Popular Posts!

Tuesday, January 15, 2013

ဆပ်ပြာမြှုပ်နှင့် ပဲအနံ့များသုံးကာ ပဲဆီအတုများ ရောင်းချနေခြင်းများရှိနေ

ဒီလောက်လူအသက်အန္တာရယ်များတာတွေကို ရောင်းလို့ရအောင် ဘယ်အဖွဲ့စည်းတွေကမှအရေးယူခြင်း မရှိတာကိုက အံ့သြစရာကောင်းမနေဘူးလား!
 
  ပထမအကြိမ်သူတို့ကိုမိတယ်ဆိုတော့ပညာပေးတာရယ်သတိပေး တာတွေလုပ်တယ်! (?)
 
အတုလုပ်ရောင်းနေပါတယ်ဆိုကို အရေးမယူကျဘူး!
 

ဆပ်ပြာမြှုပ်နှင့် ပဲအနံ့များသုံးကာ ပဲဆီအတုများ ရောင်းချနေခြင်းများရှိနေ

မြန်မာပြည်တွင်းရှိ စားသုံး သူ ဈေးကွက်ထဲတွင် စားအုန်းဆီ များအား မခဲအောင် ဆပ်ပြာမြှုပ် များထည့်၍ ရောင်းချခြင်းများ၊ စားအုန်းဆီများအား မခဲအောင် ပြုလုပ်၍ ပဲဆီအနံ့ထည့်ကာ ပဲဆီအတုများ ပြုလုပ်၍ ရောင်း ချခြင်းများ ရှိလာကြောင်း သိရှိ ရသည်။
စားသုံးသူ ကာကွယ်ရေး အသင်းမှ ဦးဗအုပ်ခိုင်က ပြော ကြားရာတွင် ““အဲလိုလုပ်တာဟာ ဘယ်သူ သေသေ ငတေမာပြီး ရော စိတ်နဲ့ ၀ိသမ လောဘစိတ်နဲ့ လုပ်နေကြတယ်။ စိတ်ဓာတ်က လူမျိုးကြီးစိတ်ဓာတ်မဟုတ်ဘဲနဲ့ ဆင်းရဲနွမ်းပါးမှုကြောင့် တရားတဲ့ နည်းနဲ့ စီးပွားမရှာချင်ဘဲနဲ့ မတရားတဲ့နည်းနဲ့ စီးပွားရှာချင်တယ်။ အခု စားအုန်းဆီက တော် သေးတယ်။ စားအုန်းဆီကို ဆပ်ပြာမှုန့်ထည့်ပြီးတော့ မခဲအောင်လုပ်ပြီးတော့ အဲဒီ့ ထဲကို ပဲဆီနံ့ နှမ်းဆီအနံ့တွေ ထည့်ပြီးတော့ ပဲဆီ၊ နှမ်းဆီလုပ်ပြီး အခု လုပ်ရောင်းလာတာတွေရှိ တယ်။ စားအုန်းဆီမှာ လူစား လို့ရတာနဲ့ လူစားလို့မရတာ ဆိုပြီးတော့ရှိတယ်။ တကယ် တော့ စားအုန်းဆီဟာ လူစား ဖို့ ထုတ်တာ မဟုတ် ဘူး။ စက်တွေ ထဲမှာထည့်ဖို့သာ ထုတ်ကြတာ အဲဒါကိုမှ ဆင်းရဲတဲ့ နိုင်ငံတွေက စားကြတာ””ဟု ပြောကြားခဲ့သည်။
ယင်းကဲ့သို့ စားအုန်းဆီများ ကို ဓာတုဆေးဝါးများထည့်၍ ရောင်းချခြင်း ပဲဆီအတုနှင့် နှမ်းဆီ အတုများကို ထည့်သွင်း ရောင်းချခြင်းများကို စားသုံးသူ ကာကွယ်ရေးအသင်းမှ ကိုယ်ပိုင် ဓာတ်ခွဲခန်းများ ရရှိပါက စစ်ဆေး ပြီး ယင်းကဲ့သို့ ရောင်းချသူများ ဥပဒေအရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
 

ဆိုးဆေးများရောင်းချပါကပထမအကြိမ်ခေါ်ယူအသိပညာပေးပြီး ဒုတိယအကြိမ်ရောင်းချပါက တရားစွဲဆိုနိုင်ရန်သွားမည်

 
အခြေလူတန်းစားများ စားသောက်သုံးစွဲ နေသည့်အစား အစာနှင့် အချိုရည်၊ ဖျော်ရည်များ တွင်ထည့်သောဓာဓုဆေးဝါးအား အစားအသောက်များတွင်ထည့် ကာထုတ်လုပ် ရောင်းချခြင်း၊ ရောင်းဝယ်ဖောက်ကာခြင်းများ ပြုလုပ်ပါကပထမကြိမ်တွင်ခေါ်ယူ အသိ ပညာ ပေးများပြုလုပ်ပြီး ဒုတိယ အကြိမ်ထုတ်လုပ် ရောင်း ချပါက National Food Law အရတရားစွဲအရေးယူသွားမည်ဖြစ် ကြောင်း စားသုံးသူကာကွယ်ရေး အသင်းမှ သိရသည်။
ဆိုးဆေးများထည့်သွင်းထုတ် လုပ်ရောင်းချခြင်းရှိမရှိအား ဈေး နှင့် ဈေးဆိုင်များမရသေးဆိုင်များ တွင်လည်း ရှောင်တကင်စစ်ဆေး သွားမည်ဖြစ်ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်းမှ ဦးဗအုပ် ခိုင်ကပြောကြားသည်။
“ဆရာတို့အနေနဲ့ ဇန်န၀ါရီ ၁၂ ရက်နေ့က စစ်တာရွှေပြည် သာမြို့နယ်ထဲက ၂ ဈေး ဒညင်း ကုန်းက ၁ ဈေး၊ ဇီးကုန်း၊ ဈေး တွေကို စစ်တတယ်။ စစ်တဲ့အခါ မှာလည်း ဆိုးဆေးတွေကို အဓိက ထားစစ်တယ်။ အဲလိုစစ်တဲ့အခါ မှာ ဆိုးဆေးသုံးတာငရုတ်သီးမှုန့် တွေတော်တော်များများမိတယ်။ ထန်းခြောက်ပင်မှာက ပုဇွန်ချဉ်မှာ ပါဆိုးဆေးတွေ ဆိုးထားတာတွေ တယ်ပန်းရောင်ဆိုးဆေးတွေ နောက်ကြက်သားတွေမှာပါဆိုးဆေး တွေကိုသုံးတယ်။ ဇီးကုန်၊ ဈေး မှာ ဆိုးေးတွေကို တင်ရောင်းတာတွေ့ လို့သိမ်းလာတယ်။ ဇီးကုန်ဈေးမှာ က ၂ ဆိုင်တွေတယ်။ ကုန်ခြောက် ဆိုင်တချို့ဆိုးဆေးတွေကို ၁ ထုတ် ၁၀၀ နဲ့ တင်ရောင်းတာတွေတယ်။ ထန်ခြောက်ပင်မှာ တွေ့တယ် “ဒိုင်မှာတောင်မသိမ်းပဲနဲ့” သူတို့ကို သိမ်းတယ်လိုပြောနေတာနဲ့ အဲဒီ ဈေးမှာရှိတဲ့ ဈေးတာဝန်ခံရုံးကို သွားပြီး အကျိုးအကြောင်းပြော ပြတယ်။ နောက်တစ်ခါဆိုရင်တော့ တရားစွဲအရေးယူရလိမ့်မယ်။ စည်ပင်ကလည်းပြောပါတယ်။ “ဆရာတို့လုပ်တာကောင်းတယ်။ ကျွန်တော်တို့သူတို့ကိုနောက်သုံး အကြိမ်သတိပေးလိုက်မယ်ဆိုင် နံပတ်တွေဘာတွေမှတ်သွားတယ်။ ပထမအကြိမ်သူတို့ကိုမိတယ်ဆိုတော့ပညာပေးတာရယ်သတိပေး တာတွေလုပ်တယ်။ အရေးယူတာ တော့မလုပ်သေးဘူး။ ဘာလို့သူ တို့ကို အသိပညာနဲ့ သတိပေးတာ လည်းဆိုတော့ ဒီဟာတွေက ကင်ဆာဖြစ်စေတယ်။ ဒါတွေကို မရောင်းဖို့ကိုယ်ချင်းစာဖို့ ဒုတိယ အကြိမ်နဲ့ တတိယအကြိမ်ဆိုရင် တော့ National Food Law အရ အရေးယူဖို့ဆောင်ရွက်သွားမယ်” ဟုပြောကြားခဲ့သည်။
စားသုံးသူကာကွယ်ရေးအသင်း မှ ယခုကဲ့သို့ဈေးများတွင် စစ်ဆေး ခြင်းမှာ ပြည်သူလူထုကောင်းကျိုး အတွက်နှင့် ကျန်းမာရေးအတွက် ဖြစ်သက်ဆိုင်ရာဌာနအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖြိုးအောင်
 
Ref:hotnewsweekly
 
 

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!