Popular Posts!

Friday, January 11, 2013

Viber, Skype, Pfingo အသုံးပြု၍ ဖုန်းခေါ်ဆိုခြင်းများအား အရေးယူမည် မဟုတ်

ရန်ကုန်၊ အောက်တိုဘာ၂၃
 
Viber, Skype, Pfingo ဖြင့် ဖုန်းခေါ်ဆိုခြင်းအား တရားမဝင် သတ်မှတ်ထားခြင်း မဟုတ်၍ အရေးမယူဟု ဆက်သွယ်ရေး သင်တန်းေ ကျာင်း ကျောင်း အုပ် ကြီး ဦးကျော်စိုးက ပြောသည်။”အခုလည်း တောက်လျှောက် သုံးနေကြတာပဲ။ ကိုယ်တို့ဘက်က ဒီဟာကို တရားမဝင် ဘူး လို့ ကြေ ညာ ထားတာ ဘာတစ်ခုမှ မရှိဘူး။ ဒါကြောင့်မို့ ဒီဟာကိုဖမ်းဖို့ရာ အစီအစဉ် မရှိပါဘူး”ဟု အောက်တိုဘာ လ ၁၉ ရက်နေ့ ညပိုင်း တွင် ပေါ်ပြူ လာ နယူးစ်သို့ ပြောကြားခဲ့သည်။
လက်ရှိတွင် Viber ဖြင့် ဖုန်း ခေါ်ဆိုသည့်စနစ်မှာ ပြည်တွင်းဖုန်း သုံးစွဲသူများတွင် အထူးပင်ခေတ် စားလာပြီး များစွာအဆင်ပြေနေ သည့် နည်းပညာ တစ်ခုဖြစ်၍ နိုင်ငံတကာ တွင်လည်း ကျယ်ပြန့်စွာ အသုံးပြုနေသော စနစ်တစ်ခု ဖြစ် သည်။
”အခြားဆော့ဖ်ဝဲတွေထက် စာရင် Viber ကို သုံးရတာ ပိုပြီး အဆင်ပြေတယ်။ ငွေကုန်လည်း သက်သာတယ်။ ဒီစနစ်ကို ဖမ်းဆီး ဖို့မရှိတဲ့အတွက် သုံးစွဲသူတွေ အရင် ထက်ပိုများလာနိုင်ပါတယ်” ဟု ကျောက်တံတားမြို့နယ်မှ Viber သုံးစွဲသူတစ်ဦးက ပြောသည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးမှ အင်တာနက်မှတစ်ဆင့် ဖုန်း ခေါ်ဆိုခြင်းကို သတ်မှတ်ထားသည့် စနစ်မှာ Y-talk စနစ်ဖြစ်ပြီး ယင်းကို မြန်မာ့ ဆက်သွယ်ရေး၊ ရတနာပုံ တယ်လီပို့နှင့် VMG TELECOMS ကုမ္ပဏီတို့မှ အကျိုးတူဆောင်ရွက် ပေးထားကြောင်း သိရသည်။
Viber ကို Android စနစ်သုံး ဖုန်းများနှင့် i Phone တို့တွင် အသုံး ပြုနိုင်ပြီး အင်တာနက်အသုံးပြု၍ ဖုန်းခေါ်ဆိုခြင်း၊ Message ပို့ခြင်း များ အခမဲ့ပြုလုပ်နိုင်ကာ အင်တာ နက် အသုံးပြုခသာ ပေးချေရ ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးမှ လက် ရှိတွင် မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုခကို ဖုန်းအမျိုးအစား အ ပေါ်မူတည်၍ တစ်မိနစ်လျှင် နှစ် ကျပ်မှ လေး ကျပ်အထိ သတ်မှတ် ထားပြီး အင်တာနက် သုံးစွဲခွင့် လျှောက်ထားခြင်းကို တစ်သောင်း ကျပ်နှုန်း ကောက်ခံလျက်ရှိသည်။ 

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!