Popular Posts!
-
စင်ကာပူသံရုံးနှင့် မြန်မာအစိုးရတို့ ပူးပေါင်းပြီး ဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်းပညာ ( အခမဲ့ ) သင်တန်း V ...
-
ကမ္ဘာကျော် Internet Muti -Level Marketing Advertising နည်းလေးတွေပါ... အခုနာမည်ကျော် facebook နှင့် Google တွေမှာလဲ သုံးနေတဲ့ နည်းတွေပါ...
-
တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ VOA တွေ့ဆုံမေးမြန်းခန်း နိုင်ငံတော်ရဲ့အမြင့်ဆုံးအာဏာဘယ်သူဆီမှာရှိ့သလဲအတိအကျအထောက်အထားနဲ့တကွရှင်းပြထားတဲ့ေ...
-
သမတ အိုဘားမား မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်ခန်းမတွင် အာဆီယံ လူငယ်ခေါင်းဆောင်များကို မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ – Reuters)...
-
By ဦးအောင်ခင် & မညိုညိုလွင် မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ စီးပွားရေးအခြေခံနဲ့ ကျွမ်းကျင်တဲ့အလုပ်သမား ပေါ်ထွက်လာဖို့အတွက် အတတ်ပညာပိုင...
-
တရုတ်နှင့်မြန်မာလူကြီးတွေက အနောက်နိုင်ငံကြီးတွေကို နိုင်ငံရေးကစားကွက်လေး တအားလှ ပါတယ်ဗျ..... ဘယ်သူတွေ ဘာဖြစ်ကျန်ခဲ့မလဲတော့ မသိသေးပါဘူး...
-
လက်ရှိ အခြေအနေသည် ၂၀၁၂ ခုနှစ်၏ ပထမဦးဆုံးလဖြစ်နေပြီး ပွင့်လင်းရာသီ ဖြစ်သော်လည်း ပြည်ပ ပို့ကုန်ဈေးကွက် နှင့်အတူ ပြည်တွင်း စီးပွားရေးလုပ်င...
-
ယှဉ်ပြိုင်မှုမူဝါဒအကောင်အထည် ဖော်ရေး လုပ်ငန်းကော်မတီတတိယအကြိမ်အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးချက် များအရပြင်ဆင်ပြီးသည့် ယှဉ်ပြိုင်မှုနည်းဥပဒေ...
Tuesday, July 8, 2014
နီပေါလ်စတိုင်ဆိတ်သားချဉ်စပ်
ဒီ Food Court ကစကာင်္ပူစာတွေကို စားရတာညီးငွေ့လာလို့ မိမိစိတ်ကြိုက်လေးထူးထူးဆန်းဆန်းတွေ ချက်စားချင် တာတွေကို Cooking Master Myanmar မှကူးယူဖော်ပြလိုက်တာပါ...
မြန်မာပြည်မှာခေါ်တဲ့..ဂေါ်ရခါးလူမျိုးစု ဟာ နီပေါလ် လူမျိုးများမှဆင်းသက်လာပါတယ်..။
ကျွန်တော့်ဆီမှာဂေါ်ရခါးအသိမိတ်ဆွေများစွာ ရှိတာကြောင့်လည်း.. သူတို. ဆီကချက်နည်းလေး တွေလေ့လာခွင့်ရပါတယ်...။
ဆိတ်သား...............၃၀ ကျပ်သား
ကြက်သွန်နီ.............၁ လုံး (လေးစိတ်သို.ရှစ်စိတ်)
ခရမ်းချဉ်သီး............၃လုံး(..............။...............)
ကြက်သွန်ဖြူ ...........၃ တက်
ချင်းသေးသေး..........၁ တက်
ဒိန်ချဉ်....................၁ ဇွန်း( ထမင်းစားဇွန်း)
ဟင်းချက်မဆာလာ(အိန္ဒိယ).၁ ဇွန်း(........။....)
ငရုတ်နီအနှစ်.............၁ ဇွန်း(............။.......)
မန်ကျည်းရည်အနှစ်.....၁ ဇွန်း(.............။......)
ပျင်းတော်သိမ်ရွက်........အနည်းငယ်
နံနံပင်......................အနည်းငယ်
ဆား+ဟင်းခတ်မှုန်. ....သင့်ရုံ
ဆိတ်သားတွေကိုရေဆေးသန်.စင်ပြီး..ခပ်ပါးပါးလှီးထားပါ။
ချင်း+ကြက်သွန်ဖြူ ကိုညှက်နေအောင်ရောထောင်းပါ။
ဆိတ်သားထဲကို..ထောင်းထားတဲ့ချင်းအရော ၊ ဆား ၊ ဟင်းခတ်မှုန်. ၊ ဒိန်ချ ဉ် ၊နနွင်းအရောင်တင်မှုန်. အနည်းငယ်ထည့်ပြီး..ရောနယ်ကာ အနည်းဆုံး( ၄) နာရီခန်.နှပ်ထားပါ။
နှပ်ထားချိန်(၄) နာရီပြည့်ပြီဆို..ဒယ်အိုးတစ်လုံးမှာဆီကိုအပူပေးပါ..။
ထိုဆီထဲသို.ပျင်းတော်သိမ်ရွက်ကိုထည့်ပြီးကြွပ်သည်အထိဆီသတ်ပါ။
လေးစိတ်ခွဲထားသောကြက်သွန်နီကိုရောထည့်ပြီး..အားလုံးကို ပန်းကန်တစ်ခုနဲ.ဆယ်ယူစစ်ထုတ်ထားပါ။
လက်ကျန်ဆီမှာ..ငရုတ်နီအနှစ်နဲ.မဆလာကိုထည့်ပေါင်းဆီသတ်ပါ။အနံ.မွှေးလာပြီဆိုရင် ဆိတ်သားတွေ ထည့်ပေါင်းပြီး..လိုအပ်တဲ့အရသာကိုထပ်မံဖြည့်စွက်ပါ။
မန်ကျ ည်းမှည့်အနှစ်လေးလောင်းထည့်ပြီး..ဆယ်ထားတဲ့ကြက်သွန်နီနဲ.ပျဉ်းတော်သိမ်ရွက်ကိုထည့်ပါ။
ထို.နောက်ခရမ်းချဉ်သီးတွေထည့်ပေါင်းပြီး..နံနံပင်လေးတွေဖြူးလိုက်ရင်..စားသုံးရန်အဆင်သင့်ဖြစ်ပါပြီ...
Ref:Cooking Master Myanmar
Credit @ Ko Nge
Subscribe to:
Post Comments (Atom)
No comments:
Post a Comment