Popular Posts!

Tuesday, January 15, 2013

ဖွံ့ဖြိုးလာသော ဘဏ်လုပ်ငန်းစနစ်

 
ဘဏ်လုပ်ငန်းမြန်မာနိုင်ငံမှာ အစပျိုးခဲ့တာပာာ ကမ္ဘာအရပ်ရပ်ကဘဏ်လုပ်ငန်းစတင်ဖွံ့ဖြိုးချိန်နဲ့ယှဉ်ရင် သိပ်နောက်မကျဘူးလို့ဆိုနိုင်ပါတယ်။ ဘဏ်လုပ်ငန်းဆိုတာပာာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်တော့ မရှိမဖြစ်လိုအပ်တဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ ချမ်းသာတဲ့ ဖွံ့ဖြိုးတဲ့နိုင်ငံအများစုကိုကြည့်လိုက်မယ် ဆိုရင် ဘဏ်စနစ်အလွန်တိုးတက်နေတာကိုတွေ့မြင်နိုင်ပါတယ်။ ဘဏ်စနစ်ပာာ ငွေကြေးကြားခံ စနစ်တစ်ခုဖြစ်တဲ့အတွက် နိုင်ငံတစ်နိုင်ငံရဲ့ ငွေကြေးစီးဆင်းမှုကိုအများကြီး သက်ရောက်မှုရှိပါတယ်။ ဘဏ်စနစ်ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ ငွေကြေးစီးဆင်းမှုမြန်ဆန်အဆင်ပြေပြီး ပြည်သူ အတွက် အများကြီးအကျိုးရှိသလို နိုင်ငံအတွက်လည်း ခိုင်မာတဲ့ဘဏ္ဍာရေးစနစ်ကိုရရှိစေပါတယ်။ မြန်မာနိုင်ငံမှာတော့ ဘဏ်လုပ်ငန်းဖွံ့ဖြိုးတဲ့အချိန်သိပ်နောက်မကျသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဘဏ်လုပ်ငန်းစနစ်နောက်ကျကျန်ရစ်ခဲ့တဲ့အပြင် အရှိန်ရစပြုနေတဲ့ဘဏ်တွေပာာလည်း ၂၀၀၃ခုနှစ်မှာဖြစ်ခဲ့တဲ့ဂယက်ကြောင့် ထပ်မံပြိုလဲခဲ့ရပြီး ဘဏ်လုပ်ငန်းပာာဆယ်စုနှစ်လောက်ထပ် နောက်ကျ ကျန်ခဲ့ရပြန်ပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ်လောက်အထိ ဘဏ်နဲ့ပတ်သက်ရင် ရွေးချယ်စရာသိပ်များများမရှိခဲ့သေးတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးမှုတွေနဲ့အတူ ဘဏ်တွေလည်း အပြိုင် အဆိုင်ဖွင့်လာခဲ့တဲ့အတွက်ကြောင့် အခုဆိုရင်တော့ ယုံကြည်စိတ်ချရတဲ့ ရွေးချယ်စရာဘဏ်တွေများလာတဲ့အပြင် ဘဏ်လုပ်ငန်းစနစ်လည်း တိုးတက်သင့် သလောက်တိုးတက်လာနေပြီဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းကစပြီး နိုင်ငံတကာငွေကြေးစံအဖြစ် အမေရိကန်ဒေါ်လာကို အသုံးပြုလာကြပါတယ်။ အဲဒီအတွက် ကမ္ဘာအရပ်ရပ်က လုပ်ငန်းရှင်တွေ၊ ခရီးသွားတွေပာာအမေရိကန်ဒေါ်လာကိုသာ ကိုင်ဆောင်အသုံးပြုခဲ့ကြပါတယ်။ အဲလိုအသုံးပြုလာကြရာ ကနေ ငွေပေးချေကဒ်တွေဖွံ့ဖြိုးလာတဲ့အခါမှာတော့ ခရီးသွားများနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပာာ ခရီးသွားရာမှာ ငွေကြေးများစွာကို ကိုင်ဆောင် အသုံးပြုစရာ မလိုတော့ဘဲ အလွယ်တကူသယ်ဆောင်ရလွယ်ကူတဲ့ ငွေပေးချေကဒ်ကိုသာ သယ်ဆောင်အသုံးပြုခဲ့ကြပါတယ်။ ဒီလိုအသုံးပြုတဲ့နေရာမှာ ဘဏ်စနစ်ဖွံ့ဖြိုးတဲ့နိုင်ငံတွေ ကိုသွားလာတဲ့နေရာမှာတော့ ပြဿနာမရှိခဲ့ပေမယ့် ဘဏ်လုပ်ငန်းဖွံြ့ဖိုးမှုနည်းတဲ့ မြန်မာနိုင်ငံ လိုနေရာမျိုးကိုသွားလာတဲ့အခါ မှာတော့ ငွေပေးချေကဒ်တွေ အသုံးပြုလို့မရတဲ့အတွက် ငွေကြေးကိုင်ဆောင်ရတာက အခက်အခဲတစ်ရပ်ဖြစ်နေခဲ့ပါတယ်။ ဒီလိုသယ်ဆောင်တဲ့နေရာမှာလည်း အရင်တုန်းက အခြေအနေထိ နိုင်ငံခြားသားတွေ အတွက် တရားဝင် ငွေလဲလှယ်တဲ့နေရာလိုမျိုး မရှိခဲ့တဲ့အတွက် အတော်လေးကိုအခက်အခဲရှိခဲ့ပါတယ်။
အခုတော့ အဲဒီအခက်အခဲတွေအတော်လေးကိုပြေလည်သွားပြီဖြစ်ပါတယ်။ သိပ်မကြာသေးခင်ကမှ အကောင်အထည်ပေါ်လာတဲ့ Japan Credit Bureau (JCB) နဲ့ Myanmar Payment Union (MPU) တို့ရဲ့သဘောတူညီချက်ကြောင့် နိုင်ငံတကာငွေပေးချေကဒ်တွေဖြစ်တဲ့ Visa, Master အစရှိတဲ့ ကဒ်တွေမြန်မာပြည်ရဲ့ ပြည်တွင်း ATM စက်များမှာ အသုံးပြုလာနိုင်တော့မှာဖြစ်ပါတယ်။ အဲလိုငွေပေးချေကဒ်တွေနဲ့ ပြည်တွင်းဘဏ်တွေရဲ့ ATM စက်တွေကနေ ငွေကြေးထုတ်ယူဖို့ခွင့်ပြုလိုက်တဲ့အပြင် တရားဝင်ငွေလဲစင်တာများကိုလည်း ဖွင့်လှစ်ပေးလိုက်တဲ့ အတွက်ကြောင့် မြန်မာနိုင်ငံ ကိုလာရောက်ရင် ကြုံတွေ့နေရတဲ့ နိုင်ငံခြားသားများရဲ့အခက်အခဲများကိုဖြေရှင်းပေးပြီး သားဖြစ်သွားပါတယ်။ တရားမ၀င်ငွေကြေးလဲလှယ်တဲ့သူတွေကို ထိခိုက်စေမှာဖြစ်သော်လည်းပဲ ဒီလိုကောင်းမွန်တဲ့အပြောင်းအလဲတွေကြောင့် မြန်မာနိုင်ငံရဲ့ ငွေကြေးစီးဆင်းမှုမြန်ဆန်လာပါတယ်၊ နိုင်ငံခြားသားတွေ ငွေကြေးလဲလှယ်မှုအခက်အခဲတွေနည်းလာတဲ့အတွက်ကြောင့် တိုင်းပြည်ကိုခရီးသွား သိသိသာသာ ၀င်ရောက်လာပါတယ်၊ နိုင်ငံအတွက်လည်း နိုင်ငံခြားဝင်ငွေအမြောက်အမြားစီးဝင်လာစေပါတယ်။ အခုလောလောဆယ်ထိတော့ အဲဒီငွေပေးချေကဒ်တွေကို နိုင်ငံခြားသားတွေ လောက်သာအသုံးပြုနိုင်သေးပေမယ့် ရှေ့သိပ်မဝေးတော့တဲ့ အချိန်ကာလမှာတော့ ပြည်တွင်းမှာ ပါတွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီလိုငွေပေးချေ ကဒ်တွေအသုံးတွင်ကျယ်လာတာနဲ့အမျှ ငွေကြေးသယ်ဆောင်အသုံးပြုမစရာ မလိုတော့တဲ့အတွက် ငွေကြေးပောာင်းနွမ်းမှုတွေကိုကာကွယ်နိုင်ပါတယ်။ အွန်လိုင်းငွေပေးချေမှုတွေလွယ်ကူလာပါမယ် အဲဒီအတွက် အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေပါဖွံ့ဖြိုးလာပါလိမ့်မယ်။ ငွေကြေးထုတ်ရသွင်းရလုပ်စရာ မလိုတော့တဲ့ အတွက် အလုပ်ရှုပ် သက်သာပြီး ငွေကြေးကြားခံဖြစ်တဲ့ ဘဏ်တွေလည်း ပိုအဆင်ပြေဖွံ့ဖြိုးလာပါလိမ့်မယ်။ ဒီလိုငွေပေးချေစနစ်ကိုအသုံးပြုရာမှာ စည်းမျဉ်းစည်းကမ်းကိုတင်းကျပ်ပြီး ဘဏ်ရဲ့အာမခံမှုကိုလည်း ခိုင်မာအောင်အထူးဂရုပြုရပါလိမ့်မယ်။ မပာုတ်ရင် ဘဏ်တွေအပေါ် လူထုယုံကြည်မှု ကျဆင်းလာနိုင်တဲ့အတွက်ကြောင့် ၂၀၀၃ခုနှစ်ကလိုမျိုး ဘဏ်တွေပြိုလဲတဲ့ အခြေအနေ တွေဖြစ်လာ နိုင်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင်တော့ စီးပွားရေးဖွံ့ဖြိုးပြီး ငွေကြေးစီးဆင်းမှုမြန်ဆန်လာဖို့အတွက် ဘဏ်လုပ်ငန်း တိုးတက်မှုပာာ အရေးအကြီးဆုံးတွေထဲက တစ်ခုဖြစ်ပါတယ်။ အခုချိန်မှာတော့ မြန်မာနိုင်ငံမှာလည်း ဘဏ်စနစ်ဖွံ့ဖြိုးလာဖို့ ဦးစားပေးလုပ်ဆောင်လာတာတွေ့နိုင်ပါတယ်။ အရင်ကချုပ်ကိုင်ထားပြီး တင်းကျပ် တဲ့စည်းမျဉ်း ကန့်သတ်ချက်တွေနဲ့ ထိန်းချုပ်ထားတဲ့ ဘဏ်လုပ်ငန်းကို စည်းစနစ်တွေလျှော့ပေါ့ ပေးလာတဲ့အပြင် ငွေကြေးအတွက်အရေးပါတဲ့ ဗပာိုဘဏ်ကိုလည်း အစိုးရထိန်းချုပ်မှု အောက်ကလွတ်အောင် ဆောင်ရွက်လာပြီဖြစ်ပါတယ်။ ထို့ကြောင့် နိုင်ငံခြားဘဏ်တွေရင်းနှီးမြှုပ်နှံလာမှုနဲ့အတူ ငွေပေးချေကဒ်တွေ လည်းဖွံ့ဖြိုးလာနေပြီဖြစ်တဲ့အတွက် သိပ်မကြာခင်မှာမြန်မာနိုင်ငံမှာလည်း ဘဏ်စနစ်ဖွံ့ဖြိုးလာပြီး တိုင်းပြည်စီးပွားရေးအလျှင်အမြန်ဖွံ့ဖြိုးလာလိမ့်မယ်လို့ ယူဆရပါတယ်။
Ref:mmbizchannel

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!