Popular Posts!

Friday, July 25, 2014

ဂဏန်းကော်ရည်ခေါက်ဆွဲ နှင့် အရမ်းစပ်တဲ့ ငါးပိထောင်း


ကြိုက်လွန်းလို့  ချက်စားချင်တာ...ဒါပေမဲ့ အိမ်ကြီးရှင်တွေက ဟင်းမချက်ဘူးဆိုလို့ သားရည်ဘဲ ကျတော့မယ်နော်.... သူငယ်ချင်းချောစုအလှူပေးတော့မှာဘဲ ရှမ်းတိုင်းရင်သားဟင်းနှင့် ဗမာဟင်းတွေ စားတော့မယ်...(သူမက အပတ်တိုင်း ဘုန်းဘုန်းတွေကို ဆွမ်းကပ် အလှူလုပ်နေတော့)  
အဲ.... သူငယ်ချင်းတွေထဲကလဲထူးထူးခြားခြားလုပ်စားရင် ခေါ်အုံးနော်....

***... ဂဏန်းကော်ရည်ခေါက်ဆွဲ အတွက် လိုအပ်တာလေးတွေ…

1. ဂဏန်းအသား – ကီလိုဝက်
2. ကြက်ရင်ပုံ – ၁ ခြမ်း
3. ၂ နာရီခန့်ရေစိမ်ပြီး ပါးပါးလှီးထားသော မှိုမဲ (shiitake mushroom) – ၉ပွင့်
4. အနည်းငယ်ပုံဖေါ်ပြီး လှီးထားသော မုန်လာဥနီ – တစ်ချောင်းရဲ့တစ်ဝက်
5. ၁ နာရီခန်.ရေစိမ်ပြီး ပါးပါးလှီးထားသော ပဲပြား – 5 tbsp
6. ခလောက်ထားသော ကြက်ဥ – ၂ လုံး
7. Corn flour(ကော်မှုန်.) 1 cup + ရေ 1 cup(250ml) ကို ရောဖျော်ထားပါ။
8. Chinese 5 spices powder(တရုတ်မာဆလာ) – 1 tsp
9. Chicken powder – 4 tbsp
10. ဆား – 3 tsp
11. ပဲငံပြာရည် အကျဲ ဟင်းခပ်ဇွန်းကြီး – ၁ ဇွန်းခွဲ
12. ကြက်သွန်ဖြူ ဆီချက်   – 4 tbsp
13. ငရုတ်ကောင်းမှုန်. -1 ½ tsp

ကြက်သားကို ရေနွေးဆူဆူ 3000 ml ထဲ high heat နှင့် ၇ မိနစ်ခန်. ထည့်ပြုတ်ပါ။
ပြီးလျှင်ဆယ်ပြီး အအေးခံကာ အသားများကို အမျှင်လေးများဖြစ်အောင်နွှင်ထားပါ။
နွှင်ထားသော ကြက်သား နှင့် ဂဏန်းအသားများကို ကြက်ပြုတ်ရည်အိုးဆူဆူထဲ ထည့်ပါ။
ပါးပါးလှီးထားသော(မှို၊ မုန်လာဥနီ၊ ပဲပြား)တို.ကို ဟင်းရည်အိုးဆူဆူထဲထည့်ပါ။
Chicken powder 4 tbsp , 5 spices powder 1 tsp နှင့် ဆား 3 tsp ကိုထည့်ပါ။

ဟင်းရည်အိုးပြန်ဆူလျှင် ခလောက်ထားသော ကြက်ဥ ၂ လုံးကို ဇကာခံပြီးထည့်ပါ။ ( အမျှင်လေးများရအောင် ဇကာထဲလောင်းထည့်နေချိန်မှာ ဇကာကို ဝေ့ဝှိုက်ပေးနေပါ။)
ဟင်းရည်အိုးပြန်ဆူလာလျှင် medium heat သို.လျှော့ပြီး ကော်မှုန်. 1 cup (250 ml) နှင့် ရေအေး 1 cup (250 ml) ရောဖျော်ထားသော အရည်ကိုလောင်း ထည့်ပါ။
ကော်မှုန်.များခဲမသွားစေရန် ၃ မိနစ်ခန်.အဆက်မပြတ်မွှေပေးပါ။ (မွှေနေရင်းခဲလာလျှင် မွှေနေသောဇွန်းနှင့် ဖိချေပေးပါ။)
ပြီးလျှင် ပဲငံပြာရည်အကျဲ ၊ ငရုတ်ကောင်းမှုန်. နှင့် ကြက်သွန်ဖြူဆီချက် ကိုထည့်ပြီး ဟင်းရည်အိုးကို အဖုံး ဖုံးကာ မီးဖိုမီးကိုပိတ်ပါ။
မီးပိတ်ပြီး ၁၀ မိနစ်ခန်.ကြာလျှင် ပန်းကန်လုံးလေးထဲ ခေါက်ဆွဲ နှင့် ဟင်းရည်ကိုထည့်ပါ။ နံနံပင်၊ သံပုရာရည် နှင့် အရမ်းစပ်တဲ့ ငါးပိထောင်းကိုထည့်ကာ ဂဏန်းကော်ရည်ခေါက်ဆွဲကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
***... အရမ်းစပ်တဲ့ ငါးပိထောင်း အတွက် လိုအပ်တာလေးတွေ…
1. ဖုတ်ထားသော (သို.) microwave ထဲ စက္ကန်. ၂၀ ခန်.ထည့်ထားသော စိမ်းစားငါးပိ – ထမင်းစားဇွန်း ၄ ဇွန်း
2. ပုဇွန်ခြောက်မှုန်. – ထမင်းစားဇွန်း ၆ ဇွန်း
3. ငရုတ်သီးစိမ်း – ၁၁ တောင့်
4. ကြက်သွန်ဖြူ – ၅ တက်

ကြက်သွန်ဖြူကို ဦးစွာထောင်းပါ။
ပြီးလျှင် ငရုတ်သီးစိမ်းကို ဓါးနှင့် ၃၊၄ ပိုင်းဖြတ်ပြီး ထည့်ထောင်းပါ။
ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်း အတော်လေးညက်လျှင် ငါးပိ နှင့် ပုဇွန်ခြောက်မှုန်.ကို ထည့်ကာ ၂ မိနစ်ခန်.သေသေချာချာဖိထောင်းပြီးလျှင် အရမ်းစပ်တဲ့ ငါးပိထောင်း စားရန် အသင့်ဖြစ်ပါပြီ။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!