၀န်ကြီးဌာနမှ ငြင်းပယ်လိုက်လျှင် ဦးဝင်းအောင် အနေဖြင့် သီလ၀ါ အထူးစီးပွားရေးဇုန် ထူထောင်မည့် မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်းထားသော Joint Venture ကုမ္ပဏီ၏ ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ပေးရန် နှစ်ဖက်ဆွေးနွေးပြီးနောက် ယခုလအတွင်း Joint Venture Agreement ကို လက်မှတ်ရေးထိုး တော့မည်ဖြစ်ကြောင်း သိရသည်။
သီလ၀ါ အထူးစီးပွားရေးဇုန် တည်ထောင်ရန်အတွက် မြန်မာနိုင်ငံဘက်မှ Myanmar Thilawa SEZ Holding Public Limited (MTSH) နှင့် ဂျပန်နိုင်ငံဘက်မှ Japan Thilawa SEZ Company Limited (JTSC) တို့နှစ်ခု ပူးပေါင်းလုပ်ကိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံဘက်မှ Myanmar Thilawa SEZ Holding Public Limited တွင် GLAD, FMI တို့ကဲ့သို့သော အများပိုင် ကုမ္ပဏီပေါင်း ကိုးခုအထိ ပါဝင်ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံဘက်မှ Japan Thilawa SEZ Company Limited တွင် ဂျပန်နိုင်ငံ ထိပ်တန်း ကုမ္ပဏီများတွင် ပါဝင်သည့် Marubeni, Mitsubishi, Sumitomo ကုမ္ပဏီများ ပါဝင်ဖွဲ့စည်း ထားကြောင်းလည်း သိရသည်။
အဆိုပါ မြန်မာဘက်မှ ကုမ္ပဏီနှင့် ဂျပန်နိုင်ငံဘက်မှ ကုမ္ပဏီနှစ်ခုသည် ပူးပေါင်း၍ JV ကုမ္ပဏီ တည်ထောင်ကာ သီလ၀ါ အထူးစီးပွားရေးဇုန် ဖော်ဆောင်မည် ဖြစ်ကြောင်း၊ နှစ်ဖက်ပူးပေါင်း လုပ်ကိုင်မည့် JV Agreement ကို ယခု ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၀ ရက် နောက်ပိုင်းတွင် လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း၊ နိုင်ငံတော် တာဝန်ရှိသူ များကလည်း အောက်တိုဘာလ မကုန်မီ JV Agreement လက်မှတ် ရေးထိုးခြင်းကို ပြီးပြတ်အောင် ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း MTSH တွင် ပါဝင်သည့် အများပိုင်ကုမ္ပဏီ တစ်ခုထံမှ စုံစမ်းသိရှိရသည်။

မြန်မာဘက်မှ ကုမ္ပဏီနှင့် ဂျပန်နိုင်ငံဘက်မှ ကုမ္ပဏီနှစ်ခုသည် ပူးပေါင်း၍ JV ကုမ္ပဏီ တည်ထောင်ကာ သီလ၀ါ အထူးစီးပွားရေးဇုန် ဖော်ဆောင်မည် ဖြစ်ကြောင်း၊ နှစ်ဖက်ပူးပေါင်း လုပ်ကိုင်မည့် JV Agreement ကို ယခု ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၀ ရက် နောက်ပိုင်းတွင် လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း၊ နိုင်ငံတော် တာဝန်ရှိသူ များကလည်း အောက်တိုဘာလ မကုန်မီ JV Agreement လက်မှတ် ရေးထိုးခြင်းကို ပြီးပြတ်အောင် ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း...


နှစ်ဖက်ကုမ္ပဏီများ အနေဖြင့် ယခုကဲ့သို့ JV Agreement လက်မှတ် မရေးထိုးမီ နှစ်ဖက် ပူးပေါင်းထားသည့် JV ကုမ္ပဏီ၏ ဥက္ကဋ္ဌနေရာ အတွက် ရွေးချယ်ရန် ဆွေးနွေးညှိနှိုင်းမှု တစ်ခုပြုခဲ့ကြောင်း၊ ထိုသို့ ညှိနှိုင်းရာတွင် လက်ရှိ UMFCCI ၏ ဥက္ကဋ္ဌ ဦးဝင်းအောင်ကို JV ကုမ္ပဏီဥက္ကဋ္ဌ နေရာအတွက် မြန်မာဘက်မှ ပူးပေါင်းမည့် MTSH က အဆိုပြုခဲ့ကြောင်း သိရသည်။
သို့သော် UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်မှာ အမေရိကန်နိုင်ငံ ဘဏ္ဍာရေး ၀န်ကြီးဌာန၏ Specially Designated Nationals List တွင် ပါဝင်နေဆဲ ဖြစ်ကြောင်း၊ အဆိုပါ စာရင်းတွင် ပါဝင်နေပါက လုပ်ကိုင်ရ ခက်ခဲကြောင်း၊ ထိုသို့ Individual Sanction ဖြစ်နေပါက JV ဆက်လက် ဆောင်ရွက်နိုင်ရန် အတွက်လည်း ရှယ်ယာအချိုးကိုပင် ပြန်လည် ပြင်ဆင်ခဲ့ကြကြောင်း၊ ထိုသို့ Sanction ရှိနေသည့်အပေါ် နှစ်ဖက်ဆွေးနွေးရာ ဂျပန်နိုင်ငံဘက်မှ အကယ်၍ ဦးဝင်းအောင် အနေဖြင့် JV ကုမ္ပဏီ၏ ဥက္ကဋ္ဌတာဝန် ရယူသည်ကို ကန့်ကွက်ရန် မရှိကြောင်း၊ သို့သော် JV ကုမ္ပဏီ၏ ဥက္ကဋ္ဌရာထူးအတွက် မြန်မာ-ဂျပန် နှစ်ဖက် ဆွေးနွေးထားသည့် အချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် လိုကြောင်း သိရသည်။
JV ကုမ္ပဏီ၏ ဥက္ကဋ္ဌရာထူးအတွက် နှစ်ဖက်ဆွေးနွေးရာတွင် ဦးဝင်းအောင်အား ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုပါက အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာန အောက်ရှိ Office of Foreign Assets Control (OFAC) ၏ ခွင့် ပြုချက်ရယူရန် လိုအပ်ကြောင်း၊ ဦးဝင်းအောင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ကိုလည်း OFAC သို့ တင်ပြသွားမည် ဖြစ်ကြောင်း၊ ထိုသို့ တင်ပြရာတွင် OFAC မှ ငြင်းပယ်လိုက်လျှင် သော်လည်းကောင်း၊ သို့တည်းမဟုတ် ၂၀၁၅ ခုနှစ် ဇွန်အထိ ခွင့်ပြုကြောင်း အကြောင်းမပြန်လျှင် သော်လည်းကောင်း ဦးဝင်းအောင် အနေဖြင့် JV ကုမ္ပဏီ၏ ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ပေးရမည် ဖြစ်ကြောင်း၊ ယင်းအပြင် ဦးဝင်းအောင်အပေါ် သက်ရောက်နေသည့် SDN List သည် JV ကုမ္ပဏီအပေါ်၌ပါ သက်ရောက်လာမည် ဆိုပါက ဦးဝင်းအောင်သည် ဥက္ကဋ္ဌရာထူးအပြင် ဒါရိုက်တာ အဖွဲ့မှပါ နုတ်ထွက်ပေးရမည် ဖြစ်ကြောင်း၊ အကယ်၍ OFAC မှ ၂၀၁၅ ခုနှစ် ဇွန်လနောက်ပိုင်းတွင် ခွင့်ပြုလိုက်သည် ဆိုပါက ဦးဝင်းအောင် အနေဖြင့် နုတ်ထွက်ပြီးသော်လည်း ဥက္ကဋ္ဌရာထူးအား ပြန်လည် လုပ်ကိုင်နိုင်ကြောင်း စသည်ဖြင့် အချက်များစွာကို ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်စလုံး သဘောတူညီမှု ရှိခဲ့ကြောင်း သိရသည်။


Eleven Media Group


Private Sector Investment Finance for the Thilawa Special Economic Zone (SEZ)
—First SEZ Development in Myanmar, Building Company Expansion Bases with Public-Private Partnerships—


Today, the Japan International Cooperation Agency (JICA) signed a joint venture agreement with the MMS Thilawa Development Company (MMST), the Thilawa SEZ Management Committee (TSEZMC) and Myanmar Thilawa SEZ Holdings Public Limited (MTSH) for the Thilawa Special Economic Zone (Class A Area) Development Project. This is the first project to be conducted in Myanmar since the resumption of JICA private sector investment financing in October 2012.


Under this project, JICA will provide private sector investment financing to provide the funds needed for industrial complex development, sales and operation projects on approximately 400 hectares (a class A area) slated for initial development in the Thilawa special economic zone (SEZ), an area approximately 2,400 hectares in size that is located on the outskirts of Yangon (23 kilometers southeast of the city center), Myanmar.



A special purpose company, Myanmar Japan Thilawa Development, Ltd. was founded in October 2013 by MMST, TSEZMC and MTSH and will undertake the project, funded with JICA equity participation.

photo
Project schematic
After the Thein Sein administration was inaugurated in March 2011, democratization and the transition to a market economy has moved at a rapid pace. The Government of Myanmar is focused on encouraging foreign direct investment while creating employment and improving the income of residents. After inauguration, the new administration revised the Special Economic Zone Law in January 2014 along with taking other measures to revise legislation pertaining to investment and to promote SEZ development. Located in the Yangon metropolitan area, the Thilawa SEZ has such advantages as a plentiful labor force and good market access, and the Government of Myanmar has indicated an intention to prioritize fast-track development there. The Government of Myanmar hopes that Japanese companies, with their advanced technological skill and experience in creating employment in SEZs in other Asian countries, will expand and take part in the Thilawa SEZ development.


Battling stiff competition with companies from other countries around the world, Japanese companies have a strong interest in Myanmar, which is known as the “last frontier in Asia,” and are particularly interested in gaining market share there. Despite interest in investing in Myanmar, many companies are concerned about the lack of power and other such infrastructure, as well as underdeveloped economic legislation. Improving the investment environment is a major challenge that must be faced in order for the Government of Myanmar to encourage the Japanese companies it hopes will come.



As a cooperative project by Japan and Myanmar to respond to such issues for attracting investment in Myanmar, the Thilawa SEZ development will respond to the interest and expectations of both countries. In December 2012, the governments of both countries signed a memorandum of cooperation and have carried out cooperation with involvement by the private and public sectors since the initial stages.



This private sector investment financing by JICA is being provided after a study into the policy for reviewing the use of equity participation in private sector investment finance by collaborative organizations for class A area development at the Economic Cooperation Strategy Conference (a cabinet-level meeting chaired by the Japanese prime minister) in March 2013. As the first large-scale SEZ development in Myanmar, this project will require various forms of cooperation from the Government of Myanmar both in terms physical investment and human development cooperation, including legal system and infrastructure improvements. In addition to cooperating in financing with equity participation through private sector investment finance, JICA will participate in the project as an investor, and is expected to play a role in coordinating with the Government of Myanmar to ensure the class A area development and other aspects of the project proceed smoothly.



For the Thilawa SEZ development, the Government of Japan and JICA are using all types of ODA assistance, including technical cooperation, Japanese ODA loans and grant aid to build power, water, communication, road, port and other infrastructure in the surrounding area, as well as to assist in building a legal framework for the revised SEZ law and formulating detailed regulations. This series of efforts should remove hindrances to private investment in the Thilawa SEZ, which is expected to encourage active investment by companies.



The Government of Japan established a strategic assistance policy with priorities for the Thilawa SEZ in the Infrastructure System Export Strategy released on May 17, 2013, whereby “Japan will promote the creation of Japanese business bases by improving the investment environment, and by strategically supporting organizational infrastructure and private sector investment finance in relation to regional development projects beginning in the initial stages.” This specific strategy is expected to contribute also to foreign development by Japanese companies in public-private partnerships.



An advanced industrial complex with a high-quality power supply and water system is the aim in the Thilawa SEZ, and development is moving forward toward starting the project in 2015. JICA will continue to provide proactive assistance for socioeconomic development in Myanmar, including stimulating the manufacturing industry and creating employment, major challenges for the country.




Company Outlines

Myanmar Japan Thilawa Development, Ltd. (MJTD)

A local enterprise founded to build, sell and operate industrial complexes in Thilawa, Myanmar. The shareholder composition is Japan (MMST, JICA): 49%, and Myanmar (TSEZMC, MTSH): 51%.


MMS Thilawa Development Co., Ltd. (MMST)

Founded by Mitsubishi Corporation, Marubeni Corporation and Sumitomo Corporation, MMST is an investment company for MJTD, a local enterprise that builds, sells and operates industrial complexes in Thilawa, Myanmar.



Thilawa SEZ Management Committee (TSEZMC)

An agency for the Government of Myanmar established under Myanmar’s SEZ Law to handle management and other duties in the Thilawa SEZ. The company also has equity participation in MJTD, a local enterprise that builds, sells and operates industrial complexes in Thilawa, Myanmar.



Myanmar Thilawa SEZ Holdings Public Limited (MTSH)

Founded by nine private Myanmar companies, MTSH is an investment company for local enterprises and other entities that build, sell and operate industrial complexes in Thilawa, Myanmar.

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!