Popular Posts!

Monday, February 11, 2019

မြန်မာနိုင်ငံတောတောင်များရှိ တန်ဖိုးကြီးမားသည့် အရာများ

မြန်မာနိုင်ငံတောတောင်များရှိ တန်ဖိုးကြီးမားသည့် အရာများ

 (ထက်မြတ်အောင် )

ညောင်နီပင်….

မြန်မာ နိုင်ငံ မှာ ရှိတဲ့ တောထဲ တွင်ရံဖန်ရံခါ တွေ ရ်လေ့ ရှိသောညောင်ပင်နီဖြစ်သည်။သစ်ပင် ကိုင်းအား ဓါး ဖြင့် ခုတ်လျှင် လူကဲ့သို့ သွေးများထွက်သည်။တရုတ် နိုင်ငံမှ အဓိကထား ဝယ်သည်ဟုသိရသည်။

1968ခုနှစ် တွင် ပဲခူးရိုးမ တွင် ကွန်မြူ နစ် ခေါင်းဆောင်တစ်ဦးမှ ထိုအပင်ကိုတွေ့ရှိ ၍ အပင်လိုက်ခုတ်ကာ တရုတ်နိုင်ငံသို့ ရောင်းချခဲ့သည်ဟုသိရသည်။

ယခု ခေတ်တွင်တွင်လည်း ထိုအပင် ကို လိုက်လံရှာဖွေ ဝယ်ယူနေသောထိုင်းလူမိုးအခို့နှင်တရုတ်လူမိုးတို့ကို တွေ့ဖူးသည်။ဒေသခံအခို့ တွေ့ဖူးလျှင် လမ်းပြကြေးပေးကာ လိုက်လံ ရှာဖွေတက်ကြသည်။

ထိုအပင်သည်ကျောက်မျက်အတုလုပ်သည့် လုပ်ငန်းနှင့် ဆေးဝါး ဖော်စပ်သည့် နေရာတွင်အလွန်အသုံးဝင်သည်ဟု ကြားဖူးသည်။ယခု အခါ ထိုအပင်မှာ မရှိသလောက်ရှားပါးသွားသည်။

ကျွန်းနက်

မြန်မာနိုင်ငံရှိ ရေနံမြေနှင့်ဆက်စပ်နေသောဒေသအခို့တွင် ပေါက်ရောက်သည်။ကျွန်းနက်သည်မူလအစက ကျွန်းဖိုပင် ဖြစ်သော်လည်း ရေနံမြေ၏ အောက်ခံမြေဆီလွာနှင့် ကျောက်အလွာကြောင့် သက်တမ်းရင့်လာသည့်အခါကျွန်းနက် အဖြစ်သို့ပြောင်းလဲသွားသည်။

ကျွန်းနက်အား အဂ္ဂရိတ် ထိုးသည့်နေရာတွင် အလွန်အသုံးဝင်သည်။ကျွန်းနက် အား အဆီအနှစ် ထုတ်ကာအဂ္ဂရိတ်ပညာဖြင့် သံလုံး ရအောင် လုပ်သည်။ကျွန်းနက်၏ မူလအသားမှာလဲမီးရို့၍ ပြာချလျှင် သံလိုက် သယောင်ရှိသည်။

အဂ္ဂရိတ်ပညာဖြင့် ဓါတ်လုံးရအောင် ထိုးနိုင်လျှင် ပီယသီဒ္စီ၊ ကာယသိဒွီ တို့၌ အလွန်ထူးခြားသည်။ဂမ္ဘီရအနွယ်ဝင် သစ်ပင် ဖြစ်သောကြောင့် တော်ရုံတန်ရုံ တွေ့ရှိဖို့ မလွယ်ကူသလို တွေ့ရှိသည့် ကျွန်းနက်ပင်အခို့မှာလဲ ဘုရားဆင်းထု ထုပ်လုပ်ရန်သာအသုံးဝင်သည်။

ကျွန်းနက် သားအစစ်အား ပိသာချိန်ဖြင့် ချိန်တွယ်ကာသိန်းဂဏန်း ကျပ်ဖြင့် ဝယ်ယူကြောင်း သိရသည်။

ဝါးအမြူ တေ

ဝါးအမြူ တေသည် ဝါးတောများထဲတွင်တစ်ပင်တည်းထူးခြားစွာပေါက်သည်။ဝါးများထဲ တွင်သန္ဓေ တည်သည်။ပုံစုံမှာ အလုံးသို့မဟုတ်နွယ်ပင်ကဲ့သို့ ပုံစံ မိုးဖြစ်သည်။

ဝါးအမတေ သည် လပြည့် လကွယ် ည များတွင် ထိုဝါးထဲ မှ စကားပြောသံများသီချင်းဆိုသံများ ဝါးကြိတ်သံများ ကြားရတက်သည်။ပုဂံခေတ်ကဝါးထဲ မှ မွေးဖွား၍ ဘုရင့်မိဖုရား ဖြစ်သွားသော​ဝေဠုဝတီ မိဖုရားသည် ထိုအမတေမှ ပေါက်ဖွားသည့်ဟု ကြားဖူးသည်။

ထိုဝါးအမြူ တေအားအိမ်၌ ဆောင်ထားလျှင် စီးပွားတက်ခြင်း ၊လာဒ်လာဘ ပွင့်ခြင်း၊စသည့်အကိုးကျေး ဇူးများ ရရှိသည်။

အထူးသဖြင့် စုန်း ကဝေ အောက်လမ်းတို့ မပြု စားနိုင်သောကြောင့် စုန်းယုံကြည်သော အာရှနိုင်ငံအခို့နှင့်အာဖရိက နိုင်ငံအခို့က ဈေးကောင်းပေး၍ ဝယ်တက်သည်။

သစ်ကွင်း

တောကြီးတောင်ကြီး များတွင်သာ တွေ့ရတက်သည်။ပုံပါ သစ်ကွင်းများကို အိမ်၌ ဆောင်ထားလျှင် မီးကွင်းသည် လူနတ်ချစ်ခင်သည် စုန်း အောက်လမ်းတို့ပြု စားခြင်း ကင်းလွတ်သည်။

စုန်းယုံကြည်သော မြန်မာလူမိုးများနှင့်ထိုင်းလူမိုး ၊မလေးလူမိုးတို့ကဈေးကောင်းပေး၍ ဝယ်တက်သည်။

သံစားကျောက်

ရှေးဟောင်းပစ္စည်းပွဲစားများနှင့်​ထိုင်းလူမိုးများ အလွန်လို ချင်နေသော ကျောက်တစ်မိုးဖြစ်သည်။ထိုကျောက်ကို ရေတံခွန်များပေါများရာဒေသနှင့် မီးတောင်များရှိရာဒေသတို့တွင်သာတွေ့ရတက်သည်။

ထိုကျောက်၏ ကာလပေါက်ဈေး တန်ဖိုးမှာသိန်းတစ်ထောင်အောက်သာ ဖြစ်သည်။ထိုကျောက်သည်မိုးရေ ၊အောက်ဆီဂျင် နှင့် အိုင်းယွန်းဆာလဖူ ရစ် တို့နှင့် ထိတွေ့ပြီးဓါတ်ပြုကာ အက်ဆစ် ဓါတ် ဖြစ်ပေါ်သောကြောင့် သံ အရည် ပျော်ခြင်ုးဖြစ်သည်။

အရည်ပျော်သည် မှာလဲ ချက်ချင်းပျော်သွား ခြင်းမဟုတ်ဘဲနှစ်ရက် သုံးရက် ခန့်မှသာ အရည်ပျော်ခြင်း ဖြစ်သည်။

ခြသံ

အဂ္ဂရိတ်ပညာရှင်များ တောထဲရှိ ခြတောင်ပို့များအား ဖြို၍ ရှာသော ကျောက်တစ်မိုးဖြစ်သည်။ခြသံ စစ်လျှင် ကျောက်ပျဉ် ၌ သွေးလျှင် နို့ကဲ့သိုအဖြူ ရောင် အရည်များထွက်တက်သည်။

ပုဂံခေတ် ရှင်အဇ္ဇဂေါဏ၏ မုဆိုးမဘုရားတည်နိုင်သော ရွေဖြစ်ငွေဖြစ်လမ်းစဉ် အောင်မြင်ရခြင်းသည် ခြသံ၏ အရေးပါမူ ကြောင့်လဲ ဖြစ်သည်။

ကျောက်လိပ် ၊​ကျောက်​ခရုနှင့်​​ကျောက်​ငါး

ထို ကျောက်ဖြစ်နေသော ရေနေသတ္တဝါများအား ကျောက်ဆောင် ထူထပ်၍ ရေနှင့်နီးသည့် နေရာများတွင်တွေ့ရတက်သည်။

ထိုကျောက်သတ္တဝါ များ၏ အသုံးဝင် ပုံမှာရေဖလားထဲ တွင်ထည့်၍ ပြဒါး ကျွေးထားလျှင် ရက်အတန်ကြာသည့်အခါ ထိုကျောက်သတ္တဝါ များ စွန်ပစ်သော အညစ်ကြေးမှာ ရွေဖြစ်နေတက်သည် ဟု ကြားဖူးသည်

Ref:https://thadinyatkwat.com/archives/19117

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!