| Tuesday, 31 January 2012 13:12 |
စင်ကာပူနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့သော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်ကာလအတွင်း စင်ကာပူ-မြန်မာ နှစ်နိုင်ငံကြား စီးပွားရေး၊ လူ့စွမ်းအား အရင်းအမြစ်နှင့် ပြည်သူ့ အုပ်ချုပ်ရေးကဏ္ဍ တိုးတက် ဖွံ့ဖြိုးရေး ကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီမှုများ ရရှိခဲ့ကြောင်း စင်ကာပူ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သော သတင်းများအရ သိရှိရပါသည်။ အဆိုပါ သဘောတူညီမှုများ အတွက် စင်ကာပူ-မြန်မာ နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ဇန်န၀ါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ပြီး စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့၏ ရှေ့မှောက်တွင် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ရှန်မူဂန်နှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့က စာချွန်လွှာကို အပြန်အလှန် လက်မှတ် ရေးထိုးခဲ့ကြပါသည်။ သဘော တူညီချက်အရ အနာဂတ်တွင် စင်ကာပူနှင့် မြန်မာနိုင်ငံကြား ပိုမို ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး စီးပွားရေး၊ လူ့စွမ်းအား အရင်းအမြစ်နှင့် ပြည်သူ့ အုပ်ချုပ်ရေး ကဏ္ဍများ တိုးတက် ဖွံ့ဖြိုးရေးတို့အတွက် စင်ကာပူနိုင်ငံမှ နည်းပညာရပ် ဆိုင်ရာ ထောက်ပံ့ ကူညီမှုများနှင့် သင်တန်းများကို စီစဉ်လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် နယ်ပယ် အသီးသီးတွင် ကျွမ်းကျင် လုပ်သားများ ပေါ်ထွက်လာရေးအတွက် အဓိက ရည်ရွယ်မည် ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ်လုပ်ငန်းနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများ အတွက် သင်ကြား ပို့ချမှုများကို စင်ကာပူနိုင်ငံက ကူညီဆောင်ရွက်ပေးမည့် အချက်လည်း အထက်ပါ သဘောတူညီချက်တွင် ပါဝင်မည်ဖြစ်သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဇန်နဝါရီလ ၂၉ ရက်နေ့မှ ဖေဖော်ဝါ ရီလ ၁ ရက်နေ့အထိ စင်ကာပူသမ္မတ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သော ချစ်ကြည်ရေး ခရီးစဉ်တွင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၊ စင်ကာပူ ဝါရင့်ဝန်ကြီး ဂိုချောက်တောင်၊ သမ္မတ တိုနီတန်ကန်ယမ်းတို့နှင့် တွေ့ဆုံခဲ့ပါသည်။ သုံးရက်ကြာ သွားရောက်ခဲ့သော ခရီးစဉ်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်အတူ ဇနီးဖြစ်သူ ဒေါ်ခင်ခင်ဝင်း အပါအဝင် ဝန်ကြီးဌာ နအသီးသီးမှ ဝန်ကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များလည်း အဆိုပါ ခရီးစဉ်တွင် လိုက်ပါသွားခဲ့ပါသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြီးခဲ့သည့် ၂၀ဝ၉ ခုနှစ် အတွင်းကလည်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဝန်ကြီးချုပ်အဖြစ် စင်ကာပူနိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်ခဲ့ပါသည်။ ယခုခရီးစဉ်မှာ အစိုးရအဖွဲ့သစ်ကို စတင်တာဝန်ယူခဲ့ပြီး နောက်ပိုင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ စတုတ္ထမြောက် နိုင်ငံခြားခရီးစဉ် ဖြစ်ပါသည်။ Ref:neweleven - Photo: AFP |
Popular Posts!
-
Credit@ Ko Nge အခုနှစ်တွေမှာ နိုင်ငံခြားသားတွေ ပါးစပ်ဖျားထဲမှာ မြန်မာဆိုတဲ့အသံလေးတွေကို တော်တော်များများ ပြောဆိုနေကျတာကို သင်တို့သတိထားမိ...
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
..... 09 Burmese Export-Oriented Growth Strategy for Myanmar: Joining Production Networks in East Asiasia ... Policy Review...
-
We make tools Your make do! Share Files from Mac OS X to Windows PC’s Easily If you have a mixed network of Mac and Windows P...
-
အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ ... Penis enlargement (1) ကျားအင်္ဂါ ကြီးစေခြင်း ယောက်ျား တစ်ယောက် လိင်တံဟာ လိင်ဆက်ဆံဖို့အတွ...
-
ယိုးဒယား မုန့်ဟင်းခါး (၇ ပွဲ) ယိုးဒယား (ထိုင်း) လူမျိုးတွေကတော့ အုန်းနို့ထည့်ပြီးချက်သလို၊ အုန်းနို့မပါပဲလည်း ချက်ကြပါတယ်။ အုန်းနို့ ပါ...
-
မြန်မာ့ ကျောက်စိမ်း Jadeite ကျောက်မျက်ရတနာ၏ အရောင် ၀င်ရောက်မှုသဘာဝကို အရည်ဟု ခေါ်ကြသြ...
-
"Alan Caplan Ruby" Origin of name “Alan Caplan Ruby” also known as the “Mogok Ruby” gets its name from Alan Caplan the famous...
Tuesday, January 31, 2012
စင်ကာပူ-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီမှုရရှိ
Subscribe to:
Post Comments (Atom)
1 comment:
အင်း! စင်္ကာပူတော့လူလည်ကျပြီ !ဈေးပေါပေါအလုပ်သမားတွေလိုနေပြီတင်တယ်
Post a Comment