Popular Posts!

Thursday, February 21, 2019

အသက္(၅၀)ဆုိေပမယ့္ ဆယ္ေက်ာ္သက္မေလးလုိ လွေသြးၾကြယ္ေနဆဲ အမ်ိဳးသမီး ေျပာတဲ့ “မအုိေဆးနည္း”




လက္ရွိအခ်ိန္မွာ အသက္(၅၀)ေက်ာ္အရြယ္ကို ေရာက္ေနၿပီျဖစ္တဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ သားသမီး(၃)ေယာက္ ေမြးၿပီးလုိ႔ ေသြးဆုံးခ်ိန္ ေရာက္ေနတာေတာင္မွ အလွမပ်က္ေသးဘဲ ဆယ္ေက်ာ္သက္မေလးေတြလုိ လွေသြးၾကြယ္ေနဆဲ ျဖစ္ပါတယ္။ သူမရဲ႕အမည္ကေတာ့ Puspa Dewi ျဖစ္ပါတတယ္။ လူမႈကြန္ရက္မွာေတာ့ သူမရဲ႕ အရြယ္တင္မႈကို အံ့မခန္း ျဖစ္ေနၾကပါတယ္။

သူမဟာ မၾကာေသးမီက အသက္(၅၀)ႏွစ္ျပည့္ အထိမ္းအမွတ္ကို ဆင္ႏႊဲခဲ့တာျဖစ္ၿပီး၊ သူမရဲ႕ အသက္အရြယ္ကို လူေတြက အံ့ၾသေနၾကပါတယ္။ ရြယ္တူတန္းတူေတြနဲ႔ ယွဥ္တဲ့အခါတုိင္း Puspa ဟာ ဒီအသက္အရြယ္လုိ႔ ဘယ္သူကမွ ထင္ၾကမွာမဟုတ္ပါဘူး။ သူမရဲ႕အသက္ကို အေၾကာင္းအရင္း မသိတဲ့သူေတြကုိ ခန္႔မွန္းခုိင္းပါက အလြန္ဆုံး (၂၅)ေပါ့လုိ႔ ေျဖၾကပါတယ္။

သူမရဲ႕ သားႀကီးေတြနဲ႔ တြဲသြားတဲ့အခါတုိင္း ရည္းစားလုိ႔ေတာင္ ထင္ခံရပါတယ္တဲ့။ Puspa ဟာ က်န္းမာေရးနဲ႔ပတ္သက္တဲ့ အစားအစာေတြ ထုတ္လုပ္ေရာင္းခ်တဲ့ လုပ္ငန္းကို လုပ္ပါတယ္။ ဒီအခ်က္ကပဲ သူမကို တစ္ျခားအမ်ိဳးသမီးေတြထက္ ပုိၿပီး က်န္းမာေစတာလား။ Puspa ဟာ တစ္ရက္ကို အခ်ိန္တစ္နာရီေပးၿပီး ကာယေလ့က်င့္ခန္း အၿမဲလုပ္ပါတယ္။

အစားအစာကုိ တမင္ေရွာင္စားတာမ်ိဳးေတာ့ မရွိေပမယ့္၊ က်န္းမာေရးနဲ႔ ညီညႊတ္စြာ၊ အသီးအရြက္ မွ်တစြာ စားပါတယ္။ ဒါေပမယ့္ ပင္ကိုယ္ကတည္းက အသားစား နည္းပါးသူျဖစ္တာကလည္း သူမကို ဒီလုိ သူမ်ားနဲ႔မတူတဲ့ အရြယ္တင္မႈကို ေပးစြမ္းေနတာလားဆုိတာ စိတ္ဝင္စားစရာပါ။ သူမဟာ အစားစားတုိင္း ဘယ္ေတာ့မွ ဗုိက္တင္းကားေအာင္ မစားပါဘူးတဲ့။

ေန႔စဥ္ေန႔တုိင္း ေစာေစာက ေယာဂက်င့္ၿပီး၊ အိမ္မႈကိစၥေတြကိုလည္း မလစ္လပ္ေအာင္ ေဆာင္ရြက္ရပါေသးတယ္။ ခင္ပြန္းသည္နဲ႔ သူနဲ႔ကလည္း အသက္အရြယ္ အမ်ားႀကီး မကြာေပမယ့္၊ ႏွစ္ေယာက္ အျပင္တြဲသြားတဲ့အခါတုိင္း သူမကို ခင္ပြန္းသည္ျဖစ္သူရဲ႕ သမီး သုိ႔မဟုတ္ တူမေလးလုိ႔ ထင္ၾကသူေတြလည္း ရွိပါတယ္တဲ့။ အသက္ရွည္၊ ႏုပ်ိဳခ်င္ရင္ေတာ့ အစားနဲ႔ေလ့က်င့္ခန္း မွ်တေနဖုိ႔ လုိပါတယ္။

source : elitereaders.com နတ္သူႀကီး (SearchMyanmar)

(www.nalonetardiary.com)

Unicode

လက်ရှိအချိန်မှာ အသက်(၅၀)ကျော်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ သားသမီး(၃)ယောက် မွေးပြီးလို့ သွေးဆုံးချိန် ရောက်နေတာတောင်မှ အလှမပျက်သေးဘဲ ဆယ်ကျော်သက်မလေးတွေလို လှသွေးကြွယ်နေဆဲ ဖြစ်ပါတယ်။ သူမရဲ့အမည်ကတော့ Puspa Dewi ဖြစ်ပါတတယ်။ လူမှုကွန်ရက်မှာတော့ သူမရဲ့ အရွယ်တင်မှုကို အံ့မခန်း ဖြစ်နေကြပါတယ်။

သူမဟာ မကြာသေးမီက အသက်(၅၀)နှစ်ပြည့် အထိမ်းအမှတ်ကို ဆင်နွှဲခဲ့တာဖြစ်ပြီး၊ သူမရဲ့ အသက်အရွယ်ကို လူတွေက အံ့သြနေကြပါတယ်။ ရွယ်တူတန်းတူတွေနဲ့ ယှဉ်တဲ့အခါတိုင်း Puspa ဟာ ဒီအသက်အရွယ်လို့ ဘယ်သူကမှ ထင်ကြမှာမဟုတ်ပါဘူး။ သူမရဲ့အသက်ကို အကြောင်းအရင်း မသိတဲ့သူတွေကို ခန့်မှန်းခိုင်းပါက အလွန်ဆုံး (၂၅)ပေါ့လို့ ဖြေကြပါတယ်။

သူမရဲ့ သားကြီးတွေနဲ့ တွဲသွားတဲ့အခါတိုင်း ရည်းစားလို့တောင် ထင်ခံရပါတယ်တဲ့။ Puspa ဟာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အစားအစာတွေ ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းကို လုပ်ပါတယ်။ ဒီအချက်ကပဲ သူမကို တစ်ခြားအမျိုးသမီးတွေထက် ပိုပြီး ကျန်းမာစေတာလား။ Puspa ဟာ တစ်ရက်ကို အချိန်တစ်နာရီပေးပြီး ကာယလေ့ကျင့်ခန်း အမြဲလုပ်ပါတယ်။

အစားအစာကို တမင်ရှောင်စားတာမျိုးတော့ မရှိပေမယ့်၊ ကျန်းမာရေးနဲ့ ညီညွှတ်စွာ၊ အသီးအရွက် မျှတစွာ စားပါတယ်။ ဒါပေမယ့် ပင်ကိုယ်ကတည်းက အသားစား နည်းပါးသူဖြစ်တာကလည်း သူမကို ဒီလို သူများနဲ့မတူတဲ့ အရွယ်တင်မှုကို ပေးစွမ်းနေတာလားဆိုတာ စိတ်ဝင်စားစရာပါ။ သူမဟာ အစားစားတိုင်း ဘယ်တော့မှ ဗိုက်တင်းကားအောင် မစားပါဘူးတဲ့။

နေ့စဉ်နေ့တိုင်း စောစောက ယောဂကျင့်ပြီး၊ အိမ်မှုကိစ္စတွေကိုလည်း မလစ်လပ်အောင် ဆောင်ရွက်ရပါသေးတယ်။ ခင်ပွန်းသည်နဲ့ သူနဲ့ကလည်း အသက်အရွယ် အများကြီး မကွာပေမယ့်၊ နှစ်ယောက် အပြင်တွဲသွားတဲ့အခါတိုင်း သူမကို ခင်ပွန်းသည်ဖြစ်သူရဲ့ သမီး သို့မဟုတ် တူမလေးလို့ ထင်ကြသူတွေလည်း ရှိပါတယ်တဲ့။ အသက်ရှည်၊ နုပျိုချင်ရင်တော့ အစားနဲ့လေ့ကျင့်ခန်း မျှတနေဖို့ လိုပါတယ်။

source : elitereaders.com နတ်သူကြီး (SearchMyanmar)

(www.nalonetardiary.com) :https://www.nalonetardiary.com/9220/

No comments:

*** လာလည္ေသာအေပါင္းအသင္းမ်ား မိမိ ASN GROUP ONLINE SHOP ကေန သင္တိုု႔အလိုုရွိေသာပစၥည္းမ်ားကိုု ရွာေဖြၿပီး ORDER မွာလိုု႔ရေနပါၿပီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!