Popular Posts!

Thursday, January 3, 2013

ဂျပန်နိုင်ငံရဲ့နိုင်ငံခြားသားမှတ်ပုံတင်ကဒ် ဥပဒေသစ်

ကျော်နှင်းဆီလွင်
ဂျပန်နိုင်ငံရဲ့ ပြင်ဆင်အတည်ပြုလိုက်တဲ့ဥပဒေသစ်အရ ယခင် နိုင်ငံခြားသားမှတ်ပုံတင်(外国人登録カード)ထုတ်ပေးသောစနစ်ကို ဖျက်သိမ်းပြီး၊ ယင်းအစား ယာယီနေထိုင်ခွင့် (仮住民表) စနစ်ကိုပြောင်းလဲကျင့်သုံးမှာဖြစ်ပါတယ်။ 2012ခုနှစ်7လပိုင်း9ရက်မှစတင် အတည်ပြုကျင့်သုံးမှဖြစ်ပြီး၊ နိုင်ငံခြားသားမှတ်ပုံတင်(外国人登録カード )ကဒ်ပြားဟောင်းများအားဖျက်သိမ်းပြီး၊ ယင်းအစား 在留カードလို့ခေါ်သော နေထိုင်ကဒ်များ ပြောင်းလဲထုတ်ပေးမည်ဖြစ်သည်။
ထို့ကြောင့် ကျမဆီလည်း ရပ်ကွက်ရုံးမှစာ၂စောင်ရှေ့ဆင့်နောက်ဆင့်ရောက်လာပါတယ်။ ဥပ ဒေသစ်ကို အကြောင်းကြားစာနှင့် အခြားတစောင်မှာမူ မဖတ်မဖြစ်ဖတ်ရန် အရေးကြီးကြောင်း ရေးသားဖော်ပြထားပါတယ်။ ယင်းစာတွင်ဖော်ပြပါအကြောင်းအရာမှာမူကား 2012ခုနှစ်၅လပိုင်း မှစတင်၍ ကဒ်ပြားသစ်များစတင်ပြုလုပ်မည်ဖြစ်ပြီး ယင်းကဒ်ပြားတွင်ဖော်ပြရေးသားထည့်သွင်း မည့် အချက်လက်များ မှားယွင်းမှုမရှိစေရန် ကျမရဲ့အိမ်ထောင်စုစာရင်းနှင့်ယာယီနေထိုင်သော ကဒ်တွင်ရေးသားမည့်အချက်လက်များကို ပူးတွဲပေးပို့လာပါတယ်။ အမှားရှိလျှင် ရပ်ကွက်ရုံးသို့ 2012ခုနှစ်7လပိုင်6းရက်နေ့မတိုင်ခင်အကြောင်းကြားရန် ဖော်ပြထားပါတယ်။
ကျောင်းသား၊ကျောင်းသူ၊ မြန်မာလူမျိုးအချင်းချင်းလက်ထပ်ထားသူဖြစ်လျှင် ထိုသူ၏ကိုယ်ရေး အချက်လက်များဖော်ပြထားသော စာရွက်တရွက်ပူးတွဲပေးပို့မှာဖြစ်ပြီး၊ ဂျပန်နိုင်ငံသားနှင့်လက် ထပ်ထားသူဖြစ်လျှင် အိမ်ထောင်စုစာရင်းတရွက်ပါ ပူးတွဲပါရှိမှာဖြစ်ပါတယ်။ တခုသတိထားရမှာ ကတော့ အိမ်ပြောင်းရွှေ့နေထိုင်ထားပြီး လိပ်စာမပြောင်းရသေးသူများရှိလျှင် သွားပြောင်းထား ဖို့အကြံပေးပါတယ် ရှင်။
ပို့လိုက်တဲ့ကဒ်ဟာ မိမိတရားဝင်မှတ်ပုံတင်ထားတဲ့လိပ်စာကိုပေးပို့ မှာဖြစ်ပြီး ကဒ်ပြားဟောင်းဟာလည်း ၇လပိုင်း၉ရက်နေ့မှစတင်ကာ အသက်မ၀င်တော့မှာဖြစ် လို့ပါ။ စနစ်သစ်ရဲ့ ထူးခြားသော အချက်တွေကတော့ (ဗီဇာ၃လနှင့်အထက်ရှိသောသူများအတွက်သာအကျုံးဝင်ပါတယ်။)
(၁)在留カード(zai ryuu kaa do)လို့ခေါ်သော နေထိုင်ခြင်းကဒ်ပြားတွေထုတ်ပေးမှာဖြစ်ပြီး၊
ယင်းကဒ်ဧ၊၊်သက်တမ်းမှာ
 
(က)ဗီဇာဖြင့်နေထိုင်သူဖြစ်လျှင်
(၁) အသက်၁၆နှစ်ပြည့်ပြီးသူသည် ဗီဇာသက်တမ်းကုန်ဆုံးသည်အထိ၊
(၂)အသက်၁၆နှစ်မပြည့်သေးသူသည် ဗီဇာသက်တမ်းကုန်ဆုံးသည့်အချိန် (သို့) အသက်၁၆နှစ်ပြည့်သည့်အချိန် ယင်းနှစ်ခုအနက် ပိုစောသော သက်တမ်းအထိ
 
(ခ)အမြဲတမ်းနေထိုင်ခွင့်ရထားသူဖြစ်လျှင်
 
(၁)အသက်၁၆နှစ်ပြည့်ပြီးသူသည် (၇)နှစ်ပြည့်သည်အထိ
(၂)အသက်၁၆နှစ်မပြည့်သေးသူသည် အသက်၁၆နှစ်ပြည့်သည်အထိ
(၂) ဗီဇာသက်တမ်းအနေဖြင့် ယခင်အကြာရှည်ဆုံး၃နှစ်ဖြစ်ခဲ့ငြား၊ ၅နှစ်တာကာလထိတိုးမြှင့် ပေးမှာဖြစ်ပါတယ်။
(၃)Re-entry Visa စနစ်ကပြောင်းလဲသွားမှာဖြစ်ပြီး၊ ဗီဇာသက်တမ်းနှင့်ပတ်စ်ပို့သက်တမ်းရှိ နေလျှင် ဂျပန်နိုင်ငံမှာ ထွက်သွားပြီး တနှစ်အတွင်းပြန်ဝင်လာလျှင် အ၀င်အထွက်ခွင့်ပြုချက် Re-entry Permitထပ်လျှောက်စရာမလိုတော့ပါဘူး။ သို့ငြား တနှစ်ကျော်ခဲ့လျှင် ကဒ်ပြား ဟာ အသက်မဲ့သွားပြီး ဗီဇာကိုအစကနေပြန်လျှောက်ရပါမယ်။
(၄)နိုင်ငံခြားသားတွေလက်ရှိကိုင်ဆောင်အသုံးပြုနေတဲ့နိုင်ငံခြားသားကဒ်တွေကိုဖျက်သိမ်း ပါမယ်။
(၅)仮住民票(kari juumin hyoo)ဟုခေါ်သော ယာယီနေထိုင်မှုစာရင်း(ဇယား)ပုံစံဖြင့် ပြောင်းလဲအုပ်ချုပ်သွားမည်ဖြစ်သည်။
(၆)ယင်းသို့ပြောင်းလဲလိုက်သည့်အတွက် ယခင်က ဂျပန်နိုင်ငံသားနှင့်လက်ထပ်ထားသော် လည်း အိမ်ထောင်စုစာရင်းတွင်သာရှိပြီး နေထိုင်မှုစာရင်းပုံစံမှာ သီးသန့်သာရှိခဲ့သည့် စနစ် သည် ပြောင်းကာ၊ မိသားစုဝင်တိုင်း နိုင်ငံသား၊ နိုင်ငံခြားသားအားလုံး တစုတည်း နေထိုင်မှု စာရင်းတွင် ထည့်သွင်းပါရှိမည်ဖြစ်သည်။
(၇)ယင်းအပြင် နိုင်ငံခြားသား အမျိုးသား (သို့)အမျိုးသမီးဖြင့်လက်ထပ်ထားသူသည် ယင်း နိုင်ငံခြားသားကိုအိမ်ထောင်ဦးစီးအဖြစ်သတ်မှတ်ပိုင်ခွင့်၊ဖော်ပြပိုင်ခွင့်ရှိလာမည် အစရှိသည့် အချက် များကိုအခြေခံပါသည်။ ဂျပန်နိုင်ငံတွင်ရောက်ရှိနေထိုင်သော မြန်မာများအနေဖြင့်ကတော့ လိပ်စာ၊ ဗီဇာအမျိုးစား ပြောင်းခဲ့သည်ရှိသော် ယင်းကိုရပ်ကွက်ရုံးသို့သွားရောက်အကြောင်းကြားထားရန်၊ရပ်ကွက် ရုံးမှ ပို့လာသော စာများကို သေချာဖတ်ရှုရန်၊ ညွှန်ကြားထားသည့်အတိုင်းပြုလုပ်ရန်လိုအပ် ကြောင်း အကြံပေးပါရစေရှင်။ အားလုံးပဲ အဆင်ပြေပါစေ။
 
Ref:kyawhninselwin.blog's

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!