Popular Posts!

Sunday, March 31, 2019

ရေနှင့် ရေဆိုးအတွက် အကျိုးပြု ဘက်တီးရီးယားများ

ရေနှင့် ရေဆိုးအတွက် အကျိုးပြု ဘက်တီးရီးယားများ 




"ဘက်တီးရီးယား'' လို့ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် ကျနော်တို့ဟာ ရောဂါ ဖြစ်ပွားစေတဲ့ အကောင်များ လို့ ယေဘူယျ မှတ်ယူထားလေ့ရှိကြပါတယ် ။ 
အမှန်တော့ ဒီလို မဟုတ်ပါဘူး ။ ဘက်တီးရီးယားတွေဟာ သဘာဝပတ်ဝန်းကျင် အတွက် အရေးကြီးတဲ့ အဏုဇီဝ ပိုးအမျိုးအစားတွေက အုပ်စုတစ်စု ဖြစ်ပါတယ် ။ ( အုပ်စုတစ်စုဆိုတော့ ဘယ်အုပ်စုတွေ ကျန်သေးလဲ ကိုစည် လို့ ဆိုလာခဲ့ရင်)ရှင်းပြပါမယ် ။ 

ဇီဝပိုးတွေကို အကြမ်းဖျဉ်းအားဖြင့် သရုပ်ခွဲပြရရင်
  • Macroorganisms ( မက်ခရို အော်ဂနစ်ဆင်မ်  ) သာမန်မျက်စိဖြင့် မြင်နိုင်သော ပိုးမွှား 
  • Microorganisms ( မိုက်ခရို အော်ဂနစ်ဆင်မ် ) သာမန်မျက်စိဖြင့် မမြင်နိုင်သော ပိုးမွှားများ ဆိုပြီး နှစ်မျိုးရှိသတဲ့ ။ 
  • ထပ်ပြီး သူတို့ကိုပဲ Eukaryotes နဲ့ Prokaryotes ဆိုပြီး ထပ်ခွဲသေးတယ် ။ 

Macroorganisms တွေဟာ 
-Animals 
-Plants တွေ ဖြစ်ပြီး 
Microorganisms တွေကတော့ 
- Algae 
- Fungi 
- Protozoa 
- Archaea ( prokayotes) 
- Bacteria ( prokayotes )
ဆိုပြီး ယေဘူယျ သတ်မှတ်ထားတယ် ။ 

Bacteria ( ဘက်တီးရီးယား) 
ဘက်တီးရီးယားတွေဟာ ဆဲလ်တစ်ခုတည်းနဲ့ ဖွဲ့စည်းထားတဲ့ prokayotes တွေဖြစ်တယ် ။ သဘာဝပတ်ကျင်ရဲ့ နေရာတိုင်းမှာ အဏုဇီဝပိုးတွေ ရှိကြပေမယ့် ရေနှင့် ရေဆိုးတွေထဲမှာ အများဆုံး ပါဝင်တည်ရှိနေတဲ့ အဏုဇီဝပိုးတွေဟာ ''ဘက်တီးရီးယား'' တွေပဲ ဖြစ်တယ် ။ သူတို့ထဲက အချို့တွေဟာ လူနဲ့ တိရစ္ဆာန် တွေကို ရောဂါ ဖြစ်ပွားစေတဲ့ pathogens ( ပက်သိုဂျင် ) လို့ အမည်ရတဲ့ ဘက်တီးရီးယားတွေ ဖြစ်တယ် ။

Pathogenic bacteria တွေကြောင့်
  • Salmonellosis ( အစာအဆိပ်သင့် )
  • Cholera ( ကာလဝမ်းရောဂါ  )
  • typhoid fever ( အူရောင်ငန်းဖျား)
  • legionaires ( အဆုတ်ယောင်ရောဂါ )
  • စတာတွေကို ဖြစ်ပွားစေနိုင်တယ် ။ 

၂၀၁၅ ၊ ၂၀၁၆ ရေဘေး ဖြစ်ပွားတုန်းက အရေးပေါ် ရေသန့်စင်နည်း ဆိုပြီး ရေသန့်ဘူးခွံထဲမှာ မီးသွေး ၊ သဲ ၊ ကျောက်စရစ် စတာတွေကို အဆင့်လိုက်ထည့်ပြီး ဖြတ်သန်းထားတဲ့ရေကို သောက်ဖို့ Online Media မှာ လူတော်တော်များများ shared ခဲ့ကြပါတယ် ။ အဲ့ဒီအလွယ်နည်းဟာ pathogen လိုကောင်မျိုးကို မဖယ်ရှားနိုင်ပါဘူး ။ 
သည့်အတွက် မသုံးသောက်ကြဖို့ ၊ ရေသန့်ဘူးကိုသာ သောက်ကြဖို့ လက်လှမ်းမီသလောက် ပြောခဲ့ပါသေးတယ် ။ 
 သောက်ရေသန့်စက်ရုံတွေက RO သုံးပါတယ် ၊ Nano သုံးပါတယ်ဆိုတာ ဒါကြောင့်ပေါ့ ။ 
ဘယ်လို Filtration ကို ဘယ်လို Microorganisms တွေ မဖြတ်သန်းနိုင်ဘူးလဲ ဆိုတာကတော့ နောက်မှ အာလူး ဖုတ်ပါဦးမယ် ။ ( ဤကား စကားချပ် ) 

လူ့ပတ်ဝန်းကျင် မှာ ကောင်းသူ ၊ ဆိုးသူ ဒွန်တွဲ ရှိနေသလိုပဲ ဘက်တီးရီးယားလောက မှာလည်း ဆိုးတဲ့ကောင် ၊ ကောင်းတဲ့ကောင် ဆိုပြီး ရှိနေပြန်တယ် ။ ( ဘက်တီးရီးယား ရဲတွေ မရှိဘူးလား မမေးရ ) 
ဆိုလိုချင်တာက pathogenic လို ရောဂါဖြစ်ပွားစေတဲ့ကောင်တွေရှိသလို လူတွေအတွက် ကောင်းကျိုးပြုတဲ့ ချစ်စရာ ဘက်တီးရီးယား လေးတွေလည်း ရှိနေပြန်သေးတယ် ။ ဘယ်လိုကောင်တွေလဲဆိုတော့ 
-ရေဆိုးသန့်စင်စနစ်တွေမှာ အသုံးပြုတဲ့ ကောင်တွေ 
-ရေကန် နဲ့ စမ်းချောင်းတွေမှာ သဘာဝသန့်ရှင်းရေးကောင်လို့ ခေါ်တဲ့ကောင်တွေ 
-မြေကြီးထဲက အော်ဂဲနစ်တွေကို ဆွေးမြေ့စေတဲ့ decomposer လိုကောင်တွေ ပေါ့ ။ 

Decompose ဆိုတာ ပုပ်သိုး (သို့) ဆွေးမြေ့တာကို ခေါ်တာပါ ။ 
Decomposers ဆိုတာကတော့ Microorganism တွေကို ခေါ်တာပါ ။ အထူးသဖြင့် Fungi နဲ့ Bacteria တွေပေါ့ဗျာ ။ သူတို့က Decaying matters တွေဖြစ်တဲ့ သစ်ပင်အသေတွေ ၊ တိရစ္ဆာန်အသေတွေကို စားသုံးကြပါတယ် ( decompose လုပ်တယ်ပေါ့ဗျာ ) ။ အဲ့လို decompose လုပ်တဲ့အခါ Nutrients တွေနဲ့ Mineral salts တွေကို မြေဆီလွှာထဲကို ပြန်ထုတ်ပေးပါတယ် ။ အဲ့ဒီဟာတွေကိုတော့ သစ်ပင်တွေက ပြန်လည်အသုံးပြုကြပါတယ် ။ ဒါကြောင့်မို့ ဘက်တီးရီးယားထဲမှာလည်း ကောင်းကျိုးပြု ဘက်တီးရီးယား ပါတယ်လို့ ပြောတာပေါ့ ။
ဒီကောင်တွေ သေရင် ဘက်တီးရီးယား နတ်ပြည် ရောက်မယ့် ကောင်တွေ ။ 

ရေနဲ့ ရေဆိုးထဲမှာ အရေးကြီးတဲ့နေရာက ရပ်တည်နေတဲ့ ကောင်တွေကို ဖော်ပြပါဆိုရင် 

1) Nitrifying Bacteria 

ဒီကောင်က Nitrosomonas Nitrobacter ဆိုတဲ့ မျိုးနွယ်စုက ဆင်းသက်လာတယ် ။ ဘာကောင်းကျိုးပြုသလဲ ဆိုတော့ Oxidize ( အောက်စီဂျင်နဲ့ ဓာတ်ပေါင်း ) လုပ်ပြီး Ammonia ကနေ Nitrates တွေအဖြစ် ပြောင်းပေးနိုင်တယ် ။ 

2) Denitrifying Bacteria 

ဒီကောင်မျိုးနွယ်စုက pseudomonas ( စူဒိုမိုးနက်စ်)  တဲ့ ။ Nitrite ( နိုက်ထရိုက်)  နဲ့ Nitrate ( နိုက်ထရိတ်)  တွေကို Nitrogen Gas အဖြစ် လျော့ချပေးတယ် ။ 

နိုက်ထရိုဂျင်နဲ့ ပတ်သတ်တဲ့ ဘက်တီးရီးယား တွေ ရှိသလိုပဲ ၊ Iron နဲ့ ဆက်နွယ်တဲ့ ဘက်တီးရီးယား တွေရှိတယ် ။ 

3) ဓာတ်တိုးခြင်းဖြင့် ferrous iron ကို ferric iron အဖြစ် ပြောင်းပေးတဲ့ကောင်ကို Iron Bacteria လို့ခေါ်တယ် ။ 
အလားတူပဲ 
4) Sulfur Bacteria 
5) Photosynthesis bacteria တွေဟာ ကောင်းကျိုးပြု ဘက်တီးရီးယား တွေ ဖြစ်ကြတယ် ဆိုတာ ပြောရင်း 
ခဏနားကြပါစို့ ။ 

                                                              

Crdt : Si Thu

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!