Popular Posts!

Friday, January 11, 2013

ကျောက်စိမ်းကျောက်မျက်လုပ်ကွက်များတွင် ယခင်အစိုးရလက်ထက် လူကြီးသားသမီးများ ၏ အမည်ခံလုပ်ကွက်များကို ခရိုနီများကကူညီလုပ်ကိုင်မှုသည် ၆၀ ရာခိုင်နှုန်းခန့်ရှိ

ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်များတွင် ယခင်အစိုးရလက်ထက် လူကြီးများ၏ သားသမီးများ၏ အမည်ခံလုပ်ကွက်များကို ခရိုနီများမှ အကွက်ဝယ်ယူ ဦးဆောင်ကူညီ လုပ်ကိုင်ပေးမှုများသည် ၆၀ ရာခိုင်နှုန်းခန့်အထိ ရှိနေပြီး ဒေသခံ တိုင်းရင်းသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံး နေရကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဇန်န၀ါရီလ ၉ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
''ကျောက်စိမ်း ကျောက်မျက် တင်ပို့ခြင်းကို အမေရိကန်အစိုးက ကန့်သတ်ထားတဲ့ အကြောင်းအရင်းကတော့ သူတို့ ပိတ်ပင် ကန့်သတ်ထားတဲ့သူတွေက ကျောက်မျက် ကျောက်စိမ်းအသင်းမှာ ပါဝင်နေလို့ ဖြစ်မယ်လို့ ယူဆပါတယ်။အရင် အစိုးရလက်ထက်က ခရိုနီတွေက ကျောက်မျက်အသင်းမှာ တာဝန်ယူထားတော့ ဒေသခံတိုင်းရင်းသားတွေရဲ့ အလုပ်အကိုင်တွေဆုံးရှုံးနေ ရတဲ့အတွက် လွှဲပြောင်းပေးဖို့ တိုက်တွန်းလိုပါတယ်။
အမေရိကန်အစိုးရက ကန့်သတ်ထားတဲ့ သူတွေ ကျောက်မျက်အသင်းမှာ တာဝန်တွေ မယူထားဘူးဆိုရင် ပတ်ဆို့မှုတွေ ရုပ်သိမ်းသွားနိုင်ပါတယ်''ဟု ဦးလှဆွေက ပြောကြားခဲ့သည်။
မူးယစ်ဆေးဝါးက ရရှိတဲ့ ငွေကြေးများကို ခ၀ါချရာတွင် ကျောက်စိမ်း ကျောက်မျက်က ရတယ်လို့ စာရင်းပြလျင် ငွေမဲမှ ငွေဖြူဖြစ်ဖို့ လွယ်ကူကြောင်း၊ မူးယစ်ဆေးဝါး နာမည်ပျက်ရှိသည့် အဖွဲ့အစည်း ကျောထောက်နောက်ခံ ကုမ္ပဏီများကိုလည်း လုပ်ကွက် ချထားပေးခြင်းများကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ကြောင်း ဦးလှဆွေက ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုမှ စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျော့ပေးခဲ့ရာတွင် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ ထွက်ကုန်များမပါရှိဘဲ ချန်လှပ်ခဲ့ခြင်းအပေါ် လုံးဝပြေလျော့ပေးရေး အမေရိကန်အစိုးရသို့ တောင်းဆိုပေးသွား ရန်အဆိုအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက တင်သွင်းခဲ့ရာ အမျိုးသားလွှတ်တော်၌ ဆွေးနွေးရန် သဘောတူခဲ့ကြောင်း သိရသည်။
 

ဖားကန့်ဒေသတွင် ကျောက်စိမ်း ကုဋေကျောက်ကြော တစ်ခုထပ်မံတွေ့ရှိ

ကမ္ဘာပေါ်တွင် နာမည်ကြီး ကျောက်စိမ်းများ ထွက်ရှိ နေသည့် ဒေသဖြစ်သည့် ဖားကန့်ဒေသတွင်ကျောက် စိမ်း ကုဋေ ကျောက် ကြော တစ်ခုကို ထပ်မံတွေ့ရှိခဲ့ ကြောင်းအဆိုပါ ကျောက် စိမ်းကုဋေ ကျောက်ကြေကို ရှာဖွေတွေ့ရှိခဲ့သည့် ဘူမိ
ဗေဒလုပ်ငန်းမှ သတင်းရရှိ ပါသည်။ 


ဖားကန့်မှော် လုပ်ကွက်မှမြေစာများကို လာရောက်စွန့်ပစ်နေသည့် မြေစာတင်ကားကြီးများကို တွေ့ရစဉ် ဓါတ်ပုံ- နိုင်မိုး (လုံးခင်း)
 
ဘူမိဗေဒပညာရှင်များသည် ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းအတွင်း ဖားကန့်ဒေသရှိ ကျောက်စိမ်း ထွက်ရှိမှုကို သုတေသနပြု လေ့လာရှာဖွေခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ဖားကန့်၌ အဆိုပါ ကျောက်စိမ်း ကုဋေ ကျောက် ကြောကို ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။ လတ်တလော ရှာဖွေ တွေ့ရှိခဲ့သည့်ဖားကန့်ကျောက်စိမ်း ကုဋေကြောမှ ကျောက်စိမ်းထွက်ရှိနိုင်မှုမှာ ပျမ်းမျှ တစ်ဧကလျှင် ကျောက်စိမ်း ၀ ဒသမ ၃ တန်ရှိနိုင်သည်ဟု ဘူမိဗေဒပညာရှင် ပါမောက္ခ အငြိမ်းစားဆရာကြီး ဦးစိုးသိန်း ဦးစီးသော ဘူမိဗေဒ ပညာရှင်များက တွက်ဆထားကြောင်း သိရသည်။

လတ်တလော ရှာဖွေ တွေ့ရှိခဲ့သည့် ဖားကန့်ကျောက်စိမ်း ကုဋေကြောမှ ကျောက်စိမ်းထွက်ရှိနိုင်မှုမှာ ပျမ်းမျှ တစ်ဧကလျှင် ကျောက်စိမ်း ၀ ဒသမ ၃ တန်ရှိနိုင်

ဖားကန့်ဒေသတွင် ပင်မ ကျောက်စိမ်းကျောက် (Primary Deposit) နှင့် ရေဆောင်ကျောက်စိမ်း (Placer Deposit) ဟူ၍ ကျောက်စိမ်းသတ္တု သိုက်နှစ်မျိုးနှစ်စားရှိကြောင်း သိရသည်။ ဖားကန့်ဒေသမှ ထွက်ရှိသည့် ကျောက်စိမ်းသတ္တုသိုက် နှစ်မျိုးအနက် ယနေ့ဈေးကွက်တွင် အများဆုံး ရောင်းချနေသော ကျောက်စိမ်းများမှာ ရေဆောင်ကျောက်စိမ်း (Placer Deposit) သတ္တုသိုက်များမှ ရရှိသည့် ကျောက်စိမ်းများဖြစ်ကြောင်း လေ့လာသိရှိထားသူများက ဆိုပါသည်။
“ကျွန်တော်တို့ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က ရတနာတောင်တန်း ကျောက်စိမ်းကြောရဲ့ ကျောက်စိမ်း တည်ရှိနေတဲ့ နေရာတွေကို ကွင်းဆင်းပြီး ဘူမိဗေဒနည်းပညာနဲ့ ရှာဖွေခဲ့ပါတယ်။ အဲဒီတုန်းက အခုတစ်ကြိမ် ရှာဖွေမှုမှာ အသုံးပြုခဲ့တဲ့ High Tech Geology နည်းကို Digital Image Data အခက်အခဲနဲ့ နည်းပညာတိုးတက်မှု နည်းပါးခဲ့တာကြောင့် ကောင်းကောင်း အသုံးမပြုနိုင်ခဲ့ပါဘူး။ အခုတစ်ကြိမ်မှာတော့ Digital Image Data တွေနဲ့ High Tech နည်းစနစ်တွေကို ကောင်းစွာအသုံးပြုပြီး ရှာဖွေတဲ့အခါကြမှ ကျောက်စိမ်းကောင်းတွေ တည်ရှိနေတဲ့ ကုဋေကျောက်စိမ်းကြော နဲ့တကွ ကျောက်စိမ်းကြောများစွာကို ကောင်းစွာရှာဖွေနိုင်ခဲ့တာပါ။ Landsat Digital Image တွေကို NASA \ High Tech နည်းပညာနဲ့ လုပ်ကွက်တွေရဲ့ပုံကိုနှိုင်းယှဉ်ပြီး ကုဋေကျောက်စိမ်းကြောများ ကျန်ရှိနေသေးတာကို အခိုင်အမာ တွေ့ရှိခဲ့ပါတယ်”ဟု ဖားကန့်ဒေသ ကျောက်စိမ်းကြော ရှာဖွေ သုတေသနပြုခဲ့သူ ဘူမိဗေဒပညာရှင် ဦးစိုးသိန်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကျောက်မျက်ရတနာများအနက် ကျောက်စိမ်းထုတ်လုပ်မှုမှာ နှစ်စဉ် အများဆုံးဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ကျောက်စိမ်းထုတ်လုပ် ရောင်းချမှုမှ ၀င်ငွေစံချိန်တင် ရရှိခဲ့ကြောင်း သိရသည်။
Ref:elevennew

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!