Popular Posts!

Thursday, January 17, 2013

မြန်နှုန်းမြင့် အင်တာနက် ဆက်သွယ်ရေး FTTX စနစ်

 
ဈေးကြီးလိုက်တဲ့ ရွှေတို့နိုင်ငံက သူဌေးတွေသုံးနိုင်တဲ့ internet လိုင်းတွေပါ.....:(
 
June 5, 2012
Twenty year old university student Sarahမြန်နှုန်းမြင့် အင်တာနက် ဆက်သွယ်ရေး FTTX စနစ်ကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေး သွားမည်ဖြစ်သည်ဟု ယင်း စနစ်ကို ၀န်ဆောင်မှု ပေးသည့် ကုမ္ပဏီတစ်ခုဖြစ်သော Fortune ကုမ္ပဏီမှသိရသည်။
 
  အဆိုပါစနစ်ကို ရန်ကုန်တွင် Fortune ကုမ္ပဏီနှင့် Elite Tech ကုမ္ပဏီတို့က ၀န်ဆောင်မှုပေးခြင်း ဖြစ်ပြီး Fortune ကုမ္ပဏီမှ အရစ် ကျစနစ်ဖြင့် ရောင်းချပေးမည်ဖြစ် သည်ဟု သိရသည်။ အရစ်ကျရောင်းချပေးခြင်းကို Fortune ကုမ္ပဏီမှ ယခုလအတွင်း မှစ၍ ၀န်ဆောင် မှုပေးခြင်းဖြစ်ပြီး အရစ်ကျရောင်းချရာတွင် ခုနစ်လ အရစ်ကျစနစ်ဖြ င့် ရာင်းချပေးခြင်း ဖြစ်ပြီး Data နှင့် VOIP အတွက် ကနဦးတပ်ဆင်ခမှာ သုံးသိန်းခွဲ စတင်ပေးချေရမည်ဖြစ်ပြီး ကျန်လ များတွင် တစ်လလျှင် ၇၀၀၀၀ ဖြင့် ခြောက်လအရစ်ကျပေးသွင်းရမည် ဖြစ်သည်။ ငွေပေးသွင်းရာတွင် Fortune ကုမ္ပဏီသို့ တိုက်ရိုက်ပေး သွင်းရမည်ဖြစ်သည်။ ဖုန်းနှင့်အင်တာနက်အတွက် ကနဦးတပ်ဆင်ခမှာ ကျပ် ၇၅၀၀၀၀ နှင့်နှစ်စဉ်ကြေး ၆၀၀၀၀ ကျပ်ဖြစ် သည်။ လစဉ်ကြေးများမှာ မိမိ ရယူထားသော Service Plan အရ ပေးသွင်းရမည်ဖြစ်ပြီး လစဉ် ကြေးများမှာ ၅၁၂ Kbps အတွက် ၄၅၀၀၀ ကျပ်(S$65)၊ ၁ Mbps အတွက် ၇၅၀၀၀ ကျပ်(S$108)၊ ၂ Mbps အတွက် ၁၂၅၀၀၀ ကျပ် (S$180)ဖြစ်သည်ဟု ယင်း ကုမ္ပဏီမှသိရသည်။ ယင်းသို့ ၀န်ဆောင်မှုပေးရာ တွင် ရန်ကုန်တွင် ပန်းဘဲတန်း၊ လမ်း မတော်၊ အလုံ၊ ဒဂုံ၊ ကြည့်မြင်တိုင် နှင့် ဗဟန်းမြို့နယ်များတွင် တပ်ဆင် ပေးပြီး လသာနှင့်စမ်းချောင်းမြို့ နယ်များတွင်လည်း လာမည့်ဇွန်လအတွင်း ၀န်ဆောင်မှုပေးမည်ဖြစ် သည် ဟု Fortune ကုမ္ပဏီမှသိရ သည်။ ယင်းသို့အရစ်ကျရောင်းချ ပေးခြင်း ကိုရန်ကုန်တွင်မက မန္တလေးတိုင်းဒေ သကြီးတွင်လည်း ရောင်းချပေးမည် ဖြစ်ပြီး အဆိုပါကုမ္ပဏီမှ FTTX စနစ်ကို တောင်ဘက် ၄၅ လမ်းအ ထိယင်းစနစ်ကို အသုံးပြုနိုင်မည် ဖြစ်သည်ဟု သိရသည်။ ယင်းသို့ အရစ်ကျစနစ်ဖြင့် ရောင်းချပေးခြင်းကို ရန်ကုန်နှင့် မန္တ လေးမြို့များတွင် ရောင်းချပေးမည် ဖြစ်သည်ဟု သိရသည်။ အဆိုပါ စနစ်မှာ ဖိုင်ဘာဖြင့် အင်တာနက် သုံးနိုင်သည့် မြန်နှုန်းဖြင့် အင်တာ နက်စနစ်၊ ပြည်တွင်းပြည်ပသို့ ဖုန်း ခေါ်ဆိုနိုင်သော VOIP စနစ်၊ အ ရည်အသွေးမြင့် ရုပ်သံလိုင်းများ ကြည့်ရှုနိုင်သည့် စနစ်ဖြစ်သည်။ မန္တ လေးတွင် ယင်းစနစ်ကို စတင်ဝန် ဆောင်မှုပေးခဲ့ခြင်းဖြစ်ပြီးရန်ကုန်တွင် ယခုနှစ်အတွင်းမှ စတင်ဝန်ဆောင် မှုပေးခြင်းဖြစ်သည်။
 
Ref;မေခိုင်-themyanmarglobal

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!