Popular Posts!

Thursday, July 24, 2014

မဟာရန်ကုန်မြို့တော်ရဲ့အန္တရယ် တချို့မြို့နယ်တွေမှာ မြေအောက်ရေ ၌ ဆားငန်ရေ ၀င်ရောက်မှုကို သတိပြုရန် လိုအပ်

မြေအောက်ရေ ထုတ်ယူသုံးစွဲမှုပမာဏ များပြားခြင်းကြောင့် ဆားငန်ရေတိုးဝင်မှု ရှိလာ


ရန်ကုန် ၊ ၁၄-၇-၂၀၁၄

တစ်နှစ်ထက် တစ်နှစ် လူနေ ထူထပ်မှု တိုးမြင့် နေသည့် ရန်ကုန်မြို့၌ စက်မှုဇုန်များ ပေါများစွာ တည်ရှိ လာသောကြောင့် ဆားငန်ရေ ၀င်ရောက် နိုင်သည့် ရန်ကုန်မြစ်ကမ်း တစ်လျှောက်ရှိ စက်ရုံများမှာ မြေအောက်ရေ ထုတ်ယူ သုံးစွဲမှု များပြားလာကာ အ၀ီစိတွင်း များကို စနစ်တကျ လေ့လာ တူးဖော်မှု နည်းပါးခြင်း တို့ကြောင့် မြေအောက် ရေအောင်းလွှာတွင် ဆားငန်ရေ တိုးဝင်မှုများ ရှိလာရာ အလုံမြို့နယ် နှင့် လှိုင်သာယာ စက်မှုဇုန် (၁) ၀န်းကျင်တွင် မြေအောက် ရေအောင်းလွှာ များသို့ ဆားငန်ရေ တိုးဝင်မှုများ တွေ့ရှိ လာရကြောင်း သိရသည်။

မြေအောက် ရေအောင်းလွှာ အတွင်းသို့ ဆားငန်ရေများ တိုးဝင်မှု ရှိလာသည့် အတွက် ရန်ကုန်မြို့၏ မြေအောက်ရေ ထုတ်ယူ သုံးစွဲမှု နှင့်ဆိုင်သည့် စီမံ ခန့်ခွဲမှုကို အချိန်မီ ကာကွယ် လုပ်ဆောင်ရန် လိုအပ် နေကြောင်း သိရသည်။

" သဘာဝ ဘေးအန္တရာယ်တွေ ကြီးမား လာတာနဲ့ အမျှ ရေကလည်း ကမ္ဘာမှာ သိပ်ကို တန်ဖိုး ရှိလာပါတယ် ၊ သုံးစွဲတဲ့ နေရာမှာ ဂရုစိုက်ဖို့ လိုလာပါပြီ ၊ ဒါကြောင့် စက်ရုံ အလုပ်ရုံကြီး တွေ များစွာ ရှိနေတဲ့ ရန်ကုန်မြို့လို နေရာမျိုးမှာ ရေထုတ်ယူ သုံးစွဲမှု ကလည်း များပြား လာတဲ့အတွက် ရန်ကုန်မြို့ရဲ့ နေရာ အချို့မှာ ဆားငန်ရေ တိုးဝင်မှုတွေ ရှိလာတယ်လို့ သိရပါတယ် ၊ အလုံနဲ့ လှိုင်သာယာ စက်မှုဇုန် (၁) ၀န်းကျင် လို့လည်း သိရပါတယ် ၊ မြေအောက်ရေ စီမံ ခန့်ခွဲမှုကို သေချာ လုပ်သင့် နေပါပြီ ... " ဟု မြရာပင် Engineering Company မှာ ဒါရိုက်တာ ဦးသောင်းစိန် က ပြောပြသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များ အနက် အလုံမြို့နယ် ၊ ဗိုလ်တထောင် မြို့နယ် ၊ ပုဇွန်တောင် မြို့နယ် ၊ လမ်းမတော် မြို့နယ် ၊ ကျောက်တံတား မြို့နယ် နှင့် စက်မှုဇုန် များ တည်ရှိရာ မြို့နယ် များတွင် မြေအောက်ရေ ၌ ဆားငန်ရေ ၀င်ရောက်မှုကို သတိပြုရန် လိုအပ် လာကြောင်း သိရှိရသည်။

ယောသူလေး

#PyiChitThar
#Themyawadydaily


Credit @ Ko Nge

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!