Popular Posts!

Saturday, January 5, 2013

ဥပဒေများနှင့် ဥပဒေသဘောသက်ဝင်သော ပြဌာန်းချက်များ


လူနှင့်လူမှုအဖွဲ့အစည်းများတိုးတက်ထွန်းကားလာသကဲ့သို့ ဥပဒေများနှင့်ဥပဒေပြုနည်း များသည် လည်းတိုးတက်ဖွံ့ဖြိုးလာ ခဲ့ကြသည်။ ကမ္ဘာပေါ်ရှိအချို့သောနိုင်ငံများ၏ ဥပဒေရေးရာ အခြေအနေများကို ကြည့်မည်ဆိုပါက ရောထွေးလျှက်ရှိသော ဥပဒေစံနစ်များ၊ အမျိုးမျိုးသောဥပဒေ အမျိုးအစားများနှင့် ကွဲပြားခြား နားသော ဥပဒေလုပ်ထုံးလုပ်နည်းများကို တွေ့ရမည်ဖြစ်ပေသည်။ ၄င်းတို့အားခွဲခြမ်းစိတ်ဖြာကြည့်မည် ဆိုပါက ပြဌာန်းဥပဒေ ၊ ကွန်မွန်းလော (သို့) အင်္ဂလိပ်ရိုးရာဥပဒေ (သို့) စီရင်ထုံးဥပဒေနှင့် တဆင့်ခံဥပဒေ Delegated legislation ဟူ၍တွေ့ရမည် ဖြစ်ပေသည်။ အဆိုပါ ဥပဒေ ပြုခြင်းအားဖြင့်ပေါ်ပေါက်လာသော ဥပဒေအမျိုး အစားအပေါ်တွင် ထပ်မံ ခွဲခြားစိပ်ဖြာကြည့်မည်ဆိုပါက ပြည်တွင်းဥပဒေ Domestic Law နှင့် နိုင်ငံတကာ ဥပဒေ International Law ဟူ၍ တွေ့ရှိရမည်ဖြစ်ပြီး၊ သက်ဆိုင်မှု နယ်ပယ်အရထပ်မံ၍ ခွဲခြားကြည့်မည်ဆိုပါက အများဆိုင်ဥပဒေ Public Law နှင့် သီးသန့် ပုဂ္ဂလိကဥပဒေ Private Law ဟူ၍ အကြမ်းအားဖြင့် ခွဲခြားကြည့်နိုင်ပါသည်။
ပြဌာန်းဥပဒေဆိုသည်မှာ ပါလီမန်(သို့မဟုတ်) ပါလီမန်ကဲ့သို့သောအာဏါရှိသော အဖွဲ့အစည်းက ပြုလုပ ပြဌာန်းသောဥပဒေဖြစ်သည်။ ကွန်မွန်းလော Common Law (စီရင်ထုံးဥပဒေ) ဆိုသည်မှာ ရှေ့ကဖြစ်ပျက်ခဲ့ဖူး သော၊ ဆုံးဖြတ်ခဲ့ဖူးသော ထုံးတမ်းစဉ်လာများကိုလိုက်နာ၍ တရားရုံးများတွင် တရားသူကြီးများက သက်ဆိုင်ရာ အမှုများကို စီရင်ဆုံးဖြတ်ရာမှပေါ်ထွက်လာသော တရားစီရင်ထုံးများကို ဥပဒေတရပ်ကဲ့သို့ လက်ခံကျင့်သုံး သည့်ဥပဒေ ဖြစ်ပေသည်။ သို့ရာတွင်ပြဌာန်းဥပဒေ Statute Law နှင့် စီရင်ထုံးဥပဒေ တို့အကြား မကိုက်ညီမှု၊ ဆန့်ကျင်ကွဲလွဲအငြင်းပွားမှု များ ဖြစ်ပေါ်လာပါက ပြဌာန်းဥပဒေအတိုင်းသာလျှင် စီရင်ဆုံးဖြတ်မှုပြုရသည်။ ထိုအခါမျိုး၌ စီရင်ထုံးဥပဒေကို လိုက်နာရန်မလိုပေ။
အမြင့်ဆုံးအာဏာပိုင်အဖွဲ့ အစည်းတခုခုမှ ဥပဒေ၊ နည်းဥပဒေများကိုကြေညာခြင်းပြုခဲ့လျှင် ထိုကြေညာချက် သည် ဥပဒေရေးရာပင်ရင်းအခြေအမြစ်ရှိသည်ဟုဆိုရပေမည်။ ဤကဲ့သို့ ကြေညာခြင်းကို “တိုက်ရိုက်ဥပဒေပြု ခြင်း Direct Legislation ဟုခေါ်ဆိုပေသည်။ ပါလီမန်စနစ်ကိုကျင့်သုံးသည့် နိုင်ငံအများစုသည် ဥပဒေများ ပြဌာန်းနိုင်ရန်အတွက် ဥပဒေပြုခြင်းကိုယေဘုယျအားဖြင့် နှစ်မျိုးနှစ်စားခွဲခြားထား ခဲ့ကြသည်။ ၎င်းတို့မှာ အမြင့် ဆုံးဥပဒြေုပခြင်း Suprem Private Law Legislation နှင့် တဆင့်ခံဥပဒေပြုခြင်း Subordinate or delegated legislation ဟူ၍ဖြစ်သည်။
ပါလီမန် (သို့မဟုတ်) ပါလီမန်ကဲ့သို့အာဏာရှိသော ဥပဒေပြုအဖွဲ့အစည်း (ဥပမာ-ပြည်သူ့လွှတ်တော်) က ဥပဒေပြုခြင်းကို အမြင့်ဆုံးဥပဒေပြုခြင်း ဟုခေါ်သည်။ ပါလီမန်ကဥပဒေပြုလိုက်ပြီးပါက အခြားမည်သူကမျှ မပယ်ဖျက်နိုင်ပေ။ ပါလီမန် (သို့မဟုတ်) ပြည်သူ့လွှတ်တော်၏အောက်၌ ဥပဒေပြုနိုင်သည့်အဖွဲ့ငယ်များရှိသေး သည်။ သို့ရာတွင်ယင်းအဖွဲ့တို့၏ ဥပဒေပြုနိုင်ခွင့် အာဏာကိုလွှတ်တော် (သို့မဟုတ်) ပါလီမန်က ပေးအပ်ထား ခြင်းဖြစ်သည်။ ယင်းအဖွဲ့တို့က ဥပဒေပြုခြင်းကို “တဆင့်ခံဥပဒေပြုခြင်းဟုခေါ်သည်။
အမြင့်ဆုံးဥပဒေပြုခြင်းမျိုးတွင် ဥပဒေပြုသူသည် နိုင်ငံတော်၏ အချုပ်အချာအာဏာပိုင်သူ (သို့မဟုတ်) အဖွဲ့က ပြုလုပ်ပြဌာန်းသောဥပဒေမျိုးဖြစ်သည်။ ယင်းတို့မှပြဌာန်းလိုက်သော ဥပဒေ Law များကို အက်ဥပဒေ Act များ ဟုခေါ်သည်။ ထိုမှတဖန် အဆိုပါဥပဒေပြဌာန်းချက်များကို တိကျကျယ်ပြန့်စွာ အကောင်အထည်ဖေါ် ဆောင် ရွက်နိုင်စေရန် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များသို့ ထပ်ဆင့် ဥပဒြေုပရန်အာဏာလွှဲအပ်ထားလေ့ရှိကြသည်။ တဆင့်ခံအဖွဲ့အစည်းများကြုပသော ဥပဒေများကို နည်းဥပဒေ၊ စည်းကမ်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ အမိန့်၊ ကြေ ညာချက်၊ ညွှန်ကြားချက်များ စသည့်အသွင်ဖြင့်သာ ပြုလုပ်နိုင်ပေသည်။
ပင်မအရင်းခံဥပဒေနှင့် ကျင့်ထုံးဥပဒေ Law of procedure တို့၏ ကွဲပြားခြားနားမှုကို တိတိကျကျ ဖေါ်ပြရန် မဖြစ်နိုင်ပေ။ တနည်းအားဖြင့်ဆိုသော် ပင်မအရင်းခံဥပဒေသည် နောက်ဆုံးရည်မှန်းချက်ဖြစ်ပြီး၊ ကျင့်ထုံးဥပဒေများမှာမူ ပင်မအရင်းခံဥပဒေ၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် နည်းလမ်းများနှင့် သက်ဆိုင်ပေသည်။
ပြည်တွင်းဥပဒေဆိုသည်မှာ သက်ဆိုင်ရာနယ်မြေအကန့်အသတ်ဖြင့် ပိုင်းခြားသတ်မှတ်ထားသော တိုင်းပြည်နိုင်ငံ Country တခု သို့တည်းမဟုတ် အမျိုးသားနိုင်ငံ Nation-state တခုအတွင်း နေထိုင်ကြသော လူများကလိုက်နာကျင့်သုံး ရန် ပြဌာန်းထားသည့်ဥပဒေဖြစ်ပြီး၊ အဆိုပါပြည်တွင်းဥပဒေ၌ တိုင်းပြည်အတွင်း ကျင့်သုံးသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်သောဥပဒေများ ပါဝင်သည်။
အပြည်ပြည်ဆိုင်ရာဥပဒေဆိုသည်မှာ တိုင်းပြည်နိုင်ငံများအကြား၊ သို့တည်းမဟုတ် အမျိုးသားနိုင်ငံများ အကြားတွင် ကူးလူးဆက်ဆံဆောင်ရွက်မှုကိစ္စများအပေါ်တွင် အကျိုးသက်ရောက်မှုရှိသော ဥပဒေစနစ်တရပ် ကို ခေါ်ဆိုခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာဥပဒေတည်ရှိရခြင်း၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံအချင်းချင်း အကြား ငြိမ်းချမ်းရေးနှင့်အပြုသဘောဆောင်သော ဆက်ဆံရေးကိုထိန်းသိမ်းရန်နှင့် နိုင်ငံအသီးသီးတွင်နေထိုင် ကြသော ကွဲပြားခြားနားသည့် နိုင်ငံသားများအချင်းချင်း အကြား စီးပွားရေးဆိုင်ရာကိစ္စများ၊ ပုဂ္ဂလိကကိုယ်ရေး ကိုယ်တာကိစ္စရပ်များတွင် အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ထားရှိကျင့်သုံးကြခြင်းဖြစ်သည်။
အများဆိုင်ဥပဒေဆိုသည်မှာ အဓိကအားဖြင့် သက်ဆိုင်ရာနိုင်ငံနှင့် ၄င်း၏နိုင်ငံသားများ အကြားတွင် ဖြစ်ပေါ်လာသည့် အငြင်းပွားမှု၊ အမှုကိစ္စများနှင့်သက်ဆိုင်သည့် ဥပဒေဖြစ်သကဲ့သို့ အစိုးရ၏အုပ်ချုပ်ရေးနှင့် ငြိမ်ဝပ်ပိပြားရေးဆိုင်ရာကိစ္စများနှင့်လည်း သက်ဆိုင်သည့်ဥပဒေဖြစ်သည်။ အများဆိုင်ဥပဒေကို အမျိုးအစား အားဖြင့်လေးမျိုးခွဲခြား၍ တွေ့ရှိနိုင်သည်။
ပထမအမျိုးအစားမှာ အုပ်ချုပ်ရေးဆိုင်ရာဥပဒေ Administrative law ဖြစ်သည်။ အုပ်ချုပ်ရေးဆိုင်ရာဥပဒေ ဆို သည်မှာ အစိုးရ၏ဌာနဆိုင်ရာလုပ်ငန်းတာဝန်များနှင့် ပတ်သက်လျှက်ရှိပြီး နိုင်ငံသားများနှင့်ဆက်သွယ်ဆောင် ရွက်လုပ်ကိုင်ရာတွင် လိုက်နာကျင့်သုံးရန် ပြဌာန်းသတ်မှတ်ထားခြင်းဖြစ်သည်။ ဥပမာအားဖြင့် အစိုးရ၏ အိုးအိမ်ဦးစီးဌာနက နိုင်ငံသားတဦးအား အဆောက်အဦးဆောက်လုပ်ခွင့်လိုင်စင် ချပေးခြင်းကိစ္စမျိုးဖြစ်ပြီး၊ နှစ်ဦးနှစ်ဖက်မှာ သတ်မှတ်ပြဌာန်းထားသောဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရခြင်းဖြစ်သည်။
ဒုတိယအမျိုးအစားမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဥပဒေ Constitutional law ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရသာလျှင် အစိုးရအာဏါပိုင် အဖွဲ့အစည်းအသီးသီးတို့သည် ၄င်းတို့အားအပ်နှင်းထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်အာဏါ များကို ခွဲဝေကျင့်သုံးဆောင်ရွက်ရခြင်းဖြစ်သည်။ ဥပမာအားဖြင့် အခွန်ကောက်ခံရေးနှင့် ပတ်သက်၍ အုပ်ချုပ်ရေးအာဏါပိုင်အဖွဲ့အစည်းများအကြား တိကျသောဥပဒေများကို ပြဌာန်းထားရှိဆောင် ရွက်ခြင်းမျိုးဖြစ်သည်။
တတိယအမျိုးအစားမှာ ပြစ်မှုဆိုင်ရာဥပဒေ Criminal law (ရာဇ၀တ်ဥပဒေ) ဖြစ်သည်။ ပြစ်မှုဆိုင်ရာဥပဒေ၏ သဘောမှာ နိုင်ငံအတွင်း၌နေထိုင်သူ အားလုံးနှင့်အကြုံးဝင်ပြီး ၄င်းတို့၏ပြုမူဆောင်ရွက်ချက်များအနက် လူသား အားလုံး အား ထိခိုက်နစ်နာစေသော ပြုမူဆောင်ရွက်ခြင်းဖြစ်စေ၊ သို့မဟုတ် လစ်လျှုရှုခြင်းဖြစ်စေ၊ တို့နှင့်ပတ် သက်၍ မည်သည့်ကိစ္စသည် အပြစ် (ပြစ်မှု) ဖြစ်သည်ဟု သတ်မှတ်ထားသောဥဒေဖြစ်သည်။ ဥပမာအားဖြင့် လူသတ်မှု၊ ခိုးမှု၊ ထိခိုက်နာကျင်စေမှု အစရှိသည့်ကိစ္စများဖြစ်သည်။
စတုတ္ထအမျိုးအစားမှာ စက်ရုံအလုပ်ရုံဆိုင်ရာဥပဒေ Industrial law ဖြစ်ပြီး၊ အလုပ်ရှင်အလုပ်သမားများနှင့် ပတ်သက်သည့် ဆက်သွယ်ဆောင်ရွက်မှုကိစ္စများ၊ လုပ်ငန်းခွင်ကိစ္စများ၊ လုပ်အားခကိစ္စများနှင့် အလုပ်နှင့် ပတ်သက်၍ အငြင်း ပွားသည့်ကိစ္စရပ်များတွင် အသုံးပြုရန်အတွက်ပြဌာန်းထါးသော ဥပဒေပင်ဖြစ်သည်။ ဤဥပဒေပြဌာန်းချက် တရပ်ရပ်ကို တဖက်ဖက်မှချိုးဖေါက်သည့်အခါ ပြစ်မှုဆိုင်ရာဥပဒေဖြင့်အကျုံးမ၀င်ဘဲ ဤဥပဒေပြဌာန်းချက် များအရသာလျှင် ဖြေရှင်းဆောင်ရွက်မှုပြုရခြင်းဖြစ်သည်။
သီးသန့်ပုဂ္ဂလိကဥပဒေဆိုသည်မှာ နိုင်ငံသားများအချင်းချင်းအကြားဖြစ်ပွားသော အမှု အခင်းကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရာတွင် အငြင်းပွားမှုများကို မှန်မှန်ကန်ကန်၊ အေးအေး ချမ်းချမ်းဖြင့် အဆုံးအဖြတ်ပေးနိုင်ရန် အတွက် ရည်ရွယ်၍ ပြုလုပ်ပြဌာန်းထားသောဥပဒေကို ဆိုလိုခြင်းဖြစ်သည်။ သီးသန့်ပုဂ္ဂလိကဥပဒေနှင့် ပတ် သက်၍ အဓိကအားဖြင့်အောက်ဖေါ်ပြပါအခြေအနေ အနေအထား (၄) မျိုးအောက်၌ တွေ့မြင်နိုင်ပေသည်။ ၄င်းတို့မှာပဋိညာဉ် (သဘောတူစာချုပ်) Contract law ဥပဒေ၊ တရားမနစ်နာမှုဥပဒေ Torts၊ မိသားစုဆိုင်ရာ (ဓလေ့ထုံးတမ်း) ဥပဒေ Family law နှင့် ပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာဥပဒေ Property law တို့ဖြစ်ကြသည်။
ဥပဒေများကို အမျိုးအစားခွဲခြားသတ်မှတ်ရာ၌ တရားမဥပဒေနှင့် ပြစ်မှုဆိုင်ရာဥပဒေဟူ၍ လည်းခွဲခြားသတ်မှတ် ခြင်းပြုကြသည်။ တရားမဥပဒေ Civil law ဆိုသည်မှာ ပြည်သူအချင်းချင်း၊ တဦးနှင့်တဦးအကြား၊ တဖွဲ့နှင့်တဖွဲ့ အကြား ဖြစ် ပွားသည့် အငြင်းပွားမှုများနှင့်ပတ်သက်သောဥပဒေပြဌာန်း ချက်များဖြစ်သည်။ အများအားဖြင့် တရားမဥပဒေ များသည် သီးသန့်ပုဂ္ဂလိကဥပဒေများဖြစ်ကြသော်လည်း အများနှင့်သက်ဆိုင်သည့် အုပ်ချုပ်ရေး ဆိုင်ရာဥပဒေများနှင့်ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပွားသောအခါ၌လည်း တရားမဥပဒေဖြင့် ဖြေရှင်းဆောင် ရွက်ကြခြင်း များ ရှိပေသည်။ တနည်း အားဖြင့်ဆိုပါက တရားမဥပဒေဆိုသည်မှာ ပြစ်မှုမြောက်သည်ဟုပြဌာန်း ထားသည့် ပြစ်မှုဆိုင်ရာ ဥပဒေပြဌာန်းချက်များနှင့်အကြုံးဝင်သက်ဆိုင်ခြင်းမရှိသည့် အမှုကိစ္စများကို အဆုံးအ ဖြတ်ပေးရန် ပြဌာန်းထားသည့်ဥပဒေကို ခေါ်ဆိုခြင်းဖြစ်ပေသည်။ ပြစ်မှုဆိုင်ရာဥပဒေ (ရာဇ၀တ်) ဥပဒေ Criminal law ဆိုသည်မှာ သက်ဆိုင်ရာပြည်သူတရပ်လုံးနှင့် ဆန့်ကျင်သည့် အမှုကိစ္စတစုံတခုကိုမပြုလုပ်ရန်၊ သို့တည်းမဟုတ် မပျက် မကွက်ပြုလုပ်ရန်ဖေါ်ပြထားပြီး၊ အကယ်၍ထိုပြဌာန်း ထားချက်များအတိုင်းလိုက်နာ ဆောင်ရွက်ခြင်းမရှိဘဲ ပြုလုပ် (သို့မဟုတ်) ပျက်ကွက်မည်ဆိုပါက ကျခံရမည့်ပြစ်ဒဏ်များကိုပါ နိုင်ငံတော်က သတ်မှတ်ဆုံးဖြတ် ထားသည့်ဥပဒေကို ပြစ်မှုဆိုင်ရာဥပဒေဟု ခေါ်ဆိုခြင်းဖြစ်ပေသည်။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!