Popular Posts!

Friday, October 10, 2014

မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန် Sanction ဖွင့်ပေးခြင်းထက် ငွေကြေးလွှဲပြောင်းမှုများအား ချွင်းချက် ဖြင့် ခွင့်

မြန်မာနိုင်ငံဧ။် စီးပွားရေးအရ နောက်ကျ ကျန်နေခဲ့ရမှုများ ဖွံဖြိုးတိုးတက်မှု နည်းပါးရခြင်များ အကြောင်းအရင်းများတွင် အမေရိကန် နိုင်ငံဧ။် စီးပွားရေးပိတ်ဆို့အရေးယူမှု အဓိကအကြောင်းအရင်း ဖြစ်ပါဝင်နေသည်ကို လေ့လာသုံးသပ်သူတို့ က လက်ခံထားကြသည်။ ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲ ကာလနောက်ပိုင်း ပြုပြင်ပြောင်းလဲ မှုများ ပြုလုပ်လာခြင်းနှင့် အတူ ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုများ နိုင်ငံရေးပါတီများ နှင့် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူများမှ အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုများအား ပြန်လည်သုံးသပ်သင့်ပြီး စီးပွားရေးပိတ်ဆို့ များဖြေလျော့ပေးရန် တောင်းဆိုမှုများ ရှိလာခဲ့ သည်ကို တွေ့ရသည်။

အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံ ဧ။် ပြုပြင်ပြောင်းလဲ မှုများအား အသိမှတ်ပြူလာခဲ့ပြီး ဖြေလျော့မှုများ ရှိလာခဲ့သော်လည်း စီးပွားရေးဖွံဖြိုးတိုးတက်ရန် အတွက်အဓိက လိုအပ်သော နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ အဆင်ပြေလွယ်ကူစွာလုပ်ကိုင်စေနိုင်မည့် ငွေကြေးလွှဲပြောင်းမှု ဖြေလျော့ပေးခြင်းတွင် တာစီးပိတ်ဆို့မှုများ ရှိနေသည်ကို တွေ့ရသည်။
်မြန်မာနိုင်ငံဧ။် စီးပွားရေး ဖွံဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာရန် မှာ အမေရီကန်မှ စီးပွားပိတ်ဆို့မှုများအလုံးစုံ ဖြေလျော့ ပေးခြင်းထက် ငွေကြေးလွှဲပြောင်းမှုများအား ချွင်းချက်ဖြင့် ခွင့် ပြုပေးရန် သာ ပိုမိုလိုအပ်သည်ကို စီးပွားကျွမ်းကျင်သူအချို့က သုံးသပ်ကြသည်။

ပြီးခဲ့သော စက်တင်ဘာလ (၄)ရက်မှ (၆) ရက်နေ့အထိပြုလုပ်ခဲ့သော အမေရိကန်နိုင်ငံဧ။် National democratic  party  နှစ်ပတ်လည် အစည်းအဝေးပွဲ တွင်မြန်မာနိုင်ငံ နှင့် ပတ်သက်သော အစီရင်ခံစောင် တစ်ဆောင် နှင့် မှုဝါဒ  အချို့ကို ဖေါ်ပြခဲ့သည်ကို တွေ့ရသည်။
ဒီမိုကရက်တစ်ပါတီ၂၀၁၂ ကြေညာစာတမ်းဧ။် စာမျက်နာ (၆၈) တွင် အမေရိကန် သမ္မတဧ။် မြန်မာနိုင်ငံအပ်ါကိုင်တွယ် မှုကို အဓိက ထားဖေါ်ပြထားသည်ကို တွေ့ရသည်။ စီးပွားရေး ပိတ်ဆို့မှု နှင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲ မှုများ အနက်ရှိုင်းဆုံး ချဲ့ထွင်ရန်နှင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရန်အတွက် တွဲလုံးဗျူဟာများကြောင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ အဖြစ်သို့ ပြောင်းလဲနိုင်ရန် ထိတွေ့ ကြိုးပမ်းမှု အောင်မြင်ခဲ့သည်ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။
မြန်မာ့ဒီမိုကရေစီရေး ကူးပြောင်းမှုတွက် နက်ရှိုင်းသည်းနှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန် နှင့် အမျိုးသားရင်ကြားစေ့ရေး ကြိုးပမ်းနိုင်မှု လူအခွင့်အရေး ပိုမို ရရှိစေရေး အတွက် မြန်မာအစိုးရနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်ရန် ကြိုးစားသွားမည် ကိုလည်း ပါရှိနေသည်ကို တွေ့ရသည်။ အဆိုပါ ဖေါ်ပြချက် များ အားသုံးသပ်ခြင်းဖြင့် နှစ်ပေါင်း(၂၀) ကျော် ဆက်ဆံရေးကောင်းမွန်ခြင်းမရှိခဲ့သော မြန်မာ အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးမှာ ဒီမိုကရက်တစ် ပါတီ ဧ။်၂၁၀၂ ကြေညာစာတမ်း အရ အကောင်းဘက်သို့ ဦးတည်လာနေသည်ကို တွေ့မြင်ရသည်။

မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆိုးမှုများနှင့် ပတ်သက်ပြီး ၁၉၈၉ ခုနှစ်မှ ၂၀၁၂ ခုနှစ် ကာလအတွင်းဥပဒေ(၅) ခုအား သမ္မတ မှ ဥပဒေကဲ့သို့ အဏာတည်သော အမိန့်(Executive Order  E,O )လေးခု ဖြင့် ထုတ်ပြန်ဆောင်ရွက် ခဲ့သော ပိတ်ဆို့ ကန့်သတ်မှုများ (၇)မျိုးရှိကြောင်းသိရသည်။ ယင်းတို့မှာ
-       ပြည်ဝင်ခွင့် တားမြစ်မိန့်(Visa Bans)
-       ဘဏ္ဍာရေးဝန်ဆောင်မှုအပေါ်ကန့်သတ်မှု(Restriction on financial services )
-       ပိုင်ဆိုင်ခွင့်များသုံးစွဲမှုများအားပိတ်ဆို့ခြင်း(Frozen access
-       အထွေထွေပို့ကုန်ကန့်သတ်မှု(General Import Restriction )
-       သီးသန့်ပို့ကုန်ကန့်သတ်မှု(Specific Import Restriction)
-       ရင်နှီးမြုပ်နှံမှုတားမြစ်မိန့်(Investment Bans  )
-       နှစ်နိုင်ငံချင်းနှင့် နိုင်ငံတကာထောက်ကူမှုများ တားမြစ်မိန့်(Bilateral and Multilateral Assistance Bans )
တို့ဖြစ်ကြသည်။
  အမေရိကန်သမ္မတဧ။် ပိတ်ဆိုးကန့်သတ်မှုများ အပေါ် ဖြေလျော့ပေးခြင်းဧ။ အကျိုးသက်ရောက်မှု(၁၇/၅/၂၀၁၂ )ကြေညာချက်နှင့် (၁၁/၇/၂၀၁၂)ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံအတွက် (၁၇/၅/၂၀၁၂) ကြေညာချက်တွင် သံတမန်များဆက်ဆံရေးတိုးမြှင့်ပေးပြီး နိုင်ငံကိုယ်စားပြု သံအမတ်ကြီး ခန့်အပ်ခဲ့ကြသည်။သံတမန်ရေး ဖြေလျော့ပေးလိုက်ခြင်းဖြစ်သည်ကို တွေ့ရသည်.။ ပိတ်ဆို့ကန့်သတ်မှု(၇) မျိုးမှာမှု အရင်မှုလ အတိုင်းပင်ရှိနေသေးသည်ကိုလည်း တွေ့ရသည်။
(၁၁/၇/၂၀၁၂)တွင် အမေရိကန်သမ္မတမှ ဥပဒေကဲ့သို့ အဏာတည်သော အမိန့်ဆက်လက်ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်မှုတွင်  အမေရိကန်စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှု အသစ် ပြုလုပ်နိုင်ရန် အတွက် ဖြေလျော့ပေးလိုက်ခြင်း (၁၉၉၇)ခုနှစ် မှ စတင်ခဲ့တားမြစ်ထားခဲ့သော ရင်းနှီးမြှုပ်နှံမှု တားမြစ်မိန့် (Investment Bans ) အား အကန့်အသတ်ဖြင့်  ဖြေလျော့ပေးလိုက်ခြင်း ဖြစ်သည်။ အဆိုပါဖြေလျော့ပေးမှုသည်း အမေရိကန်နိုင်ငံဧ။် ပိတ်ဆို့ကန့်သတ်မှု(၇)မျိုးမှ တစ်မျိုးအား ဖြေလျော့ပေးလိုက်ခြင်း ဖြစ်ပြီး ကျန်ရှိသော (၆) မျိုးမှာမှု ဆက်လက် တည်ရှိနေသေးသည်ကို တွေ့ရသည်။
 ပိတ်ဆို့မှုများ တစ်ဆင့် ခြင်းဖြေလျော့ပေးနေခြင်းအပေါ် အချို့သော လေ့လာသူအချို့မှလည်း မြန်မာနိုင်ငံအတွက် ဖွံဖြိုးတိုးတက်ရန် အဓိက အကျိုးအမြတ်များအတွက် ဖြေလျော့ပေးမှုမှား နည်းနေကြောင်း သုံးသပ်မှုများ ရှိနေသကဲ့သို့ပင် ပိတ်ဆို့ကန့်သတ်မှုများအား ဖြေလျော့ပေးရရာတွင် ယခုကဲ့သို့ တစ်ဆင့်ခြင်းလုပ်ဆောင် သင့်ကြောင်း သုံးသပ်သူများရှိနေသည်ကို တွေ့ရသည်။
ပိတ်ဆို့ကန့်သတ်မှုများ သက်တမ်းတိုးခြင်းနှင့် ပတ်သက်ပြီး အမေရိကန် ဆီးနိတ် နှင့် အထက်လွှတ်တော်တို့  ပူးပေါင်းကျင်းပသော ညီလာခံ(Congress )မှ 28/7/2003 ခုနှစ်တွင် မြန်မာ့လွတ်လပ်မှုနှင့်ဒီမိုကရေစီဥပဒေ(Burmese Freedom and Democracy Act ) ကို ပြဌန်းခဲ့ပြး Sanction ၉ ခုအား ပိတ်ဆို့ကန့်သတ်မှုများ ဧ။် အချိန်ကာလသတ်မှတ်ချက်(Duration of  Sanctions )ဍ် ကုန်သွယ်ရေးတားမြစ်ကန့်သတ်မှု များအား နှစ်စဉ် ဆုံးဖြတ်ချက် ချမှတ်လျှက် အများဆုံး(၃)နှစ် လျှင် တစ်ကြိမ် အသစ်ပြန်လည် ချမှတ်ခြင်း ဆောင်ရွက်ပေးမည်ဟု ပါရှိသည်ကို တွေ့ရသည်။အဆိုပါ ပြဌန်းချက်အရ သမ္မတမှ နှစ်စဉ် ဥပဒေကဲ့သို့ တည်မြဲသော အမိန့်ထုတ်ပြန်လေ့ ရှိနေသည်ကိုလည်း တွေ့ရနိုင်သည်။ ၁၈၊၇၊၂၀၁၂ ရက်နေ့တွင် မှု အမေရိကန် ဆီးနိတ်မှ ယင်းဥပဒေကို ဆက်လက်ပြီးသက်တမ်းတိုးမြှင်ခဲ့သည်ကိုတွေ့ရသည်။
ပိတ်ဆို့မှု(၇)မျိုးထဲတွင် ဘဏ္ဍာရေးဝန်ဆောင်မှုအပေါ်ကန့်သတ်မှု(Restriction on financial services ) သည် မြန်မာနိုင်ငံဧ။်စီးပွားရေးဖွံဖြိုးတိုးတက်မှုအပေါ် အဓိက အကျိုးသက်ရောက်ရှိနေသည်ကို တွေ့ရနိုင်သည်။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု များ အဓိက ၀င်ရောက်လာရန် မှာမှု ငွေပေးပို့လွှဲပြောင်းမှုများ လွယ်ကူရန် လိုအပ်သည့်အချက်မှာ အရေးပါသော နေရာတွင် ရှိနေသည်ကို  တွေ့ရမည်ဖြစ်သည်။အမေရိကန်ဒေါ်လာလွှဲပြောင်းပေးပို့မှုအပေါ် ကန့်သတ်ထားမှုများ ဖြေလျော့ပေးလိုက်ပါက နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ ချော့ချော့မွေ့မွေ့ ၀င်ရောက်လာနိုင်မည်ဖြစ်သလို FDI တို့နှင့်အတူ ကျွဲကူးရေပါသလိုပင် လိုက်ပါလာမည်ဖြစ်သည့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါများစွာ ပေါပေါက်လာနိုင်မည်ဖြစ်သည်။ ယင်းအချက်သည်ပင် ယခုလက်ရှိ ဖြစ်ပေါ်နေသော လုပ်ခလစ နည်းပါးမှုများကြောင် ဆန္ဒပြနေကြရသော အလုပ်သမားများအတွက် အခွင့်လမ်းများပေါ်ပေါက်လာနိုင်မည့် အခွင့်အရေးတစ်ခုဟု ဆိုနိုင်မည်ဖြစ်သည်။
အမေရိကန် ဘဏ္ဍာရေးဌာန နှင့် နိုင်ငံခြားရေး ၀န်ကြီးတို့ ပူးတွဲထုတ်ပြန်လိုက်သော ၁၁၊၇၊၂၀၁၂ ရက်နေ့ ထုတ်ပြန်ချက်ပါ အထွေထွေလိုင်စင်(G L )အမှတ်(၁၆) အရ အချို့ငွေလွှဲပြောင်းခြင်းများအား ကင်းလွတ်ခြင်းခွင့်(Exception ) ပြုနိုင်ကြောင်း တွေ့ရသည်။ထုတ်ပြန်လိုက်သေ ဥပဒေများအရ သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးတို့မှ ဆီးနိတ် ၊ ကွန်ကရက် တို့နှင့် ညှိနှိုင်း ဆောင်ရွက် ခွင့်ရှိသည်ကို လေ့လာတွေ့ရှိရပြီး ယင်းချမှတ်ထားသော ဥပဒေများကို ပြင်ဆင်ခြင်းမပြုသေးသော်လည်း  သဘောတူညီချက်များဖြင့် ခွင့်ပြုနိုင်သောကိုစ္စဖြစ်ကြောင်း တွေ့ရသည်။
အမေရိကန် မှ ပိတ်ဆို့ကန့်သတ်ထားသော sanction များအားလုံး အား ယခုချက်ခြင်း ဖွင့်ပေးရန်မှာမှု မဖြစ်နိုင်သေးဟုဆိုရမည်ဖြစ်သည်။ အမေရိကန် နိုင်ငံတွင် ပိတ်ဆို့ ကန့်သတ်မှုများအား ဥပဒေပြဌန်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်သောကြောင့် ပိတ်ဆို့မှုအားလုံး ပြန်လည်ဖွင့်ပေးရန်အတွက်မှုဥပဒေပြဌန်း၍သာ ပြန်လည်ဖွင့်ပေးနိုင်မည်ဖြစ်သည်။ သို့သော် ချွင်းချက်များအား နှစ်နိုင်ငံ အစိုးရ ညှိနှိုင်းဆောင်ရွက် နိုင်သည်ဟု သိရသည်။အဆိုပါအချက်သည် အရေးကြီးသည်ဟု ဆိုရမည်ဖြစ်သည်။ ဥပမာအားဖြင့် ၂၀၀၈ ခုနှစ်မေလအတွင်း  တိုက်ခိုက်ခဲ့သော မာလာ ဆိုက်ကလုံးမုန်းတိုင်းကြောင့် နိုင်ငံသားအများအပြား ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသော ဖြစ်စဉ်တွင်  အမေရိကန် သမ္မတအနေဖြင့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်Executive Order  (E.O_14(A), 14(B)အား မေလ(၆)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးပြန်လည်ထူထောင်ရေးနှင့် လူသားခြင်းစာနာထောက်ထားမှု စသည့် အကူညီများပေးနိုင်ရန်အတွက် ခွင့်ပြုပေးခဲ့သည်ကို တွေ့နိုင်သည်။ ၂၀၀၈ ခုနှစ် မေလ(၉)ရက်နေ့တွင်မှု အထွေထွေလိုင်စင် (GL_15,16) အားထုတ်ပြန်ပြီး ယခင် ချွင်းချက်ဖြင့် ခွင့်ပြုထားသော လူသားခြင်းစာနာထောက်ထားမှုလုပ်ငန်းများ ဘာသာရေးအတွက် ကုန်ကျမည့်လုပ်ငန်းများ အမြတ်အစွန်းအတွက် မရည်ရွယ်သော (ဥပမာအနေဖြင့် NGO ကဲ့သို့သော လုပ်ငန်းများ) ကူးသန်းရောင်းဝယ်ရေးမဟုတ်သော်လုပ်ငန်းများအတွက ပု၈္ဂိုံလ်ရေးဆိုင်ရာ ငွေလွှဲပြောင်းပေးမှုများ(Personal  Remittances )စသော လုပ်ငန်းများ ဆိုင်ရာ ငွေလွှဲပြောင်းပေးပို့မှုတို့ကိုသာ ခွင့်ပြုပေးခဲ့သည်ကို တွေ့ရသည်။
ယခုနှစ်(၂၀၁၂ ) ခုနှစ် သြဂုတ်လတွင် အထွေထွေလိုင်စင်အမှတ်(၁၇) အားထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်မှုတွင် မြန်မာနိုင်ငံအတွက် ရင်းနှီးမြှပ်နှံမှု အသစ် တရားဝင်ခွင့်ပြုချက်ပေးခဲ့ပြီး(Authorizes New Investment in Burma ) ဖြင့် ၁၉၉၇ ခုနှစ် အက်ဥပဒေနှင့် ဆက်နွယ်လျှက် မြန်မာနိုင်ငံ သို့ ရင်းနှီးမြှပ်နှံမှု အသစ်နှင့် ဘဏ္ဍာရေးဆိုင်ရာ ၀န်ဆောင်မှုတို့အား တားမြစ်မိန့်တို့ကို ဖြေလျော့ပေးလိုက်သည်ကို တွေ့ရသည်။
အထက်တွင် ဖေါ်ပြခဲ့သော အထွေထွေလိုင်စင် G.L _(17) ပါ အချက်အလက်များမှာ မြန်မာနိုင်ငံဒေါ်လာငါးသိန်းနှင့်အထက် ရင်းနှီးမြှပ်နှံမည့် US အမေရိကန် ကုပ္မဏီ များနှင့် မြန်မာအစိုးရ နှင့် အစိုးရပိုင်ကုပ္မဏီများသို့ ဒေါ်လာတစ်သောင်းအထက်ပေးချေနိုင်သော  အမေရိကန်ကုမ္မဏိများသည် နိုင်ငံခြားရေးဝန်ကြီးဌာန သို့အစီရင်ခံစာ တင်ပြရမည်ဟု ပါရှိသည်ကိုတွေ့ရသည်။
အမေရိကန် ပြည်သူများ နှင့် အမေရိကန် ကုပ္မဏီများသည် မြန့်မာ့ရေနံနှင့် ဓါတ်ငွေ့ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်မည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ရင်းနှီးမြှုပ်နှံမှု အသစ်အတွက်  အစီရင်ခံစာအား ရက်ပေါင်း(၆၀) အတွင်း အစီရင်ခံတင်ပြရမည်ဟုလည်း ပါရှိသည်ကိုတွေ့ရသည်။
-      
ယခုအချိန်တွင် မြန်မာနိုင်ငံဧ။် ရင်းနှီးမြှုပ်နှံမှုဥပဒေ မှုကြမ်း ပြီးစီးပြီး မကြာမီအချိန်တွင် အတည်ပြုပြဌန်းနိုင်တော့မည်ဖြစ်ရာ ကမ္ဘာအရပ်ရပ်မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံ လိုသူများအတွက် ငွေကြေးလွှဲပြောင်းမှုများ အဟန့်အတားတစ်ခုကဲ့သို့ ဖြစ်နေသည်ကို တွေ့ရသည်။ ယင်းအချက်များအား ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံအတွက်  စီးပွားရေးပိတ်ဆို့မှုများ အားလုံးစုံရုတ်သိမ်းရေးထက် လတ်တလော FDI များ အလျင်အမြန် စီးဝင်လာနိုင်ရေးအတွက်  ငွေးကြေးလွှဲပြောင်းပေးခွင့် အထူးသဖြင့် အမေရိကန်ဒေါ်လာလွှဲပြောင်းခွင့်အား ချွင်းချက် (Exception ) တစ်ခုအနေဖြင့် ရနိုင်ရေး အတွက် စက်တင်ဘာလအတွင်း အမေရိကန်နိုင်ငံသို့ သွားရောက်မည့် နိုင်ငံတော်သမ္မတဧ။် ခရီးစဉ် တွင် တောင်းဆိုခဲ့မည် တောင်းဆိုနိုင်ခဲ့မည်ဟု သုံးသပ်ရမိပါသည်။

အဆိုပါ ဘဏ္ဍာရေးဝန်ဆောင်မှုအပေါ်ကန့်သတ်မှု(Restriction on financial services ) အပေါ် ချွင်းချက်ပေးနိုင်သော အမေရိကန်မှ အဖွဲ့စည်းများတွင် အမေရိကန်သမ္မတ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ အောက်လွှတ်တော်ဘဏ္ဍာရေးကော်မတီ၊အထက်လွှတ်တော်ဘဏ္ဍာရေးကော်မတီတို့မှ တစ်ဖွဲ့ဖွဲ့မှ ခွင့်ပြုပေးလျှင် ဖြစ်နိုင်မည်ဖြစ်ရာ မြန်မာနိုင်ငံ စီးပွားရေးဖွံဖြိုးတိုးတက်မှုများအား အထောက်ကူဖြစ်စေမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အလျှင်အမြန် ၀င်ရောက်လာနိုင်မည့် အခွင့်လမ်းအတွက် အခွင့်အရေးတစ်ရပ်ရှိနေသည်ဟု ဆိုရတော့မည်ဖြစ်သည်။

မင်းသူ

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!