Popular Posts!

Thursday, July 24, 2014

မရမ်းသီးငိုတဲ့ စပျစ်သီးထောင်း

မရမ်းသီးငိုတဲ့ စပျစ်သီးထောင်း


(blogမှာရော page မှာပါ တင်ပြီးသား အဟောင်းလေးပါ။)

မရမ်းသီး မရှိလို. မရမ်းသီးထောင်းမစားရပါဘူးလို .ပြောစရာမလိုတော့အောင် စားကောင်းလှတဲ့ မရမ်းသီးငိုတဲ့ စပျစ်သီးထောင်းလေး ထောင်းစားကြရအောင်….

**... စပျစ်သီးထောင်း အတွက် လိုအပ်တာလေးတွေ…

1. နှစ်ခြမ်းခွဲကာ အစေ့ထုတ်ထားသော စပျစ်သီးအနူ – ထမင်းစားဇွန်း ၇ ဇွန်း
2. ပုဇွန်ခြောက်မှုန်. – ထမင်းစားဇွန်း ၆ ဇွန်း
3. ကြက်သွန်ဖြူ အတက်ကြီး – ၄ တက်
4. ငရုတ်သီးစိမ်း – ၁၅ တောင့် (စပ်လေကောင်းလေ)
5. စိမ်းစားငပိ – ထမင်းစားဇွန်း ၂ ဇွန်းခွဲ
6. ငရုတ်သီးလှော်မှုန်. – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်းကို ခပ်ကြမ်းကြမ်းလှီးကာ ငရုတ်သီးများ စင်မထွက်အောင် ပုဇွန်ခြောက်မှုန်. အနည်းငယ်ထည့်ပြီး ထောင်းပါ။

ကြက်သွန်ဖြူ နှင့် ငရုတ်သီး အတော်လေးညက်လျှင် ငပိထည့်ပြီးထောင်းပါ။

ပြီးလျှင် ငရုတ်သီးအကြမ်းမှုန်. နှင့် စပျစ်သီးကို နည်းနည်းချင်း ထည့်ပြီး ဖြည်းဖြည်းချင်းထောင်းပါ။

မရမ်းသီးငိုတဲ့ စပျစ်သီးထောင်းလေး အမဲသားနပ်အိအိလေး၊ ဂျပန်တိုဟူးခရုဆီ ပဲပင်ပေါက်ကြော်တို.နှင့် တွဲဖက်စားရန် အသင့်ဖြစ်ပါပြီ။





Ref:https://m.facebook.com/story.php?story_fbid=307337079444434&id=115026242008853


Credit @ Ko Nge

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!