Popular Posts!

Tuesday, January 15, 2013

Internet Business တခေတ်ဆန်းပြီ။

 

Internet business လုပ်ရန်ကြံစည်နေ သူများ အတွက် အရင်းအနှီးသိပ်မများတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအကြောင်း မိတ်ဆက်ပေးပါရစေ။ ရောင်းသူရော ၀ယ်သူပါနှစ်ဦးနှစ်ဖက်လုံးအကျိုးရှိလို့ ကမ္ဘာအရပ်ရပ်မှာခေတ်စားနေပေမယ့် မြန်မာနိုင်ငံမှာတော့ မရှိသေးတဲ့စီးပွားရေးလုပ်ငန်းတစ်ခုလည်းဖြစ်တာကြောင့် လက်ဦးမှု ရယူကာ စတင်အကောင်အထည်ဖော်သင့်တဲ့စီးပွားရေးတစ်ခုလည်းဖြစ်ပါတယ်။
အခုကျနော်တို့နိုင်ငံမှာ discount နှင့်ရောင်းချပေးနေသော ကုန်ပစ္စည်းများ ရှိပါသည်။ ရောင်းချသူများအနေဖြင့် မိမိ၏ ကုန်ပစ္စည်းကို ဈေးလျော့ရောင်းရသည့် အပြင် မိမိဆိုင်တွင် discount ပေး နေကြောင်း လူသိစေရန်ကြော်ငြာရသည်မှာ အရင်းအနှီး မသေးလှပါ။ ထိုကြောင့်အမှန်တကယ်လျှော့နိုင်သောဈေး ကို ကြော်ငြာဖိုးတင်ပြီးရောင်းချရပါသည်။ ၀ယ်သူများ အနေဖြင့်လည်း မူရင်းဈေးတန်ဖိုးကဘယ်လောက်လဲ၊ ဘယ်လောက်ရာခိုင်နှုန်းလျော့တာလဲ၊ တကယ်ဈေးလျှော့တာရောပာုတ်ရဲ့လား စတဲ့သံသယတွေနဲ့မ၀ယ်ဖြစ်တာတွေရှိသလို၊ မအားလို့သွားမ၀ယ်လိုက်ရတာမျိုးလည်း ကြုံဖူးပါလိမ့်မယ်။
အဲလိုဒုက္ခတွေကကင်းဝေးစေအောင်ကူညီပေးနိုင်တဲ့ လုပ်ငန်းတစ်ခုအကြောင်းကိုရှင်းပြပါ့မယ်။ အဲဒီလုပ်ငန်းကိုတော့ Deal လို့ခေါ်ပါတယ်။ ကမ္ဘာအရပ်ရပ်မှာနာမည်ကြီးနေတဲ့ Groupon Model, Deal Model ဆိုတဲ့လုပ်ငန်းဖြစ်ပါတယ်။ ဒီလုပ်ငန်းကတော့ အင်တာနက်ကနေပြီး Website တစ်ခုမှာဈေးလျှော့ရောင်းတဲ့ ပစ္စည်းတွေ၊ အပန်းဖြေခရီးစဉ်တွေ၊ စားသောက်ဆိုင်တွေ စသဖြင့်အမျိုးမျိုးကို တစ်စုတစ်စည်းနဲ့တစ်နေရာတည်းမှာ ကဏ္ဍအလိုက်ခွဲပေးထားပြီး လျှော့ဈေးပေးနေတဲ့ပစ္စည်းဓါတ်ပုံ၊ လျှော့ဈေးပေးတဲ့ရာခိုင်နှုန်းပမာဏ၊ လျှော့ဈေးပေးတဲ့နေရာ၊ အရင်ဈေးနဲ့ အခုလျှော့တဲ့ဈေး၊ အချိန်ကန့်သတ်ချက်၊ ပစ္စည်းကန့်သတ်ချက် အစရှိတဲ့သိသင့်တာတွေနဲ့ဖော်ပြပေးမှာဖြစ်သလို ၀ယ်လိုသူများထံသို့လည်း email, facebook တို့မှလည်း နေ့စဉ်အသိပေးအကြောင်းကြားမှာဖြစ်ပါတယ်။ Website မှာတစ်ခါတည်းကြည့်ပြီးဝယ်ယူနိုင်သလို လိုချင်တာမတွေ့သေးရင်လည်း မိမိရဲ့ Email ကို မိမိလိုချင်တဲ့အချက်အလက်တွေ (ဥပမာ လိုချင်တဲ့ပစ္စည်းမျိုး၊ ခရီးသွားချင်တာမျိုး၊ စားသောက်ဆိုင်ရှာတာမျိုး)တွေနဲ့အတူ တင်ထားခဲ့မယ်ဆိုရင် မိမိရဲ့Email ထဲကိုမိမိလိုချင်တဲ့ပစ္စည်းရှိလာတဲ့အခါမှာ အကြောင်းကြားပေးပါလိမ့်မယ်။ ဒီနေရာမှာတစ်ခုရှိတာက လျှော့ဈေးပေးတယ်ဆိုရာမှာ တကယ်ကိုဈေးလျှော့ပေးတာတွေကိုပဲဖော်ပြပေးမှာဖြစ်ပါတယ်။ ဆိုင်ရောင်းအားကောင်းအောင် အတုလုပ်ပြီးဈေးလျှော့တာမျိုးတွေမဖြစ်ရပါဘူး။ အဲလိုဖော်ပြထားတဲ့ ဈေးလျှော့ထားတဲ့ပစ္စည်းတွေထဲကမှ ၀ယ်ယူလိုသူကမိမိကြိုက်နှစ်သက်တဲ့ပစ္စည်းကို Website ကတင်ပဲရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အဲဒီအတွက် အချိန်ကုန်လူပင်ပန်းသက်သာတဲ့အပြင် ဈေးလျှော့ရောင်းတဲ့အချိန်ကျော်သွားလို့ မ၀ယ်လိုက်ရတာမျိုးလည်း မဖြစ်နိုင်တော့ပါဘူး။ အရင်ကမြန်မာနိုင်ငံမှာ Online payment မရှိသေးတဲ့အတွက် ဒီလိုလုပ်ငန်းမျိုးအတွက် အခက်အခဲဖြစ်ခဲ့ပေမယ့် အခုတော့ မြန်မာပြည်မှာဖွံ့ဖြိုးလာတဲ့ Online Payment စနစ်တွေကြောင့် ဒီလုပ်ငန်းပာာမြန်မာပြည်မှာ ခေတ်တစ်ခုစဖြစ်တော့မယ့် စီးပွားရေးလုပ်ငန်းတစ်ခုလို့သုံးသပ်မိပါတယ်။
ကမ္ဘာအနှံ့မှာတော့ဒီလုပ်ငန်းပာာ Trend တစ်ခုဖြစ်နေခဲ့တာကြာပါပြီ။ ဒီလုပ်ငန်းအခြေတည်နေတဲ့နိုင်ငံတွေမှာဆိုရင် ၀ယ်ယူသူတွေအနေနဲ့ ထိုဝန်ဆောင်မှုလုပ်ငန်းများမှ email များကိုစောင့်မျှော်ကြည့်ရှုလေ့ရှိပြီး ပစ္စည်းတစ်ခုဝယ်ချင်တယ်၊ အပြင်မှာသွားစားမယ်ဆိုရင်တောင်မှ ဒီလိုဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ Email မှာ Discount ကိုစောင့်ပြီးမှဝယ်ကြ စားကြလေ့ရှိတဲ့အထိကို ဒီလိုဝန်ဆောင်မှုတွေ ဖွံ့ဖြိုးနေပြီဖြစ်ပါတယ်။
ဒီလုပ်ငန်းပာာဝယ်ယူသူတွေအတွက် အကျိုးရှိလှသလိုရောင်းချသူများဘက်မှကြည့်ရင်လည်း အသက် သွေးကြောသမျှ အရေးကြီးလာပါတယ်။ ကြော်ငြာစရိတ်ကြီးမားလှတဲ့ယနေ့ခေတ်ကြီးမှာ ကြော်ငြာခ တစ်ပြားမှပေးစရာမလိုဘဲ ကိုယ့်ဆိုင်နေရာ ကိုယ့်ကုန်ပစ္စည်းအကြောင်းကို လူပေါင်းများစွာဆီ Email marketing ပို့နိုင်တယ်ဆိုတာအလွန်ကောင်းမွန်တဲ့ အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။ ဒီလိုဝန်ဆောင်မှုလုပ်ငန်းမှာကြော်ငြာခြင်းအားဖြင့် လုပ်ငန်းရှင်များဘက်မှာလည်း အရောင်းမြှင့်တင်နိုင်မှုအား မမှန်းဆနိုင်အောင်တိုးတက်လာပါတယ်။ ထို့ပြင်ဒီလုပ်ငန်းလုပ်ကိုင်တဲ့ လျှော့ဈေးသတင်းတွေ စုစည်းထားပေးနိုင်တဲ့ website ပိုင်ရှင်တွေပာာလည်း ရောင်းရတဲ့ရာခိုင်နှုန်း အလိုက်အကျိုး အမြတ်ရရှိနိုင်တဲ့အတွက် သုံးဦး သုံးဖက်အကျိုးရှိစေတဲ့လုပ်ငန်းလို့ပြောရမှာပါ။ ဒီလုပ်ငန်း လုပ်ကိုင် ဖို့အတွက် Web application ကောင်းစွာရေးနိုင်ရပါမယ်။ Mass email ပို့ပေးနိုင်ရန် Server ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိရပါမယ်။ လုပ်ငန်းလည်ပတ်နိုင်ရန် Technical strong ဖြစ်ပြီး ဒီနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့ Support များစွာလိုပါတယ်။ ငွေကြေးပမာဏများစွာ ရင်းနှီးပြီးလည်ပတ်ရတဲ့အတွက် အမှားလုံးဝမခံနိုင်သော လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ လုပ်ငန်းအောင်မြင်စေရန်အတွက် Marketing, Telemarketing, Social network marketing ကျွမ်းကျင်ရမှာဖြစ်ပါတယ်။ ဒီနယ်ပယ်တွေအတွက် အကူအညီလိုအပ်ပြီး လုပ်ငန်းကိုစတင်တည်ထောင်ချင်ရင်တော့ mmbizchannel မှာအသင့်ပြင်ဆင်ပြီးသား Web application ရှိပါတယ်။ ထို့ကြောင့် ဒီလုပ်ငန်းကိုစိတ်ဝင်စားသော်လည်း နည်းပညာပိုင်းအရ အခက်အခဲဖြစ်နေတဲ့ သူတွေအတွက် လုပ်ငန်းလည်ပတ်နိုင်အောင်ထိ နည်းပညာအပိုင်း၊ Marketing အပိုင်းတွေထိသာမက Management ပိုင်းကိုပါ အစအဆုံးကူညီဆောင်ရွက်ပေးနိုင်တဲ့ mmbizchannel ကို ဆက်သွယ်ပါ။
 
Ref;mmbizchannel
 
ဆက်လက်ပြီး>>>အွန်လိုင်းတွေမှာဈေးရောင်းကြည့်ရအောင်! အပိုင်း(၁)
 

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!