Popular Posts!

Saturday, January 5, 2013

မြန်မာ့နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေ

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေ အတည်ပြု

သမ္မတဦးသိန်းစိန်က ​နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေအပေါ် ​ပြန်လည်သုံးသပ်ဖို့ ​တိုက်တွန်းပြီးနောက် ​လွှတ်တော်အမတ်တွေက ​ဥပဒေကို ​ပြန်လည်ပြင်ဆင်ပြီး ​အတည်ပြုလိုက်ပြီလို့ ​သိရပါတယ်။
သတင်းစာရှင်းလင်းပွဲတခုမှာတွေ့ရတဲ့သမတ္တဦးသိန်းစိန် (Credit: ABC)
Thein Sein first press conferenceခုတခါအတည်ပြုလိုက်တဲ့ဥပဒေက ​နိုင်ငံခြားရင်းနှီးမြုပ်နှံလိုသူတွေကို ​ပိုပြီးဆွဲဆောင်နိုင်မယ့်​ဥပဒေဖြစ် ကြောင်း လည်း ​သိရပါတယ်။
ပြန်လည်ပြင်ဆင်ထားတဲ့ ​ဥပဒေကို ​သမ္မတဦးသိန်းစိန်အနေနဲ့     အတည် ပြုလက်မှတ်ထိုးဖို့လည်း ​မျော်လင့် နေကြပါတယ်။
သမ္မတရုံးအရာရှိ ​ဦးဇော်ဌေးကတော့ ​ဒီဥပဒေဟာ ​နိုင်ငံခြားရင်းနှီးမြုပ်နှံ လိုသူတွေအတွက် ​ပိုပြီး ​ပြုပြင်လွယ်တဲ့ ​အနေအထားမှာ ​ရှိဖို့ ​မျော်လင့်တယ်လို့ ​ပြောပါတယ်။
အရင်ဥပဒေက ​ရင်းနှီးမြုပ်နှံလိုသူတွေအတွက် ​ကန့်သတ်ချက်တွေ ​များလွန်းတဲ့အတွက် ​ကျွမ်းကျင်သူတွေကတောင် ​ဒါဟာ ​ရင်းနှီးမြုပ်နှံမှုဥပဒေမဟုတ်ဘူးလို့တောင် ​ပြောနေကြတယ်လို့ ​ဆိုပါတယ်။
သမ္မတဦးသိန်းစိန်က ​အချက် ​၁၁ ​ချက်ကို ​ပြန်လည်ပြင်ဆင်သုံးသပ်ဖို့ ​တိုက်တွန်းထားပြီး ​အဲဒီထဲက ​၁၀ ​ချက်ကို ​ပြင်ဆင်တာဖြစ်တယ်လို့ ​သိရပါတယ်။ ​ပြင်ဆင်ဖို့ ​ငြင်းဆန်တဲ့အချက်ကတော့ ​နိုင်ငံခြားသားဝန်ထမ်းတွေနဲ့ ​မြန်မာဝန်ထမ်းတွေကြားမှာ ​အလုပ်ရာထူးတူရင် ​လစာတူပြီး ​တူညီတဲ့ခံစားခွင့်ရှိရမယ်ဆိုတဲ့ ​အချက်ပဲဖြစ်ပါတယ်။
ဥပဒေကို ​ပြင်ဆင်ဖို့ ​သဘောတူတဲ့အချက်တွေထဲမှာတော့ ​အရင်တုန်းက ​နိုင်ငံခြားသားအနေနဲ့ ​စီးပွားရေးရဲ့ ​၅၀% ​နှုန်းသာပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတဲ့အချက်ကို ​သမ္မတက ​ပြန်လည်သုံးသပ်ဖို့ ​တိုက်တွန်းပြီးနောက် ​ခုအခါမှာ ​နိုင်ငံခြားသားနဲ့ ​မြန်မာနိုင်ငံသားဖက်စပ်လုပ်ကိုင်သူတွေရဲ့ ​ဆုံးဖြတ်ချက်အပေါ် ​မူတည်ကြောင်း ​ပြောင်းလဲ ​ပါရှိပါတယ်။ မြန်မာ့နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေ

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!