Popular Posts!

Tuesday, January 15, 2013

"ကျား" ရော "မ" ပါကျန်းမာဖို့ထိပ်ဖြတ်ကြပါစို့

အယ်ဒီတာကြီးတစ်ဦးက ကျွန်တော့ထံ ထိပ်ဖြတ်ပညာစမ်းလိုက်လို့ ဤဆောင်းပါးရေးခြင်းဖြစ်ကြောင်းက စရေးလိုက်ပါရစေ။

 
မန်ချက်(စ်)တာက သိခဲ့တာပါ
မြန်မာနိုင်ငံ အကြောင်းကမစလိုက်ဘဲ မန်ချက်(စ်)တာ တက္ကသိုလ်မှာ ကျွန်တော်ဘွဲ့လွန်တတ်စဉ်က အဖြစ်အပျက်ကို စလိုက်ပါမယ်။ အီဒင်ဗရာမြို့သို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အစီအစဉ်ဖြင့် ကျွန်တော် လေ့လာရေးသွားခဲ့စဉ်က အဖြစ်အပျက်အကြောင်းအရာ ဖြစ်ပါသည်။
ဂနိုကျရောဂါအကြောင်း
စိတ်ဝင်စားစရာ အကြောင်းအရာပါပဲ။ လူသိများတဲ့ ဂနိုကျရောဂါဟာ ယောက်ျားရောဂါ၊ မိန်းမကိုပါ ရောဂါကူးစက် အဖြူဆင်းစေတယ်ဆိုတာကို လူတိုင်း၊ ဇနီးမောင်နှံတိုင်း သိပြီးဖြစ်ပါတယ်။ လေ့လာရေးခရီးထွက်ခဲ့စဉ် အင်္ဂလန်နိုင်ငံ အီဒင်ဗရာ ကာလသားရောဂါ ဆေးရုံကြီး၌ တွေ့ရတာက ဝေဒနာရှင်တစ်ဦး အဖြူဆင်းနေတာ မှန်ကန်သော်လည်း ဆရာဝန်ကြီးက မင်းတို့ပြောတဲ့ ဂနိုရောဂါက ရိုး နေပါပြီ၊ ဂနိုမဟုတ်ပါဘူးကွာလို့ ဆရာဝန်ကြီးက ပြောလိုက်ပါတယ်။
ဆရာဝန်ကြီး ပြောလိုက်သည်မှာ “ဂနိုဆင်တူရိုးမှားရောဂါ” ဖြစ်ပါသတဲ့။ ဂနိုရောဂါ ဆင်တူရိုးမှား ရှိကြောင်း မန်ချက်(စ်)တာတက္ကသိုလ်သို့ ကျွန်တော်လေ့လာရေး ခရီးထွက်ခဲ့စဉ်မှာ သိခဲ့ရပါသည်။ “ဤဂနိုဆင်တူရိုး မှား”ဆိုတဲ့ ဆောင်းပါးကို မြန်မာနိုင်ငံမှ ကြေးမုံသတင်းစာကြီး၌ ဆေးဆောင်းပါးကို မန်ချက်(စ်)တာ တက္ကသိုလ်မှ ကျွန်တော်ရေးလိုက်ပါတယ်။
ဦးပန်းငုံအကြောင်း
ဗဟို အမျိုးသမီးဆေးရုံကြီးမှ ဆရာဝန်မကြီးက ကျွန်တော့်ဆောင်းပါး ပါတဲ့ရက်အတွင်း အဖြူဆင်းတဲ့ ဝေဒနာရှင် အမျိုးသမီးကို မေးလိုက်တဲ့ မေးခွန်းက လူနာကို စိတ်ဝင်စားသွားစေခဲ့ပါတယ်။ ဆရာဝန်မကြီး မေးလိုက်သည်မှာ “ရှင့်ယောက်ျားက ဦးပန်းငုံလား။ ဒေါက်တာအောင်ခင်ဆင့် ရေးတဲ့ဆောင်းပါးထဲမှာ အဖြူဆင်းတာ ဦးပန်းငုံကြောင့်လို့ ရေးထားလို့ပါ”ဆရာဝန်မကြီးက လူနာကို မပြည့်မစုံ ပြောလိုက်ပါသည်။
ဒုတိယဆောင်းပါးရေးဖြစ်ခဲ့
ဤအဖြူဆင်းတဲ့ အမျိုးသမီးက ကျွန်တော့လိပ်စာရအောင်ရှာပြီး မန်ချက်(စ်)တာ တန်းပြီးစာရေးမေးလိုက်တာက ဦးပန်းငုံအကြောင်း ရေးမေးလိုက်ပါ၍ ဒုတိယဆောင်းပါး ကျွန်တော်ရေးဖြစ်လိုက်ပြန်ပါသည်။ ဦးပန်းငုံဆိုတာ ယောက်ျားသားများရဲ့ ရောဂါမဟုတ်သော ရောဂါ တစ်ခုဖြစ်သည်။ မွေးကတည်းက ယောက်ျားပန်းတံဟာ မပွင့်ပါဘူး၊ ထိပ်ဖုံးလျက် ငုံနေပါတယ်။
ပန်းငုံပျက်တာ ကျန်းမာမူပျက်ကွက်
ဤကဲ့သို့ ပန်းငုံနေတာဟာ ကျန်းမာရေး ပျက်ပြယ်ပြီး ရောဂါကူးစက်စေလို့ အိန္ဒိယ လူမျိုးတို့က ကလေးတွေကို အရွယ်မရောက်မီမှာ ထိပ်ဖြတ်ဖွင့်ကြပါတယ်။ ဤသို့ခွဲစိတ်ပြုလုပ်ခြင်းကို (အိန္ဒိယရှင်ပြုတယ်)လို့ အများကပြောကြပါတယ်။
မှန်ပါသည် ထိပ်ဖုံးဖုံးနေ၊ ငုံနေပါ၍ ဤပန်းတံတား (နားနှင့်မနာ ဖဝါးနှင့်သာနာကြပါ ဆရာတို့) မသန့်မပြန့်ဖြစ်လာပြီး(လချီး)ဟုခေါ်တဲ့ အဖြူတွေက ဖုံးကပ်လာလို့ မကျန်းမမာဖြစ်၊ အဖြူဖတ်တွေဖြစ် အနံ့အသက်က မကောင်းဖြစ်လာသမျှဟာ ယောက်ျား ထိပ်ပတ်ပန်းငုံရောဂါ ပါပဲခင်ဗျာ။
ပန်းငုံလို့ ဇနီးအဖြူဆင်း
မြန်မာနိုင်ငံက စာရေးမေးလိုက်တဲ့ အမျိုးသမီးကိုလည်း ဒီမပွင့်တဲ့ ထိပ်ဖုံး၊ ထိပ်ပိတ်ရောဂါ၊ ဦးပန်းငုံရောဂါ မသန့်မပြန့်တဲ့ အဖြူတွေနဲ့ ယောက်ျားမှ ဇနီးသည် မိန်းကလေးသို့ စပ်ယှက်ရာမှ အဖြူတွေ ကူးစက်ပါ၍ အမျိုးသမီး အဖြူဆင်းရောဂါ ဖြစ်ကြပါကြောင်း စာရေးပြီး ရှင်းပြလိုက်ရာမှ ဒုတိယဆောင်းပါး မြန်မာနိုင်ငံသို့ ရေးခဲ့ဖူးပါသည်။
ပန်းတံရေဆေး ရောဂါ ကင်းဝေး
ဦးပန်းငုံတို့အတွက် ပညာပေး ပြောပြနိုင်တာကတော့ (၂) မျိုး(၂) စားရှိပါတယ်။ အချိန်မရ၍ မခွဲမစိတ် ထိပ်မဖွင့်နိုင်သေးပါက နေ့စဉ် ပန်းတံကို ဖွင့်ဖွင့်ပြီး ရေဆေးပေးပါ။ မကြာခဏ ပန်းတံကို ရေဆေးပေးခြင်းဟာ ယောက်ျား၏အင်္ဂါ ကျန်းမာခြင်းဖြစ်ကြောင်း ပထမ အဖြစ်ပြောရမည်ဖြစ်ပါသည်။
ရှင်ပြုတာ လိင်သန့်ရှင်း
ဒုတိယပြောရမှာက ခွဲစိတ်ပါ၊ ထိပ်ဖြတ်ပါ၊ ရှင်ပြုလိုက်ပါဆိုတဲ့ ပညာပေးပါပဲ။ သို့ပါမှ ဇနီးရော၊ ခင်ပွန်းပါ အင်္ဂါ ကျန်းမာမည် ဖြစ်ပါသည်။ အဖြူဆင်းရောဂါနှင့် ကင်းဝေးကြပါမည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။
လိင်ကင်ဆာ အထိအတွေ့ရ
အင်္ဂါ မကျန်းမမာခြင်းပြောရာမှာ ပြည့်ပြည့်စုံစုံ ပြောလိုက်ရမည် ဆိုပါက လချီးပန်းတံမှာ အတင်များပြီး မသန့်မပြန့် ဖြစ်ခဲ့ပါလျှင် အသက်ကြီးလာပါက ပန်းတံ ကင်ဆာဖြစ်တတ်သည့် အခြေခံရှိကြောင်း ပန်းတံကျန်းမာရေးဂရု ပြုကြပါလို့ လိုရင်းပြောလိုက်ပါရစေ။
အရေးကြီးတဲ့ အရသာ ဒီမှာ
ပန်းတံ ထိပ်ဖြတ်ရာမှာ အရေးကြီးတဲ့ ပြဿနာ(၂) မျိုးရှိပြန်ပါတယ်။ ထို့ကြောင့် အရသာရှိတာ မပျက်ကွက်သွားရလေအောင် အရေပြား ဖြတ်တဲ့ အခါမှာ အရေးကြီးသလို ထိပ်ဖုံးဖွင့်ပြီး သန့်ရှင်းဖို့ ထိပ်ပွင့်နေအောင်လည်း လုပ်ဖို့က အရေးကြီးကြောင်း(၂) မျိုး(၂)စား ရှိပြန်ပါတယ်။
အဖြတ်များလျှင် အရသာပျက်
ထို့ကြောင့် ဖြတ်တိုင်း သန့်ရှင်းတယ်လို့ မဆိုနိုင်ပါဘဲ ပန်းတံအရေပြား အဖြတ်မများလွန်း၊ မနည်းလွန်း ခွဲစိတ်ပေးတတ်ရေး ပညာကတော့ ဆရာဝန်ရဲ့ ပညာဖြစ်ကြောင်း ပြောလိုက်ပါရစေ။ ဦးပန်းငုံတို့ စဉ်းစားသတိထားရေး ပညာပေးပါပဲခင်ဗျာ။
ဆရာဝန်များ သတိထားရ
ထိပ်ဖြတ်ခွဲစိတ်ခြင်း (CIRCUMCISION) ခွဲစိတ်နေသူ ဆရာဝန်များ တစ်ဦးကို တစ်ဦး သတိပေးစကားပြောနေကြသည်မှာ “ဟေ့ကောင်၊ သိပ်များမသွားစေနဲ့နော်” ဟု စိုးရိမ်စိတ်နဲ့ ပြေနေကြတာခွဲစိတ်ခန်းထဲမှာ ကြားခဲ့ဖူးပါကြောင်းပါခင်ဗျာ။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!