Popular Posts!

Friday, March 29, 2019

ကမ္ဘာ့ စီးပွားရေး တိမ်​ညှိုမှိုင်းပြပြ

ကမ္ဘာ့စီးပွားရေး တိမ်​ညှိုမှိုင်းပြပြ




အခုရက်​ပိုင်း သတင်းမီဒီယာအများစု တို့၏ ခေါင်း​စီးပိုင်းကို နေရာယူထားတာကတော့ ကမ္ဘာ့စီးပွားရေး ကျဆင်းသထက်​ ကျဆင်းနေပြီဆိုသည့်​ သတင်းပင်​ ဖြစ်​သည်​။ ကမ္ဘာ့အကြီးဆုံးစီးပွားရေးအင်​အားကြီးနိုင်​ငံကြီးဖြစ်​သည့်​အမေရိကန်​ နိုင်​ငံလည်း အခြေအနေဆိုးရွားနေပြီ ဖြစ်​သလို၊ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်​အားကြီးနိုင်​ငံကြီးဖြစ်​သည့်​ တရုတ်​လည်း ထိုနည်း၎င်း အနေအထား၌ ရှိနေသည်​။ 

တရုတ်​ရဲ့ စက်​မှု့လုပ်​ငန်းကဏ္ဍ အကျိုးအမြတ်​ဖြစ်​ထွန်းမှု့ပိုင်းကို နှစ်​ အလိုက်​ကြည့်​မည်​ဆိုပါက ၁၄% အထိ အကျရှိခဲ့ပြီး ၂၀၁၁နောက်​ပိုင်း အဆိုးဆုံးကျဆင်းမှု့ အဖြစ်​  မှတ်​တမ်းဝင်​သွားပြီ ဖြစ်​သည်​။ ၎င်းနှင့်​ တချိန်​တည်းမှာတင်​ ဥရောပစီးပွားရေး လည်း အကျဘက်​ သို့ ဦးတည်​နေပြီဖြစ်​ကြောင်းကို ဥရောပဗဟိုဘဏ်​ ဥက္ကဋ္ဌ MarioDraghi ကိုယ်​တိုင်​က ၀န်​ခံပြောကြားခဲ့ပြီးဖြစ်​သည်​။ Mr.Draghi ၏ လေသံ အတိုင်းလိုက်​ရမည်​ ဆိုပါက" weakness in world trade" ဟူသော အသုံးအနှုန်းနှင့်​ "weakening growth picture"ဆိုသည့်​ စကားကို ဆက်​တိုက်​ဆိုသလို သုံးစွဲ ဖွင့်​ဟလာပါသည်​။ 

ဥရောပဗဘိုဘဏ်​(ECB)ရဲ့ ၂၀၁၉ ယူရိုဇုံဂျီဒီပီ ခန့်​မှန်းနှုန်းကို ယခင်​က ၁.၇% ကနေ ၁.၁% သို့ လျှော့ချခဲ့သည်​။၎င်းယူရိုဇုံ စီးပွားရေးတိုးတက်​မှု့နှုန်း ခန့်​မှန်းချက်​ ထွက်​သည့်​နေ့၌ အမေရိကန်​ Dow Jones ညွှန်းကိန်းဟာ၃၂ပွိုင့်​ အကျ၊ S&P 500ညွှန်းကိန်းက ၁၃ပွိုင့်​အကျ၊Nasdaq ညွှန်းကိန်းက ၄၈ပွိုင့်​အကျ ဖြင့်​ ပိတ်​ခဲ့ကြသည်​။

Yardeni research ရဲ့ မဟာဗျူဟာရှင်​ Ed Yardeni ဆိုသူကတော့ "ကမ္ဘာ့စီးပွားရေး ကျဆင်းမှု့ ရှိလာတာက အခုမှ ဖြစ်​တာမျိုးမဟုတ်​ ဘဲ ၂၀၁၈အစောပိုင်းကတည်းက စတင်​ခဲ့ခြင်းဖြစ်​သည်​။
ဗဟိုဘဏ်​တို့ရဲ့ အစွန်းရောက်​ ငွေကြေးပေါ်လစီ ဖြေလျော့မှု့ လုပ်​ခြင်းနှင့်​ အစိုးရများတို့ရဲ့ ကြွေးမြီ ဖြင့်​ ဘဏ္ဍာရေး ပေါ်လစီ ကိုတည်​ငြိမ်​အောင်​ထိန်းကျောင်းသည့်​ တစ်​ပွဲထိုးပေါ်လစီ တို့က လက်​ရှိ ကမ္ဘာ့စီးပွားရေး ကျဆင်းမှု့ ကို ရေနစ်​ရာ ဝါးကူထိုးပေးမည့်​ အခြေအနေမျိုးသို့ ရောက်​ရှိနေပြီ"ဟု သုံးသပ်​ပြောကြားခဲ့သည်​။

အမေရိကန်​ ကို ခေါင်​တည်​ပြီး သုံးသပ်​ကြည့်​မည်​ဆိုပါက လက်​ရှိစီးပွားရေး တိုးတက်​ချဲ့ထွင်​မှု့ လမ်းကြောင်းဟာ သမိုင်းတလျှောက်​ ဒုတိယ အရှည်​ကြာဆုံးအဖြစ်​ရှိနေပြီ ဖြစ်​သည်​။ လက်​ရှိနှုန်းအတိုင်း လာမည့်​ ဇူလှိုင်​ အထိ ချဲ့ ဆန့်​နိုင်​အုံးမည်​ ဆိုပါက သမိုင်းတလျှောက်​ အရှည်​ကြာဆုံး စီးပွားရေးချဲ့ထွင်​မှု့ ကာလ အဖြစ်​ စံချိန်​တင်​သွားမည်​ ဖြစ်​သည်​။ သို့သော်​ expansion ကာလ ဟာ များမကြာမီ အဆုံးသတ်​ဖို့ရန်​ ရှိနေပါသည်​။

စီးပွားရေးတိုးတက်​မှု့ အနေအထားနှင့်​ ပတ်​သက်​လို့အမြဲလိုလို အကောင်းဘက်​ကသာ ရပ်​တည်​ ပြောကြားလေ့ ရှိသူ Atlanda Fed ဗဟိုဘဏ်ဥ က္ကဋ္ဌ Raphael.W.Bostic ဆိုသူကတောင်​ အမေရိကန်​ ပထမသုံးလပတ်​ ဂျီဒီပီ ကို ၁.၅% ထက်​မပိုနိုင်​ဟုသုံးသပ်​ပြောကြားခဲ့သည်​။ JP Morgan Chase ကလည်း ၎င်းအတိုင်းဘဲထပ်​တူ ခန့်​မှန်းထားသည်​။ 

အမေရိကန်​ အိမ်​ယာမြေ ဈေးနှုန်းများဟာ ၄နှစ်​အတွင်းအနိမ့်​ဆုံးအထိ ထိုးကျခဲ့သည်​။ ကုန်​ထုတ်​လုပ်​မှု့ အခြေအနေပြ ဒေတာ ညွှန်းကိန်းဟာ ၂၁လ အတွင်းအနိမ့်​ဆုံးအဆင့်​အထိ ထိုးကျခဲ့သည်​။ အရင်​ပို့စ်​ တစ်​ခု၌ ရေးခဲ့သလို လက်​လီအရောင်းလုပ်​ငန်းများပြိုလဲမှု့ ကြီးကလည်း နိုင်​ငံ့စီးပွားရေး ကျဆင်းမှု့ကို လှစ်​ဟပြပေးနေပါ သည်​။ ပို၍ ဆိုးလာသည့်​အပိုင်း၌ ဈေးကွက်​နှင့်​ စီးပွားရေးပညာရှင်​တို့ မျက်​ခြေမပြတ်​ စောင့်​ကြည့်​လေ့ရှိသည့်​အမေရိကန်​ bond yield curve inversion ဖြစ်​မှု့
ပင်​ ဖြစ်​သည်​။ ၃လ သက်​တမ်းရှိbond yield က ၁၀နှစ်​သက်​တမ်းရှိ bond yield ထက်​ မြင့်​တက်​နေခြင်းအနေအထားဟာ သမိုင်းကြောင်းအရ ရီဆက်​ရှင်းအကြိုအခြေအနေမျိုး၌ သာ ဖြစ်​လေ့ ဖြစ်​ထ ရှိတာမို့  စီးပွားရေးစိုးရိမ်​ရေမှတ်​ကို ရောက်​ရှိနေပြီဟု တချို့သောကျွမ်းကျင်​သုံးသပ်​သူများတို့က သုံးသပ်​ထားကြသည်​။

အမေရိကန်​ စီးပွားရေး အကျ ဘက်​ရောက်​နေသည်​ကိုFed ဗဟိုဘဏ်​ရဲ့ ငွေကြေးပေါ်လစီ ဆုံးဖြတ်​ချက်​ကအချက်​ပြပေးနေသည်​။ ပြီးခဲ့တဲ့ဒီဇင်​ဘာ ဗဟိုဘဏ်​အစည်းဝေးမှာတောင်​ ၂၀၁၉ထဲမှာ ဗဟိုဘဏ်​သည်​ အတိုးနှုန်း ၂ကြိမ်​ တိုးဖို့ရန်​ လျာထားခဲ့သည်​။ သို့သော်​ဒီနှစ်​ထဲ အစည်းဝေးများ၌ လေသံပြန်​ပြောင်းပြီး ဒီနှစ်​ထဲမှာ တစ်​ကြိမ်​မှ တိုးရန်​ မသင့်​ကြောင်းဆိုထားသည်​။ 
လက်​ရှိ ဗဟိုဘဏ်​ အတိုးနှုန်း ဟာ 2.50% ဖြစ်​ပြီး၎င်း နှုန်းသည်​ အမှန်​အတိုးနှုန်းမဟုတ်​ပေ။ အမှန်​အတိုးနှုန်း(real fed funds rate) သည်​က nominal rate (အမည်​ခံအတိုးနှုန်း)ထဲကနေ inflation rate(ငွေကြေးဖောင်းပွမှု့နှုန်း) ကို နုတ်​ရခြင်းဖြစ်​သည်​။လက်​ရှိ အမေရိကန်​ ရဲ့ အမှန်​အတိုးနှုန်းဟာ 2.50%မဟုတ်​ဘဲ 0.25% သာ ရှိနေသည်​။

၂၀၀၆ခုထဲ၌ Fedဗဟိုဘဏ်​ဟာ ငွေကြေးပေါ်လစီတင်းကြပ်​မှု့ စက်​၀န်းအကြော့ အဆုံးသတ်​သည့်​ အချိန်​တုန်းက အမှန်​အတိုးနှုန်းဟာ 2.75% အထိ ရှိနေခဲ့သည်​။ 

၂၀၀၀ခုနှစ်​ထဲ ဗဟိုဘဏ်​ အတိုးနှုန်းအဆုံးသတ်​ အကြော့၌ အမှန်​အတိုးနှုန်းဟာ ၄% အထိ ရှိခဲ့သည်​။
အမည်​ခံအတိုးနှုန်း 4%ကနေ 5% ကြားလောက်​မှာရှိနေမှသာ ရီဆက်​ရှင်းလို အခြေအနေမျိုး၌ ဗဟိုဘဏ်​အတွက်​ ငွေကြေးပေါ်လစီကို အပြောင်းအလဲ လုပ်​ရာတွင်​ တိုးသားလှုပ်​သာရှိစေမည်​။ 

လက်​ရှိ အနေအထားမျိုး ၌ အမည်​ခံ အတိုးနှုန်းက2.50% သာရှိနေချိန်​ ဒီနှစ်​ထဲ(သို့) နောက်​နှစ်ထဲ​၌ ရီဆက်​ရှင်းကြီးဟာ ရှိလာခဲ့မည်​ဆိုပါကအမေရိကန်​ ဗဟိုဘဏ်​အတွက်​ လက်​တစ်​ဖက်​တည်းပါတဲ့ စစ်​သည်​ကို စစ်​မြေပြင်​ လွှတ်​ပြီး ရန်​သူအား ရင်​ဆိုင်​တိုက်​ခိုက်​ခိုင်းမည့်​ အနေအထားမျိုးလို ဖြစ်​နေမည်​ ။ 

အမေရိကန်​ သမ္မတရွေးကောက်​ပွဲသည်​လာမည့်​၂၀၂၀ နိုဝင်​ဘာ၌ ကျင်းပပြုလုပ်​မည်​ ဖြစ်​သည်​။လက်​ရှိအချိန်​ကနေ ရေတွက်​ကြည့်​မည်​ ဆိုပါက ၁နှစ်​ခွဲသာ လိုတော့သည်​။ ၁၈၇၆၊၁၈၈၄၊၁၈၉၆၊၁၉၂၀၊ ၁၉၃၂၊၁၉၆၀၊ ၁၉၈၀နှင့်​ ၂၀၀၈ တို့၌ ဖြစ်​ခဲ့တဲ့ ရီဆက်​ရှင်း၈ခု ၌ အာဏာရ ပါတီထက်​ အတိုက်​ခံ ပါတီတို့ဟာမဲ ရရှိမှု့ ပိုလွန်​ သာကဲ ရှိကြသည်​။ လက်​ရှိကျန်​ရှိနေသေးတဲ့ ရွေးကောက်​ပွဲ ရက်​ တစ်​နှစ်​ခွဲ ကာလအတွင်းရီဆက်​ရှင်းကြီး မဖြစ်​မှသာ ရီပတ်​ဘလစ်​ကန်​ ပါတီအခြေအနေ ကောင်းမည်​ဖြစ်​သည်​။ အကယ်​၍သာအဲဒီကာလအတွင်း ရီဆက်​ရှင်းကြီး ဖြစ်​ခဲ့မည်​ဆိုပါက ဒီမိုကရက်​တစ်​ပါတီ အတွက်​ ကုသိုလ်​ကံအလေးသာပြီလို့ဆိုရမည်​ ဖြစ်​သည်​။ ဒေါ်နယ်​ထရမ့်​ အတွက်​ ဤိုကာလသည်​ အရေးကြီးဆုံး ကာလဖြစ်​နေပြီမို့ထိန်းလို့ရနိုင်​သမျှ အစွမ်းကုန်​ထိန်းဖို့ရန်​ ရှိနေပြီးအရင်​ကထက်​ လေသံ ပိုပြီးကြမ်းလာဖို့ရန်​ ရှိနေပါသည်​။


Thu,Mar 28

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!