Popular Posts!

Sunday, March 3, 2019

ကမ္ဘာ့ အချမ်းသာဆုံး အမျိုးသမီးဖြစ်လာတဲ့ ဆင်းရဲသူ မိန်းကလေး




ကျိုးချွမ်ဖေး ကို တရုတ်ပြည်က ရွာတရွာမှာ ဆင်းဆင်းရဲရဲမိသားစုက မွေးဖွားခဲ့တယ်။ သူမရဲ့အဖေဟာ စက်မှုလုပ်ငန်းတခုအတွင်း မတော်တဆမှု ကြောင့် မျက်စိကွယ်ခဲ့ရတယ်။ သူမအမေကတော့  သူမအသက် ငါးနှစ် မှာသေဆုံးခဲ့ပါတယ်။

သူမရဲ့ငယ်ရွယ်စဉ် ဘဝမှာဘဲ မိသားစုကိုထောက်ပံ့ နှိုင်ဘို့ အိမ်ကထွက် ခွါလာပြီး မှန်စက်ရုံတခုမှာ သွား ရောက်အလုပ်လုပ် ခဲ့ရပါတယ်။ အလုပ်က လက်ပတ်နာရီတွေအတွက် မှန်တွေကို ပုံဖေါ်ရ တဲ့အလုပ်ပါ

လအနည်းငယ်လောက်အကြာမှာတော့ သူမရဲ့အလုပ်ရှင်ထံ အလုပ်ထွက်ခွင့်တောင်းတဲ့စာပေးပို့ခဲ့ပါတယ်။ အလုပ်ရှင်က သူမရဲ့အင်္ဂလိပ်စာ အရည်အသွေးနဲ့ သူ့စဉ်းစားတွေးတောပုံတွေကို သဘောကျတာကြောင့် အလုပ်ထွက်ခွင့်မပေးဘဲ သူမကို စက်ရုံရဲ့ဌာန သစ်တခုမှာ ဌာနမှုးအဖြစ်လစာကောင်းကောင်းပေးပြီးရာထူးတိုး ပေးခဲ့ပါတယ်။

အချိန်အတော်ကြာပြီးတဲ့နောက်မှာ သူမဟာစက်ရုံထုတ်လုပ်မှု တခုလုံးရဲ့ လုပ်ငန်းဒါရိုက်တာ ဖြစ်လာခဲ့ပါတယ်။၁၉၉၃ ခုနှစ်မှာတော့ ကျိုးချွမ်ဖေ ဟာအဲဒီအလုပ်ကနူတ်ထွက်ခဲ့ပြီး ကိုယ်ပိုင်ကုမ္ပဏီဖြစ်တဲ့ ” Lens Technology” ကိုစတင်တည်ထောင်ခဲ့ ပါတယ်။

သူမကုမ္ပဏီရဲ့ စဦးအရင်းအနှီးကတော့ အမေရိကန်ဒေါ်လာ ၃၀၀၀ ဘဲဖြစ်ပါတယ်။ ဒါဟာ သူမအလုပ်မှာ နှစ်ပေါင်းများစွာလုပ်ကိုင်ပြီး စုဆောင်းရရှိခဲ့တဲ့ငွေပါဘဲ။ အဲဒီအချိန်မှာ သူမရဲ့အသက်က ၂၂ နှစ်ရှိပါပြီ။ သူမဟာ နည်းပညာသစ်ဖြစ်တဲ့ အစင်းအချစ်ခံနှိုင်တဲ့ မှန်သား ကိုတည်ထွင်ခဲ့ပါတယ်။

သူမရဲ့ Lens Technology ကုမ္ပဏီကထုတ်တဲ့ မှန်တွေဟာ အလွယ်တကူ အစင်းရာ၊ အချစ်ရာတွေ မထင်ပါဘူး။တဖြည်းဖြည်းနဲ့ သူမရဲ့ကုမ္ပဏီဟာ ပမာဏအရရော၊ နယ်ပယ်အရပါ ( ကုမ္ပဏီလုပ်ငန်းခွဲ ၁၀ ခုအပါအဝင်) ကြီးထွားလာပါတယ်။

ကျိုးက ပြန်ပြောတာက ” လုပ်ငန်းပြိုင်ဘက်တယောက်က မနာလိုဘူး။ သူက ကျမရဲ့ကုန်ကြမ်းထောက်ပံ့ပေးတဲ့ သူနဲ့ချိတ်ဆက်ပြီး ပူးပေါင်းကြံ စည် ကြတယ်။ သူုတို့က ကျမလုပ်ငန်းကို အသေသတ်ဘို့ကြိုးစားတယ်။ ကုန်ကြမ်းထောက်ပံ့တဲ့သူက သူ့ဆီမှာတဲ့ ကုန်ကြမ်းအားလုံးအတွက်မပို့ ရသေးခင်မှာ ငွေကြိုပေးဘို့တောင်းဆိုတယ်။

ကျမ အတွက်တော့  တကယ့် တုန်လှုပ်ချောက်ခြားစရာကိစ္စပါဘဲ။ ကျမက ကျမပိုင်တဲ့အိမ်နဲ့ တခြားအဘိုးတန်ပစ္စည်းတွေကို ရောင်းချခဲ့ တာတောင်မှ သူတောင်းတဲ့ငွေ အပြည့်မပေးနှိုင်ဘူး။

ကျမ တော်တော့ကို စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပါတယ်။ ကျမကုမ္ပဏီ တော့ သွားပြီပေါ့။ ကျမက ပြဿနာတွေကို အဆုံးသတ်ချင်ပါပြီ။ ကိုယ့်ကို ကိုယ်သတ်သေလိုက်တာက အကောင်းဆုံးဖြေရှင်းနည်းဘဲလို့တွေးပါ တယ်။

ဒါနဲ့ ကျမက ကိုယ့်ကိုကိုယ်သတ်သေဘို့ ဟောင်ကောင်က ဟွမ်ဟွန်း ဘူတာ ပလက်ဖေါင်းမှာသွားရပ်နေခဲ့တယ်။ ရထားလာရင် ရထားရှေ့မှာ ခုန်ချလိုက်ဖို့အဆင်သင့်ပြင်ထားပါတယ်။ အဲဒီအချိန် ကျမ ဟန်းဖုံးကမြည် လာတယ်။ ကျမသမီးဆီကဖုံးပါ။

အဲဒီအချိန် ကျမ စဥ်းစားမိလိုက်တာက ကျမ မိသားစုနဲ့ ကျမ အလုပ်သမားတွေအကြောင်း။ ကျမ အရှုံးမပေးသင့် ဘူး။ ကျမက ကျမရဲ့ စီးပွါးရေးပြိုင်ဘက်တွေနဲ့ စွန့်စွန့်စားစားယှဉ်ပြိုင်ဖို့ စိတ်ပိုင်းဖြတ် ချက်ခိုင်ခိုင်မာမာချလိုက်ပါတယ်။ ကျမ ကုမ္ပဏီပေါင်းများစွာ နဲ့ ဆွေးနွေးညှိနှိုင်းပါတယ်။

နောက်ဆုံးမှာ မိုတိုရိုလာကုမ္ပဏီဆီက အကူအညီရပါတယ်။ သူတို့ရဲ့အကူအညီနဲ့ ကျမ အကြပ်အတည်းကနေ ရုန်းထွက်နှိုင်ခဲ့ပါတယ်။ အဲဒီနောက် ကျမရဲ့စီးပွါးရေးလုပ်ငန်းမှာ ပြဿနာ ပေါင်းများစွာကို ရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်

2015 ခုနှစ်မှာ ကျိုးဟာ ဒေါ်လာ ၇ ဘီလျံနဲ့ တရုတ်နိုင်ငံရဲ့အချမ်းသာ ဆုံးအမျိုးသမီးတယောက်ဖြစ်လာခဲ့ပါတယ်။ သူမရဲ့ ကုမ္ပဏီမှာ အလုပ်သ မားပေါင်း ၆၀၀၀၀ ရှိပြီး၊ သူမပိုင်ဆိုင်မှု အရပ်ရပ်ဟာ အမေရိကန်ဒေါ် လာ ၉.၈ ဘီလျံဒေါ်လာတန်ပါတယ်။ အခုတော့ သူမဟာ ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီးတယောက်ဖြစ်နေပါပြီ

မိုဘိုင်းဖုံးတွေ၊ တက်ဘလက်တွေ အစရှိတဲ့ပစ္စည်းတွေထုတ်လုပ်ကြတဲ့ Tesla, Apple, HTC, Nokia, Huawei နဲ့ Samsung တို့ဟာ Lens technology ကထုတ်တဲ့မှန်ကို အသုံးပြုကြပါတယ်။ နောက် ကုမ္ပဏီကြီး အများအပြားမှာလည်း Lens Technology ကထုတ်တဲ့ မှန်တွေကို အသုံးပြုကြပါတယ်

CNBC နဲ့ပြုလုပ်တဲ့ အင်တာဗျူးတခုမှာ ကျိုးက ” ကျမ အောင်မြင်ရခြင်း ရဲ့အကြောင်းရင်းကတော့ မဆုတ်မနစ် လုံ့လစိုက်ထုတ်တာဘဲဖြစ်ပါ တယ်။ ကျမမှာ စွန့်ဦးတည်ထွင်သူတယောက်အနေနဲ့ ဒုက္ခအခက်အခဲ တွေ၊ နစ်နာဆုံးရှုံးမှုတွေ အများအပြားကြုံတွေ့ခဲ့ရပါတယ်။

တကယ်လို့ ကျမသာ လက်မြှောက်အရှုံးပေးခဲ့မယ်ဆိုရင် ကျိုးချွမ်ဖေး ဆိုတာရော၊ Lens Technology ကုမ္ပဏီဆိုတာရောရှိလာမှာမဟုတ်ပါဘူး။ လူတော် တော်များများဟာ သူတို့ဘဝမှာ ဆုံးရှုံးနစ်နာမှုနဲ့ကြုံလိုက်ရပြီဆိုရင် ယုံကြည်စိတ်ကုန်ခမ်းသွားလောက်အောင် ဖြစ်တတ်ကြပါတယ်။

အောင်မြင်ရေးအတွက် အဓိကသော့ချက်က ဒါတွေကို သတ္တိရှိရှိရင်ဆိုင်ဖို့ နဲ့ ဆက်လက်စွန့်စားဘို့ဘဲဖြစ်ပါတယ်။

Ref:https://bahuthutagabar.com/?p=8386


Production of Aftermarket China-made iPhone LCD Screen

This former factory worker is now the world's richest self-made woman

 

Meet Zhou Qunfei: former factory worker, high school dropout and now with a net worth of over $8 billion.

That makes her the richest self-made woman on the planet, as recently reported by Money using data from the Bloomberg Billionaires Indexand previously reported by Forbes.

In March, Zhou topped Forbes' list of the richest self-made women, which featured a "record 56 self-made female billionaires" from around the world. 

She leads Lens Technology, which manufactures the glass covers used for Apple and Samsung phones.

Zhou, 47, is the youngest self-made female billionaire on Forbes' list and her humble beginnings make her trajectory that much more impressive, according to Money. She grew up in a small village in central China. Her mother died when she was five and her father became partially blinded and lost a finger in an industrial accident, according to The New York Times. As a child, she began raising pigs and ducks to bring in additional food and money for the family.

At age 16, the future entrepreneur was forced to leave high school to provide for her family. She soon scored a job at a factory making watch lenses for about $1 a day.

Zhou tells the newspaper that factory conditions were harsh. "I worked from 8 a.m. to 12 a.m., and sometimes until 2 a.m," she says.

At age 22, she struck out on her own. With only $3,000 in her pocket, Zhou and a few relatives started a workshop, making watch lenses for customers.

She lived and worked in a small apartment with her siblings, their partners and two cousins, according to AFR.

Though the company was steadily growing, it wasn't until she made the career-changing decision to begin making glass screens for mobile phones that her business took off.

Motorola was the first to reach out in 2003, followed by other mobile-phone companies. HTC, Nokia, Samsung and finally Apple in 2007 were all requesting touch screens, culminating in her current billion-dollar empire.

The self-proclaimed perfectionist admits that overseeing the business hasn't been easy. In fact, she tells AFR that she works 18 hours some days and keeps living quarters in her office.

Her hard work has clearly paid off: Lens Technology has grown tremendously and now employs over 74,000 people across 32 factories in seven different locations.

In her interview with the Times, Zhou reflects on how far she's come. In the area she grew up in, girls like her didn't have the luxury of going to middle school, she says. Their only option was to get engaged or married and spend their whole life in the village. Zhou refused to take that route.

"I chose to be in business," she says, "and I don't regret it.

Ref:https://www.cnbc.com/2017/07/17/meet-zhou-qunfei-the-worlds-richest-self-made-woman.html

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!