Popular Posts!

Sunday, January 27, 2013

Western Union ၀င်လာသော်လည်း တရားမ၀င် ငွေလွှဲလုပ်ငန်းများ မပျောက်နိုင်ဟုဆို

နိုင်ငံပေါင်းနှစ်ရာကျော်နှင့် ချိတ်ဆက်၍ ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသည့် Western Union မှတစ်ဆင့် မြန်မာနိုင်ငံရှိ ဘဏ်ခြောက်ခုသို့ ငွေလွှဲပို့နိုင်ပြီဖြစ်သော်လည်း တရားမ၀င်လုပ်ကိုင်နေသော ငွေလွှဲလုပ်ငန်းများ ပပျောက်မသွားနိုင်ဟု ကျွမ်းကျင်သူများကသုံးသပ်သည်။
“Trading (ကုန်သွယ်ရေး) လုပ်ငန်းတွေတော့ သိပ်အသုံးမ၀င်ဘူး။ ဒေါ်လာ ၁၀၀၊ ၂၀၀ လွှဲတဲ့လူတွေအတွက်လောက်ပဲ အသုံးတည့်တယ်။ ဒါပေမဲ့ သူ့ရဲ့ဝန်ဆောင်ခက ဈေးကြီးတယ်” ဟု ကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင် နေသူတစ်ဦးကပြောသည်။
အာရပ်စော်ဘွားများပြည်ထောင်စု (UAE)နိုင်ငံမှ မြန်မာနိုင်ငံသို့ Western Union ဖြင့် ငွေလွှဲပါက မြန်မာကျပ်ငွေ တစ်သိန်းလျှင် ၀န်ဆောင်ခ ခြောက်ထောင်ကျပ်ခန့် ကျသင့်ပြီး ပွဲစားနှင့် လွှဲပါက ၄၅၀ ကျပ်သာ ကျသင့်သဖြင့် ပွဲစားဖြင့်သာ ငွေလွှဲရန် စဉ်းစားထားကြောင်း ဒူဘိုင်းမြို့တွင် အလုပ်လုပ်ကိုင်နေသူ ကိုအောင်မျိုးကပြောသည်။
ဟိုဘက်က ဒေါ်လာနဲ့လွှဲလည်းဒီဘက်မှာကျတော့ ကျပ်ငွေပဲထုတ်ယူလို့ရတဲ့အတွက် ခရီးသွားလုပ်ငန်း အတွက်လည်း သိပ်အဆင်မပြေဘူး။ ဟိုတယ်ခတွေက ဒေါ်လာပဲပေးရတာ။ ဒေါ်လာထုတ်လို့ရရင်တော့ နည်းနည်းအဆင်ပြေနိုင်တယ်” ဟု Nature Dream ခရီးသွားကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်စပယ်အောင်က ပြောသည်။
Western Union နှင့် မြန်မာနိုင်ငံရှိ နေရာပေါင်း ၁၅၀ ကျော်တွင် ဘဏ်ခွဲများ ဖွင့်လှစ်ထားသော သမ၀ါ ယမဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်နှင့် ယူနိုက်တက်အမရာဘဏ်တို့ ဇန်န၀ါရီ ၁၂ ရက်က လက်မှတ်ရေးထိုးခဲ့သည်။
“Western Union ရဲ့ ကောင်းတာတစ်ခုက ဟိုဘက်က ငွေလွှဲလိုက်ပြီးရင် ထုတ်မယ့်သူက ဂဏန်း ၁၀ လုံးပါတဲ့ MTCN နံပါတ်သိပြီဆိုရင် မြန်မာပြည်မှာ Western Union နဲ့ ချိတ်ဆက်ထားတဲ့ ဘယ်ဘဏ်မဆို သွားထုတ်လို့ရတယ်။ မြန်မာပြည်မှာ ငွေလွှဲသလို ကျောက်တံတားဘဏ်ခွဲဆို ကျောက်တံတားဘဏ်ခွဲမှာပဲ ထုတ်လို့ရတာမဟုတ်ဘူး။ မော်လမြိုင်ရောက်နေရင် ရောက်တဲ့မြို့မှာ Western Union နဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်ရှိရင် အဲဒီမှာ ထုတ်လို့ရတယ်”ဟု မြန်မာရှေ့ဆောင်ဘဏ်မှ ဒုတိယအုပ်ချုပ်မှု
ဒါရိုက်တာ ဦးကျော်စိုးမင်းကပြောသည်။
ထို့ကြောင့် Western Union ရှိသော နိုင်ငံများမှ မြန်မာရှိ ယင်းဘဏ်ခြောက်ခု၏ ဘဏ်ခွဲများ ဖွင့်လှစ်ထားရာဒေသသို့ ငွေလွှဲနိုင်ပြီဖြစ်သည်။
အောင်သူရ
Ref:7daynewsjournal

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!