Popular Posts!

Tuesday, July 8, 2014

သုံးထပ်သားခြောက်စပ်


Cooking Master Myanmar မှ မိမိကြိုက်တတ်တဲ့ အစာတွေကိုကူးယူဖော်ပြလိုက်တာပါ...



ဝက်သားသုံးထပ်သား........၃၀ ကျပ်သား
ကြက်သွန်နီ......................၃ လုံး
ကြက်သွန်ဖြူ....................၇ တက်
ချင်းသေးသေး..................၁ တက်
သကြား...........................၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ပဲငံပြာရည်အပျစ်..............၁ဇွန်း
ငရုတ်ကြမ်းအစိမ်းမှုန်. ..... ၁ ဇွန်း(ထမင်းစားဇွန်း)
ဆား+ ဟင်းခတ်မှုန်. ........လိုအပ်သလို


သုံးထပ်သားတွေကို ခပ်ပါးပါးလှီးပြီး.ဆား ၊သကြား ၊ ပဲငံပြာရည်အပျစ်တို.နဲ.ေ ရာနယ်ကာ..
ချင်းကိုဓါးပြားရိုက်ထည့်ပြီး..ရေမြှုပ်ရုံလေးထည့်ကာ ရေခမ်းသည်အထိပြုတ်ပေးပါ။

ရေခမ်းပြီဆိုရင်..ထိုအိုးထဲမှာဖြစ်စေ ၊ သီသန်.အိုးတစ်လုံးမှာဖြစ်စေ..ဆီ ၁ ဇွန်းလောက်ထည့်ကာ ၀က်သားရဲ.အပေါ်ယံတွေတင်းသွားအောင်လှိမ့်ကြော်ပေးပါ

ကြက်သွန်နီ ၊ ဖြူ တွေကိုပါးပါးလှီးပြီးရွှေအိုရောင်ရအောင်ကြော်ယူစစ်ထားပါ။

ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်ကိုအပူပေးပြီး ငရုတ်ကြမ်းအစိမ်းမှုန်.တွေကို နနွင်း၊ အရောင်တင် (ပါသည်ဆိုရုံနဲ. ) ကြော်ပေးပါ။

ဆား၊ ဟင်းခတ်မှုန်.တို.နဲ.အရသာသွင်းပါ။ ကြော်ပြီးစစ်ထားတဲ့..ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ၀က်သားတွေထည့်ပေါင်းမွှေလိုက်ရုံပါပဲ.။

၁လက်မခန်.လှီးထားတဲ့ကြက်သွန်မြိတ်တွေထည့်ပေါင်းအလှဆင်နိုင်ပါတယ်။

နွေရာသီမှာ ဆီပြန်ဟင်းတွေထက်စာရင်..ဒီလိုအခြောက်ကြော်မျိုးလေးတွေ
ကိုအချဉ်ရည်ဟင်းတစ်မျိုးမျိုးနဲ.တွဲဖက်စားရတာအဆင်ပြေလိမ့်မယ်လို.မျှော်
လင့်မိပါတယ်..။

Ref:Cooking Master Myanmar

Credit @ Ko Nge

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!