Popular Posts!

Tuesday, January 22, 2013

လူ့စွမ်းအားအရင်းအမြစ် လုပ်ငန်းများ လမ်းသစ်စချိန်

 

လူ့စွမ်းအားအရင်းအမြစ် လုပ်ငန်းများ လမ်းသစ်စချိန်

စီးပွားရေးတံခါး စဖွင့်တဲ့ မြန်မာနိုင်ငံမှာ ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အသိပညာရှင် အတတ်ပညာရှင် နိုင်ငံသားအတော် များများဟာ ပြည်တော်ပြန်ဖို့ တာဆူနေ ကြပါပြီ။ ဒါပေမဲ့ သူတို့တွေ
ရဲ့  စိတ်ထဲမှာ စိုးရိမ်နေတာက မြန်မာနိုင်ငံ ပြန်ပြီး ဘာလုပ်ကိုင် စားသောက်ရပါမလဲ၊ မိမိတတ်ထားတဲ့ ပညာနဲ့ ကိုယ်ပိုင်အလုပ် လုပ်ရင် အဆင်ပြေပါ့ မလား ဆိုတဲ့ အတွေးတွေပါ။ အဲလိုတွေးပြီး မွေးရပ်နိုင်ငံကို ပြန်လည်းပြန်ချင်၊ စီးပွားတွက်တွက်ပြီး ပြန်လည်းမပြန်ရဲ ချီတုံချတုံ ဖြစ်နေတဲ့သူတွေအတွက် အခွင့်အရေးတွေအများကြီးရှိကြောင်း အသိပေးပါရစေ။ ရွှေရောင်အနာဂါတ် တောက်ပနေတဲ့ မြန်မာနိုင်ငံမှာ အသိပညာ၊ အတတ်ပညာကို အရင်းတည်ပြီး စီးပွားရှာစရာ လုပ်ငန်းများစွာရှိပါတယ်။။ ယင်းတို့ထဲ မှ ပြည်တော်ပြန်ချင်နေတဲ့ မြန်မာနိုင်ငံသား အတတ်ပညာရှင် အသိပညာရှင်တွေအတွက် အတော်လေးကိုသင့်တော်တဲ့ Outsourcing ဆိုတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုရှိတယ်ဆိုတာကို ဖော်ပြလိုပါတယ်။
စီးပွားရေးအခွင့်အလမ်းတွေ တပာုန်ထိုးပွင့်လန်းလာနေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြားလုပ်ငန်းရှင်တွေ အလုအယက်ဝင်ရောက်လာနေတဲ့အတွက် အဲဒီကုမ္ပဏီတွေအတွက် အလုပ်အကိုင်ရှာပေးနေတဲ့ Human Resource ကုမ္ပဏီတွေအများအပြားရှိနေပြီဖြစ်ပါတယ်။ Human Resource Companies တွေရဲ့အလုပ်က သူ့ကိုအလုပ်အပ်တဲ့ကုမ္ပဏီ အတွက် လိုအပ်တဲ့ ၀န်ထမ်းတွေ ရှာပေးတယ်၊ ခန့်ပေးတယ်။ ဒီလိုခန့်တဲ့နေရာမှာ HR Companies တွေပာာသင့်တော်တဲ့သူကိုရှာဖွေရုံသက်သက်သာ လုပ်ပေးပါတယ်။ သင့်တော်မယ့် ၀န်ထမ်းကို ရှာဖွေ ခန့်ထားပေးပေမယ့် HR တွေအနေနဲ့ company တိုင်းရဲ့ specialized area တွေကို ကျွမ်းကျင်နားလည်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ဥပမာ company A အတွက် aerospace နဲ့ပတ်သက်တဲ့ ၀န်ထမ်းကို HR က ရှာပေးလိုက်မယ်၊ Company B အတွက် biomedical ၀န်ထမ်း ရှာပေးလိုက်မယ်၊ ဒါပေမယ့် HR ကိုယ်တိုင်က aerospace တို့ ၊ biomedical တို့ ကို ကျွမ်းကျင်ဖို့ မလွယ်ပါဘူး။
Outsource company တွေအနေနဲ့ တပန်းသာတာက သူတို့ဆီမှာ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်အောင် လေ့ကျင့်ပျိုးထောင်ပေးထားပြီးသား ၀န်ထမ်းတွေအဆင်သင့်ရှိတယ်။ သူကမှတဆင့် သင့်တော်သော company (သို့မဟုတ်) project များမှာ ပြန်လည်နေရာချထားပေးနိုင်တယ်။ ဥပမာပေးရရင် ဒုတိယတန်းစားဘောလုံးအသင်းတစ်သင်းက ခြေစွမ်းထက်တဲ့လူကို ပထမတန်စား အသင်းတစ်သင်းကို အငှားချထားပေးသလိုမျိုးပါပဲ။ ဒီလိုအငှားချထားပေးခြင်းအားဖြင့် မိခင်ကုမ္ပဏီလည်း အကျိုးအမြတ်ရမယ်။ အငှားချခံရတဲ့သူလည်း ၀င်ငွေပိုရလာပါလိမ့်မယ်။
Outsource ကုမ္ပဏီတွေဖွံ့ဖြိုးလာခဲ့ရင် ဒီကုမ္ပဏီတွေမှာ လေ့ကျင့်သင့်ကြားပေးမယ့် ပညာရှင်လိုအပ်ချက်တွေမြင့်မားလာတော့မှာပါ။ အဲဒီကွက်လပ်ပာာ ပြည်ပမှ ပြန်လာမည့် မြန်မာပညာရှင်များ အတွက် အကောင်းဆုံးဈေးကွက် ဖြစ်ပါတယ်။ သူတို့ပာာပြည်ပမှာ နိုင်ငံတကာစံနှုန်းနဲ့ပညာသင်ခဲ့တဲ့အပြင် အလုပ်လုပ်ခဲ့တဲ့အတွက်လည်း နိုင်ငံတကာအတွေ့အကြုံတွေရှိပြီးဖြစ်တာကြောင့် ပြည်တွင်းကလူငယ်တွေကိုသင်ကြားတဲ့အခါမှာ အကောင်းဆုံးဖြစ်နိုင်ပါလိမ့်မယ်။ ဥပမာ နိုင်ငံခြားမှာ IT နဲ့ပတ်သက်လို့ ကျောင်းတက်ဘွဲ့ယူထားပြီး IT ပညာရှင်တစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်ခဲ့တဲ့သူ တစ်ယောက်ပာာ Outsourcing company အတွက် ရွေးချယ်ထားတဲ့ ပြည်တွင်းကလူငယ်တွေကို IT နဲ့ပတ်သက်လို့ အတွေ့အကြုံတွေ ပညာတွေသင်တန်းပေးရပါမယ်။ ဒီနေရာမှာ IT နဲ့ပတ်သက်တာဆိုရင်လည်း မြန်မာနိုင်ငံက IT ကျောင်းဆင်းတွေမှသာ အဆင်ပြေပါလိမ့်မယ်။ မပာုတ်ရင် နယ်ပယ်တစ်ခုလုံးကို ပြန်သင်ဖို့ဆိုတာက အချိန်အတော်ယူရမှာဖြစ်သလို ငွေကြေးအရလည်း တွက်ခြေမကိုက်နိုင်ပါဘူး။ အဲလိုလူငယ်တွေကိုမှ နိုင်ငံခြားပြန်အတွေ့အကြုံရှိတဲ့သူက လုပ်ငန်းခွင်အတွေ့အကြုံနဲ့ ထပ်သိသင့်တဲ့ပညာရပ်တွေကို ဖြည့်သင်ပေးရမှာဖြစ်ပါတယ်။ IT တင်မကဘဲ အင်ဂျင်နီယာပညာ၊ စာရင်းကိုင်ပညာ၊ ရေကြောင်းပညာ အစရှိတဲ့အလုပ်တွေလည်း ဒီသဘောအတိုင်းပါပဲ။ အဲလို လေ့ကျင့်သင်ကြား ပြီးတဲ့အခါကျမှ လိုအပ်တဲ့ကုမ္ပဏီက လူခေါ်တဲ့အခါမှာ Outsourcing company ကတဆင့် သင့်တော်တဲ့လူကို ခန့်ပေးနိုင်ပါလိမ့်မယ်။ ဒီလုပ်ငန်းပာာ ရှိသင့်ရှိထိုက်တဲ့လုပ်ငန်းတစ်ခုပါ။ ပြည်တွင်းပြန်လာချင်တဲ့ ပညာရှင်တွေအတွက်လည်း အကျိုးရှိ၊ ပြည်တွင်းက လူငယ်တွေအတွက်လည်း အကျိုးရှိ၊ အလုပ်ခန့်မည့်ကုမ္ပဏီတွေအတွက်လည်း အချိန်ကုန်သက်သာတဲ့အကျိုးရှိ၊ နိုင်ငံအတွက်ပါ ဖွံ့ဖြိုးမှုမြန်ဆန် လာမယ့်အကျိုးတွေရှိနေပါတယ်။
ဒီလုပ်ငန်းပာာ ပြည်တွင်းကလူငယ်တွေအတွက်ဆိုရင်လည်း အတော်ကြီးကိုအကျိုးရှိမယ့်အလုပ်လို့မြင်မိပါတယ်။ မြန်မာနိုင်ငံမှာ ကုမ္ပဏီတွေအလုပ်ခေါ်တဲ့အခါအများအားဖြင့်တော့ လုပ်ငန်းအတွေ့အကြုံကိုဦးစားပေးခေါ်ကြပါတယ်။ အဲဒီအတွက် အသက်မွေးမှုပညာနဲ့ပြီးထားတဲ့အတွေ့အကြုံမရှိတဲ့ လူငယ်တွေအနေနဲ့ လစာနည်းမှာ အလုပ်မရမှာ စသည်ဖြင့်အတော်လေးကို Stress များရပါတယ်။ နောက်ဆုံးမိမိတတ်ကျွမ်းတဲ့ အသက်မွေးဝမ်းကျောင်းပညာကိုတောင်စွန့်ပြီး အဆင်ပြေတဲ့စီးပွားရေး တစ်ခုခုလုပ်ကိုင်ရတဲ့ အခြေအနေကိုရောက်သွားရပါတယ်။ Outsourcing company ကတော့ဒီလိုမဖြစ်အောင် On job training လုပ်ပေးထားမယ် လိုအပ်တဲ့ပညာတွေထပ်ဖြည့်သင်ပေးမယ်။ အလုပ်ရလာတဲ့အခါကျမှ လခရာခိုင်နှုန်းအလိုက် သင့်တော်သလောက်ဖြတ်တောက်သွားမယ်။ အဲဒီအတွက် လူငယ်တွေမှာလည်း Confident ရှိလာမယ် ပညာပြည့်ဝလာမယ်။ အဲဒီအတွက် Stress ဒုက္ခတွေကင်းဝေးသွားမှာဖြစ်သလို ကုမ္ပဏီတွေအတွက်လည်း ပညာပြည့်ဝတဲ့လုပ်သားတွေ ရရှိလာမှာ ဖြစ်တဲ့အတွက် အတော်လေးကိုအကျိုးရှိတဲ့ လုပ်ငန်းတစ်ခု win-win situation ဖြစ်စေသော ကောင်းမွန်တဲ့ အသက်မွေးမှု တစ်ခုလို့ ဆိုချင်ပါတယ်။
Ref:mmbizchannel
 
 
Comment..
 
Outsourcing company ဆိုတာ Emplyment Agency ပါဘဲ! ပွဲစားဆိုတဲ့ အလုပ်သမားအကျိုးတော်ဆောင်တွေပါဘဲ.. ဒါကြောင့်သူတို့က အလုပ်ရှင်တွေလိုသလောက် ကျွှမ်းကျင်အလုပ်သမားတွေကို အစမ်း(၃-၆)လ အစမ်းခန့်ပြီးမှ ကြိုက်ရင်မှအတည်ပြု၍ ကန်ထရိုက်စနစ် နှင့် တရားဝင်အလုပ်ခန့်ပါတယ်၊ မကြိုက်နောက်ထပ်လူစားလဲပေးရမှာပါ  နောက်ပြီး လစာကိုလဲနှိမ့်ပြီး
(တ၀က် သို့ သုံးချိုးတစ်ချိုးနှင့် လေးချိုးတစ်ချိုး)သင့်ရဲ့Agency ကပေးလေ့ရှိပါတယ်ဆိုတာသိထားဖို့လိုပါလိမ့်မယ်နော်! နောက်ပြီး  Permanent ဆိုတဲ့ ရာသက်ပန်အလုပ်ခန်ု့ တာ မဟုတ်ပါဘူးလို့သိထားဖို့လိုပါလိမ့်မယ်၊ ဒါကလက်ရှိစကာင်္ပူကကျင့်သုးံနေတဲ့ အလုပ်သမားတွေရဲ့ ပေါ်လစီတွေပါဘဲ နိုင်ငံခြားသားမှမဟုတ်ပါဘူး လိုကယ် စကာင်္ပူလူတွေကိုလဲ ဒီလိုကျင့်သုံးထားတာပါ၊ ကြိုက်ဈေးပေးပြီးကြိုက်ရင်လုပ် မကြိုက်ရင်ထွက်ပါဘဲ! လစာတိုးလိုချင် တခြားအလုပ်ပြောင်းမှာ ပိုရကျ တာပါနော်၊ လက်ရှိအလုပ်ရှင်တွေ အစိုးရ အပါ လစာတက်တဲ့နှုန်းထားက ၅ ရာခိုင်နှုန်းလောက်ဘဲ အများဆုံးရှိတတ်ပါကြောင်းအသိပေးပါရစေ၊ တချို့တလေတော့ ၁၀ ရာနှုန်းရှိချင်ရှိပါလိမ့်မယ် ဒါပေမဲ့နည်း ပါတယ်လေ၊ နောက်ပြီးဘယ်အလုပ်ရှင် အလုပ်သမားတွေမှာ တယောက်နှင့် တယောက်သစ္စာ ရှိပြီး အတူအကြာကြီးတွဲလုပ်ဖို့ဆိုမရှိကျပါဘူးလို့ပြောရစေ! ဒီကစကာင်္ပူကလူတွေ နှစ်အနည်းငယ်လောက် ဘဲ လုပ်တတ်ကျပါတယ် ၊ပိုပေးတဲ့နေရာရှိရင်ပြောင်းပြေးကျတာ ချည်း ပါဘဲ! လစာမတက်တာကိုး! ဒါက ပွဲစားတွေရဲ့ ငြင်လေးတွေပါဘဲ! ကုန်ဈေးနှုန်းတွေ အိမ်လခတွေ တောက်လျှောက်တက်နေတာကိုး! လစာက အဲဒီလောက်မတက်ရင် မကိုက်ဘူးမဟုတ်လား!
ဒါတွေကြောင့် စကာင်္ပူလက်ရှိအစိုးရက ဈေးပေါပြီးနိုမ့်ပြီးပေးလို့ရတဲ့ နိုင်ငံခြားသားတွေကို တောက်လျှောက် ခေါ်နေလို့အခုလက်ရှိအစိုးရ PAP မှာပြည်သူလူထုတွေ တောက်လျှောက်ဆိုသလို အော်နေပါတယ်...
ပြောချင်တာက ဒီစနစ်က စကာင်္ပူကလက်ရှိကျင့်သုံးနေတဲ့စနစ်လေးပါ၊ တခြားနိုင်ငံတွေမှာရှိချင်မှရှိမှာပါ...
လက်ရှိစကာင်္ပူလူထူတွေအော်သံတွေကိုဖတ်ကြည့်လိုက်ပါအုံး!>>>The Voice of Singaporeans for Singapore!
 
 
 
 

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!