Popular Posts!

Wednesday, January 2, 2013

Indept Myanmar မြန်မာ့စီးပွားရေးအခြေအနေ ၂၀၁၂

Myanmar in Singapore မှ ၀တ်မှုန်ရဲ့ Indept Myanmar  မြန်မာ့စီးပွားရေးအခြေအနေ ၂၀၁၂ူကို ပြန်လှည်ကူးယူးဖော်ပြလိုက်တာပါ

Indept Myanmar ဆိုတဲ့ စာတန်းတခု ထွက် လာ ပါတယ်။ ပြုပြင်ပြောင်းလဲနေ တဲ့ မြန်မာ့စီးပွားရေး ကို စိတ်ဝင်စားသူ များ ဒေါင်းလုပ်ပြီး ဖတ်နီုင်ပါတယ်။ မြန်မာနိုင်ငံက လက်ရှိ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးများနဲ့ အင်တာဗျူးပြီး  http://www.informationmatrix.comမှ တင်ပြထားတဲ့ ၆၅မျက်နှာရှိတဲ့ အင်္ဂလိပ်စာတန်းတခုဖြစ်ပါတယ်။

ရေးသားထားတဲ့ လုပ်ငန်း၊ကုမ္ပဏီများကတော့ အောက်ပါတို့ဖြစ်ပါတယ်။
Business
Ar Raw Jan
 City Mart
 Global Net
 Grand Lotus
 Htoo Group of Companies
 Information Matrix
 KMD
 Max Myanmar
 MCC (Myanmar Computer Company) Myanmar Brewery
 Myanmar Industrial Port
 Oway
 Parami Energy
 Ruby Dragon Group of Companies
 Shwe Taung Group of Companies
 Suntac Technologies
 Tractor World
 Wah Wah Win Yatanarpon Teleport
 Newcomer - Harry Kyaw Thaung
 Newcomer - Ngwe San Aung @ A Xiao
 Newcomer - Yan Min Aung @ William Xu

Education

Chindwin College
 Eden Center for Disabled Children
 Gusto
 ILBC- International Language and Business Center Nexus
 Thone Htet Kyaung Monastic Education

Civil Society
LRC (Local Resource Centre) MPWN (Myanmar Positive Women Network) NGO GG (Gender Group) Phoenix
 Swanyee

သေချာတာကတော့..မြန်မာ့စီးပွားရေးပြုပြင်ပြောင်းလဲမှုဟာ ကမ္ဘာ့စီးပွားရေးကျဆင်းချိန်ဖြစ် နေတော့  အင်မတန်ခက်ခဲလှပါတယ်။ မြန်မာပြည်တွင်းမှာ ခရိုနီစီးပွားရေးစနစ်ကို အစိုးရသစ် ဘာမှမတတ်နိုင်ပါဘူး။ အကျိုးရလဒ်ကတော့ ကျပ်ငွေတန်ဖို့မြင့်တက်လာမှုကြောင့် ပြည်ပပို့ကုန်လုပ်ငန်းအားလုံးနီးပါး၊ ရပ်ဆိုင်း၊ အရှုံးပြ၊ နှေးကွေးသွားဖြင်းဖြစ်ပါတယ်။ ပြည်တွင်းသုံး ကုန်ထုတ်လုပ်ငန်းနဲ့ဝန်ဆောင်မှုများကတော့ သိပ်မဆိုးဝါးလှပေမဲ့၊ နိုင်ငံခြားပို့ကုန်လုပ်နေသူများအတွက် အလွန်အထိနာလှပါတယ်။ အဆိုးရွားဆုံးကတော့ ဒေသအတွင်းမှာ ဈေးအကြီးဆုံးနိုင်ငံအဖြစ် အိမ်မြေ၊စားသောက်ကုန်ဈေးများ အဆမတန်မြင့်တက်သွားပါတယ်။

လက်ရှိအခြေအနေမှာတော့ မြန်မာပြည်ပပို့ကုန် ငါးပုဇွန်လုပ်ငန်း၊ သစ်လုပ်ငန်း၊ လယ်ယာထွက်ကုန်တင်ပို့ဖြင်းလုပ်ငန်း ..စတဲ့ကုန်ထုတ်လုပ်ငန်းများပဲ လည်ပတ်နေပါတယ်။ ရေနံ၊ဓါတ်ငွေ့၊ ကြေးနီ၊ဓါတ်သတ္တုလုပ်ငန်း၊ ရေအားလျှပ်စစ်လုပ်ငန်းများကတော့ လူအင်အားသိပ်မလိုတဲ့ နိုင်ငံတော်ဝင်ငွေ အရဆုံးဖြစ်နေပါတယ်။ ခြုံကြည့်လိုက်ရင် ..နိုင်ငံခြားရင်းနှီးမြှတ်နှံမှုတွေ အများကြီးကမ်းလှမ်းခံနေရပေမဲ့ တကယ်လုပ်ငန်းတွေ မစနိုင်သေးတော့ လူတွေ အလုပ်အကိုင်ခက်ခဲနေဆဲဖြစ်ပါတယ်။ ခရိုနီစီးပွားရေးစနစ်ကြောင့် ငွေကြေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း စတဲ့ ကုမ္ပဏီကြီးများစွာ ပေါ်ပေါက်လာပြီး၊ ကုမ္ပဏီ အငယ်စားများ Small & Median Enterprise SME များအတွက် လုံးဝခက်ခဲတဲ့ကာလဖြစ်ပါတယ်။

ကျပ်ငွေကို တရားဝင် ဒေါ်လာလဲလှယ်နိုင်တဲ့အပြင်၊ ပြည်ပဘဏ်မှ တိုက်ရိုက်ငွေလွှဲနိုင်ခြင်း၊ ပြည်တွင်းဘဏ်များကလည်း ခရက်တစ်ကပ် အကြွေးစနစ်၊ အရစ်ကျရောင်းခြင်းစနစ်များ၊ အေတီအမ် (အလိုလျှောက်ငွေထုတ်စက်) တို့နဲ့ တိုးတက်လာပြီဖြစ်ပါတယ်။ ပြည်ပမှ ဒေါ်လာများ အဆမတန်ဝင်လာတဲ့အတွက် ကျပ်ငွေဈေးနှုန်းမြင့်တက်လွန်းလို့ ကားတင်သွင်းခွင့်ပေးခြင်းနဲ့ ယာယီဖြေရှင်းပေးခဲ့ ပါတယ်။ ဒါကြောင့် လမ်းမကောင်းတဲ့မြန်မာပြည် အထူးသဖြင့် ရန်ကုန်မြို့မှာ ကားကောင်း၊ကားကြီး၊လူစီးကားများစွာ ကျပ်တည်းစွာမောင်းနှင်နေရတဲ့ ခေတ်ကာလဖြစ်ပါတယ်။

မြန်မာ့စီးပွားရေး အကြောင်းစိတ်ဝင်စားသူများ အောက်ပါလင့်ခ်များမှ ဒေါင်းလုပ်ကြည့်ရှုနိုင်ပါတယ်။
http://www.informationmatrix.com/ebook/indeptmyanmar.pdf
Ref:၀တ်မှုန်-Singaporeinmyanmar
 
In Dept Myanmar

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!