Popular Posts!

Saturday, July 26, 2014

ယိုးဒယား မုန့်ဟင်းခါး

ယိုးဒယား မုန့်ဟင်းခါး (၇ ပွဲ)
ယိုးဒယား (ထိုင်း) လူမျိုးတွေကတော့ အုန်းနို့ထည့်ပြီးချက်သလို၊ အုန်းနို့မပါပဲလည်း ချက်ကြပါတယ်။ အုန်းနို့ ပါရင် ပိုစားလို့ကောင်းတာမို့ အုန်းနို့ကို ထည့်ပြီး ချက်စေချင်ပါတယ်။ကျွန်မကတော့ အမျိုးသားက အုန်းနို့နဲ့ ချက်ရင် မကြိုက်တဲ့ အတွက် အုန်းနို့မပါတဲ့ နည်းကို ချက်ထားပါတယ်။

***...ယိုးဒယား မုန့်ဟင်းခါး ဟင်းရည် ချက်ရန် လိုအပ်တာလေးတွေ…

1. ရေ – 1100 ml
2. အရမ်းမစပ်သည့် ငရုတ်သီးအခြောက်တောင့် – 1 cup (250 ml) ခန့်
3. ပါးပါးလှီးထားသော ပဒဲကော(galangal) – လက်မအရွယ်ခန့်
4. အခွံမာများခွါပစ်ကာ ပါးပါးလှီးထားသော စပါးလင် – ၂ ချောင်း
5. ကြက်သွန်ဖြူ အတက်ကြီး – ၄ တက်
6. fingerroot (krachai, galingale, Chinese ginger) – 1 cup (250 ml) ခန့်
7. ပါးပါးလှီးထားသော ရှောက်ရွက် (kaffir lime leaves) – ၆ ရွက်
8. လေးစိတ်ကွဲ လှီးထားသော ကြက်သွန်နီ အရွယ်လတ် – ၁ လုံး
9. အရိုးမပါသော swordfish (သို့) ကြိုက်နှစ်သက်ရာငါး – 200 g (၁၃ ကျပ်သား)
10. ရေ – 400 ml (အုန်းနို့ထည့်ချက်လိုလျှင် ရေ မထည့်ပဲ အုန်းနို့ 400 ml ထည့်ပေးပါ။)
11. ငါးငံပြာရည် – ထမင်းစားဇွန်း ၈ ဇွန်း ( (ချင့်ချိန်ထည့်ပေးပါ။)
12. သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
13. ငါးပိရည် အနှစ် (pickled fish cream (paste)) – ထမင်းစားဇွန်း ၁ ဇွန်း
14. ၂ ခြမ်းခွဲကာ လှီးထားသော ငါးဆုပ်လုံး (ready made fish ball) – အလုံး ၂၀

ပွက်ပွက်ဆူနေသော ရေ (1100 ml)ထဲ ငရုတ်သီးခြောက်၊ ပဒဲကော၊ စပါးလင်၊ ကြက်သွန်ဖြူ၊ fingerroot, ရှောက်ရွက် နှင့် ကြက်သွန်နီ တို့ကို ထည့်ပြီး အိုးအဖုံး ဖုံးကာ medium heat ဖြင့် ၇ မိနစ်ခန့် ပြုတ်ပေးပါ။
ပြီးလျှင် ငါးထည့်ကာ အိုးအဖုံး ဖုံးပြီး ၃ မိနစ်ခန့် ဆက်ပြုတ်ပေးပါ။
ပြုတ်ထားသည့်အဖတ်များအားလုံးကို ဆယ်ထုတ်ပြီး ကြိတ်စက်ထဲထည့်ကာ ကြေသွားအောင် ကြိတ်ပေးပါ။ (ထောင်းလို့လည်း ရပါတယ်။)
ကြိတ်ထားသော ဟင်းအနှစ်များကို ကျန်သည့်ပြုတ်ရည်ထဲ ရေ (400 ml) ထပ်ထည့်ကာ ပြန်ဆူအောင် တည်ထားသည့် ဟင်းရည်အိုးထဲ ထည့်ပါ။ (အုန်းနို့ဖြင့်ချက်လျှင် ရေ (400 ml)မထည့်ပဲ အုန်းနို့ (400 ml)ကို ထပ်ထည့်ပေးပါ။)
ငါးငံပြာရည်၊ သကြား နှင့် ငပိရည်အနှစ်ကို ထည့်ကာ အနည်းငယ် မွှေပေးပါ။ (ငပိရည်အနှစ်မရှိလျှင် ကျိုထားသော ငပိရည်၊ စိမ်းစားငပိ (ရေအနည်းငယ်ဖြင့်ဖျော်ထားပါ) ကိုထည့်နိုင်ပါတယ်။)
ငါးဆုပ်လုံးများကိုပါ ထည့်ပြီးနောက် အိုးအဖုံး ဖုံးကာ ၅ မိနစ်ခန့် တည်ပြီးလျှင် ပူစပ်သော အရသာ နှင့် ခပ်ပျစ်ပျစ်ဟင်းရည်လေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
မုန့်တီဖတ် နှင့် ဟင်းရည် ထည့်ပြီးနောက် ကြံမဆိုင်(sour pickled mustard)၊ ငရုတ်သီး အခြောက်တောင့်ကြော်၊ ပါးပါးလှီးထားသော (ပဲသီးစိမ်း၊ ဂေါ်ဖီထုပ်၊သခွါးသီး ……….)၊ နံနံပင်၊ ပူစီနံ(mint)၊ ပင်စိမ်းရွက် (Thai Basil)၊ ပဲပင်ပေါက်……….. အစရှိသဖြင့် မိမိကြိုက်နှစ်သက်ရာ အသီးအရွက်များကို ထည့်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
ရေဆေးပြီး ရေစစ်ထားသော ကြံမဆိုင် နှင့် ငရုတ်သီး အခြောက်တောင့်ကြော်ကိုတော့ မဖြစ်မနေ ထည့်ပေးစေချင်ပါတယ်။
Like
Ref:Chaw Su's Food Friends

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!